တောင်ကြီးမြို့ နမ့်ဆီးကျေးရွာအုပ်စု၊ပင်ငို-မဲဟဲကျေးရွာအနီးရှိ အကျယ်အဝန်း(၁.၅၆)စတုရန်းမိုင်အား ရှမ်းပြည်နယ် သစ်တောဦးစီးဌာန သစ်တောကြေးတိုင်အရာရှိရုံးမှ စာအမှတ် ၆၉၆၀-၆၉၇၈/စ (က)၁ ပင်ငိုရေဝေရေလဲ၊၂.၁၀.၁၉၉၅ လက်မှတ်ထိုးဖြင့် ပင်ငိုရေဝေရေလဲ ကြိုးပြင်ကာကွယ်တောဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်ဆီးကျေးရွာအုပ်စု ကျေးရွာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှုူးထံလိပ်မူပြီး သက်ဆိုင်သူများသိရှိလိုက်နာနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်နိုင်ရန် သစ်တောကြေးတိုင်ပုံစံ(၁)ဖြင့်ပေးပို့ခဲ့ကြောင်းသိရှိရပါတယ်။ ၂၁.၈.၂၀၁၂ရက်နေ့တွင် ပင်ငိုကျေးရွာနေ ဦးကြည်ဖာလှမောင်၊ ဦးရီဖာချစ်မောင်၊ ဦးဖိုးခင်၊ ဦးတွီး၊ ဦးကီးဆာ၊ ဦးမောင်အုန်းတို့မှ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းပြီး အကွက်များရိုက်ခြင်း၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြံယာမြေများအဖြစ် ဖော်ထုတ်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ ယင်းသို့ ဆောင်ရွက်နေမှုကို ကျေးရွာရပ်မိရပ်ဖများမှ ဝန်ကြီးချူပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံလိပ်မူပြီး တားမြစ်ပေးပါရန် မေတ္တာရပ်ခံစာပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းတစ်စုံတစ်ရာမှ ထူးခြားမှုမရှိသည့်အတွက် ၎င်းပုဂ္ဂိုလ်များပိုမိုအတင်းရဲလာပြီး ယခုကျေးရွာအုပ်စုများသို့ မြို့နယ် မြေစာရင်းဦးစီးဌာနမှ မြေယာပိုင်ဆိုင်မှုရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အချိန်တွင် ၎င်းတို့အတွက် အခွင့်ရေးကောင်းတစ်ခုအဖြစ် ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ကြိုးပန်းဆောင်ရွက်နေသဖြင့် […]


may maylayJanuary 22, 20131min07
  တချိုု့ရွာတွေမှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားကြတယ်။ဘာတဲ့… စံပြရွာ တဲ့။   ဒို့မြေပုံက လူတွေကို ပြောပြချင်ပါတယ်… စံပြရွာဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ဖို့ …စံပြရွာဆိုတဲ့ အသိအမှတ်အပြုခံရဖို့ထက်…                                                                                                            .     ဒို့ရွာသူ…ရွာသားတွေကိုယ်တိုင်က.. ပြောတာဆိုတာ စိတ်နေစိတ်ထားတွေက.. စံထားလောက်အောင်ကောင်းနေပြီဆိုရင်… ဒီရွာကြီးကလည်း စံပြုထိုက်တဲ့ စံပြရွာကြီး ဖြစ်သွားမှာပဲ။ သူများပေးတဲ့ ”စံပြ” ရွာကြီး ဖြစ်သွားမှာပဲ။   သူများပေးတဲ့ ”စံပြ”ရွာဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေထက်… ဒို့ရွာသူရွာသားကိုယ်တိုင်က စံပြလူသားတွေဖြစ်အောင် ကြိုးစားကြဖို့ကို အထူးပြောချင်တယ်။   သူများပေးတဲ့အောင်လက်မှတ်ထက်… ကိုယ်ပိုင်တကယ်အရည်အချင်းရှိသူတွေဖြစ်အောင် ကြိုးစားကြ။  ဒို့ကတော့ စံပြဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မြင်ရဖို့ထက် စံပြဖြစ်နေတဲ့လူတွေကိုပဲ မြင်ချင်တယ်။   ( မောင်လမ်းညွန်  မြေပုံစာအုပ်မှ ကောက်နုတ်ထားပါသည်။)


  ကျွန်တော် ဒီ ဂေဇက်ကို ဝင်ဝင်ဖတ်တာကြာပေမယ့် အခုမှ ရွာသားဘဝ ခံယူတာပါ ၊ ရန်ကုန်မှာနေတဲ့ ကချင်ပြည်နယ်ရွှေကူသားပါ ၊ အမေက စာရေးဆရာမ ကျွန်တော်က အားကစားဝက်ဘ်ဆိုက်အယ်ဒီတာပါခင်ဗျာ ၊


jack mikeJanuary 22, 201319min00
Akku HP Compaq Business Notebook nx6320 rabattakkus.com ist ein Online-Marktplatz von Ersatzakkus und anderen Produkten in Deutschland. Wir garantieren, dass alle Produkte, welche wir auf unserer Website verkaufen, 100% neu sind und wir bieten auch einen erstklassigen Kundenservice an. Der Einkauf bei uns ist sicher und zuverlässig. Falls Sie jedoch einmal mit unseren Produkten nicht […]


kokothandarJanuary 21, 20131min01
နှတ်ထွက်သွာတဲ့ ဒုသမတ ရှစ်လုံးကြီးဟာ ကျန်းမာရေးဒေါင်ဒေါင်မြည်သူပါ နားတာက ဒုသမ္မတဟာ ရုပ်ပြသာဖြစ်တာ အခန်းအနားတွေမှာ အောက်လက်ကရေးပေးတဲ့ မိန့်ခွန်းဖတ်ဖို့သာ ထားတာကိုသိနေတယ် နောက်တစ်ချက်က စစ်ထောက်ချုပ် ဘဝနဲ့ M E C ကိုင်ခဲ့စဉ်က မတရားရခဲ့တဲ့ ငွေတွေကလဲ့ ထားစရာမရှိတော့ဘူး သူနေတဲ့ သမိုင်း အောင်သိဒ္ဒိလမ်းခြံထဲမှာ တစ်ထပ်တိုက်နှစ်လုံးရှိတယ် တစ်လုံးကလူနေတယ် တစ်လုံးက ပိုက်ဆံထားတဲ့ဂိုဒေါင် ဂိုဒေါင်ပြည့်လာလိုက် ရွှေချောင်းတွေဝယ်လိုက်နဲ့ ထားစရာ မရှိတော့အောင်ချမ်းသာနေတာရယ် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ရဲဆိုသလို ဒေါ်စု အစိုးရစည်းဝိုင်းတဲ့ စဝင်လာတာရယ် တစ်ချိန်မှာ ဒေါ်စု ပါတီသာ လွှတ်တော်ကို ချုပ်ကိုင်ပြီး ကြတ်ဖွတ်တွေ ပြေးရမှာကိုတွေးမိတာရယ်ကြောင့် အူစိန်ဘော့ အရှုံးပေးရလောက်အောင် အစိုးရအဖွဲ့ထဲကနေ တားမရဆီးမရ ထွက်ပြေးတာပါ အရှက်မရှိ တွယ်ဖက်နေတဲ့ ကိုအောင်သောင်းတို့ ကိုကျော်ဆန်းတို့ ကိုဌေးဦးတို့ ကိုခင်ရီတို့ […]


kokothandarJanuary 21, 20131min01
တပ်ချုပ်ကြီးနဲ့ တစ်ခါတစ်လေတွေ့ပါတယ်  တပ်ချုပ်ကြီးချပေးတဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်းမူမပြောင်းဘဲ လျောက်နေတယ်  ဆိုပြီး ဗျူးတစ်ခုမှာပြောသွားတယ် ဒီလောက် သောက်သုံး မကျ မတရားစွာနဲ့ နည်းလမ်းမကျ သူခိုးတွေကို နောက်ကြောင်းပြန်အရေးမယူနိုင်အောင် တစ်ဖက်သတ်ရေးထားတဲ့ ဥပဒေ ပြဌာန်းခဲ့တာ ကို လူဗျက်ရုပ်နဲ့ ကိုဌေးဦး ထွက်လာသေး တယ် တစ်ကယ်တော့ တပ်ချုပ်ကြီးက သူနဲ့ သူ့နောက်လိုက်တွေ စည်းစိမ်မပျက် ရှင်သန်ရေး လုပ်သွားတာမို့ ပြည်သူတွေက စိတ်နာနေရတဲ့ ထဲ ပြန် ပြန်အစဖေါ်သလိုနဲ့  စိတ်ညစ်စရာပါ  သတင်းတွေနဲ့တွေပြီးပြောတိုင်း လေးစားနာယူစရာဆိုလို့ တစ်ခါမှမတွေ့ရသေးဘူး ဖတ်မိတာသာ ဖတ်သူအမှားပါ


Nu ThanJanuary 20, 20131min04
ယခုအခါသံတွဲဈေးကြီးမီးလောင်ခဲ့သော နေရာတွင်းဈေးပြန်လည်ဆောက်လုပ်နေပါသည်။ ကန်ထရိုက်များမှာလက်တွေ့လုပ်ကိုင်ဘူးသူများမပါ ဝင်ဘဲ စည်ပင်နှင့်ဈေးကော်မတီတို့မှ၎င်းတို့နှင့်လက်သင့်သူများ၊၎င်းတို့သို့လာဘ်ငွေပေးသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ကန်ထရိုက် များသည် အဆောက်အဦးများကို ပုဒ်ပြတ် ထပ်ငှါးကာ လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ပထမပိုင်းတွင် ပစ္စည်းများကိုလည်း ရန်ကုန်မှတင်သွင်း ခြင်း၊ဝယ်ယူခြင်းများ လုံးဝ မရှိသောအညံစား ကန်ထရိုက်များဖြင့်ဆောက်လုပ်နေရာအဆောက်အဦးများခိုင်ခန်မှု၊။စနစ်ကျမှုတို့မှာရင်လေးစရာ ကိစ္စရပ်များဖြစ်နေခဲ့ပါသည်။အုပ်များကိုလည်းသဲဖြင့်ပြုလုပ်ထားသောဘိလပ်မြေပါသည်ဆိုသောအုပ်များဖြင့်ဆောက်လုပ်ခဲ့ပြီးအဆိုပါအုပ်များမှာခိုင်ခန့်မှုမရှိလှပါ၊အဆောက်အဦးအမိုးတိုင်များကိုသုံးသောအလွိုင်းသံများမှာမီးဒါဏ်ကိုခံနိုင်ခြင်းမရှိဘဲမီးပြလိုက်သည်နှင့်ပြိုပျက် သွားနိုင်သောပစ္စည်းများဖြစ်ပါသည်။ဈေးအိမ်သာနေရာများကိုလည်းယခင်ဆောက်လုပ်ခဲ့သောနေရာဟောင်းတွင် ဈေးကော်မတီနှင့်စည်ပင်တို့မှဆိုင်ခန်းများရယူရန်အတွက်ထိုနေရာအားမပေးဘဲ ဈေးအိမ်သာကိုကလေးများနှင့်နီးရာ ကျောင်းနားလမ်းထောင့်သို့ပြောင်းရွှေဆောက် လုပ်ခြင်းသည်လည်း ခလေးငယ်များကျန်မာရေးကို ထိခိုက်မှုဖြစ်ပွါးစေပြီး နောင်ရေရှည် ကျန်မာရေးထိခိုက်မှုဖြစ်ပေါ်စေနိုင်သော အနာဂတ် သားကောင်းများကိုလူညွန့်တုံးစေသောကိစ္စရပ်များဖြစ်ပါသည်။ ဈေးအိမ်သာကိုစနစ်တကျဆောက်လုပ်မည်ဆိုကာသံယောင်လိုက်ပြောဆိုပြီး၊ကော်မတီများမှလည်းငွေရထားသဖြင့်နားမလည်းဘဲအဟုတ်ထင်ကာပြောဆိုကြသော်လည်းယခုလက်ရှိမည့်သည့်ဈေးကိုမဆိုသွားရောက် ကြည့်ရှုလိုက်ပါကလူများစနစ်မကျမှုကြောင့်၎င်း၊စည်းကမ်းမရှိမှု၊စနစ်မကျတည်ဆောက်ထားမှုတိုကြောင့်အနံဆိုးများထွက်ပေါ်နေသည်ကိုရန်ကုန်မန္တလေးအစရှိသောမြိုကြီးများသို့ ရောက်ဖူးသူတိုင်းသိနိုင်သောကိစ္စရပ်များဖြစ်သဖြင့် ဈေးအိမ်သာကိုယခင်နေရာသို့ပြောင်ရွေပေးစေလို ့ကြောင်းမြို့ခံများ၊ ကျောင်းသားကျောင်းသူမိဘများ၊ကျောင်းအုပ်ဆရာကြီးမှစာရေးပြီးတိုင်းကြားထားသော်လည်းယနေအထိမည့်သို့မှထူးခြားမှုမရှိကြာင်းသိရှိရပါသည်။အဆိုပါဈေးအိမ်သာယခင်နေရာသို့မပြောင်းရွှေရအောင်ကန်ထရိုက်မှ ဈေးကော်မတီ၊စည်ပင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူတို့အားတစ်ဦးလျှင်ကျပ်သိန်း(၅၀)စီပေးအပ်ပြီးနှုတ်ပိတ်ထားသည်ဟုတိကျသောသတင်းရပ်ကွက်မှသိရှိရပါသည်။ဈေးကော်မတီအား လည်းငွေကျပ် သိန်း(၅၀၀)တန်ဆိုင်ခန်းများရာင်းစားခွင့်ကိုပေးအပ်ထားပြီးနှုတ်ပိတ်နေစေခဲ့ပါသည်။ အဆိုပါဈေးအိမ်သာနေရာသည် လမ်းမတန်းတွင်ကျရောက်နေသဖြင့် နိုင်ငံခြားခရီးသည်များအမြင်တွင်လည်း အနံဆိုးများဖြင့် သ့တွဲမြို့၏ လှပမှုကို ပျက်ပြားစေနိုင်ကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးမှလည်းပြောကြားပါသည်။ကျောင်းသားမိဘတစ်ဦးမှလည်းယခုကဲသိူ့ဈေးအိမ်သာ ကျောင်းနားတွင်ဆောက်လုပ်ပါက ကလေးငယ်များကို အဆိုပါအလယ်တန်းကျောင်းတွင် ထားရှိနိုင်တော့မည်မဟုတ်ကြောင်းပြောကြားပါသည်။ ဆိုင်ခန်းများ ကိုလည်းကန်ထရိုက်မှ ကြိုတင်ရောင်းစားထားရာ ပြင်ပလူများဝယ်ယူခွင့်မရဘဲ၊စည်ပင်နှင့်ဈေးကော်မတီတို့မှသာအများ […]


Mg Yay ChanJanuary 19, 20131min06
လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တဲ့အချက်နဲ့တိုင်းတာရမှာ ( ဗန်းမော်တင်အောင် ) —-               —             —– ကဗျာခေါင်းစဉ်ကို ထပ်ခါထပ်ခါ ဆို ငါတို့ဟာ ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ လူငယ် အိပ်မက်ဖူးတွေ ပွင့်လာဖို့ မှော်ဆရာလို ပါးတွေဖောင်းလုမန်းမှုတ်နေစရာမလို ကိုယ့်အစွမ်းကိုယ့်ဇနဲ့အနာဂတ်သစ်ကမာ္ဘဖန်တီးပစ်နိုင်စွမ်းရှိတာ လောကလေဆန်ကို ခပ်ကြမ်းကြမ်းထိုးခွဲမယ့် ငါတို့ အရွယ်…လူငယ် ဟေ့….. ကိုယ်ပိုင်ဆိုင်ရာ ရင်ဘတ်တစ်စုံစီပေါ်မှာ ယုံကြည်ချက်တွေ ကိုယ်စီခိုင်မြဲစွာထိုးစိုက် ဟေး………….ကောင်းကင် ငါတို့လာတယ် ငါတို့လာခဲ့တယ် ပွက်ပွက်ထနေတဲ့ သွေးတွေကို တဂျုံးဂျုံးမောင်းနှင်ရင်း ဟေး………မည်းညစ်ညိုပုပ်နေတဲ့ကောင်းကင် သင့်ကို ခပ်မိုက်မိုက် တိုက်ချပစ်ဖို့ ငါတို့လာတယ် ငါတို့ လာခဲ့တယ်     ၊၊ လူငယ်ဘဝဆိုတာ အသည်းကွဲလွမ်းဆွေးဖို့ သက်သက်မဟုတ်ကြောင်း အလွမ်းသီချင်းတွေချည်း သီကြွေးဟစ်အော်ဖို့မဟုတ်ကြောင်း ငါတို့ဟာ ကိုယ့်သမိုင်းကိုယ် အခမ်းနားဆုံးထွင်းထုလို့ သက်သေပြကြမှာ ဘယ်သူမပေးဘဲ […]


facebook က ပို့စ်လေးပါရီရလို့ပြန်တင်ပေးလိုက်တာပါ.. Posted by နတ် ဆရာကြီး (https://www.facebook.com/nat.sayargyi) ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန် ===================================== ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင် ကြေငြာချက်အမှတ် ( ၁/၂၀၁၃) ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်သည် ယနေ့နေ့စွဲဖြင့် အောက်ပါကြေငြာချက်ကိုထုတ်ပြန်လိုက်သည်။ ကော်မရှင် မြန်မာပြည်၏ အထင်ကရလွှတ်တော်ကြီးအား အကြည်ညိုပျက်စေသော “ဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဆိုသော” စာသားကိုရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ရှာဖွေနိုင်ရန်အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်။ ၁။ ဒေါက်တာဆိတ်ဖွားဆိုသူမှာ ဆြာကြီး မင်းသင်္ခအလိုအရ သုဘရာဇာလုပ်ကာ တာမွေသင်းချိုင်းတွင်နေသည်ဆိုသဖြင့် တာမွေသချင်္ ိုင်းသို့သွားရောက်စုံစမ်းခဲ့ပါသည်။ သို့သော်တာမွေထိုသင်္ချ ိုင်းမှာ ယခုအခါဖျက်သိမ်းပြီးဖြစ်နေပြီဖြစ်ပါသည်။ ၂။ ထပ်မံ၍ ဒေါက်တာဆိတ်ဖွားဆိုသူအကြောင်းသိသော ဆားပုလားနှင်းမောင်၊ အိုင်ပီအောင်သင်းဆိုသူများထံတွင်စုံစမ်းရန်အတွက် ကမ်းနားလမ်းရှိ ရန်ကုန်ပုလိပ်မင်းကြီးရုံး သို့သွားရောက်ခဲ့ပါသည်။ သို့သော် ထိုရုံးကြီးကို ရန်ကုန်တိုင်းတရားရုံးကြီးအဖြစ်အသုံးပြုခဲ့ပြီး ယခုအခါ ခရိုနီ၊ ခရိုြ့ပာဆိုသူများက ဟော်တယ်လုပ်ရန်စီစဉ်လျှက်ရှိပါသည့်အတွက် ရှေ့နေကွန်ရက်မှ ဆန္ဒထုတ်ဖေါ်မှုများလုပ်နေသဖြင့် ၎င်းတို့နှင့်တွေ့ခွင့်မရခဲ့ပါ။ တဖန် လက်ဝါးကိုကိုကြီးဆိုသောပုလိပ်ကြီးကိုစုံစမ်းသော်လည်း […]


kalinkJanuary 18, 20131min01
                          Breaking News ========== အခု လက်တလော ဒီရက်ပိုင်းအတွင်းမှာ ဖေ့စ်ဘုတ်မှာ ဗိုင်းရပ်တစ်မျိုး တက်နေပါတယ် ။ Notification မှာ ( ) tagged you in a post : ဆိုပြီး လင့်တစ်ခုပေးထားတာပါ ။ အဲဒီလင့်ကို ကလစ်နှိပ်မိတဲ့သူဟာ ပုံ ၁ မှာ ပြထားတဲ့အတိုင်း စာမျက်နှာတစ်ခုပေါ်လာမယ် ပြီးရင် loading ဆိုပြီး ပေါ်နေလိမ့်မယ် ။ အင်္ဂလိပ်ဘာသာနဲ့တော့မဟုတ်ဘူး ။ ပြီးတဲ့အခါ Browser ကို add-on ထည့်ဖို့ Allow […]