တရား….. တရား…. တရား…… တရားဆိုတာ ဘာလဲ… ဘာ့အတွက် တရားကလုပ်ကြတာလဲ….. ကျွန်တော်စဉ်းစားမိတာလေး တင်ပြချင်လို့ပါခင်ဗျာ….. တရားကို ပါဠိလိုတော့ “ဓမ္မ”တဲ့။ ဓမ္မဆိုတာ တရားပဲ။ ဓမ္မ.ဆိုတာဘာလဲ…ဓာရေတီတိ ဓမ္မော… ဆောင်အပ်လို့ တရား….. လူတွေဆောင်ထားအပ်လို့…. လူတွေ ဆောင်ထားထိုက်လို့ တရား…… လူတွေဆောင်ထားရမယ့် အရာဖြစ်လို့တရား…. ဒီလိုဆို လူတွေဆောင်ထားထိုက်တာ…တရား… ဒီလိုဆို လူတွေဆောင်ထားနိုင်မှလဲ တရား…. လူတွေ မဆောင်နိုင်တဲ့အရာ… လူတွေဆောင်ထားလို့ အဆင်မပြေတာတွေဆိုရင် တရားလို့ပြောလို့ရပါ့မလား….. စဉ်းစားကြည့်တာ…..စဉ်းစားမိတာ…. ကဲ…..ရှိစေတော့… တရားဆိုတာ….. လူတွေဆောင်စရာ…. အဲဒီတရားကိုဆောင်ထားရင် လူ့တွေငြိမ်းချမ်းသွားအောင်လို့ ဆောင်ရမှာ…. ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတယ်။ သင်ဖူးတယ်။ လူတွေလဲ ဒီနေ့ပြောကြပါတယ်။ လူတော်တော်များများလဲ သဘောကျကြတယ်… ဘာတဲ့………… ပထမအရွယ်မှာ ပညာရှာတဲ့။ ဒုတိယ အရွယ်မှာတော့ ဥစ္စာရှာတဲ့။ […]
