အောင်ပန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းပြီး အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားခိုင်းစေမှု မပါဘဲ (၉-၇-၂၀၁၂)နေ့တွင် မတရား စွပ်စွဲဖမ်းဆီးထားသော ဆရာတော် ဦးဥတ္တမ၏ အမှုကိစ္စအား ပံ့ပိုးကူညီနေသော ဒေါ်နွဲ့နွဲ့ဌေး အပါအဝင် လူပုဂ္ဂိုလ်(၃၀)ဦးအား မိုးပြာဝါဒ ကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် လက်မှတ်ရေးထိုးပွဲ ကို အာဏာသုံး စီစဉ်ခဲ့မှုဖြစ်ပါသည်။ အစည်းအဝေးသတင်းနှင့် ပတ်သက်၍ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.thithtoolwin.com /2012/07/blog-post_4782.html ထို့နောက် ထိုပုဂ္ဂိုလ်(၃၀)ဦး အသီးသီးထံသို့ ဆင့်ခေါ်စာများရောက်ရှိလာပါသည်။ အဆိုပါ ဆင့်ခေါ်စာသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ခြင်းဖြစ်ပြီး (၁၃-၂-၂၀၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့မ ပရိယတ္တိစာသင်တိုက်သို့ အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်မှတ်ထိုးခိုင်းရန် ဖြစ်ပါသည်။ ထိုသို့ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အဆင့်ဆင့် အုပ်ချုပ်ရေးမှူးများ နှင့် သာသနာရေးမှူးတို့ […]
