“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းသုံး) (ယာယီနဲ့ ချည်တိုင်) ဒီနှစ်မန်းလေးမှာမိုးတွေကြီးပါတယ်။ အဲတော့ကျနော်နေတဲ့ရပ်ကွက်တင်မဟုတ်ဘူးနေရာတိုင်းမှာ ရေဝင်ပါတယ်။ ခါတိုင်းနှစ်ထက်ရေပိုဝင်တော့ အိမ်မှာလဲမနေချင်။ ဒီတော့ မြို့သစ်က အဒေါ်အိမ်မှာသွားနေဖြစ်ပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျှောက်ဖြစ်တော့။ 73လမ်းအတိုင်းတောင်ကနေမြောက်လာ။ သိပ္ပံလမ်းရောက်။ အရှေ့တက်တော့ ဗိုလ်ချုပ်ရွာ။ အဲဒီကနေ 89လမ်းဘက်သွား။ နောက်မနော်ဟရီဘက်ပြန်လာ။ မိုးတွေဆက်တိုက်ရွာတဲ့နေ့တွေဖြစ်တော့ ကောင်းကင်ကအုံ့မိူင်းရီနေတတ်ပါတယ်။ နံနက်ခင်းလေးကလဲ မိုးသားကိုလိုက်ပြီး ကာလာတွေပြောင်းသွားတတ်ပါတယ်။ ကောင်းကင်တော်နဲ့ တိမ်မင်းသားကလဲ တစ်နေ့တစ်မျိုးမရိုးအောင် အဆင်တွေပြပါတယ်။ နောက်အချိန်တန်တော့လဲကိုယ့်အိ်မ်ကိုယ်ပြန်ရောက်ရပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျောက်ဖြစ်တော့ ုကန်တော်ကြီးရဲ့တူပေမယ့် မတူတဲ့ မြင်ကွင်းတွေကို မရိုးနိုင်အောင်ပါဘဲ။ ဒီတော့လဲ လက်ဆော့ မိ။ လက်ဆော့ပြီးတော့ လဲ ပြန်မျှဝေချင်စိတ်ပေါက်လာပြန်တော့………………………     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (14-12-2011)


“နံနက်ခင်းစိတ်ရွှင်အပိုင်း(နှစ်)”(နေရာ အနှံ့က နံနက်ခင်း) 2 မိုးဥတုနံနက်ခင်းမှာရေးဆွဲထားတဲ့တိမ်ပန်းချီ 20 သဘာဝ ပန်းချီဆရာရဲ့အရောင်စုံလှတဲ့လက်ရာ နံနက်ခင်းလေးတစ်ခုမှာပေါ့ “နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းနှစ်) (နေရာအနှံ့က နံနက်ခင်း)     2009ခုနှစ်ကစလို့ ကျနော် ကျန်းမာရေးအရ မနက်ပိုင်းမှာလမ်းလျှောက်ပါတယ်။ ဟိုအရင်ကျုံးဘေးမှာနေတုန်းကလည်းမနက်လမ်းလျောက်ဖြစ်ပေမယ့် ဟိုနားပြောင်းလိုက်ဒီနားပြောင်းလိုက်ဆိုပြန်တော့ လမ်းမလျောက်ဖြစ်တော့ပါဘူး။ ဒါပေမယ့် သိပ်ဝလာတော့ ဝိတ်မတက်အောင်မဖြစ်မနေလျှောက်ရပါတော့တယ်။ လမ်းလျောက်တာရဲ့အကျုးိကျေးဇူးကတော့ လူက မနက်စောစောထတော့ စိတ်ကြည်လင်ပါတယ်။ အရင်ဆို ရနာရီလောက် ကမန်းကတန်းထ အလုပ်မှီအောင်ပြေး၊ လမ်းပိတ်နေရင် စိတ်တွေတို၊ အလုပ်ရောက်တော့ မောနေပါပြီ။ မိုးလင်းကတည်းက စိတ်အနားမရသလို။ အခုမနက် 5း15လောက်ထလမ်းလျောက်။ တိတ်ဆိတ်ခြင်းရဲ့ဂီတ၊ အေးမြခြင်းရဲ့အထိအတွေ့၊ သာယာခြင်းရဲ့ အနှစ်သာရကို ခံစား။ 6း30ဆိုပြန်ရောက်။ ရေချိုးအလုပ်သွားဆိုတော့ အချိန်တွေရတော့ စိတ်ကလဲ မလောတော့ပါဘူး။ နောက်လမ်းလျှောက်တဲ့အကျင့်ရသွားတော့ သူများမြိုရွာကို အလည်ရောက်နေ ရင်လည်းလမ်းလျျောက်ဖြစ်ပါတယ်။ […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းနှစ်) (သုံးကျောင်းပြောင်းသောရှင်……………)   ကျနော်ဦးလေးရဲ့စက်ဘီးနဲ့လျှောက်လည်        ကြတဲ့အခါ လမ်းမှာတွေ့သမျှဆိုင်းဘုတ်ကို လိုက်ဖတ်လေ့ရှိပါတယ်။ အစကတော့ တစ်လုံးခြင်းစာလုံးပေါင်းဖတ်။ နောက်တော့ ဦးလေးက ဗွေရင် စိတ်ထဲမှာပေါင်းဖတ်ပြီးမှအသံထွက်လို့သင်ပေးပါတယ်။ မှားရင်သူက ပြင်ပေးပါတယ်။ ဒါနဲ့ဘဲကျနော်က စာဖတ်ရင်စိတ်ထဲမှာဘဲစာလုံးပေါင်းတဲ့အကျင့်လေးရသွားပါတယ်။ အဲဒီကျောင်းသွားအပ်တဲ့နေ့ကဆရာကြီးရဲ့ခုံပေါ်က သတင်းစာလေးကောက်ဖတ်မိတာက ကျနော်အတွက် ဖိုးကံကောင်းဖြစ်သွားပါတယ်။ နောက်ဆရာကြီးက ဖတ်စာအုပ်ထုပ်ပြီးဖတ်ခိုင်းတော့လဲကျနော်က မကြောက်မရွှံ့ဖတ်ပြပါတယ်။ အဲဒါနဲ့ဘဲဆရာကြီးကစိတ်ပြောင်းသွားပြီး ကျနော်ကိုနှစ်တန်းကျောင်းသား အဖြစ်ပညာသင်ခွင့်ပေးလိုက်ပါတယ်။   1 မြစ်ငယ်မြို့ မူလတန်းကျောင်း အလယ်ကျာင်းဆောင်(ရှေ့ဖက်) 2 မြစ်ငယ်မြို့ က မူလတန်းကျောင်း(ကျနော် 2တန်းကျောင်းသားဘဝကနေခဲ့တဲ့ကျောင်း) 3 မြစ်ငယ်မူလတန်းကျောင်း ဘေးဘက်မြင်ကွင်း 4 ပြိုပျက်နေတဲ့ ကျနော်ငယ်ငယ်ကကျောင်းကလေး အဲဒီတုန်းကကျနော်တို့နေတာက မြစ်ငယ်မီးရထားစက်ရုံကြီးရဲ့အနောက်ဘက်မှာရှိတဲ့ ဝန်ထမ်းလိုင်းအိမ်တွေမှာပါ။ မီးရထားစက်ရုံအုတ်တံတိုင်းကြီးဘေးကဖုံထူထူမြေနီလမ်းလေးအတိုင်းမြောက်ဘက်ကို လျှောက်သွား ရင်ကျနော်တို့နေခဲ့တဲ့ “သဇင်ရပ်ကွက်”6လိုင်းကိုရောက်ပါတယ်။ အိမ်လေးတွေက ပုဆစ်တုပ် ပျဉ်ပြားအကြီးတွေနဲ့ကာ အမိုးကအုပ်ကြွပ်မိုး။ […]


နီးစပ်ရာ ရိုက်ဖြစ်ထားတာ လေးတွေပါ … ညဘက်ထွက် ရိုက်ရတာ ဆိုတော့ Tripod ထမ်းရတာ အလုပ်တစ်ခု ပေါ့ .. ဒီတစ်ပုံ ကတော့ အမှတ်တရ ပဲ 15 ထပ် ပေါ် ခြေကျင် တက်ခဲ့ရတာ . မှောင်ကလဲ မှောင် နဲ့ .. 15 ထပ်ပေါ်တက် ရမှ တော့ တစ်ပုံ နဲ့ ဘယ်ကျေနပ် နိုင်ပါ့မလဲ နော့ ..   မြကျွန်းသာ တဝိုက် ..အမှတ်တရ က တော့ ကင်မရာ နားကစုံတွဲ တွေ ..ဝေးရာ ကိုပြေးကြသည်။ အခုပုံ ကတော့ ရဟတ် မလည် သေးတဲ့ ပုံ .. အပေါ်ပုံ […]


pyiminluDecember 12, 20114min08
2/12/2011 နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာကို ရောက်ဖူးခြင်တာကြောင့် ဆိုင်ကယ်နှင့် သွားရောက်ခဲ့ပါတယ်။ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိတ်သိမ်းခါနီး စပါးစိုက်ခင်းကို ရန်ကင်းတောင် နောက်ခံဖြင့် ရိုက်ယူခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။ ရေတံခွန်တောင် ဂေါက်ကွင်းအဝင်မုဒ်ဦးကို ကျော်လွန်ခဲ့ပြီးနောက် သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာ ကို ရောက်ခဲ့ပါတယ်။ မုဒ်ဦးမှ အဝင် ဘယ်ဘက်ခြမ်းတွင် သစ္စဝေဒဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိပြီး စာသင်သား ကလေးသူငယ်များကိုလည်း တွေ့ခဲ့ ရပါတယ်။ ဆက်ဝင်သွားတော့ ရိပ်သာမုဒ်ဦးအနီးမှာ တွေ့ရတဲ့ ဦးဇင်း (၃)ပါးကို ရိပ်သာ၏ တရားစခန်း အချိန် ဇယားကို သိလိုကြောင်း လျှောက်ထားရာ ဦးဇင် (၁)ပါးမှ လမ်းညွှန်ပေးပါသည်။ ဒီလိုနှင့် ကျွန်တော် […]


Diamond KeyDecember 12, 20113min018
ပန်းမြို့တော်က ပန်းပွဲတော်ဆီ ပြင်ဦးလွင်မြို့က လူကြိုက်အများဆုံး ပွဲတော်တွေထဲမှာ တစ်ခုပါဝင်တဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကြီးကို ဒီနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပါမယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီပွဲက ဒီနှစ်မှာ ပဉ္စမအကြိမ်မြောက်ပါ။ ပြပွဲမှာ ပန်းမျိုးစိတ် အမျိုးအစား ၄ဝ ကျော် လောက်ပါမယ်။အရေအတွက် ကတော့ ပန်းပေါင်းနှစ်သိန်းခွဲလောက်ပြသသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ပြမဲ့ ပန်းမျိုး စိတ်တွေက ပြည်တွင်း မျိုးစိတ်တွေအပြင် တရုတ်နဲ့ဂျပန်က မျိုးစိတ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ အခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းမှာ ပန်းမန်သစ်ပင်တွေကို ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူပြီး အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မနှစ်က စတုတ္ထအကြိမ်မြောက် ပန်းပွဲတော်ကာလတုန်းက ပြည်တွင်းပြည်ပက ဧည့်တွေ နှစ်သိန်းကျော်ခန့် ရောက်ခဲ့ကြပြီး ဒီနှစ် ကျင်းပမည့် ပဉ္စအကြိမ်မြောက် ပန်းပွဲတော်ကို […]


“အောင်ပင်လယ် လယ်ပြင်အလယ် က လမ်းကလေး”   ဒီနေရာလေးက အတော်လေးကိုသာယာပါတယ်။ အရှေ့ဘက်မှာ မိူင်းပြာမူံလဲ့ပြီး ညို့ဆိုင်းနေတဲ့ရှမ်းရိုးမ။ ပါတ်ပါတ်လည်မှာစိမ်းဝါနေတဲ့လယ်ကွင်း။ လယ်ကွင်းနံဘေးမှာချောင်းချောင်းနံဘေးမှာ ဖြောင့်တန်းနေတဲ့လမ်းမ။ တောင်ထဲကို ထိုးဖောက်ဝင်သွားသလို။ သူ့နံဘေးအနားသတ်ကတော့ အစိမ်းရောင်အပင်တန်းများ။ နံဘေးက လယ်ကွင်းထဲမှာတော့ လယ်သူမများက လုပ်ငန်းခွင်ထဲမှာ။ ဟိုးအဝေးမြောက်ဘက်မှာ မူံပြပြမန်းလေးတောင်။ လယ်ကွင်းတွေကြားထဲမှာမြင်ရတဲ့ ရန်ကင်းတောင်နဲ့ရှမ်းရိုးမအလှက ကြည့် မဝ။ အစိမ်းထဲမှာ မှည်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။ စိမ်းမှောင်နေတဲ့တောင်စဉ်တောင်တန်း။ မြင်ရင် ………………………………………………….   ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကို သတိရမိပါတယ်။ “တကယ်တောအစစ်မို့လို့ အခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဘို့ရွယ်သော ခေတ်ကို အထူးသဖြင့်မျှော်မိတယ်”               အစိမ်းထဲမှာရင့် မှည့်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။ […]


“ရန်ကင်းတောင် ပါတ်ပါတ်လည်က အောင်ပင်လယ်” ရန်ကင်းတောင် အရှေ့ဘက်ကကျောက်လမ်းလေးအတိုင်းလိုက်သွားရင် ဆည်တော်ကြီးကနေလာတဲ့ရေတွေကိုလွှတ်ထားတဲ့မြောင်းကိုရောက်ပါတယ်။ အဲဒီမြောင်းကလေးမရောက်ခင် လမ်းအနောက်ဘက်မှာတော့ စိုက်ပြီးသမျှကို ပြန်ရိတ်သိမ်းနေကြတဲ့လယ်သူမတွေကို တွေ့ရပြန်ပါတယ်။   မြောင်းကိုကျော်လိုက်ရင်တော့ အမ်အိုင်တီခေါ်တဲ့မန်းလေးစက်မူ့တက္ကသိုလ်။ အဲဒီမြောင်းဘောင်က တောင်တည့်တည့်သွားရင် ပြင်ဦးလွင်ကို သွားတဲ့လမ်းနဲ့သွားဆုံပါတယ်။ အဲဒီမြောင်းဘောင်ရဲ့ အရှေ့ဘက်မှာတော့ စိမ်းစိုနေတဲ့ သစ်ပင်တွေ။ ဟိုးအဝေးမှာတော့ ရေတံခွန်တောင်နဲ့ရှမ်းရိုးမ။ လမ်းဘေးမှာရှိနေတဲ့မန်းကျီးပင်အိုကြီးရဲ့အသက်က သိပ်တော့ငယ်မယ်မထင်ပါဘူး။ ဒီမြောင်းကြီးက ရှမ်းရိုးမနဲ့အပြိုင်ဖောက်ထားတဲ့လမ်းမကြီးပါဘဲ။ တောင်ဘက်ကို တည့်တည့်ဆက်သွားနေရာက ကွေ့ ချိုးသွားတဲ့လမ်းလေးအတိုင်း အနောက်ဘက်ကို ဆင်းလိုက်တော့ ကြီးမားလှတဲ့ လယ်ကွင်းပြင်ကြီးရဲ့အလယ်ကိုရောက်သွားပါတယ်။ အခုချိန်မှာတော့ ရင်မှည့်စပြုနေတဲ့ လယ်ကွင်းပြင်ရော နောက်ထပ်စိုက်ဘို့ အတွက် အသင့်ပြင်နေတဲ့ထွန်ယက်ထားတဲ့ လယ်ကွင်းတွေရော တွေ့ရပါတယ်။ ဒီနေရာက ကြည်ရင် မူံပြပြ မန်းလေးတောင်ကို မြူတွေကြားထဲကနေ မပီမသလေးမြင်နေရပါတယ်။ သာယာလှတဲ့နေရာလေးတစ်ခုပါ။ မန်းလေးများရောက်ခဲ့ရင်သွားကြည့်သင့်တဲ့နေရာလေးတစ်ခုပါဘဲ။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ […]


ဒီဇင်ဘာဆောင်းမနက်မှာ ဘယ်သွားရရင်ကောင်းမလဲလို့တွေးမိတော့ အောင်ပင်လယ်ဘက်  နဲ့ ရန်ကင်းတောင်အရှေ့ဘက်ကို မရောက်တာ ကြာပြီဆိုတာကို သတိရလိုက်ပါတယ်။ အဲဒါနဲ့ဘဲ 26ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်အနောက်ဘက်ကန်ဘောင်ရိုးကိုရောက်လာပါတယ်။ ဆောင်းမနက် မြူမူံခပ်ဝဲဝဲဆိုတော့ အရှေ့ဘက်က ရန်ကင်းတောင်ကလဲ မသဲမကွဲပါဘဲ။ ဒါနဲ့ဆိုင်ကယ်ကို မြောက်ဘက်ဦးတည် လို့ 19လမ်းအရောက်မှာ အရှေ့တည့်တည့် ကို သွားလိုက်တော့ ရန်ကင်းတောင်ကြီးကိုလှမ်းမြင်နေရပါတယ်။ အရင်က ကြာပွင့်ကြီးတွေရှိခဲ့တဲ့ ကြာကန်မှာတော့ ကြာပင်တွေမရှိပါဘူး။ အရင်ကဒီ ကန်လည်လို့ ခေါ်တဲ့အောင်ပင်လယ် လယ်ကွင်းတွေနဲ့လမ်းကို ခြားထားတဲ့ ချောင်းကို ဖြတ်တဲ့တံတား မရှိပါဘူး။ အခုတော့ တံတားလေးခင်းထားတာတွေ့တော့ အဲဒီတံတားလေးကိုဖြတ်ပြီး တောင်ဘက်လယ်ကွင်းထဲကိုဝင်လို့ ရန်ကင်းတောင်ကိုရော ရွှေဝါရောင်သန်းနဲ့အစိမ်းရောင်ရောယှက်နေတဲ့လယ်ကွင်းကိုရော မှတ်တမ်းတင်မိပါတယ်။     အဲဒါနဲ့မန်းကျည်းပင်လေးတွေကို လွန်တော့ လမ်းမြောက်ဘက်မှာ ချောင်းကလေး။ ချောင်းနံဘေးမှာ တမာပင်ကောက်ကွေးကွေးလေးတပင်တည်းက မူနွဲ့နွဲ့နဲ့နေတတ်တဲ့ မော်ဒယ်ဂဲလေးလို အလှတွေပြနေတာကို တွေ့တော့ […]


“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းတစ်)   မနက်လမ်းလျှောက်ထွက်အချိန်တိုင်းမှာ သာယာတဲ့ရူ့ခင်း အေးမြလတ်ဆတ်တဲ့လေ တိတ်ဆိတ်ငြိ်မ်သက်တဲ့ အရသာကိုခံစားရမိတိုင်း မြို့မဆရာငြိမ်းရဲ့ ကျော်ကြားတဲ့ လူချွန်လူကောင်းဆိုတဲ့သီချင်းလေးထဲက “နံက်ခင်းစိတ်ရွှင် လန်းကြစေအမြဲပင် ဥဩသံတွဲ့ နာပျော်စေချင်” ဆိုတဲ့စာသားလေးကိုသတိရမိပါတယ်။ ကျနော်နေ့စဉ်မနက်တိုင်းမှာ မန်းလေးကန်တော်ကြီးလို့ ခေါ်တဲ့ တက်သိမ်းအင်း ကန်ပါတ်လမ်းမှာလမ်းလျောက်လေ့ရှိပါတယ်။ 2010မှာ ကင်မရာလေး တစ်လုံးလက်ထဲရောက်လာတော့ အရုပ်အသစ်ရတဲ့ ကလေးတစ်ယောက်လို လက်ဆော့မိပါတယ်။ (မောင်ပုပြောခဲ့ဘူးသလိုခြောက်လုံးပြူးမရောက်တာတော်သေးတာပေါ့) လှပတဲ့မြင်ကွင်းတွေကလဲ လက်မဆော့ဘဲမနေနိုင်အောင်ဆွဲဆောင်ပါတယ်။ နောက်ရိုက်လာတဲ့ပုံလေးတွေကွန်ပြူတာထဲထည့်ကြည့်တဲ့အခါ အပြင်မှာ မလှဘူးထင်တဲ့ပုံလေးတွေက ဓါတ်ပုံထဲရောက်တော့ ပိုလှ၊ တစ်ချို့အပြင်မှာလှတာတွေကတကယ်ဓါတ်ပုံဘဝရောက်တော့ မလှဆိုတဲ့ သဘာဝကိုပြန်ရောက်တဲ့အခါ သဘာဝကပေးအပ်ထားတဲ့ မျက်ဝန်းအစုံရဲ့ တကယ့်အမြင်နဲ့ထပ်ဆင့်မှတ်တမ်းတင်ပေးတဲ့မှန်ဘီလူးတို့ရဲ့ခြားနားချက်တွေကိုလည်းတွေ့လာရပါတယ်။       အခုရက်မှာ လက်ဆော့ထားတဲ့များပြားလှတဲ့ပုံတွေကို သိမ်းဆည်းရင်း တူညီတဲ့နေရာလေးတွေမှာ ရာသီအမျိုးမျုးိမှာ မှတ်တမ်းတင်ခဲ့တာလေး တွေကို ပြန်လည်စုစည်းပြီးတင်ပြချင်စိတ်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ကင်မရာနဲ့ထိတွေ့စမှာလက်ဆော့ခဲ့တဲ့ပုံလေး တွေကို […]


“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ” ဟိုအရင် ရှေးကတည်းက မန်းလေးမြို့နဲ့ တောင်မြို့ကြားမှာအင်းကြီးတစ်အင်းရှိခဲ့ပါတယ်။ တမ္ပဝတီအရပ်ကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ကျောက်လမ်းကြမ်းကြမ်း ခပ်ကျဉ်းကျဥ်းလေးထဲကနေဝင်လိုက်ရင် အိမ်ဘုတ်စုလေးတွေတွေ့မယ်။ ကန်စွန်းခင်းတွေတွေ့မယ်။ ပန်းပင်တွေအသီးအနှံတွေစိုက်ထားတဲ့အခင်းတွေကိုတွေ့မယ်။ ခြုံနွယ်တွေနဲ့ရှုပ်ထွေးနေတဲ့ ကန်ရေပြင်ကြီးကိုတွေ့မယ်။ အသွားအလာခက်တော့ ကြားသာကြားဘူးပြီးမရောက်ဘူးသူများပါတယ်။ ဓါတ်ပုံဆရာတွေသာ အရောက်များပါတယ်။ အဲဒီအင်းကတော့ တက်သိမ်းအင်းပါဘဲ။ အများနုတ်ကျုးိနေတဲ့အခေါ်က တော့ တက်သေးအင်းပါ။ ဒီအင်းအလည်လောက်မှာ လှိုင်ထိပ်ခေါင်တင်ရဲ့ အမေ မမြလေးကောင်းမူ့ ရေလည်ဘုရားတစ်ဆူရှိပါတယ်။ ကျနော်တို့တောင် တစ်ခါနှစ်ခါဘဲရောက်ဘူးတဲ့နေရာလေးပါ။ အင်းအကျယ်ကတော့ တမ္ပဝတီအရပ်ကနေ ကပ်ကျော်ဘုရားနားအထိ တောင်မြောက်ရေပြင်ကျယ်ကြီးပါ။     1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို ကန်တော်ကြီးလို့နာမယ်ပြောင်း။ လမ်းတွေကောင်းအောင်လုပ်။ မလွတ်တဲ့အိမ်တွေဖယ်။ အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရဝိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။ စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။ အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။ ဒီကန်မှာ ကျနော်မနက်တိုင်းလမ်းလျောက်ပါတယ်။ ဒီပုံလေးတွေက […]


“အဝေးကမြင်ရတဲ့မန်းတောင်” 1 မန်းလေးမြို့ မြူမူံမူံကြားက ဝိုးတဝါးမန်းလေးတောင်တော်   မန်းလေးတောင်ဆိုတာ ကျနော်တို့မြို့ရဲ့အထိန်းအမှတ်။ ဂုဏ်ယူစရာ ကောင်းသလို ကြည့်မဝရူ့မဝတဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်သော မန်းလေးတောင်ပါ။                                                                                         ်  စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေဖြစ်ဖြစ်၊ စစ်ကိုင်း ရွှေတောင်ဦးမော်က ဘဲဖြစ်ဖြစ်၊ မင်းကွင်းလှေဆိပ်ကဘဲဖြစ်ဖြစ်  ၊ လှမ်းကြည့်မယ်ဆိုရင် မူံပြပြလေးမြင်နေရတတ်ပါတယ်။   ကျနော်က နေရာအနှံ့့သွားနေတတ်သူ ခြေဗွေပါသူဆိုတော့ မန်းလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါတို်င်း မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။ အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ် တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။ တောင်ရဲ့မြောက်ဘက် ကမြင်ကွင်းတွေ တောင်ရဲ့အနောက်ဘက်ခြမ်းကမြင်ကွင်းတွေ ကျန်ပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ဘဲကျေနပ်မယ်ထင်ပါရဲ့။     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (8-12-2011)  


စန္ဒမုနိဘုရားကြီးတည်ရှိခဲ့ရာ ဗန္ဓုလကျောင်းကြီးကို အခုနောက်ပိုင်း စန္ဓမုနိဘုရားကြီးကျောင်းတော်လို့ အမည်နာမပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ သပ္ပါယ်လှတဲ့ စန္ဒမုနိဘုရားကြီးကိုတော ဖူးတွေ့ကြပါဦးစို့။ နိုင်ငံတော်အကျိုးပြုဇာတ်လမ်း (အစိုးရအခေါ်) တစ်ခုထဲမှာ ဒီဘုရားကြီးအကြောင်းထည့်ရိုက်ထားဖူးတယ်ဆိုတာကို ကြည့်ဖူးသူများမှတ်မိလိမ့်မယ် ထင်ပါတယ်။ ဗန္ဓုလကျောင်းရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့ မုဒြာအမျိုးမျိုး၊ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ဆင်းထုတော်တွေကို အံ့မခန်းဖူး ခွင့်ရလိုက်တာပါပဲ။ ဗန္ဓုလကျောင်းတော်မှာ စနေနေ့တစ်ရက်သာဖွင့်လှစ်ပြီး အများပြည်သူဝင်ရောက်ခွင့်ပေး လေ့ရှိတာကြောင့် ဘုရားဖူးများအလွန်တရာ များပြားနေသည်ကတစ်ကြောင်း၊ အချိန်ကိုငဲ့ကွက်သောအားဖြင့်ရနိုင်သမျှ ဓာတ်ပုံတွေကိုအသည်းအသန် ရိုက်ယူခဲ့ရသောကြောင့် တုန်ခြင်းမှုန်ခြင်းအလင်းပြန်ခြင်းသည်းခံကြပါ ခင်ဗျာ။ ဗန္ဓုလကျောင်းကြီးမှာရှိသမျှ ရုပ်ပွားတော်မှန်သမျှကို ပြိုပျက်သွားသော စေတီတော်အဟောင်းများ၏ ဌာပနာတိုက်များအတွင်းမှ ရရှိပြီး၊ အတပ်နိုင်ဆုံးထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်းကို ကျောင်းမှတာဝန်ရှိသူဆရာတော်ဘုရားတစ်ပါးမှ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ အဲဒီဘုရားဆင်းထုတော်တွေကို စနစ်ကျနသော စာရင်းပြုစုမှု၊ ထိန်းသိမ်းမှု၊ တိကျသောသမိုင်းကြောင်း အထောက်အထားများနဲ့ ပြတိုက်တစ်ခုသဖွယ် ခင်းကျင်းပြသနိုင်ရင်ဖြင့် နိုင်ငံခြားဝင်ငွေအပြင် ရှားပါးသမိုင်းဝင်ရုပ်ပွားတော်များကို အခုထက်ပိုပြီး ရည်ရှည်ထိန်းသိမ်းထား နိုင်လိမ့်မယ်လို့မြင်မိပါတယ်။ […]