ဟဲဟိုး Air Bagan လေယာဉ်ပျက်ကျ နောက်ဆက်တွဲ

ဟဲဟိုး Air Bagan လေယာဉ်ပျက်ကျနောက်ဆက်တွဲကတော့ တောင်ကြီးမြို့နယ် ရပ်ကွက်များမှ သတင်းတစ်ခုရရှိပါတယ် Air Bagan လေယာဉ်ပျက်ကျမှုကြောင့် တောင်ကြီးမြို့မှ မီးသတ်ကားများ အသုံးပြုခဲ့သည့်စက်သုံးဆီဖိုးကိစ္စအတွက် တစ်ရပ်ကွက်လျှင် (၄၅၀၀)ကျပ်နှုန်း၊မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ညှိ့နှိုင်းပြီး တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၂၂)ရပ်ကွပ်မှ ၎င်းစက်သုံးဆီဖိုးအား  ပေးသွင်းခဲ့ရကြောင်းသိရှိရပါသည်။

9 comments

  • Mon Kit

    January 23, 2013 at 4:20 pm

    ဪ….. ဖစ်ရမယ်ကွယ်……

  • kai

    January 23, 2013 at 4:39 pm

    အစိုးရ..တော်တော်မွဲနေတဲ့သဘောရှိတယ်..
    ရပ်ကွက်.. မြို့နယ်.. ပြည်နယ်..ဖယ်ဒရယ်အဆင့်ဆင့်ပေါ့…

    အစိုးရလုပ်မနေတော့ပါနဲ့..
    အလှူငွေရအောင်. ဘုန်းကြီးဝတ်.. ဘုရားတည်ကြ.. :kwi:

    • မောင်ပေ

      January 23, 2013 at 7:32 pm

      ပစ္စည်းလေးပါး ဒါယိကာ လာလုပ်ပေးလိုက်ပါဗျာ
      နော
      ဟီဟိ

  • ရွာသူ jujuma .

    January 23, 2013 at 4:55 pm

    မွဲချက် .. လန်ထွက်နေတယ် …
    ဒီတစ်ခါ သူတို့ကို ဆီဖြည့်မယ့်သူမှမရှိတာ …
    (သူတို့ ဘဂျီး ပစ္စည်းဆိုဒေါ့ မတောင်းရဲတာလဲပါမှာပေါ့ ) …. 👿

  • P chogyi

    January 23, 2013 at 5:04 pm

    ရပ်ကွက်ထဲမှာမီးလောင်ရင်
    ရပ်ကွက်ထဲကောက်ပေါ့
    ဘယ့်နှယ်လေယာဉ်မီးလောင်တာ အရပ်ထဲပိုက်ဆံကောက်ရတယ်လို့
    ကြုံဖူးပေါင်……
    အစိုးရလေယာဉ်လည်းမဟုတ်………
    သတင်းကရောတိကျရဲ့လား…….
    တစ်ခြားခေါင်းစဉ်နဲ့တောင်းတာဖြစ်နေဦးမယ်……

    • နိုင်နိုင်

      January 23, 2013 at 6:43 pm

      သတင်းက သေချာပါတယ် ကျတော်သေချာအောင် မေးမြန်းကြည့်ပြီးပါပြီ။

  • Mr. MarGa

    January 23, 2013 at 6:53 pm

    ကောင်းပါလေ့
    စက်သုံးဆီဖိုးတောင် ပြည်သူက တကူးတက ထည့်ပေးရတယ်
    နောက်ဆို ကားပြင်ဖို့တို့ ထိန်းသိမ်းဖို့တို့ပါ လာမလားမသိ

  • ခင်ခ

    January 24, 2013 at 9:27 am

    ဪ ဖြစ်မှဖြစ်ရလေ အစိုးရရယ်။
    ဒါနဲ့များ တိုးတက်ပြောင်းလဲနေပြီလို့ ဆိုချင်သေးတယ်နော်။

  • Mobile

    January 24, 2013 at 9:01 pm

    တောက်…
    ဖတ်ရင်းနဲ့ခံပြင်းလိုက်တာကွာ …
    မီးပျက်သွားလို့ အင်ဗာတာဖွင့်မထားမိတာကိုပြောပါတယ် . . . . . .

Leave a Reply