ညွှန်တံမဲ့ ကွန်းပတ်စ် ( compass with no indicator )

သုရွင္September 6, 20121min01

 ညွှန်တံမဲ့ ကွန်းပတ်စ်နှင့် ကိုယ့်ကိုကိုယ်ရှာဖွေခြင်း

    နေရာအတည်အကျ တစ်ခုဆီကို မဟုတ်ပဲ

    .. ရွက်လွှင့်..ခုတ်မောင်းခဲ့တဲ့ ငါ၊

    အကြိမ်ကြိမ်ဝင်ရောက်ဖြတ်သန်းခဲ့ ဘာမြူဒါ တြိဂံတောင်

    ငါ့ခံစားချက်တွေကို ဖျောက်မပစ်နိုင်ခဲ့။

    ခြေရာတွေ ပျားပန်းခတ်နေတဲ့

    လူမဲ့ကျွန်းတစ်ခုမှာသောင်တင်ရင်

    ရေဒါတွေ အလုပ်လက်မဲ့ ဖြစ်လောက်အောင်

    ငါ့ခံစားချက် ပေါက်ကွဲမှုက အေးစက် ဆိတ်ငြိမ်လွန်းလှပေါ့။

    အခုရေးတဲ့ကဗျာ ဟာ တစ်ဦးတစ်ယောက်ရဲ့ စကားလုံးတွေ

    အပေါ်မှာ ခုတ်မောင်းနေတဲ့ ဒီရေလှိုင်းတွေဆိုရင်……….။

    ဘယ်သူတစ်ဦးတစ်ယောက်က..ငါ့လို….

    ညွှန်တံမပါတဲ့ ကွန်းပတ်စ်တစ်ခုနဲ့ ကိုယ့်ကိုကိုယ်

    အပန်းတစ်ကြီးရှာဖွေနေဦးမှာလဲ။

    ပလေတို ပြောသလို အနုပညာဟာ

    ပုံတူကူးချထားတဲ့ ပုံရိပ်ယောင် ဆိုရင်

    ငါဟာ ဆုံချက်လွဲနေတဲ့

    ပုံရိပ်ယောင်တစ်ခုမျှသာ ပါ။

One comment

Leave a Reply

Your email address will not be published.