gwa toeJuly 17, 20121min016
ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘဝတူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ […]


မွတ်ဆလင်လူငယ်အားရဟန်းအဖြစ်သို့သွတ်သွင်းခဲ့သူဆရာတော်မှာ နာဇီရွာ အကွက်(၁)တွင်ရှိသော စန္ဒာလောကကျောင်းတိုက်တွင်ရှိသော ဆရာတော်စန္ဒာလောကပင်ဖြစ်ပါသည်ဟုသိရှိရပါတယ်။ ဆရာတော်စန္ဒလောကမှ သဘောရိုးဖြင့်သင်္ကန်းစီးပေးခဲ့သော်လည်း သူတွင်အကြံအစည်များပါဝင်ခဲ့သည်ဟု ၎င်းအားစစ်ဆေးစဉ်ပါဝင်ခဲ့သောရဟန်းပျိုအဖွဲ့(စစ်တွေ)မှ ဒု-အတွင်းရေးမှူးဖြစ်သူ အရှင်ဓမ္မဓဇက နရဉ္စရာသတင်းဌာနသို့ပြောကြားခဲ့ပါသည်။ မေးတဲ့အခါမှာ ဦးဇင်းတို့တဖွဲ့တည်းမဟုတ်ပဲ လူကြီးတွေအားလုံးရှိပါတယ်။ရဲလည်းရှိတယ်၊SPကလည်းရှိတယ်၊စစ်တပ်ကလည်းရှိတယ်၊သာသနာရေးအဖွဲ့ကလည်းရှိတယ်၊ အားလုံးဝိုင်းပြီးတော့မေးကြပါတယ်။သူကပြောတာတော့ သူတို့အဖွဲ့က အားလုံး(၇)ယောက်ရှိတယ်လို့ဆိုပါတယ်၊သူတို့ကိုအထက်က အမိန့်ပေးထားတဲ့သူက ခိုင်းတာလို့ပြောပါတယ်၊ဘုန်းကြီးကျောင်းတွေကိုမီးရှို့ဘို့ ပုံစံနဲ့ခိုင်းတာလို့ပြောပါတယ်၊သူ့ရဲ့ပြောပြချက်ပါ၊ တိကျတဲ့သတင်းကတော့ မရသေးပါဘူးလို့ဆိုပါတယ်။ ယခုကဲ့သို့ မွတ်ဆလင်လူငယ်တစ်ဦးကို သင်္ကန်းစည်းပေးတာ ဝိနည်းတော်နဲ့ညီရဲ့လားဆိုပြီးဆရာတော် စန္ဒလောက အား မြို့နယ်သံဃာ့ကောင်စီမှ စစ်ဆေးမေးမြန်းနေသည်ဟုသိရပါသည်။ မွတ်ဆလင်ဘာသာမှမဟုတ်ဘူး၊ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မိမိ၏ဆန္ဒအလျှောက် ဗုဓ္ဒဘာသာသို့ကူးပြောင်းနိုင်ခွင့်ရှိပါတယ်။ မွတ်ဆလင်ဘာသာမှကူးပြောင်းလာပြီး၊ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)ရခိုင်ပြည်နယ်၊သံတွဲမြို့မှာမွေးဖွားခဲ့တာပါ၊။။။ဆိုတော့ကာ မြို့နယ်သံဃာ့ကောင်စီက ဝိနည်းတော်နဲ့ညီရဲ့လားဆိုတာ ဘာကိုမေးတာလဲလို့ ပြန်မေးချင်စမ်းပါတယ်။ လူမျိုးရေးကို ဘာသာရေး အသွင်ပြောင်းအောင်ဖန်တီးနေတာဘယ်သူတွေလဲ… ဓါတ်ပုံ…နရဉ္စရာသတင်းဌာနမှ ရရှိပါသည်။ အစဉ်အမြဲလေးစားခင်မင်တတ်တဲ့… အညတရ(မောင်သုည)


ပြေးနေတဲ့ ခြေလှမ်းတွေက အလိုလို သယ်ဆောင်သွားသလိုပါ။ အမှတ်မဲ့၊ စည်းချက်ကျ ခြေလှမ်းတွေကြောင့် ကျုပ်ရဲ့အိမ်ရှေ့ကို အမြန်ဆုံးရောက်လာတယ် ထင်မိတာပဲ။ တစ်ဒုန်းဒုန်း ခုန်နေတဲ့ ကျုပ်ရင်ဘတ်ထဲက နှလုံးသားဟာ အပြင်ကိုတိုးထွက်ဖို့ တာဆူနေတယ်။ အသက်ရှူသံ တဟဲဟဲက ကိုယ်ဘာသာကိုယ်တောင် နားညီးလာနေပြီ။ အိမ်ရှေ့ကပြင်လေးအောက် အသာတိုးဝင်လိုက်တယ်။ ခွေကနဲလှဲချလိုက်တာလား လဲကျသွားတာလားတောင် မဝေခွဲလိုက်နိုင်ဘူး။ နားရွက်တစ်ဖက်က တစ်စက်စက်ကျနေတဲ့ သွေးတွေဟာ ကျုပ်ရဲ့လက်ပေါ်ကတဆင့် မြေကြီးပေါ် တပေါက်ပေါက် ကျနေလေရဲ့။ ညာဖက်လက်ကို အသာငုံ့ပြီး လျှာနဲ့လျှက်နေမိတယ်။ စွတ်စွတ်စိုနေတဲ့ စေးပျစ်ပျစ်သွေးတွေက လျှာပေါ်ကို အလိုက်သင့်ပါမလာဘူး။ ကွဲသွားတဲ့ လက်အရေပြားက သွေးစေးတွေနဲ့ ကပ်ခဲနေလို့ လျှက်လိုက်တိုင်း တစစ်စစ်နာနေတာပဲ။ ခုမှသတိထားမိတာက နောက်ခြေတစ်ဖက်ကလည်း အရမ်းနာနေပြီ။ ဒါပေမယ့်….ဒီအပြင်က နာနေတဲ့ ဒဏ်တွေဟာ ကျုပ်ရင်ထဲက နာတာနဲ့စာရင် အပရိက ပါပဲ၊ […]


Knowledge SeekerJuly 17, 20121min03
CREDIT TO http://www.phophtaw.org/burmese/index.php/feature/1884-2012-07-17-02-53-09.html ဆလုံ လူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုး မဖြတ်နိုင်သော ပြယုဒ် တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာ အတိအကျ မရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည် ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်း တိုက်ခိုက် လုယက် မှုများကြောင့် မြိတ်ကျွန်းစု ဘက်သို့ ေ့ရွှပြောင်း လာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို […]


“ကိုဇောက်ထိုး…ကိုဇောက်ထိုး..ခဏနေပါဦး” “ဘာလဲကွ..ထူးဆန်းရ…” “ခနနေပါဦးကိုဇောက်ထိုး ဘယ်ကို သွားမလို့လဲ…” “အင်တာနက်ကဖေးမှာ လက်ဖက်ရည်အလကား တိုက်မယ့်သူလိုက်ရှာမလို့။” “ဒါဆိုရင်..ကျွန်တော်တိုက်မယ်။” “အဲလိုဆို ရှာတဲ့ ကိစ္စပြီးသွားပြီ..သွားစို့…” “ဘယ်ကိုသွားမှာလဲ….” “အင်တာနက်ကဖေးလေ…” ဆိုင်ရောက်သောအခါ…. “ကိုဇောက်ထိုး ကျွန်တော့်ကို အကူအညီတစ်ခုပေးစမ်းဗျာ…” “ဟ ထူးဆန်းရ..လက်ဖက်ရည်တိုက်တာနဲ့ မကာအောင်တော့ အကူအညီတွေ မတောင်းနဲ့ကွာ…” “ဒီမယ် ကိုဇောက်ထိုး..ကျွန်တော့်ကို အေကိုက်နေတဲ့ အမျိုးသမီး တစ်ဦး ရှာပေးစမ်းပါဗျာ..ကျွန်တော် အေကိုက်တဲ့ အမျိုးသမီးနဲ့ နေချင်လို့…” “ထူးဆန်းရယ်….ငါမရယ်ချင်ဘူးကွာ…အေးအေးဆေးဆေးသောက်ပါရစေ..” “နောက်တာမဟုတ်ဘူးကိုဇောက်ထိုးရဲ့.. အတည်ပြောနေတာပါ” “ဘာကြောင့် အေကိုက်တဲ့ မိန်းမနဲ့ မင်းကနေချင်ရတာလဲ.. သေချင်လို့လား” “ဟုတ်တယ်…သေလဲသေမှာပဲ..မသေခင် အမှုမှန်ဖော်ထုတ်သွားချင်လို့” “ဘယ်လိုအမှုမှန်ဖော်ထုတ်သွားမှာလဲ” “ကျွန်တော်က အေကိုက်တဲ့မိန်းမနဲ့နေရင်..ကျွန်တော့်ကို အေရောဂါကူးမှာပဲ.. ပြီးရင် ကျွန်တော့်မိန်းမပါကူးရောဗျာ” “အဲဒီတော့ ဘာဖြစ်လဲကွာ” “ကျွန်တော်ကနေ ကျွန်တော်မိန်းမကူးတော့.. ပြီးရင် ကျွန်တော့်အဖေပါ ကူးရော့ပေါ့ဗျာ” […]


မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။  အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။ ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တစ်လကို (၁) အဋ္ဌမီ […]


thihayarzarJuly 16, 20121min012
လောကမှာ လူလေးမျိုး ရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ မိမိက ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ ဝေဖန်ဆန်းစစ်နိုင်ပါတယ်။ ရခဲလှတဲ့ လူ့ဘဝကိုရောက်လာခဲ့ရင်ပဲ မွေးကတည်းက ငိုသံနဲ့စပြီး အဆုံးသေပြန်တော့လည်း ငိုသံတွေနဲ့သာ အဆုံးသတ်ကြရတယ်။ ဆပ်မကုန်နိုင်တဲ့ ဝဋ်ကြွေးများ မဆုံးနိုင်တဲ့ ဒုက္ခများကို ပေးဆပ်ရင်း နာရီလက်တံလို တစ်နေကုန်လည်ပတ်ရင်း သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။ သံသရာ ဝဲဂယက်မှ မရုန်းထွက်နိုင်သမျှ ကာလပတ်လုံး မပြည့်စုံမှု အလိုမကျ မှုများနှင့်သာ အချိန်ကုန်ရင်း နောက်ဆုံး ကွယ်လွန်အနိစ္စ ရောက်ကြရပါတယ်။ လူလေးမျိုး ရှိကြရာ ဝယ် ( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ် ( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ် ( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ် ( ၄ […]


“ ရဟန္တာသေလို့မီးရှို့ရင် ဓါတ်တော်ကျသတဲ့ ” ဆိုသော စကားကို လွန်ခဲ့သော (၂ဝ)လောက် ကတည်းက ကြားဖူးထားသည်။ ထိုသို့လည်း ယုံကြည်လေသည်။ သိုပေမယ့် ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းရာဖြစ်တဲ့ တရားစစ်ကို ရှာဖွေတော့မယ်လို့ ဆုံးဖြတ်ပြီး တရားရိပ်သာတွေဝင်…နှစ်နဲ့ချီပြီး တရားတွေအားထုတ်၊ နီးစပ်ရာစာပေ တွေကိုလည်းလေ့လာ…မိခဲ့ပြန်တော့ တရားရခြင်းကို ပေတံတစ်ခုအနေနဲ့..အဆင့် သတ်မှတ်ထားတာကို်…ဤကဲ့သို့တွေ့ရသည်။ သောတာပန်..အဆင့် သကဒါဂါန်..အဆင့်… အနာဂါန်….အဆင့်…. ရဟန္တာ….အဆင့်……….ဆိုပြီးတွေ့ရတယ်။ ကျန်တဲ့အဆင့်တွေကိုတော့ထားပါ။ ရဟန္တာဆိုတဲ့စံကို တိုင်းတာတဲ့နေရာမှာ တစ်ချို့က ရဟန္တာဆိုတာ…ဖြစ်ပြီဆိုရင် သုတ်အိတ်(အမျိုးသားများနှင့်သာဆိုင်)ပြုတ်ကျသွားရော တဲ့။ ဘာ့ကြောင့်လဲဆိုရင် ကိလေသာမရှိတော့တာကြောင့်တဲ့။ တစ်ချို့ကျတော့လည်း ရဟန္တာဆိုတာ သေလို့မီးရှို့ရင် ဓါတ်တော်တွေကျသတဲ့။ (အလုံးကလေးများ၊ အချောင်း ကလေးများကို ဆိုလိုသည်) တစ်ချို့ကလည်း ရဟန္တာဆိုတာ မိန်းကလေးတွေမရစ ကောင်းဘူးတဲ့……စသည်ဖြင့် အမျိုးမျိုးပြောကြနေတာပါပဲ…။ အဲဒီထဲကမှ…. ရဟန္တာဆိုတာဖြစ်ပြီဆိုရင် သုတ်အိတ်ပြုတ်ကျသွားရောဆိုတဲ့ အယူအဆထင်မြင်ချက်ကို […]


kan nyein mgJuly 16, 20121min07
မိုးပြာ ဝိနိစ္ဆယသည် စုဒိတကမပါဝင်ဘဲ တစ်ဖက်သတ်ပြုလုပ်သော ဝိနိစ္ဆယဖြစ်သည့်အတွက် ထိုဝိနိစ္ဆယ စာအုပ်ထဲမှ အချို့ကိုထုတ်နုတ်၍ ပြန်လည်ရှင်းတမ်းထုတ် တင်ပြခြင်းဖြစ်သည်။   မိုးပြာ ဝိနိစ္ဆယ စာမျက်နှာ(၂၀)တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရသည်။   ဝိမုတ္တိဒေသနာ- ၇၊ ၈၊ ၉၊ ၁ဝ၌ မိုးပြာအရှင်ဉာဏ ဟောပြောရေးသားထားသော- “ဗုဒ္ဓဘုရားကတော့ လူတွေ အပြစ်ပြောသွားပြီ။ မင်းကံနဲ့ ကံရဲ့အကျိုးဝိပါက် ဆိုပြီးတော့ (ပ) ကံလုပ်သူက ကံလုပ်သလိုဖြစ်ပြီးတော့ နောက်ထပ်ထပ်ပြီး ကံလုပ် ချင်တယ်(ပ) ကံလုပ်သူဖြစ်တယ်”။ (ဝိမုတ္တိဒေသနာ။၇) “အဲနောက်ကျတော့ တစ်ခါထပ်ပြီးတော့ ကံပြန်လုပ်ချင်တယ်၊ ဪ… ကောင်းတာတွေပဲ ထပ်လုပ်တော့ မကောင်းဘူးလားလို့ မေးရင် သူဒီထဲမှာပဲ လည်နေရပြီ ဆိုတော့ ဘယ်ကောင်းတော့ မလဲ(ပ) အဲဒီ ကောင်းတဲ့ကံက မလွတ်တော့ဘူး။” […]


July 15.7.2012 နေ့မှာပေါ့ကျွန်မတို့ရုံးမှမန်နေဂျာနှင့်သူငယ်ချင်းများရိပ်သာသို့ကုသိုလ်ပြုလုပ်ရင်း ဝေယာဝေစ္စဒါနများပြုလုပ်ဖို့မန်နေဂျာနှင့်တကွသူငယ်ချင်းများသွားကြဖို့ညနေထဲကလူစုကြပါတယ်။မနက်ကို ၄နာရီခွဲကိုသွားကြမယ်ဆိုပီးပြောထားကြပါတယ် ။နိုးတဲ့သူငယ်ချင်းတွေကလာနိုးတော့မထချင်ပါဘူး ဒါပေမဲ့ လူးလိမ့်ထရပါတယ်။အပျင်းကြီးနေလို့မဖြစ်ဘူးလေ ခါတိုင်းမှာဆိုရုံးပိတ်ရက်တနင်္ဂနွေဆိုနေမြင့်အောင်ထိရနာ ရီ၈နာရီမှထကြတာဆိုတော့တော်တော့လူးလဲထရပါတယ်မန်နေဂျာကကုသိုလ်ပြုတာဖြစ်ပါတယ်ကျွှန်မတို့ သူငယ်ချင်းတစုကတော့ဝေယာဝစ္စဒါနပြုတာဖြစ်ပါတယ်ဟိုရောက်တော့၄ခွဲကျော်လောက်ဖြစ်ပါတယ်ရိပ်သာမှ ယောဂီများကိုကျွှေးဖို့အားလုံးကူညီပေးကြရပါတယ်။ဘုန်းဘုန်းကိုမနက်အာရုံဆွမ်းတဖွဲ့လုံးကပ်ကြပါတယ်ကို ကိုယ်တိုင်လှူတာမဟုတ်ပေမဲ့အရမ်းကြည်နူးမိပါတယ်ကြည်နူးစရာလဲတော်ကောင်းပါတယ်ဒီလိုနဲ့အာရုံမနက် ခင်းစာအောင်မြင်ခဲ့ပါတယ်။နေ့လှည်စာဘုန်းတော်ကြီးများနဲ့ယောဂီများကိုကပ်ဖို့ရိပ်သာမှကားနဲ့ဟင်းသီး ဟင်းရွက်နှင့်ချက်စရာများသွားရောက်ဝယ်ကြပါတယ် ကျွှန်မတို့ဖွဲ ဟင်းချက်စရာများသွားဝယ်နေတုံးကိုဘုရား ဝိုင်းထဲသို့တံမျက်စည်းများလှည်းကြပါတယ် ။ လှဲပီးချိန်မှာ ဟဲ..ဟဲ ဝါသနာလေးပါတော့သူငယ်ချင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြပါသေးတယ်အမှတ်တရပေါ့။ဘုရားကိုလဲမန်နေဂျာကဆေးသုတ်သေးပါတယ် သူငယ်ချင်းကောင်လေးများလဲအားလုံးဝိုင်းကူကြပါတယ်။ဒီလိုနဲ့နေ့လည်စာအတွက်လုံးပန်းရပါတော့တယ် ရိပ်သာမှ ရှိတဲ့ဝေယာဝေစ္စကုသိုလ်ရှင်တွေလဲအရမ်းပင်ပန်းကြပါတယ် ကျွှန်မတို့သူငယ်ချင်းတစုလဲဝိုင်း ကူဟင်းရွက်များသင်အားလုံးကူလုပ်ပေးကြပါတယ်ဒီလိုနဲ့နေ့လည်စာချိန်ကိုရောက်လာတော့ပုဂံချ ဟင်းတွေ ထည့်နဲ့သူငယ်ချင်းအားလုံးနဲ့တယောက်တလက်တော်ပျော်စရာကောင်းပါတယ်ယောဂီများလာတော့အားလုံး ပဲလက်အုပ်ချီလိုစောင့်နေကြပါတယ်။ရိပ်သာကိုရောက်မှပဲ ကိုယ်အမူရာနှုတ်အမူရာတွေငါတို့တွေကြမ်းပါလား လို့ကို့ကိုရှက်မိပါတယ်တော်ကြည်ညိုစရာကောင်းပါတယ်ယောဂီများဟာလမ်းလျှောက်ရင်လဲခြေတလှမ်းခြင်း လျှောက်ပီးထမင်းစာလဲဇွန်းသ ံပုဂံ မကြားရပါဘူးတော်ကိုတိဆိတ်ငြိမ်သက်နေပါတယ်ကြည်ကျွှန်မတို့အဖွဲ့ ယောဂီတွေစားအပီးမှာအားလုံးပုဂံဆေးပေးကြပါတယ် လူ၄ယောက်အဆင့်ဆင့်ဆေးတာပုဂံတွေကို၁နာရီ လောက်ဆေးရပါတယ် မှန်တာပြောရရင်ဒါကုသိုလ်တော်ရတယ်လို့တော့ထင်ပါတယ် ကျွှန်မတော်ရွံတတ် တဲ့လူပါစိတ်ထဲကနေအော်ငါ ကုသိုလ်လုပ်တာပါလေလို့ ကျွှန်မ မရွံတော့ပါဘူးကို့ကိုယ်ကိုပဲဆုံးမပီးဆေး ပေးလိုက်ပါတယ်ပုဂံတွေလဲဆေးပီးရောသူငယ်ချင်းအားလုံး တော်ကိုမောသွားကြပါတယ်မနက်စောကလဲအိပ် ယာထထားရတော့အိပ်ကလဲအိပ်ချင်ပင်ပန်းကလဲပင်ပန်းနဲ့ပေါ့ ဒါပေမဲ့ကြည်နူးမိပါတယ်ပင်ပန်းလဲပင်ပန်း ပျော်လဲပျော်ပါတယ် ကိုယ်ကိုတိုင်လှူတာမဟုတ်ပေမဲ့ဝေယာဝေစ္စ ကုသိုလ်လုပ်ရတာတော်ပျော်ဖို့ကောင်းပါ တယ်လူငယ်တွေနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးများကုသိုလ်ဒါနပြုကြတဲ့ခါတတပ်တအားဝိုင်းဝန်းကူညီ […]


Kaythi LinJuly 15, 20121min027
ဒုန်း ဒုန်း ဒုန်း ဒုန်း…………….. ။(ခြေတောက် စောင့်သံ) “အမယ်လေးဟဲ့ …….. ဘာဖြစ်ကြတာလဲ ……. ” “ဘာမှ မဟုတ်ပါဘူးဟယ် …… ခြင်ကိုက်လို့ ” ” အိမ်ရောက်မှ ချက်ရမှာ ” ” အမေတော့ စိတ်ပူနေတော့မှာပဲ ” “ယောကျာင်္းတော့ မျှော်နေတော့မှာပဲ ” ကားတန်းကြီး ရှည်လျားနေသလောက် လူတွေရဲ့ စိတ်တွေ က …….. ။ ဒီည အလုပ်လေးပိလို့ over time လေး နေခဲ့မိပါတယ် ။ ကားတွေပိတ်နေတာနဲ့ ဧည့်စာရင်း တိုင်ရမလို့ပဲ ။ ဆာလိုက်တဲ့ ဗိုက် …. ငတ်လိုက်တဲ့ရေ ။ အရေးထဲ ဆဲသံတွေက စိုင်းစိုင်းခမ်းလှိုင် Rap စားသားရွတ်နေသလားပဲ […]