မျက်ရည်များနဲ့ သတင်းသမား

manawphyulayJuly 14, 20121min020

ဒီနေ့မနက် နာရေးပို့ဖို့အတွက် အိမ်မှ အစောကြီးထွက်ခဲ့ပါတယ်။ ဆရာတစ်ယောက်ရဲ့ နောက်ဆုံးခရီးလေးဟာဆိုရင်ဖြင့် တကယ့်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ်။ တစ်နေကုန် မြင်တွေ့တယ်။ ညဘက်ဆုံးတယ်ဆိုတာ ကျွန်မတို့နဲ့တွေ့ဆုံပုံလေးပဲရှိပါတယ်။ သူ့မိသားစုနဲ့တော့ မနက်ထဲက အလုပ်သွားဖို့ထွက်လာတဲ့ သူဟာ ညဘက်လည်း ပြန်မလာတော့ပဲ သေခြင်းတရားဆိုတဲ့ နေ့မြင်ညပျောက်ဆိုတဲ့ ဓမ္မတာအတိုင်းဆိုသလို ပြန်မလာသော ခရီးလမ်းရှည်ကြီးကို လျှောက်လှမ်းသွားခဲ့တာ မိသားစုအတွက် ယူကျုံးမရဖြစ်မိမယ်လို့ ကျွန်မ ရင်ထဲမှာ ခံစားရမိပါတယ်။ မနက်က ၈ နာရီခွဲ နာရေးလိုက်ပို့ဖို့ ကားပေါ်မှာ လူစုပြီး ၉ ခွဲလောက်မှာ ရေဝေးကို ရောက်ရှိခဲ့ပါတယ်။ သူ့မိသားစုတွေကတော့ ရောက်ရှိနေပါတယ်။ ခုလို ကားပေါ်က ခြေချော်ကြ၊ ကားအောက်ထဲ ခြေထောက်ဝင် ကိုယ်လုံးပါ ကားကြိတ်ခံရပြီးသေသွားတော့ သူ့မိသားစုအတွက် ဖြေဆည်နိုင်မယ်လို့ မထင်ပါဘူး။ ဆုံးသွားသူရဲ့ မိသားစုဆိုပေမယ့် မိန်းမ ဆုံးသွားတာကြာပြီလို့သိရတဲ့အပြင် အရွယ်ရောက်လို့ အလုပ်ထဲသွင်းထားတဲ့သားတစ်ယောက်နဲ့ ဂျီတီစီ ပထမနှစ်တက်နေတဲ့သား နောက်ပြီးတော့ ၉ တန်းကျောင်းသူလေးတစ်ယောက် ကျန်ရှိခဲ့တာကို တွေ့ရပါတယ်။ မိဘတွေနဲ့ စောလျင်စွာ ခွဲခွာခဲ့ရတဲ့ သူတို့လေးတွေရဲ့ ကံကြမ္မာ၊ သူတို့လေးတွေရဲ့ ဘဝရှေ့ရေး ဘယ်လိုဆက်လျှောက်လှမ်းဖို့ ခွန်အားတွေ ဘယ်သူကများ ပေးကြမှာပါလိမ့်ဆိုတဲ့အတွေးနဲ့ အတော့်ကို စိတ်ထိခိုက်မိပါတယ်။ လွမ်းသူပန်းခွေကိုင်ပြီး စီတန်းစွာ ညှိုးငယ်တဲ့မျက်နှာတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဆရာတစ်ယောက်ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်နေပါလားဆိုတဲ့အသိလေးတွေ ကိုယ်စီနဲ့ အလောင်းပြင်ထားရာ ခန်းမထဲက စင်ရှေ့လည်းရောက်ရော မျက်ရည်မိုးတွေ တဖြိုင်ဖြိုင်ဆိုသလို ကျဆင်းရင်း ထိုင်ကန်တော့ကြတော့ ရင်ထဲမှာ လှိုက်ခနဲဖြစ်ပြီး မွန်းကြပ်လာလို့ အလောင်းစင်ရဲ့ရှေ့မှာ အမွေးတိုင်ထွန်းပြီး ဖယောင်းတိုင်ပူဇော်ရင်း ဆုတောင်းပေးနေမိတယ်။ ဘဝဆက်တိုင်း ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မံမကြုံတွေ့ပါစေနဲ့တော့။ ဝဋ်ကြွေးရှိရင်လည်း ဒီနေရာတင် ကျေပါစေလို့ ဆုတောင်းနေမိပါတယ်။ ဒီလို ကျောင်းသားကျောင်းသူတွေက ငိုတော့ ကျန်ခဲ့တဲ့သားသမီးတွေဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ပေ။ ၁ဝ နာရီ မထိုးခင် ကျောင်းတွေရဲ့ ပြန်တမ်းစာတွေ ဖတ်ပြီး ခဏအကြာမှာ အလောင်းကို အခေါင်းထဲထည့်ပြီး ကြေးစည်ထုလိုက်တဲ့အသံဟာ ရင်ထဲမှာ မွန်းကြပ်စွာ တစ်ဆို့ကြီး ဖြစ်သွားပါတယ်။ မီးသဂြိုဟ်စက်ထဲပို့လိုက်တဲ့ ဖခင်တစ်ယောက်ကို သူတို့ရဲ့ အားကိုးရာ ရွှေတောင်ကြီးအဖြစ် ဖခင်မရှိတော့ဘူးဆိုတဲ့ အသိလေးတွေနဲ့ သားသမီးတွေရင်ထဲမှာ ဘယ်လိုခံစားမှုတွေနဲ့ ရှေ့ကို ဆက်ပြီး လျှောက်လှမ်းကြမလဲ။ ကျွန်မလို ဘေးလူတောင် အတော့်ကိုစိတ်မကောင်းဖြစ်မိတာ။ သူတို့လေးတွေရဲ့ဘဝ ရှေ့ဆက်လျှောက်လှမ်းဖို့ အတော့်ကို ငယ်ရွယ်နုပျိုတဲ့အရွယ်လေးတွေ ခရီးကြမ်းမှာ လှိုင်းတံပိုးဆက်လက်ထန်နေဦးမည် မဟုတ်ပါလား……….
ဒီလိုဖြစ်အောင် ဘယ်သူက ဖန်တီးတာလဲ မိုးအရမ်းရွာနေတဲ့အချိန်ဆိုတော့ မိုးကိုပဲ အပြစ်တင်ရမလား……… အိမ်ပြန်ချိန်မှာ သားသမီးတွေ စောင့်မျှော်နေမယ်ဆိုတဲ့အတွေးနဲ့ ကားပေါ်တက်လိုက်တဲ့ သေသူကို အပြစ်တင်ရမလား…. ဒါမှမဟုတ် တစ်စီးနဲ့ တစ်စီး ပြိုင်ဆိုင်မောင်းနေတဲ့ ကားမောင်းသူကိုပဲ အပြစ်ဖို့ရမလားဆိုတာ……….. စာဖတ်သူပဲ ခံစားပေးပါတော့။

မနောဖြူလေး
၁၄.၇.၂၀၁၂
နေ့လည် ၁၂ နာရီ ၁၅ မိနစ် ခံစားရေးဖွဲ့သည်။

20 comments

  • ကိုရင်မောင်

    July 14, 2012 at 3:48 pm

    စိတ်မကောင်းစရာသတင်းပါလား…မျော်လင့်ထားတဲ့ကံကြမ္မာကို
    ရင်ဆိုင်ရမဲ့ သားသမီးတွေအတွက်ကိုယ်ချင်းစာမိပါတယ်…

    Reply

  • lynn lynn

    July 14, 2012 at 3:54 pm

    မ မနောရေ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကလေးတွေကို အရမ်းသနားမိတယ်။ မိဘတွေမရှိတော့တဲ့ဘဝမှာ တော်တော်ရုန်းကန်ရတော့မယ်။

    Reply

    • manawphyulay

      July 14, 2012 at 4:03 pm

      ဒါကြောင့်ပြောတယ်မလား။ ကားကို လှမ်းက ဖြတ်ဖြတ်ပြီး မတားပါနဲ့လို့…. အန္တရာယ်များတယ်လို့ ပြောတာပေါ့။ မနောလို ကားရှေ့ရပ်တားလို့ ပြောမလို့…

      Reply

  • myanmarcitizen

    July 14, 2012 at 3:59 pm

    အော် မိန်းမကအရင်ထဲကဆုံးသွားတာပေါ့။ ကလေးတွေ သနားပါတယ်ဗျာ။ စိတ်မကောင်းပါဘူး

    Reply

    • manawphyulay

      July 14, 2012 at 4:05 pm

      ဟုတ်ပါတယ်ရှင့်။ မနက်ကမှ သိရပါတယ်။ မိန်းမဆုံးတာ လွန်ခဲ့တဲ့ ၃ ရက်လောက်က ၁၂ နှစ်ပြည့်သွားပြီလို့ ပြောပါတယ်။

      Reply

  • ko khin kha

    July 14, 2012 at 4:55 pm

    ကလေးတွေ မိစုံဖစုံမရှိပေမယ့် ဖခင်ရှိသေးတော့ တော်သေးတယ်လို့ဖြေရပေမယ့် အခုတော့ မိရောဖရောမရှိတော့ သနားပါတယ်၊ ပိုသနားမိတာက ရောဂါတစ်တစ်ဖြစ်လို့ ဆုံးပါးမယ်လို့သိပြီး ခွဲခွါသွားတာမျိုးမဟုတ်ဘဲ ရုတ်တရက်ထားသွားခဲ့တာမျိုးမို့ ပိုပြီးစိတ်မကောင်း သနားမိပါတယ်။
    စိတ်မကောင်းလိုက်တာဗျာ။

    Reply

  • ညလေး

    July 14, 2012 at 4:56 pm

    မမနောရယ်……ဖတ်ရင်းဖတ်ရင်း….မျက်ရည်တံခါးထိန်းမရတဲ.အဆုံး….
    မျက်ရည်ဖြိုင်ဖြိုင်လေးကျခဲ.ရပါပြီ…..စိတ်မကောင်းစရာလေးပါ….
    ရှောင်လွဲမရတဲ…..လူတိုင်းရဲ.အိမ်ပြန်ချိန်ပါ…..
    မနက်ဖြန်ဆိုတာဝေးတယ်….သေနေ.ကနီးတယ်ဆိုတာ…အမှန်ပါပဲလား….

    Reply

  • ko khin kha

    July 14, 2012 at 4:56 pm

    ကလေးတွေ မိစုံဖစုံမရှိပေမယ့် ဖခင်ရှိသေးတော့ တော်သေးတယ်လို့ဖြေရပေမယ့် အခုတော့ မိရောဖရောမရှိတော့ သနားပါတယ်၊ ပိုသနားမိတာက ရောဂါတစ်ခုဖြစ်လို့ ဆုံးပါးမယ်လို့သိပြီး ခွဲခွါသွားတာမျိုးမဟုတ်ဘဲ ရုတ်တရက်ထားသွားခဲ့တာမျိုးမို့ ပိုပြီးစိတ်မကောင်း သနားမိပါတယ်။
    စိတ်မကောင်းလိုက်တာဗျာ။

    Reply

  • may flowers

    July 14, 2012 at 5:24 pm

    မနောရေ မနောရဲ့ပိုစ့်လေးကိုဖတ်ပြီးကိုယ်ပါမျက်ရည်ဝဲချင်ချင်ဖြစ်လာမိတယ်………..ကျန်ရစ်ခဲ့သူသား၊သမီး

    လေးတွေရဲ့ ရှေ့ဘဝခရီးဖြောင့်ဖြူးနိုင်ပါစေ…အဲဒီဆရာလည်း ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်း

    ပေးလိုက်ပါတယ်မနောရေ။

    Reply

  • အလင်းဆက်

    July 14, 2012 at 6:31 pm

    ကျွန်တော်သာ ဆိုရင်တော့ အဲဒီလို….အဖြစ်မျိုးတွေ.သွားကြုံ နေရတဲ ့ကိုယ် ့ကို ပဲ..ကိုယ် အပြစ်တင်တော့မယ်ဗျာ…။

    စိတ်မကောင်းစရာပါပဲ…။

    တင်ပြပေးလို ့ကျေးဇူးပါပဲ.ဗျာ.။

    Reply

  • MaMa

    July 14, 2012 at 8:41 pm

    အဲဒါကြောင့် တရုတ်ရုပ်ရှင်တွေထဲမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါလို့ ပြောလေ့ပြောထ ရှိကြတာကို သတိထားမိတယ်။
    မိမိကိုယ်ကို ဂရုစိုက်တော့ မိသားစုတွေကို ကိုယ့်အတွက် စိတ်မပူပန်စေရတော့ဘူးပေ့ါ။
    ကံကြမ္မာဆိုတာ ကြိုမမြင်နိုင်တော့လည်း……… [:(]

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 14, 2012 at 9:10 pm

    ( ခုလို ကားပေါ်က ခြေချော်ကြ၊ ကားအောက်ထဲ ခြေထောက်ဝင် ကိုယ်လုံးပါ ကားကြိတ်ခံရပြီးသေသွားတော့ )
    ဆိုလိုတာက
    ဘေးတံခါးပါတဲ့ ကားပေါ်ကိုအတက် ခြေချော်ကျ ကားအောက်ရောက်သွား
    တစ်နည်း
    ကားက အရှိန်နဲ့ လမ်းအလယ်လောက်ကနေ ဘေးကို 45ဒီဂရီလောက် ကွေ့ပြီးဝင်လာမယ်
    တက်တဲ့သူတွေက လည်းအပြေးတက်မယ် ခြေချော်ကျတယ် ကားအောက်ရောက်သွားတယ်
    အဲ့သည်လို ဆိုလိုသလား
    ဆရာမ မနောဖြူလေးခင်ဗျား
    …………………………..
    ကားရပ်ဘို့နေရာ ( စနစ် ) တွေရှိတယ် ကားကိုမရပ်ဘူး ( မောင်းသူလူ )
    ကားက ရပ်ရမယ့်နေရာမှာ မရပ်တာကို နားလည်တယ်/နားမလည်ဘူး ဖြစ်သလိုတက်စီးတယ်

    Reply

  • htoosan

    July 14, 2012 at 9:54 pm

    မနောရေ .. ဒီပိုစ်ကိုလည်း နဲနဲ ထပ်သ ဖြစ်တာတွေထပ်ထည့် ၊ နောက် ဒီနေ့ the voice မှာလည်း ဘတ်စ်ကားက လမ်းဖြတ်ကူးတဲ့ သူနှစ်ယောက်ကိုတိုက်တာ ၁ဝ နှစ်သား တစ်ဦးသေသွားတယ် ဆိုတဲ့ သတင်းပါပေါင်းပြီးကားသမားတွေ မရမ်းသင့်တာလေး သတင်းစာထပ်ပို့ပါလားဗျာ.. ကားသမားလည်း ထွက်ပြေးရ နဲ့ ။
    ကားတွေပြိုင်မောင်းလုမောင်းတာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကအရှိန်အဟုန်မြှင့်ဆောင်ရွက်သင့်နေပါပြီ။

    Reply

  • အရီးခင်လတ်

    July 15, 2012 at 4:45 am

    သတင်းလေး ကို ဖတ်ရင်း အတော်စိတ်မကောင်းဖြစ်ရပါတယ် မနောရေ။

    သတင်းစာ ထဲ မှာ ဆောင်းပါးလေးတွေ ပါနေတဲ့ မနော ရဲ့ ကြိုးစားမှုလေးတွေ ကို လဲ Congratulations လုပ်ပါတယ်နော်။

    Reply

  • Crystalline

    July 15, 2012 at 10:56 am

    မ မနောဖြူရယ် တော်တော်စိတ်မကောင်းဖြစ်မိတယ်..ကလေးအငယ်နှစ်ယောက်က ပညာမစုံသေးတော့ ဆွေမျိုးရင်းတွေပဲဆက်လက်ကြည့်ပေးရမယ်ထင်တယ်နော်….ကလေးလေးတွေကံကောင်းပါစေ.

    Reply

  • shwe kyi

    July 16, 2012 at 2:21 pm

    ဒီလိုမိသားစုမျိုးဘယ်လောက်များနေပြီလဲမသိနော်။ ရုံးမှာလည်းကားဆရာတယောက်အဲလိုဖြစ်ဘူးတယ် ညဘက်အိုတီသမားတွေလိုက်ပို့ပြီးရုံးကားကိုပြန်အပ်ပြီး အပြန်လိုင်းကားပေါ်ကပြုတ်ကျတာ။ နေ့မြင်ညပျောက်ပဲ။
    မတော်တဆမှုဆိုတာကလည်းခက်သားပဲလားအစ်မရယ်။
    အားလုံးဘေးကင်းရန်ကွာနဲ့ အိမ်ပြန်ရောက်နိုင်ကြပါစေလို့…။

    Reply

  • etone

    July 16, 2012 at 4:01 pm

    အစ်မ မနောရေ .. ဖတ်ရတာ စိတ်မကောင်းလိုက်တာ … ။
    အိမ်ထောင်ဦးစီးတစ်ယောက် ဆုံးပါးသွားတာ မိသားစုတွင်းက ဒေါက်တိုင်ကြီး လဲပြိုသွားသလို သူတို့ခံစားရမှာပဲနော် ။ အသေဆိုးနဲ့ သေရတာ … သနားစရာရယ် … ။
    ဆရာဆိုတာ လောကကို အရောင်သွေးစုံအောင် အလှဆင်သူပါ .. ။ အသိပညာ အတတ်ပညာတွေ ဖြန့်ဝေနေသူတစ်ယောက် အခုလို အသေစောသွားတာ … နစ်နာ ဆုံးရှုံးမှုတစ်ခုပါပဲ … ။

    မိုးရွာတာလည်း အပြစ်တင်မရ ကား ထူထပ်တာလည်း အပြစ်တင်မရပဲ … ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမို့လို့ … ဝဋ်ကျွေးဆပ်ရတယ်လို့ပဲ သဘောထားပါတယ် … ။
    (အဲ့လိုပြောရင်သဂျီးတော့ကြိုက်မှာ မဟုတ်ဘူး .. အို ..သူမကြိုက်လည်း ကိုယ်ကြိုက်တယ် .. ဟီး 😛 )

    Reply

  • si tone

    August 9, 2012 at 4:51 pm

    အဲဒီ သတင်း ကြားတော့စိတ်ထဲတောင် မကောင်းဘူး
    အဲဒီ ဆုံးသွားတဲ့သူက si tone ကို အရမ်းချစ်တာ…

    Reply

Leave a Reply

Your email address will not be published.