Ninh Binh တစ်ခေါက် အလည်သွားကြရအောင်-3

may flowersSeptember 3, 20124min010

ကဲ..ဘုရားတွေဖူးပြီးရင်  နောက်ရှုခင်းလှလှလေးတွေ သွားကြည့်ရအောင်နော်။

 

ဒီလှေ ဆိပ်ကနေ လှေစီးပြီး  ရှုခင်းလေးတွေ လေ့လာကြည့်ရှုကြတာပေါ့…။

 

မြစ်ပြင်တစ်လျှောက်က လှေငယ်ငယ်လေးတွေ…။

 

တောင် ကြားထဲက မြစ်ကြောတစ်လျှောက် လှေလိုက်စီးရအောင်….။

 

မြစ်ကမ်းပေါ်က လှေကလေး …။

 

ဒါလေးကအနီးကပ်…။

 

 

သူတို့က အပြန်   ကိုယ်တွေကအသွား…။

 

အပြန်ခရီးသည်တွေ လေ….။

အစိမ်းရောင် မြစ်ကြမ်းပြင်ကို ရိုက်ထားတာ ..အရမ်းလှတယ်လေ။

 

သူတို့ဆီမှာလည်း လှေကိုခြေနဲ့ လှော်ကြပါတယ်…။

 

တောင်ညီနောင်၊ မြစ်စိမ်းစိမ်းနဲ့ လှေကိုခြေနဲ့ လှော်နေတဲ့ မိန်းမပျိုလေး….။

 

အဝေးက မှုန်ပြပြ ဘုရားကျောင်းလေး………။

 

ရှေ့ကဂူဝကို မြင်နေရပြီ…ဒီဂူတွေထဲကနေဖြတ်သွားရမှာ…။

 

ခေါင်းငုံထားနော်  တိုက်မိမယ်….။ဂူထဲမှာ မှောင်လည်းမှောင်၊ လှေတစ်စီးသာသာဂူပေါက်လေးတွေမို့ ဓါတ်ပုံရိုက်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ဘူး…ခေါင်းကို

ငုံ့ပြီး  ၁၅ မိနစ်လောက်ကြာကြာစီးလိုက်ရတယ်…။

 

ဂူအထွက် ကကြာပန်းပင်လေးတွေ…အပွင့်ဖြူဖြူလေးတွေကတော့..ဘာပန်းလေးတွေလည်းမသိဘူး..။

 

အဲဒီအကွေ့လေးမှာ နောက်ဂူတစ်ခုရှိသေးတယ်…သွားကြရအောင်နော်…။

 

မြစ်ကွေ့နားက ကြာပန်းပင်လေးတွေ….။

နောက်ရှုခင်းလေးတွေကို အပိုင်း-၄ မှ ဆက်ကြည့်ကြတာပေါ့နော်..အားပေးကြည့်ရှုကြတဲ့ ….ရွာသူ၊ ရွာသားအားလုံးကို ကျေးဇူးအထူးတင်ပါနော်..။

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • Ko Khin Lwin

    September 3, 2012 at 11:08 pm

    ဒါကတတိယပိုင်းပေါ့ မမေရေ။
    အလှတွေကိုဘဲ ရိုက်တာလား၊
    ရိုက်တာတွေကဘဲ လှတာလား၊
    ပုံတွေကတော့ လှပဗျာ။

    Reply

  • YE YINT HLAING

    September 4, 2012 at 6:57 am

    ခုလိုမျိုး ခရီးသွား သဘာဝပတ်ဝန်းကျင် နဲ့ ဗဟုသုတဖြစ်စရာ နိုင်ငံရပ်ခြားက မိမိတို့ဘာသာ ဘုရားကျောင်းနဲ့ ပုံတော်တွေ ကြည့်ရှုခွင့်ရတဲ့ အတွက်ကြောင့် ဒီကလည်း ကျေးဇူးပါဗျာ !

    Reply

  • Ma Ei

    September 4, 2012 at 1:10 pm

    မေလေးရေ…
    No..3 မှကြည့်ရလို့ အစကပြန်ကြည့် လိုက်ပါတယ်…
    အတော်လှတဲ့ နေရာလေးတွေဘဲနော်…
    မြစ်ကြမ်းပြင်အစိမ်းရောင်ကို ရိုက်ထားတာလေး ..အရမ်းလှတယ်…
    အရင်က အင်းလေးရေပြင်လဲ ဒီလိုရေမှော်လေးတွေမြင်နေရခဲ့တာ…
    အန်ကောဝပ် ဘုရားကျောင်းရော ရောက်ခဲ့လားဟင်…
    နောက်ထပ်ပုံလေးတွေ မျှော်နေမယ်နော်…

    Reply

  • ကိုခင်ခ

    September 4, 2012 at 1:31 pm

    မမေရေ တစ်နေ့တစ်မျိုးမရိုးရအောင် ပုံတွေတင်ပေးနေလို့ ကျေးဇူးပါ။
    ခေါင်းငုံပြီးစီးရတယ်ဆိုတော့ မေ့ပြီးခေါင်းထောင်လိုက်ရင် အာလူးသီးနဲ့ညားမလားဘဲနော်။

    Reply

  • may flowers

    September 4, 2012 at 1:50 pm

    Ko Khin Lwin ရေ ကျွန်မက ဓါတ်ပုံရိုက်တာ ဝါသနာသိပ်မပါလှသလို ရိုက်လည်းမရိုက်တတ်တာ

    ဝန်ခံပါရစေ။ ဒါပေမဲ့ ရွာသူ/ ရွာသားတွေကို ရှုခင်းလေးတွေ ကြည့်စေချင်လို့ ရိုက်လာခဲ့တာပါ။

    အပြင်မှာ ရှုခင်းလေးတွေက ပုံတွေထဲကထက်အပုံကြီးပိုလှပါတယ်လို့…။ အားပေးတဲ့ အတွက်ကျေးဇူးပါနော်။

    welcome ပါ YE YINT HLAING ရေ…ခုလိုအားပေးကြည့်ရှု ကော့မန့်ပေးတဲ့အတွက်

    ကျွန်မကလည်းကျေးဇူးတင်ပါတယ်လို့..။

    လှေပျက်ကြီးက ဆန်းတယ်ထင်လို့ ရိုက်လာခဲ့တာပါ ကိုနာဂ ရေ..အားပေးတဲ့အတွက် ကျေးဇူး။

    မအိရေ ပုံလေးတွေ အရမ်းလှတယ်ပြောလို့ကျေးဇူးပါ ။ အမှန်တော့ မအိတို့ လေးပေါက်တို့ကို အားကျလို့

    ဒီလိုရိုက်ဖြစ်တာလေ။

    သေချာတာပေါ့ ကိုခင်ခ ရေ…ဂူကျဉ်းကျဉ်းလေးတွေအပြင် အပေါ်က ကျောက်စက်ပန်းဆွဲတွေနဲ့ ဆိုတော့

    ခေါင်းကို ငုံပြီးလိုက်စီးရတော့ အတွင်းပိုင်းပုံလေးတွေတောင် မရိုက်လာခဲ့ရဘူး…ခေါင်းမော့လိုက်တာနဲ့

    လှေလှော်တဲ့ အမျိုးသမီးက ခေါင်းငုံထားဖို့ အော်တော့တာပဲ…။

    Reply

  • pooch

    September 4, 2012 at 1:58 pm

    မမေရေ ကျမစိတ်ကူးထဲမှာ အဲ့လိုလှေစီးပြီး ခရီးထွက်ရတာမျိုးကို သိပ်သွားချင်ခဲ့မိတယ်။ ဒီလို တောတောင်ရေမြေတွေနဲ့ပေါ့။ လှေကတော့ အင်းလေးမှာ အကြာဆုံးစီးဖူးတာပါ။

    ကြုံကြိုက်လို့ အခွင့်ရေးပေးခဲ့ရင် သွားချင်ပါသေးတယ်။ ၁ ကနေ ၃ ခေါ်တဲ့အထိ အလည်လိုက်ခဲ့ပါတယ်နော်။ နောက်လည်း ခရီးလေးတွေ မကြာမကြာပို့ပေးပါအုန်း 😀

    Reply

  • may flowers

    September 4, 2012 at 2:08 pm

    ခုလိုအားပေးတဲ့ အတွက် ကျေးဇူးပါ pooch ရေ ..။စိတ်ချ နောက်ခရီးလေးတွေ ထွက်ဖြစ်ရင်လည်း

    ပုံလေးတွေ တင်ပေးပါ့မယ်နော်။

    Reply

  • မောင်ပေ

    September 4, 2012 at 8:46 pm

    အရမ်းကို လှတာပဲ မေလေးရယ်
    နောက်တစ်ခေါက်ထပ်သွားရင်တော့
    မောင်ပေ နဲ ့အတူတူပေါ့ကွာ

    Reply

  • may flowers

    September 5, 2012 at 5:33 pm

    ခေါ်ပါတယ်ကိုပေရေ မိသားစုလိုက်ခေါ်ခဲ့နော်..။

    Reply

Leave a Reply

Your email address will not be published.