DEPARKO DEPARKOSeptember 6, 20121min05
ဒီစကားလုံးအဓိပ္ပါယ်တော့အားလုံးသိပြီးဖြစ်မှာပါ။ ရွှေပြည်တံခွန်ရဲ့ ၅၀၀ဝ တန်ဖုန်းကိစ္စမှာ မြန်မာပြည်သူတွေလှူပ်လှုပ်ရှားရှားဖြစ်ပြီး ဖုန်းနဲ့ပါတ်သက်တဲ့ နိုင်ငံတကာမှာ ဆင်းကဒ်အလကားပေးနေတဲ့အကြောင်း ဖုန်းပြောဆိုခ နိုင်ငံတကာ အခြေအနေနဲ့ မြန်မာနိုင်ငံ လက်ရှိအနေအထားကို မီဒီယာ တွေကတဆင့် ပြည်သူတွေတော်တော်သိခဲ့ရပေမည့် ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ ဖုန်းကုမ္ပဏီတွေ ဈေးမလျှော့နိုင်သေးပါဘူး GSM သန်း၃ဝ စီမံကိန်းအရဆိုရင် သန်း၅ဝမပြည့်တဲ့မြန်မာနိုင်ငံသားတွေ ငါးနှစ်သားတောင်ဖုန်း ကိုင်နိုင်မဲ့ပုံ ကျွန်တော် မကြာခင်ကရောက်ခဲ့တဲ့ တာချီလိတ်မြို့နဲ့ ဝမ်ပုံရွာလေးမှာ ထိုင်းဖုန်းနဲ့ လာအိုဖုန်းတွေကိုကြိုက်တဲ့လိုင်းကိုယူ (ဖုန်းကုမ္ပဏီများစွာ) မြန်မာငွေတစ်ထောင်မကျော်ဘူး ငွေဖြည့်ကဒ်ကလည်း မြန်မာငွေ တစ်ထောင်တန်က စပြီးရှိတယ် သူတို့ဖုန်းအချင်းချင်းပြောရင် မြန်မာငွေနဲ့ တစ်မိနစ် ငါးကျပ်လောက်ဘဲကျတယ် အဲဒီနားကရွာတွေ လာအိုဖုန်းဘဲကိုင်ကြတယ် ရန်ကုန်ကို over sea call နဲ့ခေါ်တာတောင် တစ်မိနစ် ၁၅ဝကျပ်လောက်ဘဲကျတယ် ဒီတော့ နှစ်သိန်း၊နှစ်သိန်းခွဲနဲ့ရောင်းနေတဲ့ဖုန်းတွေက ဘလက်ဘယ်ရီလို ဘယ်လိုဝန်ဆောင်မှုတွေဘယ်လောက်ပေးနေလို့လဲစဉ်းစားစရာပါ။ […]


မောင် ဓုဝSeptember 5, 20121min01
အရက်သမား တစ်ယောက် အရက်မူးရာကနေ အရက်မူးပြေသွားတာကို အနိစ္စလို့ ပြောမလား။ဟုတ်တယ် မူးတာကလဲ မမြဲတာဆိုတော့ အနိစ္စလို့ပြောရမှာပါ။ ဒါက ပရမတ် လို အနိစ္စပါ။အရိယ သစ္စာထိုက်တဲ့ အနိစ္စ မဟုတ်ပါဘူး။ဒါဆို အရိယသစ္စာထိုက်တဲ့ အနိစ္စက ဘယ်လိုလဲ ဆိုတော့ အရက်သမားကြီးဖြစ် သွားတာ ကို ပြောရမှာပါ။ဘာဖြစ် လို့လဲဆိုတော့ လူကောင်း အဖြစ်ကြီးပျက်စီးသွားလို့ပါပဲ။ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စက သဘာဝတရားပါ။ ဘယ်အဝိဇ္ဇာကြောင့်မှ မဟုတ် ပါဘူး။လူကောင်းအဖြစ်ကြီးပျက်စီးသွားတဲ့ အနိစ္စက သဘာဝ မဟုတ်ပါဘူး။ အဝိဇ္ဇာကြောင့်ဖြစ်တာပါ။ ဒါကြောင့်  ဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စကေ ကြာက်စရာ မဟုတ်ပါဘူး၊ လူကောင်းအဖြစ်ကြီး ပျက်စီးသွားတဲ့ အနိစ္စကသာ ကြောက်စရာ အကောင်းဆုံးပါ။


min chan lawi htawSeptember 5, 20121min017
မန္တလေးဂေဇက်က သူငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါနော်  ကျွန်တော်ကခုမှပဲဒီဆို်ဒ်ထဲကိုရောက်လာတာပါ  ကျွန်တော်နာမည်က မင်းချမ်းလဝီထောနော် gmail အကောင့်ကကော linnwai1915@gmail.comပါ ဘန်ကောက်မှာ home decrotion လုပ်ပါတယ်    


pioneer youthSeptember 4, 20121min03
စိမံခန့်ခွဲခြင်း စီမံခန့်ခွဲခြင်း အတတ်ပညာ များ အခွင့်ရေးများလူတိုင်းမှာအများကြီးရှိသည် မသုံးတတ်သောကြောင့် အခွင့်ရေး ပုံစံမဆောင်ဘဲရှိနေတတ်သည့် အဆင်သင့်ပြင်ဆင်မှူ့နှင့် တွေးတောကြံ့ ဆမှု့တိုကြောင့် အခွင့်အရေးသစ်များ ဆက်ဆက်ပြီးပေါ်ပေါက်လာပါသည်။ အချို့သောအခွင့်ရေးများသည် ခင်ဗျားရနေသော အခွင့်ရေးတခုထက် ပိုကောင်းနေတတ်တဲ့အတွက် ထိရောက်ကောင်းမွန်သေခြာသော အခွင့်ရေးများကိုသာ ရွေးချယ်ကိုင် တွယ် သင့်ပါတယ်…။ ဆိုလိုသည်မှာ တခုကိုအကောင်းဆုံးလုပ်ပြီးကျန်သောအရာများကို မေ့ပြစ်လိုက်ပါ …။ အမှားဆိုတာမရှိပါ သင်ခန်းစာများသာပင်လောကတွင်ရှိပါသည်။ အောင်မြင်ဖို့ရန် အကြောင်း အရာတခုတခုကို ထပ်ကာထပ်ကာ လေ့ကျင့်သင်ယူပြီး နောက်တဆင့်ကို ထပ်မံ လေ့လာသင်ကြားရမည်(သတိ)သင်ခန်းစာများသည် အဆုံးမရှိကြောင်းအမြဲတမ်း သတိရှိနေရမည်.။ အချိန်သည် မည်သည့် အခါမျှ မလုံလောက်ပါ ဘဝတွင်လုံလောက်ပြည့်စုံသောအချက်အလက်တို့ကိုရယူနိုင်ဖို့ရန် အချိန်မရှိပေ သာလွန်ကောင်းမွန်သော  နည်းလမ်များသည်အမြဲရှိနေသော်လည်း မျက်ခြေမပျက် စောင့်ကြည့်ကာ ယခု လက်ရှိအခွင်ရေးကိုလည်း ကောင်မွန်စွာ စောင်ရွက်နေပါ..။ ဥပမာ…. အခုလုပ်နေသောနည်းလမ်းထက်   ပိုပြီး […]


အတိတ်က… အကြောင်းတွေ ငါမသိခဲ့ဘူး…။ အနာဂါတ်ဆိုတာလည်း… ငါ မမျှော်မှန်းခဲ့ပါဘူးဟာ… ဒါပေမယ့်… လက်ရှိပစ္စုပ္ပန်မှာတော့… ငါတကယ် ပျော်ချင်ခဲ့တာပေါ့…။ ဘာရယ်မဟုတ်တဲ့… နင့်စကားတစ်ခွန်းကြောင့်… ငါဝမ်းနည်းရတာပေါ့နော်.. င့ါစိတ်တွေလည်း အရမ်းမွန်းကြပ်နေလို့…။ နင်က သူ့ကြောင့် သူ့ကြောင့်ဆိုပြီး… ဝမ်းနည်း ကြေကွဲနေရတုန်းမှာ.. ငါက နင့်ကြောင့် နင့်ကြောင့်ဆိုပြီး… ကြေကွဲ ဝမ်းနည်းနေရတယ်… နင့်အတွက် နင့်အတွက်ဆိုပြီးတော့လည်း… ငါက အသုံးမကျတဲ့သူဖြစ်ပြီး နှစ်သိမ့်မှုတွေ.. မပေးနိုင်ခဲ့ဘူးတဲ့လား… အမြဲတမ်းလည်း စိတ်ညစ်စေခဲ့တာပဲလား… ငါမရည်ရွယ်ခဲ့ပါဘူး…။ ပြဿနာရဲ့ အစ ဆိုတာ… ဘာလဲ ငါမသိခဲ့ရဘဲ… ပြဿနာရဲ့ အဆုံးကိုပဲ…. နင်လျှောက်လွှဲချက်တွေ ပေးသွားတယ်… ငါဘယ်လို နှစ်သိမ့်ပေးရမလဲဟာ… စေတနာစကားတစ်ခွန်းက နားမှာ ခါးခဲ့ပြီပေါ့… င့ါစကားတစ်ခွန်းက ဘယ်လောက်မှ.. အရေးပါ အရာ မရောက်ခဲ့ဘူးပေါ့နော်…။ င့ါရင်ထဲကိုလည်း နင်ဝင်ကြည့်လှည့်ပါ… […]


နည်းနည်းလေးပဲ ငါလိုချင်ခဲ့တာ… နားလည်မှုလေး….. နည်းနည်းလေးပဲ ငါမျှော်လင့်ချင်ခဲ့တာ… ယုံကြည်မှုလေး… ခံစားချက်တွေ ပေါက်ကွဲ… ဖောက်ခွဲပစ်ဖို့အတွက် လိုအပ်နေခဲ့တာ… င့ါစိတ်ပေါ့ပါးခြင်းတွေ…။ ပျော်ရွှင်ခြင်းဆိုတာ… င့ါရဲ့တဒင်္ဂလေးမှာ ရချင်သလိုလိုနဲ့… ပျောက်ပျောက်သွားတယ်… အနိုင်ယူချင်လိုသူမို့ ငါအရှုံးပေးထားရတာ… ထပ်ထပ်ပြီးတော့ အနိုင်မယူချင်ပါနဲ့တော့… င့ါစိတ်ကလေးလည်း နွမ်းပါးနေပြီ…။ တခါတခါ ငါနားလည်ပေးထားမှုတွေ… သီးခံပေးထားတာတွေ အရာရာတိုင်းအတွက်… င့ါစိတ်တွေကို လွှတ်ချလိုက်ပြီး… ပျောက်ဆုံးချင်နေပြီ… နင့်ကို င့ါကြောင့် စိတ်မညစ်စေချင်လို့…။ င့ါအတွက်က နည်းနည်းလေးမှ နည်းနည်းလေးပါ… အဲ့ဒါ နင့်ရဲ့ အတ္တတွေနဲ့… နင့်ရဲ့ထင်မြင်ယူဆချက်တွေ… အမြဲတမ်း အထင်လွဲတတ်တဲ့ နင့်ရဲ့စိတ်ကလေး… နည်းနည်းလေးဖြစ်ဖြစ် လျှော့ပေးစေချင်လို့… နင်သိပ်ချစ်မှန်း ငါမသိလို့မဟုတ်ဘူး ငါသိပါတယ်…. ဒါပေမယ့်………… နားလည်မှုလေး ငါလိုအပ်နေလို့…. င့ါနှလုံးသားလေးလည်း နွမ်းလျနေပြီ…။


ယခုတလော ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ရေဘေးသင့် သဘာဝဘေးအန္တရာယ်သတင်းများအား ဆက်တိုက်ဆို သလိုကြားေ နမြင်နေခဲ့ရသည်။ မိုးတွင်း မိုးရွာသည်ကား မဆန်းပါ။ သို့သော် ၂၀၁၂ မိုးရာသီက ယခင်နှစ်များမိုးရာသီ ကာလများထက် ပိုမိုမိုးများသည်ဟုပင်ဆိုနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသာမက ရန်ကုန်မြို့တော်ကဲ့သို့ မြို့ကြီးများပင် ရေဘေးဒဏ်ကို ခံနေရ သည့်အတွက် မိုးများမည်းလာတိုင်း ရေများလျှံလာမည်လား ဆိုသော စိုးရိမ်စိတ်ဖြင့်ရင်တမမဖြစ်နေရသည်မှာ မိုးရွာသည့်နေ့တိုင်းပင်။ ယခင်နှစ်များက ရန်ကုန်မြို့တွင် ယခုလောက် ရေမတင် ရေမတတ်ခဲ့။ ယခုအခါတွင် မိုး အ နည်း ငယ်ရွာလိုက်သည်နှင့်တစ်ပြိုင်နက် ရေများကလည်း လမ်းများပေါ်တွင် တင်ချင်လာသည်။ ကွန်ကရစ်ခင်းလမ်းမ တစ်ချို့တွင်ရေမတင်သော်လည်း လမ်းထက် နိမ့်သော လူနေအိမ်များတွင်သာမက အနိမ့်ပိုင်းကျသော လမ်းများ တွင်လည်း ရေတင်ရေဝပ်နေသောကြောင့် ရေများဖွေးလျက်ရှိပေသည်။ ရန်ကုန်မြို့တွင် ရေကြီးရသည်မှာ […]


DEPARKO DEPARKOSeptember 3, 20121min015
ကမာ္ဘကြီးဟာရွာကြီးတဲ့လား? ဂေဇက်ကိုဝင်ဘို့ နက်ချိတ် မိုဇယ်ကိုတိတ်တိတ်လေးဖိတ်လို့ ရှိတ်လိုက်မယ်ဟဲ့လို့ ရင်ထဲကစာလေးတွေစီ အပီအပြင်နှိပ်ဘို့ပြင်ကာမှ လင်ကမရ မြင်ရတာ ဘဝင်မကျ ထပ်ကာထပ်ကာနှိပ် လက်ကွက်ထိတ်မှာမီးလောင် ယောင်တောင်တောင် ပေါင်တောင်နဲ့ နက်ဝပ်ကနှေး အီးလေးကိုဝင်ပြန်တော့လည်း မျက်နှာမည်းပေါင်ချိန်က ဒီလိုအဖြစ်မျိုးရှိသလားဟဲ့ ဆိုပြီး အာရာတွေတက် သစ်ဇ်ပေ့ဂျ်ကန်နော့အိုးပန်းဆိုပြီး ငါ့အိပ်ကပ်ထဲက ချွေးနဲစာတွေတတိတိချွေ ဘေကိုတော့မလျှော့ သဂျီးကတော့ပြောသား သူ့ဆုကြေးကဘယ်ဆီနေမှန်းမသိ တရိရိနဲ့ ဖုန်းနဲ့မရလို့ ဆိုင်ကိုပြေး ခြေအေးလို့ဝမ်းယောင် ကြောင်တောင်တောင်နက်ဝပ် တဖြတ်ဖြတ်နဲ့ လင်လုပ်လို့မရတဲ့ဂေဇက် အနေခက်ရအောင် ရွှေလက်နဲ့စာလွှာရေး အတွေးလေးတွေစာစီလို့ မယားလုပ်မယ်ဟဲ့လို့ အလို ဟဲ့ရွာစား မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ ငါ့စာလွှာကိုအမြန်ပို့ ဟဲ့ ရို့ရို့ ပလို့ပလို့ဂျိ


may flowersSeptember 3, 20124min010
ကဲ..ဘုရားတွေဖူးပြီးရင်  နောက်ရှုခင်းလှလှလေးတွေ သွားကြည့်ရအောင်နော်။   ဒီလှေ ဆိပ်ကနေ လှေစီးပြီး  ရှုခင်းလေးတွေ လေ့လာကြည့်ရှုကြတာပေါ့…။   မြစ်ပြင်တစ်လျှောက်က လှေငယ်ငယ်လေးတွေ…။   တောင် ကြားထဲက မြစ်ကြောတစ်လျှောက် လှေလိုက်စီးရအောင်….။   မြစ်ကမ်းပေါ်က လှေကလေး …။   ဒါလေးကအနီးကပ်…။     သူတို့က အပြန်   ကိုယ်တွေကအသွား…။   အပြန်ခရီးသည်တွေ လေ….။ အစိမ်းရောင် မြစ်ကြမ်းပြင်ကို ရိုက်ထားတာ ..အရမ်းလှတယ်လေ။   သူတို့ဆီမှာလည်း လှေကိုခြေနဲ့ လှော်ကြပါတယ်…။   တောင်ညီနောင်၊ မြစ်စိမ်းစိမ်းနဲ့ လှေကိုခြေနဲ့ လှော်နေတဲ့ မိန်းမပျိုလေး….။   အဝေးက မှုန်ပြပြ ဘုရားကျောင်းလေး………။   ရှေ့ကဂူဝကို မြင်နေရပြီ…ဒီဂူတွေထဲကနေဖြတ်သွားရမှာ…။   ခေါင်းငုံထားနော်  တိုက်မိမယ်….။ဂူထဲမှာ […]


Maung YuGhan SDYSeptember 3, 20121min02
ဆရာတက္ကသိုလ်စိန်တင်ကို စောစံဖိုးသင်စာအုပ်ဖတ်ကတည်းကစိတ်ဝင်စားမှုရှိခဲ့ပါတယ် မြန်မာ့သမိုင်းနောက်ခံတဲ့အထုပ္ပတ္တိတွေရေးလို့ပါ၊ဆရာနဲ့တွေ့ဘို့အကြောင်းဖြစ်လာတာကတော့ကျွန်တော့် ဦးကြီးဝတ်လုံတော်ရဦးထွန်းစိန်အကြောင်းဖတ်လို့ရနိုင်မယ့် စာအုပ်တွေသိချင်လို့ပါ ပြီးခဲ့တဲ့နှစ်နိုဗင်ဘာမှာ စာအုပ်တိုက်ကဆရာဖုန်းနံပါတ်တောင်းပြီးပြီးဆရာ့ဆီဖုန်းဆက်ဖြစ်ပါတယ် ‘ဘဘကြီးက တက္ကသိုလ်စိန်တင်ပါလားခင်ဗျာ’ မေးတော့’ ဟုတ်ပါတယ် မင်းကဘယ်သူများလဲလို့’ပြန်မေးတော့ ကျွန်တော်က ကျွန်တော် ဝတ်လုံတော်ရဦးထွန်းစိန်ရဲ့တူပါ ကျွန်တော့်ဦးကြီးကွယ်လွန်ချိန်မှာ ကျွန်တော်တို့ငယ်တော့ ကျွန်တော့ဦးကြီးသမိုင်းကို ပြည့်ပြည့်စုံစုံ သိခွင့်မရခဲ့ပါဘူးသခင်တင်မြရေးတဲ့ ဘုံဘဝမှာဖြင့် စာအုပ်မှာ အနည်းအကျဉ်း နောက် အပေါင်းအသင်းရောင်းရင်းများ၏ကျော်ရင်မှာ တစိတ်တပိုင်းဒို့ဗမာအစည်းအရုံးသမိုင်းကြောင်းမှာ တကြောင်းတလေ နောက် အိုးဝေမဂ္ဂဇင်းအဟောင်းတွေမှာနဲနဲပေါ့လေ ကျွန်တော်တွေ့ရပါတယ် ကျွန်တော်ကတော့ တော်လှန်ရေးကောင်စီအစိုးရဟာ ဦးကျော်ငြိမ်း တို့နဲ့ခင်တဲ့ကျွန်တော့်ဦးကြီးကိုမုန်းတီးခဲ့တယ်လိုသိရတယ် နောက် ဦးထွန်းစိန်က ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်ခဲ့တာဆိုတော့လေ ကျောင်းသားကိုသမိုင်းရောလူပါသတ်တဲ့တော်လှန်ရေးကောင်စီကြောင့် သူ့သမိုင်းတွေပျောက်ခဲ့ရတယ်လို့ထင်ပါတယ် ဘဘကြီးအနေနဲ့ဘယ်စါအုပ်တွေမှာများ ပါတယ်ဆိုတာလမ်းညွှန်ပေးပါခင်ဗျာ’ လို့ပြောတော့ အေး ငါရေးတဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့်သခင်ဗစိန် မှာပါတယ်အားမာန်သစ်စာပေမှာရှကြည့်လို့ဆိုပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာရန်ကုန်ရောက်ပေမယ့် သခင်တင်မြကိုကော တက္ကသိုလ်စိန်တင်ကိုမတွေ့ခဲ့ရပါဘူး ကျွန်တော်တို့က ဝမ်းရေးခက်တဲ့သူတွေဆိုတော့ အလုပ်ကိုဘဲဦးစားပေးရတာပေါ့ […]


phone_kyawSeptember 2, 20121min06
မြန်မာ့သမိုင်းတလျှောက်မှာ အပစ်မဲ့တဲ့လူတွေသေခဲ့တယ် အားကြီးတဲ့လူက သတ်တယ် အားနည်းတဲ့သူတွေ သေကြတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာလည်း သေခဲ့တယ် လွတ်လပ်ရေး ရပြီးတော့လည်း သေခဲ့တယ် ပြည်တွင်းစစ်ပွဲမှာ ကိုယ့်အချင်းချင်းလည်းသေခဲ့သလို အရပ်သားတွေလည်းသေခဲ့တယ်။ စစ်တပ်ကကျောင်းသားတွေကို သတ်လို ့သေခဲ့တာ ရှိသလို.. စစ်သားအချင်းချင်းလည်း သတ်လို ့စစ်သားတွေသေခဲ့တာပဲ။ ဒါနဲ ့များဗျာ- မြောက်ပိုင်းက သုံးဆယ်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်လို ့။ မနေ ့တစ်နေ ့ကပဲ ကချင်ဘက်မှာ ခုနှစ်ဆယ်လောက် တရက်အတွင်းမှာ သေခဲ့တယ်။ ဆိုတော့ဗျာ- အခြားသူတွေကိုလည်း ပြန်အားနာပါအုံး။ ဒါတွေကို ပြောနေမဲ့အစား အနာဂတ်မှာ အချင်းချင်း ဒီလိုမသတ်ကြရအောင် မသေရအောင်…. လုပ်တာက မှ အကျိူးမရှိဘူးလား…။ ဘုန်းကျော် ဩစတျေးလျ ၂-၉-၂ဝ၁၂ လင်းစတားမိုင်း