Tun Tun NaingSeptember 17, 20121min05
Tomorrow night… လူတွေ ရှင်းပြီး စရိုက်ကျ တဲ့ နေရာပေမဲ့.. ငါ တို့ တွေ စရိုက်မကျပါဘူး….ချစ်သူ… ရထားလမ်းဘေးဆိုပေမဲ့.. ငါတို့ စိတ်ထင်တိုင်း မသောင်းကျန်းခဲ့ပါဘူးလေ…. ဂစ်တာတီးတဲ့လူငယ်တစ်စုကိုကျောပေးပြီး ငါတို့ သန့်ရှင်းတဲ့ အနမ်းတစ်ခုကို ထုဆစ်ခဲ့ပြီးသားပါချစ်သူ.. စနစ်တကျ ချိန်းတွေ့ ခဲ့သူတွေပီပီ ကိုးနာရီ ကို နောက်ဆုံးထား.. အိမ်ပြန်ရမယ်တဲ့လေ…. ဒီနေ့တော့ဒီမျှပေါ့ချစ်သူ… မိဘတွေအလိုလိုက်..လိမ္မာရဦးမယ်လေ… နာရီကိုကြည့် ..တို့တွေရဲ့နှုတ်ဆက်ချိန်အရောက်.. ယဉ်ကျေးစွာနဲ့ တို့တွေလမ်းခွဲခဲ့ မင်းနဖူးကို နူးညံ့စွာအနမ်းတစ်ပွင့်ပေးရင်း… နောက်နေ့ တွေ မှာ… ပြန်ဆုံစို့ချစ်သူ………။   ။   မနေ့ညက ကျွန်တော်တို့ သူငယ်ချင်းတွေ  ဂီတာတီးရင်း တွေ့ခဲ့တဲ့ အတွဲ တစ်တွဲ အကြောင်းကို  ပြန်ရေးကြည့်မိတာလေးကို တင်ကြည့်လိုက်တာပါ… ဖတ်ကြည့်လိုက်ပါ… ဝေဖန်ကြည့်လိုက်ပါ.. ပြီးရင်……တော်ဘီ..


Tun Tun NaingAugust 24, 20121min019
မနက်ဖြန်ဆို ကျွန်တော့်မွေးနေ့ပါ… အရင်လို မှတ်မှတ်ရရ နဲ့ happy birthday လို့ ပြောပေးမယ်သူငယ်ချင်းတွေမရှိတော့ဘူး.. အလုပ်ဆိုတဲ့ အခွံထဲ ဝင်အောင်းပြီးကတည်းက ဘဝက အပျော်နဲ့တဖြည်းဖြည်းဝေးလာခဲ့တယ်… ချစ်ရသူနဲ့ပါ ဝေးလာခဲ့တယ်..လမကုန်ခင် အသုံးပြတ်တဲ့ဘဝနဲ့ ရင်းနှီးလာခဲ့တယ်..နေ့မြင်ညပျောက်လစာနဲ့ နေပူမရှောင်မိုးရွာမရှောင် အပြင်ထွက်ရတဲ့ Marketing သမားတစ်ယောက်ဘဝက လူမြင်တိုင်း ပါးစပ်ဖြဲပြရတဲ့အလုပ်မှန်း အခုမှသိခဲ့ရတယ် သူများတွေလိုမျှော်လင့်ချက်ကြီးကြီး မထားခဲ့တာတောင် မျှော်လင့်ချက်သေးသေး လေးကလည်းမပြည့်ခဲ့ပါဘူး… ဘဝက လူ့အောက်ကိုကျ ပြီးရင်းကျပဲ …။ စိတ်ညစ်လိုက်တာဗျာ အသက်က လည်း 23 Years ပြည့်ပြီ..အခုထိ နေရာတစ်နေရာမှာ မရပ်တည်နိုင်သေးဘူး ဘဝ ဘဝ ဘဝ… ဘာမှမပြည့်စုံတော့လည်း နေရတာ တော်တော် လေး ကျဉ်းကျပ်ပါတယ်ဗျာ.. ဒါကတော့ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ညည်းညူသံလေးပါဗျာ…..