Nyein ChanSeptember 2, 20121min04
ရန်သူ့ဘက်က သူလျှိုဖမ်းဆီးမိရင်တောင်မှ လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခွင့်ပြုတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ဥပဒေမှာ ရေးသားချမှတ်ထားတာမရှိပါဘူး။ အေဘီမြောက်ပိုင်းမှာကော၊ ဒေါက်တာနိုင်အောင်ရဲ့ဒေါင်းဂွင်စစ်ကြောရေးစခန်းမှာကော စစ်အစိုးရရဲ့ နှိပ်စက်မှုတွေကို တိုက်ပွဲဝင်နေတယ်ဆိုတဲ့သူတွေက စစ်အစိုးရဘက်ကတောင်မလုပ်တဲ့ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို အရသာခံလုပ်ခဲ့တဲ့လုပ်ရပ်တွေကို ဖေါ်ထုတ်ကြဘို့ အားလုံးမှာတာဝန်ရှိပါ တယ်။  ခေါင်းဖြတ်တယ်၊ လူသတ်တယ်ဆိုရုံအမှုဟာ ဒီလူတွေလုပ်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ မဆန်ယုတ်မာမှုတွေကို နှိုင်းယှဉ်ရင် ဘာမှ မဟုတ်တဲ့ဟာလေးတွေလိုတောင် ဖြစ်သွားပါတယ်။  ဒါ့ ကြောင့် ဒီလူယုတ်မာတစုရဲ့လုပ်ရပ်တွေကို ခေါင်းဖြတ်လူသတ်မှုလောက်လေးနဲ့တင် စွဲချက်တင်ဖေါ် ပြတာမျိုးမဟုတ်ပဲ သူတို့ယုတ်မာပက်စက်ပြီး လူမဆန်စွာလုပ်ခဲ့တာတွေအားလုံးဖေါ်ထုတ်ပြီး ဘယ် လိုမိစ္ဆာကောင်တွေဖြစ်တယ်ဆိုတာ အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်က အရေးယူကြမှ ဒီလိုမိစ္ဆာ ကောင်တွေလက်အောက်မှာ ဒီမိုကရေစီတော်လှန်ရေးလုပ်ဘို့လာတဲ့သူတို့ဘဝတွေကို ပက်ပက်စက် စက်နင်းခြွေခံခဲ့ရတာတွေအတွက် တရားမျှတမှုပြန်ရအောင်လုပ်နိုင်မှာပါ။  အားလုံးရဲ့အသက်သွေး တွေ၊ မျက်ရည်တွေနဲ့ရင်းခဲ့လှုပ်ရှားခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကိုလဲ ဒီမိစ္ဆာကောင်တွေက ရန်သူစစ် အာဏာရှင်တွေနဲ့ ဟန်ချက်ညီညီ […]


DEPARKO DEPARKOSeptember 1, 20121min07
ဆိတ်တွေဟာအချင်းချင်းရန်ဖြစ်ရင် ခေါင်းချင်းဆိုင်ထားပြီး နောက်မဆုတ်တမ်း ခွေ့တတ်သလို ခွေးတွေဟာလည်း ကိုက်တတ်ဟောင်တတ်ပါတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူလတ်တန်းစားများကားစီးနိုင်တဲ့အချိန်ကစပြီး မော်တော်ယာဉ်ပိုင်ဆိုင်မှုမြင့်တက်လာပြီး လမ်းမတွေပေါ်မှာကားတွေဟာ လမ်းတွေနဲ့မဆန့်အောင် ပေါက်ကွဲထွက်လာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားပိုင်ဆိုင်ပေမဲ့ လောင်စာဆီကိုချွေတာ၊ မိမိကုန်ကျစားရိတ်ကိုချွေတာ(ချမ်းသာပေမဲ့) အလုပ်သွား၊ ခရီးထွက်၊ကျောင်းကြိုပို့၊အလည်အပါတ်သွားတာတောင် လိုင်းကား၊ခရီးသည်တင်ကား စီးကြတယ်လို့သိရပါတယ်၊ ဒီမှာကတော့ ဂုဏ်တု ဂုဏ်ပြိုင် ဝမရှိဘဲဝိလုပ်( ဒီနိုင်ငံမှာကကြွားဝါချင်တဲ့သူများတယ်) ကားမျိုးစုံနဲ့ ဖအေက အလုပ်သွားကားတစ်စီး မအေက ဈေးဝယ်ထွက်ကားတစ်စီး သားတွေ သမီးတွေက ကျောင်းသွားကားတစ်စီးစီနဲ့ လမ်းမတွေပေါ်မှာ ကားတွေဟာပြည့်ကြပ်နေပါတယ်။ သာမန်ချမ်းသာတဲ့သူတောင်ကားနှစ်စီးလောက်ပိုင်တာတွေ့ရပါတယ်။ ဒီတော့အခြေခံလူတန်းစားစီးတဲ့လိုင်းကားတွေဟာ လိုရာခရီးရောက်ဘို့ ကားလမ်းပိတ်ဆို့မှုကြောင့် (ဝန်ထမ်း၊အလုပ်သမား) အချိန်တွေအကြာကြီး ကားပေါ်တွေမှာ အချိန်ဖြုန်းရပါတယ်၊ ဒီကြားထဲ လမ်းစည်းကမ်းကိုမလိုက်နာ လိုရာခရီးကို ဖြတ်လမ်းက သွားချင်တဲ့ လူ့အန္ဒတွေဟာ အတင်းတစ်ဖက်ယာဉ်ကြောက လုဝင် နောက်လဲမဆုတ်ပေး ကားခြင်းခေါင်းခြင်းဆိုင်ပြီး ခွေးတွေ၊ဆိတ်တွေလိုစောင်နေကြတာ ရန်ကုန်မြို့ […]


ma ma01306September 1, 20123min025
ကြောက်တယ် ကြောက်တယ် သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ ဝါဆိုဝါခေါင် ရေဖောင်ဖောင် အိမ်အောက်မှာ ရေတွေကြီး မျှော့နက်မဲကြီး တွယ်တတ်တယ် ထမင်းထုပ်တောင်မဝသေးလို့ မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ် ကယ်မဲ့သူရယ် ကူမဲ့သူရယ် ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ် ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့ သက်ကယ်ရိတ်လေး ထွက်ကြမယ် တောထဲမှာလေ မြွေနဂါးတဲ့ သေနတ်ကြီးတွေ လွယ်ထားတယ် ကြောက်တယ်ကြောက်တယ် NGO ရယ်အမြန်လာလို့ အိမ်မိုးလေးတွေမိုးပေးကွယ် ရွှေသွေးရင်နှစ် မေ့သားချစ်တွေ အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ် ကျန်းမာရေးတွေချို့တဲ့ကြလို့ ဖျားနာကြတာများနေတယ် ကမာ္ဘ အရပ်ရပ် ရေတွေကြီးတော့ ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက် အသင်းလေးတွေ ထားပေးကွယ် ဝါဆိုဝါခေါင်ရေတွေကြီးလို့ ဝါတွင်းရောက်မှာကြောက်လှတယ် ကြောက်တယ် ကြောက်တယ်..


ムラカミAugust 31, 20122min010
ဟိုဘက်ပိုစ့်မှာ အမှား တခု ပါသွားပါတယ်.. 1/3 stops နဲ့ သွားရင်း 1 stop + ဖြစ်တဲ့ နေရာထိ f/4 ထိ တက်ကြည့်မယ် ဆိုတွေးထားရင်းကနေ f/3.2 (+1/3) ကို full stop တက်သွားသယောင် မှားရေးမိပါတယ်.. သည်ပိုစ့်မှာတော့ .. f/2.8, f/3.2, f/3.5, f/4 အစုံ ရိုက်ထားပါတယ်.. နောက်တပါတ်တော့ ကျနော် လက်တလော နှစ်သက်နေတဲ့ f/8 ကို ရိုက်ပါဦးမယ်.. သည်လို နံပါတ် အနည်း တွေ ..(အပေါက် အကျယ်တွေ သုံးနေသေးတာ.) subject က သေးလွန်းနေတာ .. detail ဘယ်လောက်ရတယ်ဆိုတာကို သိချင်နေတာနဲ့ မြန်ချင်တာ ..Post-production […]


အထီးကျန်ခြင်းတစ်ချို့.. ကြိတ်မှိတ်ကာမြိုသိပ်.. ဆို့တက်လာတဲ့ ခံစားချက်တွေ.. လွင့်ထွက်သွားမတတ် ပြင်းထန်လွန်းလို့.. အောင့်သက်သက်နဲ့ နာကျင်ရတယ်..။ ဖြစ်သမျှအရာအားလုံး.. င့ါ-အကြောင့်နဲ့ င့ါ-ဘဝဇာတ်ခုံက.. ပန်းခင်းထားတဲ့ လမ်းလည်း မဟုတ်ခဲ့ဘူး.. ရောက်တတ်ရာရာမှာ နေပျော်အောင်နေတတ်ခဲ့ဖို့အတွက်.. ငါကြိုးစားခဲ့တယ်..။ ဝမ်းနည်းခြင်းအတိ၊ ကြေကွဲခြင်းအတိနဲ့.. ပိုးဆိုးပက်စက် လမ်းဆုံးနေတဲ့.. အမှောင်ထုရဲ့ အဆုံးမှာ အလင်းတန်းစလေး တစ်ခုတွေ့လို့.. ငါရှာကြံပြီး ပျော်နေမိတော့မလို့.. ငါမသိခဲ့မိဘူး င့ါအတွက်ဆိုတာ.. မျှော်လင့်ခြင်းတွေ ယုံကြည်ချက်တွေ.. င့ါရဲ့ကတိတွေ ပျက်ဆီးဆုံးရှုံး ရိုက်ချိုးခံလိုက်ရပြီး.. ဥပေက္ခာတွေ တနင့်တပိုးရလိုက်ရမယ်လို့.. ငါတွေးမထားမိလိုက်ဘူး..။ လမ်းဆုံးမှာ ပျောက်ဆုံးနေတဲ့ င့ါရဲ့ပျော်ရွှင်ခြင်းတစ်ချို့.. ဦးတည်ချက်ရှိနေသလိုလိုနဲ့ ဦးတည်ချက်မဲ့နေခဲ့ပြီ.. င့ါရဲ့ခံစားချက် င့ါရဲ့ခြေလှမ်း င့ါရဲ့ပျော်ရွှင်ခြင်းတွေ ဆိုတာ…… ယဲ့ယဲ့လေးပဲ ကျန်တော့တယ်………..။


“ဓါတ်ပုံဟောင်းကိုပြန်ကြည်ခြင်း” ဟိုတစ်ရက်က အလုပ်မရှိအလုပ်ရှာ ငယ်ကဓါတ်ပုံတွေပြန်ထုတ်ကြည့် မြင်ရတာကိုကရီစရာ။   ဆံပင်ဘုတ်သိုက် လုံချည်က မြေကြီးဒရင်းတိုက် အကျင်္ ီက ဘဒင်အကွက် လွယ်အိတ်ကိုအထုံးကြီးထုံးလို့စလွယ်သိုင်း အဲဒီတုန်းကတော့ပီပီပြင်ပြင်အမို်က်စားဒီဇိုင်း အခုပြန်ကြည့်တော့ “ ပဲ “တွေ ပိ နေတဲ့စတိုင်ဆိုတာကိုတွေးမိတဲ့အခါ “ဟာ….ဟ”လို့တောင်အသံထွက်ရီလိုက်မိပါတယ်။   အခုအချိန်မှာ အရောင်အသွေးစုံတဲ့ မြင်ကွင်းလှလှဓါတ်ပုံ လေးတွေရအောင် ခလုပ်နှိပ်နေတဲ့လက်က ဟိုအရင်နှစ်များစွာမှာ မကျေနပ်တာတွေကိုဖောက်ခွဲ နံရံကိုလက်သီးနဲ့ထိုးလို့စုတ်ပြဲ ကျိုးတဲ့အခါကျုးိ ချုပ်ရိုးတွေတသီကြီးနဲ့လက်ဆိုရင ်ယုံလား……………………တော့မသိဘူး   စာရေးရင်အေးအေးချိုချို တေးဆိုသလိုကဗျာတွေစပ်လို့စပ် တစ်ယောက်ယောက်နဲ့စကားပြောရင် “ဟုတ်ကဲ့ခင်ဗျ”ဆိုတဲ့စကားလုံးတွင်တွင်သုံးသူက ဟိုးအရင်ကာလများမှာ ခင်ဗျား-ကျုပ်-နင-်ငါ စကားလုံးများနဲ့ ဝုန်းဒို်င်းကျဲ မကျေနပ်တာများတွေ့ရင် ဘေးလူဆွဲလု့ိမနိုင်လောက်အောင်ကို  ပေါက်ကွဲတတ်သူဆိုတာ သိများသိရင် “ဟယ် တလွဲကြီးလို့” မှတ်ချက်ပေးမှာအသေအချာ။   (ဒါကတော့ ကိုယ့်ဓါတ်ပုံကိုယ်ပြန်ကြည့်ရင်းပြန်တွေးမိတဲ့အတွေးလေးပါ)     ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ […]


အခုတလော မရေရာတဲ့ ကိုယ့်အနာဂတ်အတွက် မျက်စိမှိတ်စဉ်းစားတိုင်း အိပ်မပျော်တဲ့ရက်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အတွေး တွေနဲ့ဘဲ ကျော်ဖြတ်နေရတယ်။ ဒါပေမယ့် ကိုယ်လိုသူလို လူတန်းစားတွမှာတောင် ခံစားနေရတယ်ဆိုရင် ကျန်တဲ့ကိုယ့်ထက်ဆိုးတဲ့ လူငယ်တွေရဲ့အနာဂတ်ဟာ လှပနိုင်ပါ့မလား။ ကိုယ်လုပ်မှ ကိုယ်ရ ဆိုတဲ့ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝမှာ လူငယ်တစ်ယောက် အနေနဲ့ ဘာလုပ်သင့်သလဲဆိုတဲ့ အဆင်မပြေမှုတစ်ချို့နှင့်အတူ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း နာကြည်းချက်(သို့) စိတ်၏ဖြေရာ အဖြစ်စိတ်နာစရာတွေကို စာလုံးတွေအဖြစ်ပြောင်းလို့ ကွန်ပျူတာ စာမျက်နှာထက်က စာလုံးတွေ အဖြစ် ပြောင်းလဲ ခဲ့ရတဲ့ နေ့တွေလည်း တဖြည်းဖြည်းနဲ့အသားကျလာခဲ့တယ်။ ဒါပေမယ့် ဒီလိုခံစားနေရာတာဟာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး၊ တစ်ခြား ကျွန်တော့် လိုလူငယ်တွေမှာရော ဒီလိုဘဲ ခံစား ရမှာပါလေ၊ ဒါဆို သူတို့ဟာ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေ ကို ဘယ်လိုကျော်ဖြတ်ကြသလဲ၊ […]


DEPARKO DEPARKOAugust 30, 20121min07
တချိန်က အရက်ကို စွဲလမ်းနှစ်ချိုက်စွာ သောက်သုံးတဲ့ အထဲ ကျွန်တော်ပါခဲ့ဘူးပါတယ်၊ အဲဒီအချိန်ကဆို အရက်နဲ့ပါတ်သက်လို့ အပြောမခံနိုင်ပါ၊ အရက်ကို စိတ်ကြိုက် အမြည်းကောင်းကောင်းနဲ့ အရက်သောက်တဲ့အချိန်ဆို ဘယ်သူနဲ့မှတွဲမသောက်ဘဲ တစ်ယောက်ထဲ ဇိမ်ခံသောက်တဲ့တစ်ယောက် ဖြစ်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က ကျွန်တော့်သူငယ်ချင်းတော်တော်များများ အရက်သောက်လို့သေဆုံး ကုန်ကြတာရယ် အရက်ကြောင့်ဘဝပျက်ကုန်ကြတဲ့သူတွေနဲ့ အရက်နဲ့ပါတ်သက်ပြီး ကျွန်တော့်ဘဝမှာ အပြောင်းအလဲကြီးကြီးမားမားကြုံခဲ့ရပြီးနောက် အရက်သမားဘဝကရာသက်ပန်လမ်းခွဲလိုက်ပါတယ်။ အခုဆိုရင်အရက်တင်မက မူးရစ်စေတဲ့အရာမှန်သမျှ ကျွန်တော်အားလုံးကိုရှောင်ကျဉ်ခဲ့တာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး၊ ဆေးလိပ်၊ကွမ်း၊အရက်၊ဘီယာ၊ယုတ်စွအဆုံး ထန်းရည်အချိုတောင် ကျွန်တော်လုံးဝမသောက်တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ၊ အဲဒီမှာတင် အရက်အတူသောက်ခဲ့ဘူးတဲ့သူငယ်ချင်း တွေနဲ့ တဖြေးဖြေးဝေးကွာခဲ့သလို အရက်နဲ့ပါတ်သက်တဲ့ အကြောင်းတွေလဲတဖြေးဖြေးလေ့လာခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကျွန်တော်ညီ အသက် ၂ နှစ်ငယ်တဲ့တစ်ယောက် အရက်အလွန်အကျွံသောက်ရာက အသည်းကျွမ်းသေဆုံးခဲ့ပါတယ် သူသေတဲ့အချိန် အသက် ၄ဝ မပြည့်သေးပါဘူး။ အမေမသေခင်ကတော့ ဒီကောင့်ကို ဂရုစိုက် အစာမှန်မှန်ကျွေး […]


DEPARKO DEPARKOAugust 30, 20121min04
လေအေးပေးစက်၊နံရံကပ်တီဗွီနှစ်လုံးလိုင်းမျိုးစုံ ၊ ဒန်းလော့မွှေ့ယာပေါ်အနားယူနေတဲ့ ဦးဦးဘဘအရွယ်စုံတွေရဲ့ ခြေထောက်၊ခါး၊ကိုယ်လုံးပေါ် နေရာအနှံ့ လက်နုနုလေးတွေ မဲညိုနေအောင်နှိပ်ပေးနေရတဲ့ ဆယ်ကျော်သက်အရွယ်စုံ မိန်းကလေးအယောက်၅ဝလောက်အလုပ်လုပ်နေတဲ့ နေရာလေးတစ်ခုကို ကျွန်တော် အလည်ရောက်ခဲ့ပြီးသူတို့တွေရဲ့ခါးသီးတဲ့အတွေ့အကြုံတွေကိုသိခဲ့ရတယ်။ နှစ်ယောက်ခန်း၊သုံးယောက်ခန်းတွေမှာဧည့်သည်အလိုကျ ဖျော်ဖြေနေရတဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေအရ တရားမဝင်လုပ်ငန်းဖြစ်နေလေတော့ ခေါင်းငုံ့ခံခေါင်းပုံဖြတ်ခံနေရပေမဲ့ တစ်ခြားဘယ်အလုပ်ကမှ အဲဒီအလုပ်လောက်ဝင်ငွေမကောင်းလေတော့ တစ်နာရီနှစ်ထောင့်ငါးရာကျပ်၊နှစ်နာရီယူရင်တစ်နာရီအပိုဆောင်းပေးတော့ ဧည့်သည်အများစု နှစ်နာရီယူကြတယ်၊ နှိပ်တဲ့ကလေးမကတစ်နာရီငါးရာကျပ်ဘဲရတယ်၊ သုံးနာရီလုံးလုံးမရပ်မနားနှိပ်မှ တစ်ထောင့်ငါးရာကျပ်၊အနှိပ်ခန်းပိုင်ရှင်ကသုံးထောင့်ငါးရာကျပ်၊ဧည့်သည်က တစ်ယောက် တစ်နာရီဘဲယူရင်တော့ အနှိပ်ခန်းပိုင်ရှင်က ခြောက်ထောင်ကျပ် ဒါပေမဲ့ သူတို့လေးတွေကသူတို့ဘောစိ (သူဌေး) ကိုတကယ့်ကယ်တင်ရှင်ကြီးလို သဘောထားတာတွေ့ရတယ်။ တစ်လကိုတစ်ခါအိမ်ကို ၃ရက်ပြန်ခွင့်ရတယ်၊ ထမင်းကိုအသားဟင်းနဲ့ကျွေးပြီး အိပ်ဘို့မွေ့ယာနဲ့ဆိုတော့၊ဆင်းရဲတဲ့ကလေးမလေးတွေအဖို့ တကယ့်ကိုနတ်ဘုံလို့ထင်မှတ်မှားစရာပေါ့၊နှစ်ကုန်ရင်ဆုကြေး၊မဲဖေါက်၊သူတို့ကို တစ်လနာရီသုံးရာကျော်အောင်အလုပ်လုပ်နိုင်ရင် ပရမိုးရှင်းအနေနဲ့ တစ်နာရီခွန်နှစ်ရာနှုန်းနဲ့ရှင်းပေးတော့(တစ်နေ့အနဲဆုံးဆယ်နာရီ)တစ်လ နှစ်သိန်းကျော်ကျော်ရလေတော့ ဧည့်သည်ကိုဖေါက်သည်ဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ကြရာက ရုပ်ရည်လှတပတ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေအတွက်တော့ တစ်လကို နှစ်သိန်းကျော်ရနိုင်တဲ့ နေမထိလေအေးစက်တပ်ဆင်ထားပြီးဧည့်သည်ကကျွေးသမျှ ဗိုက်ကားအောင်စား […]


သုရွင္August 30, 20121min05
  ဗိုက်ပူနံကား တစ်ခုခု ကို ကုန်းပြီးအသည်းအသန် ရှာနေစဉ်တွင် လူပျိုကြီး ကိုမိုးဆွေ ရောက်လာပါတယ်။ ကိုမိုးဆွေ ကြီးက ကြီးမှ ဝက်သက် ပေါက်ရန် အသည်းအသန် ကြိုးစားနေသူဖြစ်ရကား ရွာထဲက မိန်းမပျိုများ၊ တစ်ခုလတ်များ၊လင်ကွာ၊လင်ပစ်၊ မုဆိုးမ များ အားလုံး အထူးသတိထားနေ ရ ပါသော ပြဿနာ ကောင်ကြီးဖြစ်ချေသည် တမုံ့။ ကိုမိုးဆွေကြီးက သူ့အသက်ကို ( ရှက်၍ ) မည်သူ့ကိုမျှ အတိအကျ ပြောဖူးသည် မရှိသော်လည်း ( ကိုမိုးဆွေကြီးက သူ့အသက်ကို သုံးဆယ်လိုလို သုံးဆယ့်ငါးလိုလို ယောင်ဝါးဝါးလိမ်တတ်သေးတယ်ချင်ဗျ ) ကိုမိုးဆွေ ကြီး ၏ ဇာတာရက်ချုပ်ကို ခိုးကြည့်ဖူးသူ မယ်ဝင်းစိန်ကတော့ လေးဆယ့်ငါးနှစ်ထဲမှာ ဟုကြေငြာလိုက်သည်တွင် ကိုမိုးဆွေကြီး ရှက်ရှက်နှင့် ဗြောင်လိမ်ဖူးတယ်။ […]


သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။ ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ […]


DEPARKO DEPARKOAugust 29, 20121min08
ဝမ်ပုံရွာကလေး……. မဲခေါင်မြစ်ကလေးပေါ်မေးတင်နေလေရဲ့။ တစ်ဖက်ကမ်းမှာတော့ လာအိုနိုင်ငံက ရွာကလေး နှစ်ဆယ့်လေးနာရီ လျှက်စစ်မီးရသတဲ့၊ ဘတ် ၁၀ဝ (ထိုင်းငွေ) ပေးပြီးကြိုက်သလိုသွားလို့ရသတဲ့၊ လာအိုထီး လာအိုမတွေ ဒီဘက်ကမ်းမှာဈေးနေ့(ကြာသာပတေးနေ့တိုင်း) ဝမ်ပုံရွာလေးကိုဈေးလာဝယ်ကြတယ်။ မြန်မာနိုင်ငံရဲ့ ရွာကလေးဟာ မြန်မာငွေသုံးလို့မရဘဲ ထိုင်းဘတ်ငွေကိုသာသုံးကြလို့ ငွေလဲလိုက်ရတယ်။ မြန်မာနိုင်ငံမှာ ဖုန်းတွေကိုဈေးကြီးကြီးပေးဝယ်နေရတဲံအချိန် (GSM 200000/ WCDMA 250000ကျပ် ဘတ်ငွေ၁၀၀၀ဝခန့်) မှာ လာအိုဖုန်း UNITEL ။ ထိုင်းဖုန်း 12 call ။ Detect ။ ဖုန်း ရ မျိုးလောက်ရှိပြီး ကြိုက်တာယူ ကြိုက်တဲ့လိုင်းယူ ဘတ် ၅ဝ ထဲ မြန်မာငွေ ၁၂၅ဝ ကျပ်နဲ့ ဖုန်းတစ်လုံး ကိုင်လို့ရတယ် တစ်ဖက်ကမ်းမှာလည်း တာဝါတိုင်ကြီးက ဟီးလို့ Over sea […]