မေတ္တာရပ်ခံချက်

phone_kyawJuly 14, 20121min016

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ရွှေတူးတဲ့ Company ဖြစ်တဲ့ တောင်အာဖရိက အခြေစိုက် Goldfields Company က စီအီးအိုနဲ ့ကျနော် နောက်လထဲမှာ ဩစတျေလျးနိုင်ငံမှာတွေ ့ဖို ့အစီအစဉ်ရှိတယ်။

 

သူကို ့မြန်မာပြည်ရဲ  ့အပြောင်းအလဲအခြေအနေကို အကြမ်ဖျင်းတင်ပြမယ်။ မြန်မာနိုင်ငံမှာ ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ဖို ့သတင်းအချက်အလတ်တွေဖလှယ်ပေးရမယ်။ စီအီးအိုအနေနဲ ့ကျနော်အကြံပေးတာကို သူကစိတ်ဝင်တစားရှိလို ့ကျနော်နဲ ့တွေ ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကမှ ကျနော်သူ ့ကို အကြံပေးခဲ့တယ်။ ဒါကတော့ ကျနော်တို ့မြန်မာပြည်မှာ ရွှေရှာဖွေရေးလုပ်မယ်။

 

သူသိချင်တာက မြန်မာနိုင်ငံရဲ  ့ရွှေကြောအခြေအနေကို သိချင်တယ်။ နိုင်ငံရေးစနစ်၊ ရင်းနှီးမြုပ်နှံမှု  ့ဥပဒေစတဲ့ အခြေအနေတွေကို သူတို ့စတင်လေ့လာနေပါပြီ။

 

တလောက မြန်မာပြည်မှာ ဆက်တလိုက်အကူအညီနဲ ့တွေ ့တဲ့ ရွှေကြောကို ကျနော်တင်ပြဖို ့ရှိတယ်။ဒါကလည်း အတိအကျဟုတ်လားမဟုတ်လားတော့မသိဘူး။ ဒါပေမဲ့ သူတို ့စိတ်ဝင်စားမယ်လို ့ထင်တယ်။

 

ဖြစ်နိုင်ရင် ရွှေထွက်နိုင်တဲ့ ဒေသတွေကို သိတဲ့လူတွေအနေနဲ ့ကျနော့်ဆီကို ဆက်သွယ်စေချင်ပါတယ်။ နောက်လထဲမှာ စီအီးအိုနဲ ့တွေ ့ရင် တင်ပြဖို ့ပါ။

 

ကျနော်က သူ ့ရဲ  ့ဝန်ထမ်းတစ်ဦးဖြစ်တာရယ် လက်ရှိ ဩစတျေးလျက ရွှေထုတ်လုပ်တဲ့ သူ ့ Company မှာ လုပ်နေတာဆိုတော့ သူ စိတ်ဝင်စားပါတယ်။ ဒါ့ကြောင့် သူက ကျနော့်ကို ရသလောက်အချက်အလက်တွေစုပြီး သူ ့ဆီကို တင်ပြပါလို ့ညွန်ကြားလာတဲ့အတွက် အားလုံးကို အသိပေးတာပါ။

 

တကယ်လို ့ Goldfields အနေနဲ ့ မြန်မာနိုင်ငံကိုသာ ဝင်လာရင် အလုပ်အကိုင်အပြင်နည်းပညာတွေပါ ပါလာပါလိ့မ်မယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို စီမံခန် ့ခွဲပုံစပြီး မြန်မာပြည်မှာ မရှိသေးတဲ့ မိုင်းတူနည်းပညာကိုပါ တင်သွင်းလာပါလိ့မ်မယ်။ အရမ်းစနစ်ကျတဲ့ Company တစ်ခုပါ။ ဆိုတော့ ကျနော်တို ့တိုင်းပြည်အနေနဲ ့အကျိူးကျေးဇူးတွေအများကြီးရနိုင်တယ်။

 

သတ္တုတွင်းဝန်ကြီးဌာနအနေနဲ ့ မြန်မာပြည်ရဲ  ့ရွှေကြောအခြေအနေကို နိုင်ငံတကာသိအောင် အင်တာနက်မှာ တင်ပြပေးသင့်တယ်လို ့ထင်ပါတယ်။

 

အခုပုံစံက ဩစတျေးလျကမိုင်း Company တွေဝင်ဖို ့ဆိုရင် အချက်အလက်တွေကို ဘယ်မှာလိုက်ရှာမှန်းတောင်မသိဘူးဖြစ်နေတယ်။

 

သူတို ့တွေ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို ့အရမ်းစိတ်ဝင်စားနေပါပြီ။

16 comments

  • ဘဲဥ

    July 14, 2012 at 12:10 pm

    ကျနော် ဆက်သွယ်ပါ့မယ် ကိုဘုန်းကျော်
    ကျနော်လည်း အထိုက်အလျှောက်နားလည်တဲ့သူ တစ်ယောက်ပါ ။ဘယ်ကိုဆက်သွယ်ပေးရမလဲ။

    Reply

  • phone_kyaw

    July 14, 2012 at 1:02 pm

    အင်္ဂလိပ်လို ဆိုရင် အရမ်းကောင်းမယ်။ ကျနော့်အီးထဲကိုသာ ထည့်လိုက်ပါ။ ကျေးဇူး။

    Reply

  • ရာဇဝင်လူဆိုး

    July 14, 2012 at 1:29 pm

    …..(တကယ်လို ့ Goldfields အနေနဲ ့ မြန်မာနိုင်ငံကိုသာ ဝင်လာရင် အလုပ်အကိုင်အပြင်နည်းပညာတွေပါ ပါလာပါလိ့မ်မယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို စီမံခန် ့ခွဲပုံစပြီး မြန်မာပြည်မှာ မရှိသေးတဲ့ မိုင်းတူနည်းပညာကိုပါ တင်သွင်းလာပါလိ့မ်မယ်။ အရမ်းစနစ်ကျတဲ့ Company တစ်ခုပါ။ ဆိုတော့ ကျနော်တို ့တိုင်းပြည်အနေနဲ ့အကျိူးကျေးဇူးတွေအများကြီးရနိုင်တယ်။)…

    ကိုဖုန်းကျော်ရေ…တိုင်းပြည်အတွက် မင်္ဂလာရှိတဲ့ သတင်းကောင်းပါပဲဗျာ..။ သူတို့နဲ့ တကယ်အလုပ်ဖြစ်အောင်ဆွေးနွေးဖို့ အချက်အလက်တွေကတော့ တကယ်အတိအကျနဲ့ ခိုင်ခိုင်မာမာတွေ ယူသွားရမှာပဲ..။ ကျနော်တော့ သိပ်နားမလည်ပေမယ်. တတ်နိုင်သလောက်တော့ ရှာကြည့်ပေးထားပေးမယ်..။။ FIGHTING !!!

    Reply

  • myanmarcitizen

    July 14, 2012 at 1:53 pm

    ကျွန်တော်မှာသူငယ်ချင်းတစ်ယောက်ရှိတယ် ရွှေတူးနေတာလေ သူကိုတိုင်မဦးစီးနိုင်တဲ့အတွက် သိပ်တော့မအောင်မြင်ဘူး။ နောက်ပြီး နံ့တော ဘက်မှာရွှေထွက်တယ် အဲ့မှာ အိမ်ထောင်ကျနေတဲ့ သူငယ်ချင်းတစ်ယောက်လဲရှိသေးတယ်။ အကူညီလိုရင်ပြောဗျာ။ ကျွန်တော်ကတော့ ရွှေအကြောင်းသိပ်နား မလည်ဘူး။ ခင်ဗျား CEO နဲ့အဆင်ပြေရင် ခင်ဗျားကိုယ်တိုင် လာပြီး သေချာလေ့လာသင့်တယ်ထင်တယ်။

    Reply

  • phone_kyaw

    July 14, 2012 at 2:09 pm

    ကျနော်လည်းလာမှာပါ။ စီအီးအိုက ဆက်လုပ်မယ်ဆိုရင် ကျနော်တို ့အတူတူလာကြမယ်ထင်ပါတယ်။ အဓိကက အစိုးရအပေါ်မှာပဲ မှုတည်ပါတယ်။

    Reply

  • hnin phyu

    July 14, 2012 at 2:22 pm

    ကိုဖုန်းကျော်
    ကျမတို့စီမှာကတူးနေကြတာက အသေးစားတွေပါ၊ ကိုယ်ပိုင်တပိုင်တနိုင်ပါ ၊အကြောကောင်းတဲ့နေရာတေ ွဆို တနေ့ကို(၅). (၁၀). (၂၀)သားလောက်
    ရတယ်။. နမ့်တောမှာက ရွှေလုပ်ကွက်ကရှားသွားပြီ၊ ကျမကိုယ်တိုင်ရွှေမတူးပေမဲ့ရွှေထွက်ကောင်းတဲ့နေရာတွေမှာရွှေလိုက်ဝယ်နေတော့တီးမိခေါက်မိတော့ရှိပါတယ်။ကိုဖုန်းကျော်တို့လိုချင်တဲ့ပမာဏကိုပြောမှအဆင်ပြေမယ်ထင်တယ်။

    Reply

  • ကိုရင်မောင်

    July 14, 2012 at 3:06 pm

    ကိုဘုန်းကျော်ကျနော်တွေတာပြန်ရှယ်ပေးလိုက်ပါတယ်…..
    တခါထဲဖတ်လို့ရအောင်ကူးတင်ပေးလိုက်ပါတယ်
    တိုင်းပြည်အကျိုးသည်ပိုးနိုင်ပါစေ……
    ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။

    ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။

    “မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်” ဟု ၎င်းကဆိုသည်။

    ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ ကျောက်သားတစ်တန်လျှင် ရွှေ ၂ဝ ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

    “မယ်ဝိုင်ရွှေမှော်က တော်တော်ခေါင်ပါတယ်။ ဒီဒေသခံတွေက သွားလုပ်ကြတဲ့သူနည်းပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါပါတယ်” ဟု ဘားအံတစ်ဦးက The Voice Weekly သို့ ပြောပြသည်။

    မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရွှေကြောများမှာ ရမည်းသင်း၊ စဉ့်ကူး၊ သပိတ်ကျင်းမှ နကထီး-မယ်ဝိုင်ကိုဖြတ်၍ ကျိုက်ထိုဘက်တစ်လျှောက် ရွှေကြော၊ မြန်မာနိုင်ငံအထက်ပိုင်း ကောလင်း၊ ဝန်းသိုဘက်မှ မြောက်ပိုင်းကချင်ပြည်နယ်ဘက်သို့ တက်သွားသွားသော ရွှေကြော၊ ကြေးနှင့် ရွှေရောနှောနေသော အနောက်ရိုးမ ပုသိမ်အနောက်ဘက် ဟင်္သာတမှ မကွေးတိုင်းမြောင်ဒေသအထိ တည်ရှိသည့် ရွှေကြော၊ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ဘက်မှ တာချီလိတ်ဘက်သို့ ဖြတ်ဝင်လာပြီး တရုတ်နိုင်ငံသို့ ဖြတ်ဝင်သွားသော ရွှေကြောများဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

    မြန်မာနိုင်ငံတွင် ရွှေထွက်ရှိနိုင်သည့် နေရာ ၂၂ရ နေရာရှိပြီး ရှာဖွေထုတ်လုပ်နေကြသော အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခင်က လစဉ်ရွှေနှစ်ကျပ်သား အခွန်ကောက်ခံရာမှ တစ်နှစ်စာ ရွှေ ၂၄ ကျပ်သားစနစ်သို့ ပြောင်းလဲထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

    မြန်မာနိုင်ငံ၏ ရွှေထွက်ရှိနိုင်သောနေရာများကို နာဆာက လွှတ်တင်ထားသော Landast 7 ဂြိုလ်တုဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မရိုက်ယူခင်က ရွှေကျင်ရွှေကြောမှာ အကြီးဆုံးဟု သတ်မှတ်ထားသော်လည်း လွန်ခဲ့သည့် ငါးလခန့် Landsat 7 ဂြိုလ်တုဖြင့် ကြည့်ရှုရာတွင် မယ်ဝိုင်ရွှေကြောကြီးမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေကြောဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

    The Voice Weekly Journal

    Reply

  • manawphyulay

    July 14, 2012 at 4:22 pm

    သူတို့တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ စိတ်ဝင်စားတာလည်း တစ်မျိုးကောင်းတယ် တစ်မျိုးမကောင်းဘူး။ ခုက ပြောင်းလဲဆိုပေမယ့် ဘာမှမပြောင်းလဲသေးတဲ့အအခြေအနေမှာ သူတို့က ဝင်လာချင်နေပြီး နောက်ပိုင်း သူတို့က လိုချင်တာတွေ လက်ဝါးကြီးအုပ် ယူပြီး ပြန်သွားတဲ့အခါ ဒီမှာက ဒုံရင်းက ဒုံရင်းပဲ ဖြစ်ကျန်ခဲ့မှာကို အရမ်းစိုးရိမ်မိတယ်။ သူတို့လာမှာကလည်း သူတို့အတွက် အမြတ်ရှိလို့ လိုချင်လို့ လာကြမယ့်သူတွေကြီးပါပဲ။

    Reply

  • ကဘန်းကျော် ပြည်တော်ပြန်ခရီးနဲ ့အတူ
    ပျော်ရွှင်ချမ်းမြေ့ပါစေ။ဆုတောင်းပေးလို ့
    အကောင်းမထင်နဲ ့။
    ခင်များက လူ ့ဘောင်သစ်ပါတီကို ခုတုံးလုပ်
    ကျော်ခွထားတာ ရှင်းရလိမ့်မယ်။

    Reply

  • လူ ဟား

    July 14, 2012 at 7:15 pm

    Bloody ဘုန်းကျော်ရေ.. မင်္ဂလာရှိတဲ့ သတင်းပဲဗျို့…… ခင်ဗျားကြီးရဲ့ အစွမ်းအစ ထုတ်ပြဖို့ အချိန်တန်ပါပြီ… လူဟားတို့ကတော့ ဘာမှနားမလည်တဲ့အတွက် ခင်ဗျားနဲ့ CEO တွေ့ဆုံပွဲလေးကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ခင်ဗျားဖက်က စည်းရုံးနိုင်ပါစေလို့ ဆုတောင်းပေးနေမယ်ဗျို့… မြန်မာနိုင်ငံသားတွေတော်များများ အလုပ်အကိုင်ရဖို့ ရှိသမျှအစွမ်းတွေကို ထုတ်ပြလို်က်စမ်းပါဗျာ… မှတ်တိုင်တစ်ခု ထူနိုင်ပါစေကြောင်း ထပ်မံဆုမွန်းကောင်း တောင်းလိုက်ပါသည် Bloody ဘုန်းကျော်ကြီးရေ…

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 14, 2012 at 9:18 pm

    ဟုတ်မဟုတ်တော့ သိဘူး
    ဟုတ်စေခြင်ဘာဒယ်
    ဟုတ်ခဲ့ရင်
    မြေယာသိမ်းစည်းမှု့တွေကိုလည်း ထည့်သွင်းဆွေးနွေးသင့်ဘာဂျောင်း
    ဆယာကြီးဘုန်းကျော်ခင်ဗျား

    Reply

  • ahnyartamar

    July 14, 2012 at 11:43 pm

    ရွှေ မတူးပဲ သောက်ရေ၊ သုံးရေရှားတဲ့ နေရာဒေသတွေမှာ ရေတူးပေးစေချင်ပါတယ်။

    Reply

  • မောင်ပေ

    July 15, 2012 at 12:33 am

    နည်းစနစ် က မက်လုံးပါ
    အခု ဦးသိန်းစိန် အစိုးရနဲ့ အမေစုတို့ ပူးပေါင်းပြီး
    ရှေ့လျှောက် နိုင်ငံတိုးတက်ရေး ဖွံ့ဖြိုးရေး လမ်းကြောင်းမှာနိုင်ငံရဲ့ သယံဇာတထိန်းသိမ်းတာလဲပါမှာပါ။

    Reply

  • kyeemite

    July 15, 2012 at 9:52 am

    ကိုဘုန်းကျော်ရဲ့ စေတနာကိုလေးစားပါတယ်
    အဲဒီလို နိုင်ငံခြားကုမ်ပဏီ တွေကို မြန်မာနိုင်ငံကလည်း
    ဖိတ်ခေါ်နေတာဆိုတော့အဆင်ပြေသွားနိုင်ပါတယ်…

    Reply

Leave a Reply

Your email address will not be published.