မနေ့ကဆိုတာကိုလည်း မုန်းတယ်… ဒီနေ့ဆိုတာကို လည်းမုန်းတယ်.. အိမ်မှာနေတော့ အစ်မနဲ့ ရန်ဖြစ်..အမေက အစ်မဘက်က ပါတယ်.. ဟင်း  မမျှတ လိုက်တာ ဖုန်းထဲမှာ ဘေ က ၃ရ ကျပ်.. ပိုက်ဆံက အိတ်ထဲမှာ   ၂၅ဝ ကျပ်.. အဖြေတောင်းထားတဲ့ ကောင်မလေးက သူငယ်ချင်းလို နေကြရအောင်တဲ့.. အလုပ်မှာက..Daily Record မရေးလို့ တဲ့ ဒဏ်ကျေးတပ်ခံရတယ်.. ပြီးတော့ အဖွဲ့ထဲက တစ်ယောက်က အလုပ်ထွက်သွားလို့..သူ့အလုပ်တွေပါလုပ်ရတယ်..ဟင်း ပေါက်ကွဲနေရတဲ့ ကြားထဲ.. အခု ဖိနပ်ပါ အခိုးခံရပြန်ပြီ.. စကားထဲမှာ အမုန်းဆုံးက သူငယ်ချင်းဆိုတာပဲ သူခိုးထဲမှာ အမုန်းဆုံးက ဖိနပ်သူခိုးပဲ.. အသေပါသတ်ပစ်ချင်တယ်.. ဂယ်ပြောတာ….


အနက်ရောင်ညနေခင်းဆီကို အဖြူရောင်မနက်ကနေပြီး စထွက်ခဲ့တယ်… လမ်းတစ်လျှောက်.. စိတ်ပျက်ဖွယ် အတိနဲ့.. ရေလိုက်ငါးလိုက် ဘဝကို… ကမ်းစပ်ကနေ ပြီး.. မျှောချခွင့် ရခဲ့ရင်.. ဘဝကို စက္ကူသင်္ဘောလို ခေါက်.. ဝမ်းသာအားရနဲ့..မျှောလိုက်ချင်တယ်… (ပြီးမှနောင်တရချင်ရ  မရချင်နေ..)


ဘဲဥJanuary 28, 20134min032
စာတွေချည်းဘဲ ဖတ်နေရတာ ပျင်းလာလို့ အအီပြေလေးဖြစ်သွားအောင် မျက်စိပသာဒ လန်းဆန်းသွားအောင် (ခွက်ဒစ်တူ ဗိုက်ဗိုက်) ကဲ ကဲ ဒီပိုစ့်ကို မကြည့်ခင် ရေဘူးအရင်ပြေးယူထားလိုက်အုံး 😯 . . . . . . . . . . . . . . . . . . . . . . . . . ယခု ဖေါ်ပြပါ ဓါတ်ပုံများသည် ကိုယ်တိုင်ရိုက်ကူးမှု စစ်စစ် လုံးဝမဟုတ်ကြောင်း ရဲရဲကြီးအာမခံပါသည် :harr: လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိဒယ်……


စဆရ ႀကီးJanuary 28, 20131min022
အားလုံးပဲ မောနင်းဗျို့ နှုတ်ဆက်ပြီးအိပ်တော့မှာမို့ ဒီနေ့အဖို့ စိတ်ဝင်စားစရာကောင်းနိုင်မယ့် ခေါင်းစဉ်လေးတစ်ခု ပေးခဲ့ချင်တယ် ပေါက်ဖော်(သို့) ဗိုက်ကလေး ဘယ်ရောက်နေသလဲ သိချင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့က လူတစ်ယောက် ကမ္ဘာပျက်သွားတယ်ဆိုတာ ရွာထဲမှာ သတင်းကြားလိုက်မိတယ်။ ဒီလောက်ရွာထဲမှာ သောင်းကျန်းနေတဲ့သူ ပျောက်နေတာတော့ ဘယ်သူမှ အဖက်လုပ်မေးကြတာမတွေ့လို့ သေချာပေါက် ကိုပေါက်ဖော်ပဲလို့ သိနေလို့ သတင်းမေးလိုက်ပါတယ်။ တစ်ခြားသူတွေတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမသိပေမယ့် သူပျောက်နေတာတော့ သတိထားမိပါတယ်။ ဘပုဆိုရင်တော့ ချီးပန်းရင်း ဘဝပြောင်းသွားသလိုလို၊ အူးကြောင်ဆိုရင်တော့ ဘူးမောင်လို့ သိထားသမို့ ဘယ်သူကများ မခံနိုင်လို့ အပြတ်ရှင်းသွားသလိုလို၊ ကိုကမ်းဆိုရင်တော့ သူ့နံရိုးလေး သူများအရက်နဲ့ မြည်းသွားလို့ ဘဝချင်းလဲသွားသလိုလို၊ အီးတုန်းဆိုရင်တော့ သူ့ကိုကိုနဲ့ အဆင်မပြေတုန်း အရက်မူူးပြီး ဆေးရုံရောက်သွားသလိုလို၊ အေးဝတီကြီးဆိုရင်တော့ နောက်ကွယ်က ဘယ်သူလဲဆိုတာသိသွားလို့ ကိုစံလှကြီးတို့၊ […]


ညအိမ်အပြန် ကော်ဖီမစ်ကုန်လို့ mini market တစ်ခုမှာဝင်ဝယ်ဖို့သွားလိုက်တယ် ဝယ်ပြီးငွေရှင်းချိန်မှာ ပြသနာ တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ် ဖုန်းငွေဖြည့်ကဒ်ဝေယ်တဲ့ လူတစ်ယောက်က 10000 တန်ကဒ်ကိုဝယ်ပြီးပြီးခြင်းမှာပဲ ခဲ့ဖြစ်ပြီး ဖုန်းထဲကိုငွေဖြည့်တယ် *123*?#call ဆိုပြီးရိုက်ထည့်တယ် သူ့ဖုန်းထဲငွေ 10000 မဝင်သွားဘူးပါဘူး အဲဒါနဲ့ နောက်တစ်ကဒ်ပေးရင်ပေး မပေးရင်လည်း ငွေပြန်အမ်းပါပေါ့ ဆိုင်ရှင်အဒေါ်ကလည်း ဒါမျိုး တစ်ခါမှမဖြစ်ဖူးပါဘူးဆိုပြီး အဲဒီ security code ကိုသူ့ဖုန်းမှာရိုက်ထည့်ကြည့်သတဲ့ ဒါလည်းသူ့ဖုန်းထဲကို ငွေမဝင်ဘူးဖြစ်နေတယ် မှတ်မှတ်ရရ  လက်ကျန်ငွေ 7777 ပဲရှိတာကိုတွေ့လိုက်ရတယ် ထို့အတူ ဘေးမှာရှိတဲ့ မိန်းကလေးကလည်း ဆိုင်ရှင်ပဲလားတော့မသိဘူး သူ့ဖုန်းကို ၎င်းအတိုင်းထည့်ကြည့်ပြန်တယ် မရပါဘူး၊ ဒါနဲ့ ဝယ်တဲ့လူက အဲဒီကဒ်ကို ဝယ်တဲ့ဆိုင်မှာ ပြန်လည်းလိုက်ပါတဲ့ MPT clean လုပ်လိုက်ပါတဲ့ အဲဒါကိုတော့ ကျတော်နားမလည်ဘူး ပြန်လည်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘယ်သူမှ […]


ပြောပြခွင့်ရရင်  ပြောပြချင်ရဲ့..   ကျွန်တော်တို့.လူငယ်တွေဟာ သီးခြား ဆီဖြစ်နေပါတယ်… လူမှုရေးလုပ်တဲ့ လူငယ်တွေက သူ့ အပေါင်းအသင်းနဲ့ သူ   သူ့အုပ်စုနဲ့သူ လုပ်ကြပေမဲ့..   အပြင်မှာ အတွေးခေါ်မဲ့ အပျော်လွန်နေတဲ့..အ​ပေါင်းအသင်းတွေလည်းရှိပါတယ်..။  ကျွန်တော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့..     ကျွန်တော်တို့ဟာ အများအတွက် လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ချင်ပေမယ့်..လက်ရှိမှာလူမှုရေး လုပ်နေကြတဲ့ အပေါင်းအသင်းတွေနဲ့.. အချိတ်အဆက်မရှိပါဘူး…ပြီးတော့ နဂိုက ဆိုးထားတဲ့ အခံ လေးကလည်းရှိတော့ ကောင်းတာ လုပ်ရမှာကိုတောင်    မရဲသလို နဲ့ ရှက်တတ်နေကြပါတယ်..။   အဲဒီလို ဆိုးတဲ့ ကျွန်တော်တို့ ဟာ ကိုယ့်လိုင်းမှာတော့ ကိုယ်က ဆရာမို့လို့   အကူအညီတောင်းတာမျိုးကို လုပ်ရမှာ အောက်တယ်လို့ထင်မိကြပါတယ်..   လူမှုရေးလုပ်နေကြတဲ့ သူငယ်ချင်းတွေကို  အကူအညီတောင်းချင်တာကတော့.. ကိုယ့်ဘေး   နားမှာ ရှိနေတဲ့ ဆိုးနေတဲ့ သူငယ်ချင်းတွေကို […]




အိမ်ကအထွက် သုညတွေကောက်ရတယ်.. ထုံးစံအတိုင်းကောက်မြဲကောက်ခဲ့တယ်.. ညက အိမ်မက်ထဲကို လမ်းလျှောက်ရင်းပြန်ရောက်သွားတယ်.. အအိပ်မက်တဲ့ ငါ့အတွက် ပြန်ထွက်ဖို့အခက်သားပဲ.. လက်နဲ့ချေပစ်လိုက်တဲ့.. လေထုထဲငါ့ရဲ့.. အာနိသင်တစ်ချို့ပါသွားတယ်…ရှိစေတော့.. ကိုယ့်ထိုက်နဲ့ကိုယ်ပဲလေ…။ ငါကသူများထက်တော်တယ်…. ငါ့ရဲ့ ကြည့်မှန် တစ်ခုထဲ ရဲ့ အတွင်းမှာပေါ့.. ဒီလိုနဲ့…စက္ကန့်ပေါင်းများစွာငါ အလွတ်ရပြီးပြီ ငါ့ထက်ညံ့တဲ့သူကိုငါ မတွေ့ဘူးသေးဘူး…. တစ်ခါတစ်လေ..တွေးမိတဲ့အလင်းတွေရဲ့အကြောင်းကို ငါ အမှောင်ထဲရောက်မှ အဓိပ္ပာယ်ဖော်ကြည့်မိတယ်.. သူလည်းမထူးပါဘူး….အရောင်တစ်မျိုးပဲလေ… ဒါကငါ့ရဲ့တစ်ဖက်သတ်အတွေး.. ဘဝဆိုတာ ဘာမှန်းညာမှန်းမသိပါဘူး တကယ်ပြောတာ… အခုထိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့..ငါ… အဘိဓ္ဓါန်မှန်သမျှကိုအလွတ်ကျက်နေမိတယ်… နောက်..ငါ အလွတ်ရတာဆိုလို့… အခွံလွတ်နဲ့..အခွံတစ်ခု အဲ နှစ်ခု…နဲ့ လေထုမရှိတဲ့ အာကာသကြီးတစ်ခု…


attach mentJanuary 25, 20131min03
်အချစ်ဆုံးသူတစ်ယောက်သို့ ကိုယ်အချစ်ဆုံးလူတစ်ယောက်ရဲ့ ရက်ရက်စက်စက် ပြောဆိုသံကို ကြားရတဲ့အခါ ငါ့နှလုံး အလုပ်မလုပ်နိုင်တော့လို့ ငါ့သွေးတွေလဲ လမ်းမလျှောက်တော့ ငါ့အသည်းတွေ စိတ်စိတ်မွှာမွှာကွဲထွက်ကုန်ပြီ ငါ့ခွန်အားတွေ မင်းနုတ်ယူသွားလို့ ငါ့ခြေလှမ်းတွေ ရပ်တန့်ကုန်ပြီ ဒါပေမယ့်လည်း အချစ်ရေ ငါဘယ်လိုလုပ်ရမလဲ ငါ့ဦးနှောက်က ငြင်းဆန်နေတာတောင် ငါ့နှလုံးသွေးတွေက မင်းမှမဟုတ်ရင် ထပ်မခုန်နိုင်တော့ဘူးလို့ င့ါကို အကျပ်ကိုင်နေလေရဲ့။


နှာခေါင်းကထွက်ကျတဲ့ နှာရည်တွေကိုသုတ်ရင်း ယိုင်နဲ့နဲ့ အိမ်ကလေးရဲ့ အပြင်ဘက်ဖေဖေပြန်အလာကို မျှော်နေမိတယ်.. ဗိုက်ဆာနေတာကိုလည်း မျက်နှာညိုးညိုးနဲ့အမေ့ကိုမပြောရက်ဘူး ဖေဖေပြန်လာပါတော့..သားဗိုက်ဆာနေပြီ.. သားတို့ရဲ့ယိုင်နေတဲ့ အိမ်လေးအပြင်ဘက်မှာအလင်းတွေတောင် ပျောက်ကုန်ပြီ.. ဒီနေ့ဖေဖေ နည်းနည်းနောက်ကျနေတယ်…. မေမေ့ကို လှမ်းကြည့် တော့ မေမေက အရင်အတိုင်းမတုန်မလှုပ်ဘဲ.. တွေဝေ နေတုန်း.. ဒီနေ့ ဖေဖေ နောက်မကျစဖူး တော်တော်နောက်ကျနေတယ်… သားဗိုက်တွေဆာနေပြီဖေဖေ..မေမေ့ကိုလည်းမပြောရဲဘူး.. ခနနေရင်တော့ ပြန်လာပါတော့လို့ စိတ်ထဲကနေဖေဖေကိုလှမ်းခေါ်မိတယ်.. မေမေကတော့ သူထိုင်နေတဲ့နေရာလေးမှာပဲ..အိပ်ပျော်သွားပြီ မနေ့က ဖေဖေ နဲ့ မေမေ စကားများထားတော့ ဒီနေ့ဖေဖေများ မူးလာမလားပဲ… ဒီနေ့ည လည်း ဖေဖေ ပြန်မလာတော့ဘူးနဲ့ တူပါတယ်.. ခနနေရင် မေမေ့ ကို နှိုးပြီး ခြင်ထောင်ထဲဝင်အိပ်ဖို့ပြောရမယ်… ကျွန်တော် ကတော့..ဖေဖေ အခုချိန်လေးများ ပြန်ရောက်လာခဲ့ရင်..ဆိုပြီး.. အိမ်အပြင်ဘက် လမ်းမှောင်မှောင်လေးကို ငေးလိုက်..နဲ့…….။ […]


kokoJanuary 23, 20131min06
ကိုယ့် တိုင်းပြည် မှါလာနေပြီး အုပ်တစ် ချပ် သဲတစ် ပွင့် ဖြစ်ဖြစ်ပေါ့ မြန် မါပြည်ရဲ့ သမိုင်း ကို လေ့လါပြီး ဒီနိုင်ငံ တိုးတက်အောင် လာပြန်လာ လုပ် ကြည့် ကြ ပါ လား


အလုပ်လုပ်ဖို့အတွက် ထမင်းစားတာလား? ထမင်းစားဖို့အတွက် အလုပ်လုပ်တာလား? လောလောဆယ်တော့… ထမင်းစားရင်း အလုပ်လုပ်နေတယ်.. ဘဝက ခါးတာလား? ဒါမှမဟုတ်ခါးတာကိုမှသွားစားမိတဲ့ဘဝကမှားတာလား? အခုသိတာကတော့… ဘဝမှန်ရင်ခါးရမယ်လို့ တော့..နားလည်ထားတယ်… ထမင်းစားတဲ့ ဘဝက ခါးတယ်.. အလုပ်လုပ်ပြီး နေရတဲ့ ဘဝကခါးတယ်… တစ်ချို့ဆို ခါးတဲ့ဘဝကို လွမ်းလို့တဲ့.. တစ်ချို့ကတော့ ..ခါးတဲ့ ဘဝကို…. ငါကတော့…..ဘဝခါးကို…


ဟဲဟိုး Air Bagan လေယာဉ်ပျက်ကျနောက်ဆက်တွဲကတော့ တောင်ကြီးမြို့နယ် ရပ်ကွက်များမှ သတင်းတစ်ခုရရှိပါတယ် Air Bagan လေယာဉ်ပျက်ကျမှုကြောင့် တောင်ကြီးမြို့မှ မီးသတ်ကားများ အသုံးပြုခဲ့သည့်စက်သုံးဆီဖိုးကိစ္စအတွက် တစ်ရပ်ကွက်လျှင် (၄၅၀၀)ကျပ်နှုန်း၊မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ညှိ့နှိုင်းပြီး တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၂၂)ရပ်ကွပ်မှ ၎င်းစက်သုံးဆီဖိုးအား  ပေးသွင်းခဲ့ရကြောင်းသိရှိရပါသည်။