နောင်တစ်ခေတ်ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာများ မွေးထုက်ပေးသော နေရာကို ကျောင်းဟုခေါ်ပါတယ်။ ကျောင်းတွင် ဘာသာရပ်ပေါင်းစုံ နှင့် အားကစားများကို သင်ကြားပြသပေးသောနေရာတစ်ခုလည်းဖြစ်တယ်။ စေတနာမေတ္တာ အပြည့်အဝ ထားတက်သော အနန္တဂိုဏ်းဝင် ဆရာ ဆရာမများက သားသမီး အရင်းများပမာ ပြုစုပျိုးထောင်ပြီး အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတက်အောင် သင်ကြားပြသပေးပါတယ်။ အခုခေတ်ကာလ ကျောင်းသူကျောင်းသားတွေ တော်တော်ကံကောင်းကျပါတယ်။ ဖွံ့ဖြိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော်သစ်စီသို့ အရှိန်အဟုန်ဖြင့် တိုးတက်နေသော ခေတ်ကြီးမှာ သူတို့လေးတွေ အဆင်ပြေပြေ ဖြင့် စာပေပညာများ သင်ယူခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ ကျောင်းသားဘဝ နှင့် ဆရာဆရာမများ အကြောင်းကို ပြောပြချင်ပါတယ်။ သူငယ်တန်းကနေ လေးတန်းအထိတော့ ဘာမှမရှိသေးတဲ့ အရွယ်ပေါ့ဗျာ။ အဲဒီတုန်းက မုန့်ဖိုးက တစ်နေကုန်မှ တစ်ကျပ်ရတာ မနက်ခင်း ပြား ၅ဝ […]
