Prepaid Card ကိုသေချာခြစ်ရန်

ညအိမ်အပြန် ကော်ဖီမစ်ကုန်လို့ mini market တစ်ခုမှာဝင်ဝယ်ဖို့သွားလိုက်တယ် ဝယ်ပြီးငွေရှင်းချိန်မှာ ပြသနာ တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ် ဖုန်းငွေဖြည့်ကဒ်ဝေယ်တဲ့ လူတစ်ယောက်က 10000 တန်ကဒ်ကိုဝယ်ပြီးပြီးခြင်းမှာပဲ ခဲ့ဖြစ်ပြီး ဖုန်းထဲကိုငွေဖြည့်တယ် *123*?#call ဆိုပြီးရိုက်ထည့်တယ် သူ့ဖုန်းထဲငွေ 10000 မဝင်သွားဘူးပါဘူး အဲဒါနဲ့ နောက်တစ်ကဒ်ပေးရင်ပေး မပေးရင်လည်း ငွေပြန်အမ်းပါပေါ့ ဆိုင်ရှင်အဒေါ်ကလည်း ဒါမျိုး တစ်ခါမှမဖြစ်ဖူးပါဘူးဆိုပြီး အဲဒီ security code ကိုသူ့ဖုန်းမှာရိုက်ထည့်ကြည့်သတဲ့ ဒါလည်းသူ့ဖုန်းထဲကို ငွေမဝင်ဘူးဖြစ်နေတယ် မှတ်မှတ်ရရ  လက်ကျန်ငွေ 7777 ပဲရှိတာကိုတွေ့လိုက်ရတယ် ထို့အတူ ဘေးမှာရှိတဲ့ မိန်းကလေးကလည်း ဆိုင်ရှင်ပဲလားတော့မသိဘူး သူ့ဖုန်းကို ၎င်းအတိုင်းထည့်ကြည့်ပြန်တယ် မရပါဘူး၊ ဒါနဲ့ ဝယ်တဲ့လူက အဲဒီကဒ်ကို ဝယ်တဲ့ဆိုင်မှာ ပြန်လည်းလိုက်ပါတဲ့ MPT clean လုပ်လိုက်ပါတဲ့ အဲဒါကိုတော့ ကျတော်နားမလည်ဘူး ပြန်လည်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘယ်သူမှ ခဲခြစ်ပြီး ပြန်လည်းမပေးနိုင်လောက်ပါဘူး ခဲခြစ်ပြီးနောက်ပိုင်း စောရီးပါ ဆိုင်ရှင်ကလည်း စမ်းစစ်ကြည့်ပြီး ဝယ်ရတာမှမဟုတ်တာလေ။ ဆိုင်ရှင်အဒေါ်ကလည်း ဖုန်းကို ကောင်းကောင်းမကိုင်တက် နာမလည်ပါဘူးတဲ့ 10000 ရင်းမှ 250ကျပ်မြတ်တာပါလို့ပြောတယ် အဲဒီမှာ ပါလေသူကြီး Blogger နိုင်နိုင် ကျတော်က ပွကြီးဝင်လုပ်လေပြီ 😀 ဆိုင်ပိုင်ရှင်ကိုပြောပြီး သူ့ဖုန်းကိုယူပြီး ထည့်ကြည့်ပေးလိုက်ပါတယ် ငွေ 10000 ကျပ်ဝင်သွားလေသတည်း ဖြစ်ပုံက 7 ဆိုတဲ့ဂဏန်းကို ၂ ဆိုပြီး ရိုက်ထည့်နေလို့ပါ ခဲကိုလည်း သေချာဖြစ်မကြည့်ကြဘူးလေ သုံးယောက်လုံက အဲလိုအမှားကြီးပဲရိုက်တာကိုး ခဲကိုသေချာခြစ်ပါ သေချာမှန်အောင်ရိုုက်ထည့်ပြီး အဆင်ပြေကြပါစေဗျာ… နိုင်နိုင် www.royalcherry.blogspot.com

4 comments

  • Mobile

    January 27, 2013 at 12:07 pm

    ပိုက်ဆံကဒ်ဝယ်တဲ့အခါမှာ သေချာချင်ရင် ကိုယ့်ဖုန်းထဲကို တစ်ခါတည်း
    ဆိုမှာရှိတဲ့လူကို ထည့်ခိုင်းရင် အဆင်ပြေပါတယ်။ ဒဂယ်လို့ အပြင်ရောက်ပြီးမှ
    ထည့်မရ ပြု့မရဆိုရင် ဆိုင်မှာပြန်ပြောလို့က အဆင်မပြေပါဘူး ထည့်လို့မရတာတော့
    ကျုပ်လည်းကြုံဖူးသလောက် တစ်ခါမှ မဖြစ်ဖူးပါဘူး။
    တစ်ခါတော့ G ငွေဖြည့်ကဒ်နဲ့ C ငွေဖြည့်ကဒ် မှားလာတာ ခဲခြစ်ပြီးမှ ထည့်မရလို့မှားမှန်းသိတယ်
    ဆိုင်ကိုပြန်လဲတော့ သူတို့ဖုန်းထဲမှာ အဲဒီ C ငွေဖြည့်ကဒ်ကို ထည့်ကြည့်ပြီး ထည့်ရတဲ့အတွက်
    G ငွေဖြည့်ကဒ်တစ်ခု ပြန်လဲပေးလိုက်ပါတယ်။
    ထိုင်းငွေဖြည့်ကဒ်တွေမှာတော့ ရှေ့ကဂဏန်း ၉ လုံးကို ဖော်ပြထားပြီး နောက်ဆုံးမှ ဖြည့်ရမည့်
    ဂဏန်း ၆ လုံးကိုသာ ခဲဖြင့်အုပ်ထားပါတယ်။ မြန်မာ့ဆက်သွယ်ရေး ငွေဖြည့်ကဒ်မှာရေးထားတဲ့
    ကုဒ်နံပါတ်က နည်းနည်းသေးတယ်လို့ထင်ပါတယ်။ ကြည့်ရတာ မျက်စီမှုံတဲ့လူဆိုရင် မှားနိုင်ပါတယ်။
    ပြီးတော့ အတန်းလိုက် တစ်ခါတည်း ရေးထားတဲ့အတွက် ကြည့်ရတာ အဆင်မပြေပါဘူး။
    သုံးလုံးပြီးရင် နည်းနည်းခြာပြီမှ နောက်သုံးလုံး နောက်သုံးလုံး အဲ့ဒီလိုလုပ်ပေးထားမယ်ဆိုရင်
    ပိုမိုအဆင်ပြေနိုင်ပါကြောင်းးးးးးးးးးးးးးးးးးးး

  • နိုင်နိုင်

    January 27, 2013 at 12:10 pm

    ခေါင်းစဉ်မှာ Prepaid card ကိုသေချာ ဖြစ် ရန်ဖြစ်နေပါတယ် တောင်ပန်းပါတယ် ကျတော် post edit လုပ်ဖို့ရှာမတွေ့ဘူးဖြစ်နေတယ်ဗျ တစ်ချို့ပို့စ်တွေအောက်မှာတော့ Edit ပါတယ် ဒီပို့အောက်မှာမပါလို့ သိတဲ့လူများ ပြောပြပါဦး

  • padonmar

    January 27, 2013 at 9:04 pm

    နိုင်နိုင်
    ခုလို ဖြစ်တတ်တဲ့ ပြဿနာလေးတွေ share ပေးတာ ကျေးဇူးပါ။
    ဝင်ကာစ မန်ဘာတွေ ကိုယ့် post ကို သေချာစစ်ပြီးမှ publish လုပ်ဖို့ သတိထားကြစေချင်ပါတယ်။
    edit လုပ်ခွင့်က Bronze Member ဖြစ်မှ ရတယ်ထင်ပါတယ်။
    ဒါပေမယ့် အဲဒီလို ခက်ခဲတာတွေကို သူကြီးကဖြစ်စေ၊moderator တွေက ဖြစ်စေ ကူညီပေးတတ်ကြပါတယ်။
    Category မှာ copy pasteဆိုရင် သူများစာကို ကူးတင်တဲ့ အဓိပ္ပါယ်ပေါက်လို့ ပွိုင့်မပေးပါဘူးတဲ့။
    ဒါကြောင့် Category မှာ ကိုယ်ကြိုက်တာရွေးပြီးမှ တင်ပါနော်။

  • ဦးကြောင်ကြီး

    January 28, 2013 at 8:59 am

    ငါတို့လို တိုက်တေနီယမ် မင်န်ဘာအဆင့်တွေမှာတော့ မောင်နိုင့်လို့ ပြသနာမျိုး ကြုံရဘူးကွဲ့…

Leave a Reply