ယခုမြင်တွေ့နေရတဲ့ဓာတ်ပုံတွေကတော့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်(၄၉၈)ရွှေပန်း ဘဲတန်းရပ်(စစ်ကိုင်း-မန္တလေး)ကားလမ်းမဘေး ဝါခေါင်လဆုတ်(၅)ရက် (6.9.2012)နေ့မှာ ပြုလုပ်တဲ့ မယ်တော်ကြိုပွဲ ဖြစ်ပါတယ်။မယ်တော် ဆိုတာဘယ်သူလဲ၊ဒီရာဇဝင်ေလေးကို ကျွန်တော်သိသလောက်အနည်းငယ်ပြောပြပါမည်၊ ဃဂဏန တော့သိပ်မသိပါဘူးလို့ကြိုတင်ပြီးပြောပါ့ရစေ။ တောင်ပြုံးပွဲတော်ဆိုရင်လူတိုင်းသိကြမှာပါ၊ဒီပွဲရဲ့မင်းနှစ်ပါးကတော့ ရွှေဖျဉ်းကြီးနှင့်ရွှေဖျဉ်းလေးတို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ခမည်းတော်နှင့်မယ်တော်တို့ကတော့ ကိုဗျတ္တနဲ့ မယ်ဝင်္ဏ(စာလုံးပေါင်းမှားရင်သည်ခံပါ၊ထပ်ဆင့်စာလုံးရိုက်မရပါ) တို့ပဲဖြစ်ပါတယ်။ ကိုဗျတ္တကတော့ ကွမ်းတရာရေတမုတ်နဲ့ ဘဝပြောင်းသွားတယ်၊ မယ်ဝင်္ဏကတော့ သားတော်နှစ်ပါးလုပ်ကြံ ခံရတဲ့သတင်းကိုကြားပြီး ရင်ကွဲနာကျပြီးသေဆုံးသွားပါတယ်လို့ ရာဇဝင်စာအုပ်တွေထဲမှာဖော်ပြထားပါသည်။ ကျွန်တော်တို့ ဖတ်ခဲ့ဖူးသမျှစာအုပ်တွေနဲ့ ဒီရာဇဝင်ကို video ရိုက်ထားတဲ့ဇာတ်ကားတွေဟာ တစ်ခုနှင့်တစ်ခု နောက်ခံသမိုင်းရာဇဝင်တွေ မတူညီကြပါဘူး။ အလျှင်းသင့်လျှင်လေ့လာပြီး သမိုင်းအစုံကိုဖော်ပြပေးပါမည်၊ ယခုပွဲလေးဟာ မယ်တော်က သားတော်နှစ်ပါးရဲ့ပွဲတော်ကိုသွားပြီးပြန်လာတာကိုကြိုဆိုတဲ့ပွဲဖြစ်ပါတယ်။ တစ်ခုရှိတာက ကြိုဆိုတဲ့ပွဲလုပ်ပြီး၊ မယ်တော်ဘယ်အချိန်သွားပြီးမယ်တော် ပို့တဲ့ ပွဲလုပ်တယ်လို့တော့မကြားမိပါဘူး။ ယခုဆိုလျှင်မယ် တော်ရဲ့ ပွဲတော်ဖြစ်သော အများခေါ်တဲ့ ရတနာဂူ ပွဲတော်ကြီးဟာ(9.9.2012) နေ့တွင်စတင်နေပါပြီ။ တဆက်ထဲပဲ ရတနာဂူပွဲတော်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အစဉ်အလာလေးရှိပါသေးတယ်။ […]
