Norway ရေကာတာ ၂၀၁၁ ခုနှစ်က တေးဂီတပွဲတော် ခြိမ့်ခြိမ့်သဲသဲ – VII

KyaemonJuly 14, 20127min03



နော်ဝေ က ရေကာတာ တွေကို လုပ်တာ နှစ်ပေါင်း ရာကျော်ခဲ့ပြီ ဖြစ်လို့

လူတွေက ရေကာတာ တွေကိုတန်ဘိုးထား တွယ်တာမြတ်နိုး လာ ကြတာ၊



ရေကာတာ တခုမှာဆိုရင် နှစ်စဉ် ဂီတပွဲတော်ကို ကြံကြံဖန်ဖန်ကျင်းပတာ 

၂၀၁၁မှာလဲ စည်ကားသိုက်မြိုက် စွာကျင်းပကြတာ၊


ကျန်စလိုက်ရှိုး နဲ့ ဓာတ်ပုံ ကို ကြည့်နိုင်ဘို့ လင့်ခ တွေကိုနှိပ်ပါ


Under The Dam 2011

http://www.flickr.com/photos/eikerapen2/sets/72157627235084235/

Under The Dam 2011 – a set on Flickr

Slideshow

Under The Dam 2011

http://www.flickr.com/photos/eikerapen2/sets/72157627235084235/show/

3 comments

  • ကြောင်ကြီး

    July 15, 2012 at 9:36 am

    တနင်္ဂနွေ, 22 မေ 2011
    လျှိုမြောင်၃သွယ် ရေကာတာ ကိစ္စ တရုတ်အစိုးရ ပြန်သုံးသပ်မည်
    By ဗွီအိုအေ (မြန်မာဌာန)
    တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်က လျှိုမြောင် ၃ သွယ် ရေကာတာကြီးကို လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ် မွမ်းမံသွားမယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။
    ရေကာတာကြီးမှာ အရေးပေါ် ပြဿနာတွေ ရှိနေတယ်ဆိုတာ အစိုးရ စာရင်းစစ်တွေက မကြာခင်က တွေ့ရှိခဲ့ပြီးနောက်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
    ရေကာတာကြီး လည်ပတ်မှုနဲ့ ပတ်သက်တဲ့ စာရင်းကိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လေလံစွဲမှု၊ စီမံခန့်ခွဲမှု စတဲ့ကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာ ၃၁ ခုကို စာရင်းစစ်ရာမှာ တွေ့ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ အစိုးရအာဘော် ဆင်ဟွာသတင်းမှာ ဖော်ပြထားတာပါ။
    ရေကာတာကို လည်ပတ်နေတဲ့ China Three Gorges Cooperation က ဒီပြဿနာတွေကို ကိုင်တွယ်နေပြီလို့လည်း သတင်းက ပြောပါတယ်။
    အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အကုန်ခံ ဆောက်ထားတဲ့ ကမ္ဘာပေါ်က အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်ရာ လျှိုမြောင် ၃ သွယ် ရေကာတာကြီးကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ပထဝီ မြေအနေအထားအပေါ် ထိခိုက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ပြဿနာတွေ ရှိနေတယ် ဆိုတာကို တရုတ်အစိုးရက ဝန်ခံခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
    ညစ်ညမ်းမှုတွေ မဖြစ်အောင်နဲ့ ရေကာတာကြီး တည်ရှိရာနဲ့ အနီးဝန်းကျင်မှာ သဘာဝဘေးဒဏ်တွေ ကျရောက်မယ့် အန္တရာယ်တွေကနေ ကာကွယ်ဖို့ အရေးပေါ် ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုနေပြီလို့ ဗုဒ္ဓဟူးနေ့ကပဲ တရုတ်အစိုးရက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
    ဟူဘေး (Hubei) ပြည်နယ်မှာ ရေကာတာ ဆောက်လုပ်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ဆန်းပိုင်း ကတည်းက အတင်းအကျပ် နေရာရွှေ့ပြောင်းခံရတဲ့ လူပေါင်း ၁,၄၀၀,၀၀ဝ ရဲ့ ဘဝတွေ တိုးတက်ရေးကို ဆောင်ရွက်ပေးဖို့ အတွက်ကိုလည်း တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။
    တရုတ်နိုင်ငံအတွက် အဓိက အားထားစရာ ယန်ဇီမြစ်ပေါ်မှာ ဧရာမ ရေကာတာကြီး ဆောက်လုပ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ဟိုးအရင် နှစ်ပေါင်းများစွာတည်းက ဝေဖန်ပြစ်တင်နေတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်လိမ့်မယ်လို့လည်း သတိပေးနေခဲ့တာ ဖြစ်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.