Alpha VanishingSeptember 14, 20126min020
ရွာ လုံခြုံရေးအတွက် security ပိုင်းဆိုင်ရာ   ၁) Backup လုပ်ရန် – ဘာပဲလုပ်လုပ် မဖြစ်မနေ စတင်ဆောင်ရွက်ရမည့် ကိစ္စကတော့ backup ဆိုတာ ဆိုက်ဒ်ထောင်တဲ့လူအများစုသိကြပါတယ်….. ၂) Update WordPress Version – version မြင့်ပေးဖို ့ပါပဲ .. အသစ်ထွက်တဲ့ version တိုင်းဟာ အားနည်းချက်တွေ bugs တွေကို အတတ်နိုင်ဆုံးပြင်ဆင်ပြီး blogger တွေ စိုးရိမ်နေရတဲ့ ဟက်ခံရခြင်းမှ အတတ်နိုင်ဆုံးကာကွယ်ဖို့လည်း သူလည်း တစ်ချက်အပါအဝင်ပါပဲ http://wordpress.org/development/feed/ http://feeds.feedburner.com/blogsecurity ၃) Change your Login/Password – မိမိဘလော့ရဲ ့ အက်မင် လော့ဂျင် နာမည်နဲ့ pass ကို အတတ်နိုင်ဆုံး ခက်အောင်ထားထားပါ… […]


ariyathitsaSeptember 13, 20121min02
ဒီမင်္ဂလာတရားကို မြတ်စွာဘုရားက နတ်ကို ဟောခဲ့တဲ့တရားပဲ။ ဒီနေရာမှာ နတ်ဆိုတာက …… မြင့်မြတ်တဲ့သူတွေကိုပြောတာ။   ဥပမာ. . အုပ်ချုပ်သူမင်းစိုးရာဇာတွေ၊ သူဌေးသူကြွယ်၊ ဩဇာကြီးမားသူတွေ၊ သူတော်ကောင်း သူမြတ်လောင်းတွေပေါ့။ အဲဒါတွေက ဒေဝါတွေ နတ်တွေပဲ၊ သာမန်လူတွေကတော့ မနုဿာတွေပေါ့။   ရိုးရိုးလူ (မနုဿ) တွေရော၊ မြင့်မြတ်တဲ့သူ (ဒေဝါနံ)တွေရော ဒီမင်္ဂလာတရားကို ကြံကြတယ်။ ဒီမင်္ဂလာတရားကို တောင်းတဲ့သူ ဘယ်သူလို့ မသိတော့တာမို့ သူ့ကို အညတရဒေဝတာလို့ ပြောရတယ်။   လူမိုက်နဲ့  မပေါင်းသင်းတာ မင်္ဂလာပဲ။ ဒါပေမယ့် လူမိုက်နဲ့ လူလိမ္မာကို ခွဲခြားသိဖို့တော့လိုတယ်။   ဘုရားက အရိယာဖြစ်တယ်၊ အရိယာဖြစ်တဲ့ ဘုရားကပြောတဲ့ လူမိုက်ဆိုတာက အရိယာမဟုတ်တဲ့သူတွေကို ပြောတာပဲဖြစ်တယ်။   အရိယာဆိုတာ ကာမနဲ့ […]


linnlinnnSeptember 13, 20121min013
ကျွန်မအိမ်ရောက်ရောက်ခြင်းပဲ အမေက ဆီးကြိုပြီး ကျွန်မသူငယ်ချင်းတစ်ယောက် ဆုံးသွားပြီလို့သတင်းပေးပါတယ်။”ဟင့်အင်း ကျွန်မသိဘူး..ဘယ်တုန်းကဆုံးတာလဲ ဘာဖြစ်လို့ဆုံးတာလဲ” လို့ မေးခွန်းတရစပ်မေးလိုက်မိပါတယ်။ ဒီသူငယ်ချင်းက ပျော်ပျော်နေတတ်ပြီ သူငယ်ချင်းတွေကို စိတ်ပျော်အောင်နေတတ်သူမို့ စိတ်ထဲတော်တော်မကောင်းဖြစ်မိပါတယ်။ အော်..တစ်ယောက်တော့ ငါ့အနား၊ ငါ့ပတ်ဝန်းကျင်ကနေ ငါ့ကိုထားရစ်ပြီ ထွက်ခွာသွားပြန်ပြီပေါ့ရယ်လို့လည်း တွေးမိပါတယ်။ ဒီအသက်အရွယ်အထိမှာ ကျွန်မသိလိုက်လျှက် ဒါမှမဟုတ် ကျွန်မမသိလိုက်ရပဲနှင့် လူ့လောက,ကနေ ထွက်သွားတဲ့ သူငယ်ချင်းတွေ အတော်များခဲ့ပါပြီ။ အသက်အရွယ်အရ လူလတ်ပိုင်းမှာ ရှိနေသေးပေမဲ့ လူတိုင်းရှောင်ကွင်းလို့မရတဲ့ သေခြင်းတရားကတော့ ကိုယ့်ကို ပုံစံအမျိုးမျိုးနဲ့ သူရှိကြောင်း သက်သေပြနေလေရဲ့။ ကိုယ်ကရော ဘယ်အချိန်,ဘယ်ကာလ, ဘယ်အသက်အရွယ်မှာ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေကို ထားရစ်ခဲ့ပြီး လူ့လောက, ကနေ ထွက်သွားရပါ့မလဲ။ ကိုယ်ချစ်တဲ့သူ ဘယ်သူကများ ကိုယ့်ကို ထားရစ်ခဲ့ပြီး အရင်ထွက်သွားမှာလဲ။ သူတို့ကအရင်လား။ ကိုယ်ကအရင်လား။ ကိုယ်နောက်နောင် တွေ့ချင်လျှက်..စကားပြောချင်လျှက်တောင်မှတွေ့ခွင့်၊ […]


me dainSeptember 13, 20121min00
ကမာ္ဘမှာ… တချို့နိုင်ငံတွေမှာတော့ လူအများစု ကိုးကွယ်တဲ့ ဘာသာရေးကို နိုင်ငံ တော်ဘာသာရယ်လို့ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတယ်.. တချို့နိုင်ငံတွေမှာတော့ ဘာသာရေး အကြီးအကဲတွေက နိုင်ငံကို ကြိုးကိုင်ထားကြတယ်.. အဲဒီလိုနိုင်ငံမျိုးကို Theocratic State လို့ခေါ်တယ်။အဲဒီနိုင်ငံမျိုးတွေဟာ ကမ္ဘာမှာ..အနည်းအကျည်းလောက်ဘဲ ကျန်တယ်လု့ိ သိရတယ်… မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနှစ်ဖြစ်ပါတယ်.. အဲဒီလို အုပ်ချုပ်တဲ့ နိုင်ငံကို Secular Stateလို့ ခေါ်တယ်. မြန်မာနိုင်ငံဟာ အဲဒီလို နိုင်ငံမျိုးဖြစ်တယ်… Secular State နိုင်ငံဖြစ်ပါလျှက် ..နိုင်ငံ အကြီးအကဲထဲက သာသနာရေးဝန်ကြီးဆိုပါတော့…သာသနာရေးဝန်ကြီး ဆိုတာနဲ့ ထေရဝါဒဗုဒဘာသာ သာသနာရဲ့ အရေးအရာတွေ အတွက်သာ ဆောင်ရွှက်ပေးရတဲ့ ဝန်ကြီးလို့သိနေရင်မမှန် ပါဘူး…နိုင်ငံမှာ…ထေရဝါဒ သာသနာတခုတည်းရှိတာ မဟုတ်လို့ဘဲ…ခရစ်ယာန်သာသနာ၊ အစ္စလာမ်သာသနာ၊ ဟိန္ဒူသာသနာ၊ မဟာာနသာသနာ၊ ပစ္စုပန်ကမ္မဝါဒ […]


shwe tallatrSeptember 12, 20121min02
မြန်မာနိုင်ငံမှာ အတော်လေးကိုမှသိ့သာသောပြောင်းလဲမှုများပြုလုပ်နေသော်လည်း မပြောင်းလဲဘဲ အရင်အစိုးရ လက်ကျံ ဝန်ထမ်း တော်တော်များများကတော့ ယခုအချိန်ထိ့ တောင်းလို့ကောင်းဆဲ ပါ ဒီအထဲမှာမှအကြောင်းရာလေးတခုကိုတင်ပြချင်ပါတယ် ။ ကျနော်တို့မော်လမြိုင်ကျွန်းမြို့လေးဟာ ဧရာဝတိုင်းအတွင်းမှာတည်ရှိ့ပါတယ်။ လပွတ္တာခရိုင်အတွင်းမှာတည်ရှီ့ပြီး အေးချမ်းသာပြီး ဘာသာတရားကိုင်းရှိုင်းတဲ့မြို့လေးပါ။ ခေတ်နဲ့အညီဖွင့်ဖြိူးလာပြီး ကုန်းကြောင်းသွား မော်တော်ဆိုင်ကယ်များလဲတိုးပွားလာပါတယ် ဒီအခါမှာယဉ်စည်ကမ်း လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ပီကယ်များခန့်ထားပေးလာပါတယ် ထိုမော်တော်ပီကယ်များထဲမှ ကိုမောင်ချိုဟု ခေါ်သော (in check) ဟာ မကြာခင်မှာ မော်ကျွန်းမြို့မှာ လာရောက်ပြုလုပ်ပေးမည့် (ပုသိမ် က ည န )ရုံးမှမော်တော်ဆိုင်ကယ်မှတ်ပုံတင် ရာမှာ ရှေ့ဆုံးမှနေရာရအောင် ပြုလုပ်ပေးမည်ဟု ဆိုပြီး ဆိုင်ကယ် (လိုင်စင်မဲ့)များထံမှ တဦးလျှင် ၃၀၀ဝ ကျပ်မှ ၅၀၀ဝ ကျပ်အတွင်းတောင်းယူနေပါသည် ။ ထိုကိစ္စအား သက်ဆိုင်ရာမှ အရေးယူပေးလျှင်ကောင်းပေစွဟု မြီု့သူ မြို့သားများမှ စိတ်ဆန္ဒ […]


professor drSeptember 12, 20121min06
ငွေပေးရင် ဂေး ဖြစ်နိုင်သလား ဒါမှမဟုတ် လိင်စိတ်ခံယူမှုနဲ့ လိင်မှုကိစ္စ ဘာကွာခြားသလဲ http://myanmargazette.net/31454/society-lifestyle ကိုကျွန်တော်ဖတ်မိပြီး တော်တော်စိတ်ဆင်းရဲရတယ်ဒါကြောင့် ကျွန်တော်ဖတ်မိတဲ့ ဆာင်းပါးတစ်ခုကိုလည်းဖတ်ကြည့်စေချင်လို့တင်ပြလိုက်ပါတယ်။ (တကယ်ကိုကောင်းတဲ့ အရေးအသားပါ)(ဝေဖန်ပြထားတာပါ) (ဂေးတွေကလည်း ထိလွယ်ရှလွယ်ဗျ)အဲ့ဒီဆောင်းပါးကိုလည်း အမျိုးမျိုး ကွန်ပလိန်တက်ထားတယ်။ ဖတ်ကြည့်ပါ။ ဪဂေး…….. ( ဂေးအသိုင်းအဝိုင်းကို လက်ခံတဲ့လူမှုပုံစံနဲ့၊ ဂေးအသိုင်းအဝိုင်းကို လက်မခံတဲ့လူမှုပုံစံ အမြင်နှစ်မျိုးနဲ့ တင်ပြမှာပါ ဒါ့ကြောင့် အမြင်နှစ်မျိုး ဖြစ်မှာမို့ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံစွာ ဖတ်ရှုပေးကြပါရန် ….. ) ” ဂေး ” ဆိုတဲ့စကားက တော်တော်လေး ခေတ်စားလာပါတယ်။ တော်တော်လေးမဟုတ်ပါဘူး။ အလွန့်အလွန်ကိုခေတ်စားလာတာပါ။ ဟိုနဂို အရင်က အလှပြင်တဲ့နေရာမျိုး၊ ရိုးရာနတ်ကနားပွဲလိုနေရာမျိုး မှာသာ တွေ့ရတက်တဲ့ ဂေးများ။ အခုတော့ နေရာစုံအောင်ပါပဲ။ အရင်အချိန်အခါက ပါတ်ဝန်းကျင်အနေအထားအရ အတွင်းစိတ်မှာသာ ဂေးစိတ်ပေါက်နေကြတာပိုများမယ်လို့ […]


kaungsumyatsanSeptember 11, 20121min04
ငယ်ရွယ်နုနယ်၊ အတွေးတွေကြွယ် ကဗျာ တွေဖတ် စာ တွေဖတ် တော့ ရင်မှာစွဲသိ မှတ်မိရသည်၊ လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါလျှင် မြေသားဘယ်မှာရှိခြိမ့်နည်း။ လေတိုက် တိုင်းသာကြွေလွင့်ပါလျှင် သစ်ရွက် ဘယ်မှာ ရှိခြိမ့်နည်း။….တဲ့….. ဒါဆိုရင်… လောက ဇာတ်ခုံ လူတို့ဘုံမှာ ကောင်းဆိုး နှစ်တန် လောကဓံနှင့် ရင်ဆိုင်ရ တိုင်းသာ ခန္ဓာပြိုင်းလျှင် လူသားဘယ်မှာရှိခြိမ့်နည်း။ ရင်ဆိုင်လှိုက်မော ၊ဘဝအသောတွေ ယှဉ်ပြိုင်ရသော ၊တရားကင်းမဲ့တဲ့ပြိုင်ပွဲတွေ ဘာတွေဘဲ ရှိနေ ရှိနေ တက်ကျိုးရင် လက်ထိုး လှော်မယ် ဟဲ့… လဲကျရင် လူးလဲ ကုန်းရုန်းပြီးထမယ် ဟဲ့…လို့ မျက်စိစုံမှိတ် အားတင်းပြီး ကြွေးကြော် ခေါင်းထောင်လို့ရှေ့ကိုမျှော်ကြည့်လိုက်တော့ အောင်လံတွေ တလှူလှူလွှင့် ချီတက်သွားလိုက်ကြတာ အားပါးပါး…..မနဲပါလား…ခရိုနီတွေ သူတို့တွေကို ကျော်ဖို့ နေနေသာသာ မီအောင်တောင် […]


ma ma01306September 11, 20123min05
ယ္ခု နေထိုင်နေတဲ့ ကမာ္ဘကြီးဟာ ပိုပြီး ပူပျင်းလာတယ် တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ် ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့ ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမာ္ဘမြေကို ေဆေးကြော ပေးနေတယ် ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်.. အမြတ်ကြီးစား ဝိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ မျှော့တွေ သန်းတွေ သွေးစုပ်သတ္တဝါတွေပေါများလာတယ်.. ဣဿာ မစာ္ဆရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ ကောက်ကျစ်မှုေတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ် ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ တစ်ဘို့တည်းသော […]


phone_kyawSeptember 7, 20121min010
ရုရှက ဗိုလ်ကြီးတွေကို သနားမိတယ်။ သူတို ့အဖေနဲ ့အမေက ငါ့သားလေး ဗိုလ်ကြီးဖြစ်ပြီ…နိုင်ငံခြားမှာ ပညာတော်သင်လည်း သွားရတယ်လို ့ဆိုပြီး ဂုဏ်ယူတယ်။ သုံးလေးနှစ်လောက် မာစတာလည်းပြီးရော တာဝန်ကျရာ တပ်ကို သွားရကော…။ ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့လူက ဗိုက်ပူကြီးကို ပွတ်ပြီး…အဲယားကွန်းအခန်းထဲမှာ ဟို လူ ့ညွန်ကြား ဒိလူ ့ညွန်ကြားနဲ ့။ သူ အီးပါရင်တောင် တစ်ရှုးနဲ ့အီးကုန်းပေးဖို ့ရဲဘော်က အဆင်သင့်။ ရုရှက ပြန်လာတဲ့ ရဲဘော်ကလည်း အမိမြေကို ကာကွယ်ဖို ့ဦးစီးချုပ်ပြောတဲ့အတိုင်း ကချင်ပြည်နယ်ကို တာဝန်အရထွက်ရတယ်။ တပ်ခွဲမှုးပေါ့။ ကချင်လည်းရောက်ရော…အေအိုင်အိုက တစ်ချက်ပဲပစ်တယ်။ ဒီမှာတင် ရုရှက ဗိုလ်ကြီးလည်း မသာဘယ်ဈေးမှန်းတောင်မသိဘူး။ ရှောပဲ။ သူလည်းသေရော ဦးစီးချုပ်က သင်သည်တပ်မတော်နဲ ့လုံးဝ မဆိုင်ကြောင်း ပြန်တမ်းရေးလိုက်တယ်။ […]


တိမ္မည္းSeptember 6, 20121min07
ပြောချင်တာက ဆဲခြင်းအကြောင်းပါ…. ဆရာ လုပ်တာမဟုတ်ပါဖူး…. ရင်ထဲရှိသမျှ ရေးမိတာပါ….. မှားတာရှိရင် တောင်းပန်ပါတယ်….. ဘယ်သူ ့ကိုမှ မရည်ရွယ်ပါဖူး…. ဆဲတယ်ဆိုတာ ကောင်းလား…. ဆဲခြင်းသည် ဒေါသရဲ့အစ…. ဒုက္ခကို ခေါ်သောအရာလို ့ ပြောကြတယ်….. ဆဲခြင်းသား နားမဝံ့သာဖူး… မကောင်းဖူး….. ဆဲခြင်း အမျိုးမျိုးရှိသတဲ့….. ဆဲခြင်းသည်  ကျန်းမာရေးကိုကောင်းစေသတဲ့ အဲ့လိုများပြောရင် ဆဲတာမကောင်းဖူးလို ့ ပြောတဲ့ ဒီမိုရွာသားများ အမြင်များကတ်မလားမသိဖူး….. ဟုတ်ကဲ့ ဆဲတာ တခါတလေ ကောင်းပါတယ်…. ဆဲတာ သည် မကောင်းသော စကားပါ… လက်ခံပါတယ်….. ဒါပေမယ့် တနေ ့တာ ပင်ပန်းလာသမျှ ဂီမ်းဆိုင်လေးဝင်ပီး ဆဲလိုက်ရမှ နေကောင်းသွား တာမျိုးလည်းရှိသဗျ…. ရီးစားပူမိနေသလား…. စီးပွားပူမိနေသလား… ရင်ထဲမှာပူနေသလား…. ကာရာအိုကေဆိုင်သွား ဆဲကြသလို … […]


spyhacker satanSeptember 6, 20121min07
“ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ၊ အစစ်အမှန်” ဒေါင်းယောင်ဆောင်သော ကျီး ဦးရွှေမန်း နှင့် ယူနီဖေါင်းချွတ်အာဏာရူး လူတစ်စု၏ ဆင်ကြံ၊ ကြံစည်နေသော လုပ်ရပ်သည် ပြည်သူ့ဆန္ဒ အစစ်အမှန်မဟုတ်၊ စစ်တပ်အာဏာ ယူထားတုံးက ခမည်းခမက်၊ သားသမီးဆွေမျိုးကောင်းစားရေးနှင့် နေချင်းညချင်း သူဌေးဖြစ်လာ ကြသော ယူနီဖေါင်းချွတ် ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ဟောင်း ဝန်ကြီးဟောင်း အာဏာရူး တစ်စု ပေါင်းမိပြီး လွှတ်တော် ထဲမှာ “ရွှေမန်း အသံ”၊ “ရွှေမန်း ဆန္ဒ” ကို “ပြည်သူ့ အသံ”၊ “ပြည်သူ့ ဆန္ဒ” ဖြစ်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အသုံးချနေကြပြီ၊ ပြည်သူချစ်သော “အမေစု” နှင့် ပြည်သူထောင်ခံထားသော လွှတ်တော်ကိုယ်စာလှယ်တော်များ အပါအဝင် စည်းရုံးခံနေကြရပြီ၊ ဥပဒေ၏ အထက်မှာ နေဖို့ ဆင်ကြံကြံနေတဲ့ “ကျီးမိုက်” […]


သုရွင္September 6, 20121min01
 ညွှန်တံမဲ့ ကွန်းပတ်စ်နှင့် ကိုယ့်ကိုကိုယ်ရှာဖွေခြင်း     နေရာအတည်အကျ တစ်ခုဆီကို မဟုတ်ပဲ     .. ရွက်လွှင့်..ခုတ်မောင်းခဲ့တဲ့ ငါ၊     အကြိမ်ကြိမ်ဝင်ရောက်ဖြတ်သန်းခဲ့ ဘာမြူဒါ တြိဂံတောင်     ငါ့ခံစားချက်တွေကို ဖျောက်မပစ်နိုင်ခဲ့။     ခြေရာတွေ ပျားပန်းခတ်နေတဲ့     လူမဲ့ကျွန်းတစ်ခုမှာသောင်တင်ရင်း     ရေဒါတွေ အလုပ်လက်မဲ့ ဖြစ်လောက်အောင်     ငါ့ခံစားချက် ပေါက်ကွဲမှုက အေးစက် ဆိတ်ငြိမ်လွန်းလှပေါ့။     အခုရေးတဲ့ကဗျာ ဟာ တစ်ဦးတစ်ယောက်ရဲ့ စကားလုံးတွေ     အပေါ်မှာ ခုတ်မောင်းနေတဲ့ ဒီရေလှိုင်းတွေဆိုရင်……….။     ဘယ်သူတစ်ဦးတစ်ယောက်က..ငါ့လို….   […]


DEPARKO DEPARKOSeptember 6, 20121min013
မကြာခင်က ကျွန်တော်တို့နိုင်ငံမှာ I pay စနစ်ကိုမိတ်ဆက်လို့ ဝန်ဆောင်မှုတစ်ရပ် စတင်ပါတယ် အကြွေအမ်းစရာမလို ငွေကိုင်သွားစရာမလို ဘတ်စကားစီးရင် ကဒ်နဲ့စီးရုံဘဲ အကြွေကိုမအမ်းဘဲ အမေ့ခံတတ်တဲ့ စပါယ်ယာတွေ စားပေါက်ပိတ်ပြီလို့ အတွေးမှမဆုံးသေးဘူး တစ်နေ့က ပါရမီကားကို ဘူတာရုံလမ်းကနေတက်စီးဖြစ်တယ် အထူးကားပေမဲ့ လူကကျပ်ညပ်နေအောင်တင်ထားတယ် ၂၀ဝ ကျပ်ကို ကျွန်တော်အသင့်ကိုင်ထားတာတောင် အော်အတောင်းခံလိုက်ရသေးတယ် ခန္ဒီပါရမီ အပြည့်နဲ့စီးလာတုန် အမျိုးသမီးနှစ်ယောက် အိုင်ပေးကဒ်ထုတ်ပေးတာမြင်တော့ လားလား စပါယ်ယာကိုယ်မှာလွယ်ထားတဲ့အိပ်က အိုင်ပေးစက်ကိုး ကိုယ်တော်ချောက ခပ်တည်တည်ဘဲ အဲဒီအမျိုးသမီးပေးတဲ့ အိုင်ပေးကဒ်ကို အင်္ကျီအိပ်ထဲထည့်လိုက်တယ် မှတ်တိုင်တွေအလီလီ ကျော်လာပေမည့် အိုင်ပေးကဒ်ကို စက်ထဲထည့်မဆွဲဘူး အမျိုသမီးကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ သူ့ အိုင်ပေးကဒ် ဘယ်တော့ပြန်ပေးမလဲပေါ့ ကျွန်တော် အဲဒီအဖြစ်ကိုကြည့်ပြီး တချိန်က ဝန်ထမ်းတွေ ကူပွန်ထုတ်ပေါ်ပြီး လိုင်းကားစီးတော့ စပါယ်ယာတွေ ဟောက်ဟမ်း ဆူပူ […]