ငေးကြည့်လူသား

kaungsumyatsanSeptember 11, 20121min04

ငယ်ရွယ်နုနယ်၊ အတွေးတွေကြွယ်

ကဗျာ တွေဖတ် စာ တွေဖတ် တော့

ရင်မှာစွဲသိ မှတ်မိရသည်၊

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါလျှင်

မြေသားဘယ်မှာရှိခြိမ့်နည်း။

လေတိုက် တိုင်းသာကြွေလွင့်ပါလျှင်

သစ်ရွက် ဘယ်မှာ ရှိခြိမ့်နည်း။….တဲ့…..

ဒါဆိုရင်…

လောက ဇာတ်ခုံ လူတို့ဘုံမှာ

ကောင်းဆိုး နှစ်တန် လောကဓံနှင့်

ရင်ဆိုင်ရ တိုင်းသာ

ခန္ဓာပြိုင်းလျှင် လူသားဘယ်မှာရှိခြိမ့်နည်း။

ရင်ဆိုင်လှိုက်မော ၊ဘဝအသောတွေ

ယှဉ်ပြိုင်ရသော ၊တရားကင်းမဲ့တဲ့ပြိုင်ပွဲတွေ

ဘာတွေဘဲ ရှိနေ ရှိနေ

တက်ကျိုးရင် လက်ထိုး လှော်မယ် ဟဲ့…

လဲကျရင် လူးလဲ ကုန်းရုန်းပြီးထမယ် ဟဲ့…လို့

မျက်စိစုံမှိတ် အားတင်းပြီး ကြွေးကြော်

ခေါင်းထောင်လို့ရှေ့ကိုမျှော်ကြည့်လိုက်တော့

အောင်လံတွေ တလှူလှူလွှင့်

ချီတက်သွားလိုက်ကြတာ

အားပါးပါး…..မနဲပါလား…ခရိုနီတွေ

သူတို့တွေကို ကျော်ဖို့ နေနေသာသာ

မီအောင်တောင် ဘယ်လိုလိုက်ရပါ့

အဖြေမသိ အတွေးမညှိ နှိုင်လို့ ရင်တွင်းအပူဖြာ

အပြင်ပန်း လေအလွန်စွာတဲ့ ငေးကြည့်လူသား။…(ပေါင်းမြက်တွေဝန်းရံနေသော…….)

4 comments

  • မဟာရာဇာ အံစာတုံး

    September 11, 2012 at 3:22 pm

    တစ်နေ့တစ်လံ
    ပုဂံ ဘယ်ရွေ့မလဲ … တဲ့ …။
    ဟုတ်လားတော့ မသိဘူး ..
    ကိုယ်ခရီး ကိုယ်လျောက်
    အချိန်တန်တော့ ရောက်လိမ့်မပေါ့ ..

    Reply

  • ရွှေ ကြည်

    September 11, 2012 at 4:48 pm

    မှီအောင်မလိုက်နိုင်ရင်မလိုက်နဲ့တော့ သူတို့ရပ်သွားအောင်လုပ်လိုက် အဟဲ နောက်တာ..။

    Reply

  • မောင်ပေ

    September 11, 2012 at 8:08 pm

    ငေးကြည့်လူသား
    တွေးပြီးပူသွား
    ဆေးသိမူထား
    ပေးမိသူကား
    ခလေးရှိယူမှား

    Reply

  • aye.kk

    September 15, 2012 at 5:19 pm

    ငေးကြည့်တွေးမိ၊ဖြေရှိပါသည်။
    လောင်းရိပ်မိသောလူသားများ။

    Reply

Leave a Reply

Your email address will not be published.