လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့! (၄) မလုပ်ပါနဲ့လို့ […]


သမက်မကောင်း ကျောင်းပို့ ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။) သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း […]


တစ်ချို့က ဆိုကြတယ်။ ဘာသာရေးတွေမရှိရင် လူတွေ အထိန်းအကွပ်မဲ့ပြီး ရာဇဝတ်မှုတွေ ထူပြောလာလိမ့်မယ်လို့လေ။ လူတွေကို အစဉ်အလာ ဘာသာရေးက ရာဇဝတ်မှုတွေ မကျူးလွန်အောင် ထိန်းပေးနိုင်တယ်လို့တော့ ကိုယ်မထင်ဘူး၊၊ ထောင်ကျတွေမှာ ဘာသာမဲ့ရာခိုင်နှုန်းထက် ဘာသာရှိသူတွေက ပိုတောင်များနေလို့ပါပဲ၊၊ ဘာသာရေးကိုင်းရှိုင်းတဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ အီတလီလို နေရာတွေမှာ ရာဇဝတ်မှု ထူပြောပြီးတော့ ဘာသာမဲ့ များတဲ့ စကန်ဒီနေးဗီးယန်းတိုင်းပြည်တွေမှာ ရာဇဝတ်မှု အလွန်နည်းပါတယ်။။ တစ်လောက နော်ဝေ လူသတ်ပွဲကြီးလုပ်ခဲ့တဲ့ အန်ဒရေဟာ ဘာသာရှိ အစွန်းရောက်မျိုးချစ် တစ်ယောက်ဆိုတာကို မမေ့သင့်ဘူး။ နောက်တစ်ချက်က ဘာသာတရားတွေက သူတို့ ခြံစည်းရိုးကို မထိ သေးသရွေ့တော့ သဘောထားကြီးစွာနဲ့ မေတ္တာ တရားကို ဟောနေလိမ့်မယ်။ ထိပါးတယ်ထင်လို့ကတော့ ပိုကြောက်စရာကောင်းတဲ့ လက်သည်းတွေ အစွယ်တွေကို မိတ်ဆွေကို ထုတ်ပြပါလိမ့်မယ်။ ဒါကြောင့် ဘာသာရေးတွေထက် […]


the bestSeptember 16, 20121min012
အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ-၁၆ ကမာရွတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဟံသာရိပ်မွန်အိမ်ရာ၊ စံပယ်မာဃလမ်းရှိ ခြောက်ထပ်တိုက်၊ ခြောက်လွှာနောက်ဖေးအရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ ယနေ(့စက်တင်ဘာ ၁၆ရက်)ညနေသုံးနာရီခွဲခန့်က အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။ ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးခင်မောင်ညွှန့်နှင့် ရင်းနှီးသူ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၁)အထပ်သားစက်ရုံ၊ လွှသွေးစက်ပြင်ဝန်ထမ်း ဦးသန်းဝင်းသည် နောက်ဖေးရေပိုက်အားပြုပြင်ပေးနေရာမှ အရေးပေါ်လှေကားကိုတက်နင်းမိစဉ် လှေကားဂဟေဆက်ပြုတ်ထွက်၍ အောက်သို့ပြုတ်ကျသေဆုံးသွားကြောင်းသိရသည်။ ““ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ့တယ်။ အောက်ရောက်တော့ မသေခင်စကားတစ်ခွန်းနှစ်ခွန်းပြောသွားသေးတယ်။ တခြားခြေလက်ကျိုးတာတော့မတွေ့ရဘူး။ အလောင်းကို ရန်ကုန်ဆေးရုံကြီးသယ်သွားပါပြီ””ဟု သေဆုံးသူ ဦးသန်းဝင်းနှင့် ရင်းနှီးသော အထပ်သားစက်ရုံဝန်ထမ်းတစ်ဦးကပြောသည်။ http://www.facebook.com/7daynews/posts/416274768434163  


DEPARKO DEPARKOSeptember 16, 20121min0
ဒီနေ့မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်တွေနိမ့်ကျနေချိန် ဦးနှောက်ယိုဆီးမှု ပြသနာနဲ့ ပညာရည်နိမ့်ကျမှု ပြသနာတွေကို အဓိက ဆန်းစစ်လိုက်ရင် ငယ်စဉ်ကလေးဘဝ လူနေမှု အခြေအနေ ဟာအများကြီးသက်ရောက်နေတာကိုတွေ့ရမှာပါ မိဘတွေတော်တော်များများဟာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့ သားသမီးတွေကိုဆုံးမချိန်နဲလာသလို ဆင်းရဲမွဲတေမှု ကြပ်တည်းမှုရဲ့ဒါဏ်ကြောင့် သားသမီးတွေကို ကောင်းမွန်တဲ့လမ်းကို ညွှန်ပြဘို့ မလွယ်တော့သလို ကလေးသူငယ်တွေအတွက် အိပ်ရာဝင်ပုံပြင် ( ၅၅ဝ နိပါတ်လိုမျိုး/ ကလေးငယ်များ အတုယူစရာပုံပြင်များ) နဲ့ချော့သိပ်တဲ့ခေတ်ကုန်သွားသလို ကလေးတွေကို မကောင်းမှုတွေမလုပ်ဖို့ တားမြစ်တဲ့ ဆိုဆုံးမသံတွေလျှော့ကျလာတာနဲ့အမျှ လူ့ပါတ်ဝန်းကျင်မှာ မကြားဝန့်မနာသာရိုင်းပြမှုတွေ မမြင်ရက်စရာကလေးမှုခင်းတွေ ထိမ်းမနိုင်သိမ်းမရ ဆိုးသွမ်းမှုတွေ အုပ်စုဖွဲ့မကောင်းမှုပြုလုပ်တာတွေ ဒီနေ့တော်တော်များများတွေ့ရမှာပါ။ လေးတန်း၊ငါးတန်းအရွယ်တွေရည်းစားထားတာကို ဂုဏ်ယူစွာပြောဆိုနေတဲ့ မိဘတွေကို ကျွန်တော်အံ့အားသင့်စွာတွေ့ရသလို တစ်ချို့ကလေးတွေဟာ ကလေးနဲ့မလိုက်တဲ့ အပြုအမူ အပြောအဆိုတွေကြား အရွယ်မရောက်ခင် အိမ်ထောင်ပြုကြတာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ မိဘတွေ […]


DEPARKO DEPARKOSeptember 15, 20121min0
လမ်းပြသူ ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က စိတ်ဝယ်သူ မှန်းဆရည်ရော်တော့ ဖြူဆင်လွလွ။ အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့ ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့ ပန်းစပါယ်ရဲ့ဘဝ။ အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့် နေရာယူ ထပ်တူပြုလေတော့ ရှုလို့မဝ။ ဒီပါကို ထုံးစံအတိုင်းပေါ့ အဖေကအိမ်ကနှင်ချတယ် အမေပါလိုက်ဆင်းတယ်နေရာက ကျိုက်လတ် အမေ့ညီမရှိတဲ့နေရာ ကျိုက်လတ်မြို့ တစ်ဖက်ကမ်း ကင်းချောင်းဆိုတဲ့ရွာလေး အဖေ့ဘက်က အမျိုးတွေရော အမေ့ဘက်က အမျိုးတွေရော များသောအားဖြင့် ကျွန်တော့် ညီအကိုတစ်ဝမ်းကွဲ ကိုသန်းထွန်းအိမ်မှာ ကိုသန်းထွန်းက အုန်းသီးကုန်သည် ကင်းချောင်းတစ်ဝိုက်နဲ့ ကျိုက်လတ်ပါတ်ဝန်းကျင် ရွာလေးတွေမှာ အုန်းသီးလိုက်ကောက်တယ် ပြီးတော့သူ့လှေနဲ့သယ်လာပြီး သုံခွဆုံဒေါင့်က သူ့အိမ်မှာ အုန်းသီးအခွံနွှာတယ် မြေကြီးမှာ ပြောင်းပြန်စိုက်ထားတဲ့ လှံလိုမျိုးသံချွန်မှာ ခွမ်းကနဲ ခွမ်းကနဲ ထိုးခွါတာ နာရီဝက်အတွင်း အုန်းသီးတစ်ရာနှစ်ရာပြိုက်ကနဲဘဲ တစ်ချက်ခုတ်နှစ်ချက်ပြတ် […]


DEPARKO DEPARKOSeptember 15, 20121min0
၁၉၈ဝ အဖေဖားကန့်က အပြန်ငှက်ဖျားမိ ရန်ကုန်မှာ ဆေးကုဖို့ ပြန်တော့ ကျွန်တော့အတွက် ငရဲခန်းငရဲဘုံပြန်ရပြီလေ ၉တန်းကျောင်းသား စိန်ဂျွန်းကျောင်းသား အိမ်ကနေ ကျောင်းတက်ဘို့ ကားဂိတ်ကို မနက် ၆နာရီထသွား ထမင်းချိုင့်မပါ၊ တစ်နေ့ကားခတစ်ကျပ် နံပါတ်ရှစ် ကားဂိတ်ကို ၅ဝ မိနစ်လောက် လမ်းလျှောက် ကားခ အသွားပြား၃ဝ အပြန်၃ဝ ပေါင်း၆၀ ဟံသာဝတီကနေ ၁၂ကားစီး၂ဝပြား ဒီတော့မုန့်ဖိုးကျန်အောင် အုတ်ကျင်းဘူတာအထိ တစ်နာရီခွဲလောက် လမ်းပိုလျှောက်ပြီး ရထားခ၁ဝပြားနဲ့ ကျောင်းတက်ပြီးကျောင်းဆင်းချိန်ညနေ၃နာရီ အမအကြီးဆုံးရှိတဲ့ ဒေသ၃ ကောလိပ်ကိုသွား (တက္ကသိုလ်အင်္ဂလိပ်စာပြ) သူသင်တဲ့အခန်းထဲ ဝင်ပြီးနားထောင် (ဆရာမမောင်ဆိုတော့ကျောင်းသား/သူတို့ကလဲနေရာပေးတယ်လေ) အဲဒီတုန်းကရှိတ်စပီးယားပလေး (ဗီးနစ်မြို့ကကုန်သည်၊အော်သယ်လို) ဆဲဗင်းမာကာစတာ၊ တစ်ချို့တစ်ဝက်မှတ်မိနေသေးတယ် ညနေ၅နာရီကောလိပ်က (လှည်းတန်း) ခေမာရဇ်အဆောင်ကို အမကြီး ပြန်တော့ ကျွန်တော်လိုက်သွားပြီး အဆောင်ရှေ့လက်ဘက်ရည်ဆိုင်မှာ အမကျွေးတဲ့ မုန့်နဲ့လက်ဘက်ရည်သောက် (အဆင်ပြေတဲ့အချိန် […]


DEPARKO DEPARKOSeptember 15, 20121min0
၁၉၆ရအောက်တိုဘာ၂၄ကမာ္ဘ.ကုလသမဂ္ဂနေ့မငြိမ်းချမ်းသောမောင်ငြိမ်းချမ်းမွေးဖွားတဲ့နေ့ ငယ်နာမည်ချစ်တီး ငယ်ငယ်က ဝမ်းအမြဲချုပ်တတ်လို့ အမေ့ရဲ.ဒုက္ခအိုးလေးပေါ့ မိသားစုဝင်တွေ ပေးထားတဲ့ နာမည်ဆိုးတွေက အများကြီး ဂုန်းသား၊ ဂုန်းကောင်၊ အဖေတစ်ခါတစ်ခါ စိတ်လိုလက်ရခေါ်တဲ့နာမည်က ဂျန်ဘုကောင်တဲ့ ငယ်ငယ်ကတဲက ကိုယ့်ကိုကိုယ်မှန်တယ်လို့ထင်ရင် အလျှော့မပေးတတ်တော့ ရန်များတယ် မှတ်မှတ်ရရ မူကြိုတက်တော့ မောင့်ပရဲစန့်မှာ၊ အဲဒီခေတ်က အဖေက အကျဉ်းဦးစီးမှာ ဒုညွှန်မှူး၊ အဲဒီမှာစတာဘဲ၊ ဆရာမနာမည်တီချာကိတ်၊ အဖေကျောင်းကိုပို့ပြီး ရုံးပြန်သွားတော့၊ ကျောင်းစတက်တက်ချင်း ကလေးသဘာဝငိုတာကို ဆရာမက ကျောင်းမှာ သန့်ရှင်းရေးလာလုပ်တဲ့ မြက်ခုတ်တဲ့ အလုပ်သမားနဲ့ခြောက်တော့ ဆရာမလက်ကို ကိုက်ဆွဲထားတာ ဘယ်သူမှဖြေလို့မရလို့ အိမ်ကိုအကြောင်းကြား၊ ဆရာမလက်မှာလဲ အကွင်းလိုက်ဒါဏ်ရာ သေရာပါရော၊ ၁၉၈ဝ အိမ်ကိုအလည်လာတော့ ဆရာမလဲအိုနေပါပြီ၊ လက်ကဒါဏ်ရာလေး ပြပြီး အမှတ်တရလေးတွေပေါ့၊ ကျွန်တော့်မှတ်ဉာဏ်က အဲဒီအကြောင်းတွေ မနေ့တစ်နေ့ကအတိုင်း မှတ်မိနေတုန်း၊ ကဲမဆန်းလား၊ ဒုတိယပညာသင်ရတဲ့နေရာက […]


phone_kyawSeptember 15, 20121min04
VOA သတင်းအရ မုံရွာကြေးနီစီမံကိန်းအတွက် တရုတ် Company က တဧက ငှားရမ်းခကို ဒေါ်လာ သုံးထောင့်ငါးရာ မြန်မာအစိုးရကိုပေးရတယ်။ အထူးသဖြင့် ဦးပိုင်လီမီတက်ကိုပါ။ ဦးပိုင်က ရွာသားတွေကို ပြန်ပေးတာက တဧကကို နှစ်သိန်းနဲ ့သုံးသိန်းကြားလို ့သိရတယ်။ ဒေါ်လာသုံးရာပဲထားပါ။ ဆိုတော့ကျန်တဲ့ သုံးထောင့် နှစ်ရာကို ဦးပိုင်က သိမ်းတယ်ဆိုတဲ့သဘောပဲ။ အဲဒါတရားလား။ ဘယ်လောက်တောင် မိုက်ရိုင်းလဲဆိုတာကိုကြည့်ပါ။ ဖြစ်နိုင်ရင် အဲဒိငွေအတိအကျကို ရွာသားတွေပြန်ရသင့်တယ်။ မရမချင်း ဆန္ဒပြတာ မရပ်နဲ ့လိုဆိုပြီး ဝိုင်းပြီး ကြပ်ပေးကြဗျာ။ ဘုန်းကျော်


စာရှုသူ မိတ်ဆွေ လူကြီးမင်းအပေါင်းတို့ခင်ဗျား ကျွန်ုပ်ထွန်းပြောင်သည် များမကြာမီကာလတွင် အွန်လိုင်း(အင်တာနက်)လောကမှ နှုတ်ထွက်အနားယူတော့မည်ဖြစ်ကြောင်း ဦးစွာပထမ အသိပေးအပ်ပါသည်ခင်ဗျား……………….. အချို့သောစာရှုသူများက ..ထွန်းပြောင်အနားယူတာ ငါတို့နဲ့ဘာဆိုင်လို့လဲ ဟု… တွေးကောင်းတွေးပါလိမ့်မည်…. မှန်ပါသည်. သို့သော် ကျွန်ုပ်ထွန်းပြောင်အနေဖြင့် မနှုတ်ထွင်ခင် အသေချာ အဖန်ဖန်အထပ်ထပ် စဉ်းစားကြည့်ရာ ဦးကျွန်ုပ်၏အလွန်တရာသေးငယ်လှသော ဦးနှောက်အတွင်းသို့ အကြောင်းအရာများစွာပေါ်လာသဖြင့် ………ရေးသားလိုက်ရပါသည်။ ပထဦးစွာ ကျွန်ုပ်အနေဖြင့် အင်တာနက်အသုံးပြုစဉ်ကာလအတွင်း ကံသုံးပါးတို့ဖြင့် ကျူးလွန်ပြစ်မှားမိခဲ့သည်များကို ခွင့်လွတ်ပေးကြပါရန် ဒီနေရာကနေ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်ခင်ဗျား……….. ကံသုံးပါးဟု ဆိုရာဝယ်…မနောကံဖြင့်  အကြိမ်ကြိမ်အခါခါ ကျူးလွန်မိခြင်း ၊ ရံဖန်ရံခါ အသံထွက်ပြီးဆဲဆိုဖြင်း ပြစ်မှားခြင်း၊ အများဆုံး ကျူးလွန်သည်မိသည်မှာ ကျွန်ုပ်၏လက်အစုံဖြင့် ထွေရာလေးပါး ပေါက်တက်ကရ ၊ ညစ်တီးညစ်ညမ်း ရေးသားပြောဆိုခြင်းဟု ယူဆမိပါသည်။ မြတ်ဗုဒ္ဓ၏အဆုံးများတွင်  ပြစ်မှားကျူးလွန်မိသည်များကို ဝန်ချတောင်းပန်ပြီး ခွင့်လွတ်ပေးမှသာလျှင် […]


တေစၧSeptember 14, 20121min00
တောင်ကြီးမြို့မှာ ခွင့်ပြုချက်မရရှိပဲ ဆောက်လုပ်သီတင်းသုံးနေတဲ့ ကျူးကျော်ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်း ကို 12.9.2012 ရက်နေ့မှာ ဖျက်သိမ်းခဲ့ပါတယ် အဲဒီ ဘုန်းတော်ကြီးကျောင်းတွေဟာ တောင်ကြီးမြို့ ဘေးမဲ့သစ်တော ကြိုးဝိုင်းအတွင်းမှာရှိနေပြီး သစ်တောဦးစီးဌာနက 2011 ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ကျောင်းထိုင်များကို အသိပေးထားပြီး ဘုန်းတော်ကြီးများကလည်း မြို့နယ်သံဃာ့နာယကအဖွဲ့ရဲ့ ရှေ့မှောက်မှာ ဝန်ခံကတိ ရေးထိုးပြီးဖြစ်တယ်လို့လဲသိရပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ ကျောင်းများရွှေ့ပြောင်းခြင်းမရှိတဲ့အတွက် ပြည်နယ် သာသနာရေးဦးစီးဌာနနဲ့ မြို့နယ်သံဃာ့နာယကအဖွဲ့တို့က ဦးဆောင်ပြီး ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်သိမ်းရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့လဲသိရပါတယ်။ ရွှေ့ပြောင်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေကတော့ နဂါးလိုဏ်ဂူကျောင်း၊ ရွှေဉာဏ်ပင်တောရကျောင်း၊ နိဗာန်ဂူတောရကျောင်း၊ ဗလတောင်ကုန်းကျောင်း ထင်းရှူးမြိုင်တောရကျောင်း၊ မေတ္တာရေကန်ကျောင်း၊ ဝိမုတ္တိတောရကျောင်း၊ ဝိမုတ္တိ်တောရကျောင်းခွဲ၊ မိဂဒါဝုန်ကျောင်း၊ သဲကျင်းဂူကမ္မဌာန်းကျောင်း၊ ရွှေဥဒေါင်းတောရကျောင်း နဲ့ အမည်မရှိသေးသည့် ကျောင်းနှစ်ကျောင်း စုစုပေါင်း […]


top starSeptember 14, 20121min02
္ဒမန္တမေလးမြို့ ချမ်းမြသာစည်မြို့နယ် ပြည်ကြီးတံခွန်မြို့နယ်နှင့်အမရပူရမြို့နယ်အတွင်းရှိမြို့ကွက်သစ်ရိုက်ရန်သိမ်းယူထားသောလယ်ယာမြေဧက  ၈၀ဝကျော် အတွင်းမှ အသုံးပြုပြီးပိုလျှံသောမြေလွတ်မြေလပ်များကို တောင်သူများမှ အသုံးပြုနေခြင်းကိုမန္တလေးတိုင်းစည်ပင်သာယာရေးကော်မတီမှအဓမ္မနည်းဖြင့်ပြန် လည်ညိုနိုင်းမှုမရှိဘဲ  သိမ်းယူရန်ကြိုးပမ်းဆောင်ရွက်နေပါသည်.  မန္တလေးစည်ပင်မှ စာများကပ်ခြင်း  အသံချဲ့စက်ဖြင့်ကြေငြာခြင်းများပြုလုပ်ပြီးလိုက်နာမှု မရှိပါကတရားစွဲဆို ထောင်ချရန်အဓမ္မအကြမ်းဖက်သောနည်းဖြင့်ဆောင်ရွက်နေပါသည်……ှ


ဦးသုSeptember 14, 20121min024
တွေးရင်တွေးရင်း ရေးဖြစ်သည် မိန်းမ နဲ့ အမေ ဘာကွာလဲ? မူးပြီးအိမ်ပြန်လာရင်မိန်းမက ငြူစူဆောင့်အောင့် စိတ်ကောက်နေချိန် မှာ ဘုရားရှိခိုးနေရာကထပြီးသားထမင်းစားမလားဆိုပြီး ဟင်းနွေးပြီးထမင်းပွဲပြင်ပေးတာအမေ………. အဆင်မပြေမှုတွေက အပေါင်းအသင်းတွေပါခေါ်ပြီးရောက်တာတဲ့ အချိန်မှာ ဘာဆက်လုပ်ရမလဲ ဆိုတာမိန်းမက ခေါင်းပူအောင်စဉ်းစားခိုင်းနေချိန် မနက်အိပ်ရာကနိုးတာနဲ့ မနက်စာ ကြိုက်တတ်တာလေးတွေ အစောကြီးထပြီး ပြင်ဆင်ပေးတာ အမေ……… ထမင်းနင်လို့ မိန်းမက ရေထခပ်ပေးဖို့တောင်မေ့နေချိန်မှာ ရေနွေးကြမ်းတစ်ခွက် ရေအေးတစ်ခွက် ကြိုက်တာသောက်နိုင်အောင်ပြင်ပေးတာ အမေ… မိန်းမ ချက်တဲ့ဟင်း ငန်လိုက်တာလို့ ပြောလိုက်ချိန်မှာ ဆရာဝင်မလုပ်ပဲ ကြိုတ်မှိတ်ပြီးစားနေတာ အမေ……. မိန်းမလက်ထဲ ရသမျှပိုက်ဆံတွေပေးနေတဲ့သားဆီက တစ်ထောင်လောက် တောင်းဖို့အမြဲတမ်းတွန့်ဆုတ်နေတတ်တာအမေ…… အသက်တွေကြီးလာတာနဲ့အမျှ မိသားစု စားသောက်ပွဲတွေ အပန်းဖြေခရီးတွေ နဲ့ဝေးဝေးသွားပြီး စကားဝိုင်းတွေထဲမှာဝင်ပါခွင့်မရတော့တာအမေ.။။။။။။။။။။