“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းသုံး) (ယာယီနဲ့ ချည်တိုင်)

1 ဩဂုတ်လတစ်ရက်ရဲ့ နံနက်ခင်းလေး ထွက်ပေါ်စနေမင်းအလင်းကရေပြင်ပေါ်မှာ လရောင်ကျနေသလိုပါဘဲ
2 ဒီနေရာကတော့ မြိုသစ်သွားတဲ့ 73လမ်းပေါ်မှာပါ နံနက်ခင်းအစာရှာထွက်တဲ့ ပိုးကောင်လေးတောင် ပါသွားပါသေးတယ်
3 ရှမ်းရိုးမနောက်မှာ ပုန်းနေရာကနေမရဲတရဲနဲ့ ထွက်လာတဲ့ ပုစွန်ဆီရောင်နေမင်း လှချက်ကတော့ ဗျာ
4 2011 စက်တင်ဘာလရဲ့ မိုးတိမ်တွေအောက်က နံနက်ခင်းမြင်ကွင်းလေး လွမ်းလာသလိုလို
5 နံနက်အာရုဏ်တက်စအချိန် မိုးတိမ်တွေရှိတော့ ညို့ညို့မှိုင်းမှိုင်း အဝေးမှာ မဟာမြတ်မုုနိဘုရားကြီးနဲ့ အာနန္ဒာဘုရား ဖူးရတာ ကြည်နူးစရာ
6 မန်းလေးမှာ မိုးေွတွရွာနေတဲ့ရက်တွေထဲက နံနက်ခင်းတစ်ရက်ကောင်းကင်က တိမ်ပန်းချီ
7 အေ့ပါ်ပုံနဲ့တစ်ရက်တည်းရိုက်ထားတာပါ အလင်းရောင်ထွက်ခါစ အနောက်ဘက်ကောင်းကင် မြက်ခင်းပြင်စိမ်းစိမ်းလေးနဲ့သိပ်လှပေါ့ နေရာကတော့ မန်လေးဗိုလ်ချုပ်ရွာနားမှာပါ
8 မန်းလေးမြို့သစ်သွားတဲ့လမ်း အနောက်ဘက်လယ်ကွင်းတွေနဲ့အတူမြင်ရတဲ့ ရူ့ခင်းအရမ်းကိုအေးမြပါတယ်။
9 မိုးနံနက်ခင်းတစ်ရက် ညကမုိုးတွေရွာထားတော့ ရေဗွက်ုအိုင်လေးတွေ့လယ်ကွင်းကစိမ်းစိမ်း ကောင်းကင် ခဲသားမှာအပြာဖောက်ထားတော့
10 ဒီကောင်းကင်ကို မြင်တော့ မဆီမဆိုင် ခင်ဝမ်းရဲ့ နဒီမင်္ဂလာက ရင်ထဲရောက်လာပါတယ်။ နံနက်ခင်းဆီးနှင်းတို့အဝေးမလွင့်မီ နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ ပါတဲ့
11 ပထမပုံနဲ့သိပ်မကွာပါဘူး။ ဒါပေမယ့် နောက်က တောင်တွေကတော့ ကွာပါတယ်
12 မိုးကင်းစင်သောနေ့ တိမ်ပြာရောင် က အခုခေတ်ကွန်ပြူတာနဲ့စပ်တဲ့ဆေးရောင်က လိုက်မမှီသလို
13 မိုးစက်တင်ဘာတစ်ရက် နေကောင်းကောင်းမထွက်ပေမယ့်ကောင်းကင်က အပြာဘက်ကို ဦးတည်နေပါတယ်
14 ချည်တိုင်ကိုပြန်ရောက်တဲ့နေ့ နံနက်ခင်းလေးပါ အဝေးမှာမဟာမြတ်မုနိဘုရား ကန်တော်ကြီးကနေမြင်ရတာပါ
15 ဒါကတော့ အရှေ့ဘက်ကောင်းကင်မှမြင်ရတဲ့ တိမ်ပန်းချီ အေ့ပါ်က ပုံနဲ့တစ်ရက်ထဲရို်က်ထားတာပါ
16 နံနက်ခင်းတစ်ရက် ရေပြင်ပေါ်မှာတိမ်အရိပ်နဲ့ ရှင်ဥပဂုုတ်ကျောင်းဆောင်
17 ကောင်းကင်ကို ခဲသားရောင်တိမ်းက အမိုးမိုး ထွက်စနေမင်းက ဆုလိုိုက်ထိုး လှချက်ကတော့
18 အလင်းပိုရင့်လာတဲ့အခါ မြင်ရတဲ့ ရေပြင် လှိုင်းကြက်ခွပ်လေးတွေက ချစ်စရာ
19 ခဲသားရောင်ကောင်းကင် အောက်မှာ လွမ်းစရာကောင်းအောင်လှတဲ့မြင်ကွင်း
20 တိမ်ကင်းစင်သောနေ့ တိမ်အဆင်းကနုနု ရေပြင်က ငြိမ်သက် ဗေဒါတွေကလဲစိမ်းလဲ့
21 ကျနော်နှစ်သက်တဲ့ပုံလေးထဲက တစ်ပုံပါဘဲ တိမ်အဆင်လေးက လှလွန်းလို့ပါ

“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းသုံး)

(ယာယီနဲ့ ချည်တိုင်)

ဒီနှစ်မန်းလေးမှာမိုးတွေကြီးပါတယ်။

အဲတော့ကျနော်နေတဲ့ရပ်ကွက်တင်မဟုတ်ဘူးနေရာတိုင်းမှာ ရေဝင်ပါတယ်။

ခါတိုင်းနှစ်ထက်ရေပိုဝင်တော့ အိမ်မှာလဲမနေချင်။

ဒီတော့ မြို့သစ်က အဒေါ်အိမ်မှာသွားနေဖြစ်ပါတယ်။

ထုံးစံအတိုင်းမနက်လမ်းလျှောက်ဖြစ်တော့။

73လမ်းအတိုင်းတောင်ကနေမြောက်လာ။

သိပ္ပံလမ်းရောက်။

အရှေ့တက်တော့ ဗိုလ်ချုပ်ရွာ။

အဲဒီကနေ 89လမ်းဘက်သွား။

နောက်မနော်ဟရီဘက်ပြန်လာ။

မိုးတွေဆက်တိုက်ရွာတဲ့နေ့တွေဖြစ်တော့ ကောင်းကင်ကအုံ့မိူင်းရီနေတတ်ပါတယ်။

နံနက်ခင်းလေးကလဲ မိုးသားကိုလိုက်ပြီး ကာလာတွေပြောင်းသွားတတ်ပါတယ်။

ကောင်းကင်တော်နဲ့ တိမ်မင်းသားကလဲ တစ်နေ့တစ်မျိုးမရိုးအောင် အဆင်တွေပြပါတယ်။

နောက်အချိန်တန်တော့လဲကိုယ့်အိ်မ်ကိုယ်ပြန်ရောက်ရပါတယ်။

ထုံးစံအတိုင်းမနက်လမ်းလျောက်ဖြစ်တော့ ုကန်တော်ကြီးရဲ့တူပေမယ့်

မတူတဲ့ မြင်ကွင်းတွေကို မရိုးနိုင်အောင်ပါဘဲ။

ဒီတော့လဲ လက်ဆော့ မိ။

လက်ဆော့ပြီးတော့ လဲ ပြန်မျှဝေချင်စိတ်ပေါက်လာပြန်တော့………………………

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(14-12-2011)

13 comments

  • ၈၉ဘက်ဆက်သွားကို 69လမ်းဘက်လို့ပြင်ဖတ်ပေးပါနော်။
    ပုံတွေများတော့ ပြင်လိုက်ရင်ပျောက်သွားမှာစိုးလို့ပါ။

    Reply

  • M-Lulin

    December 14, 2011 at 2:48 pm

    မဖြစ်ဖြစ် အောင် လာမှာနော်.. မန်းလေးကို ဒါဗြဲ .. ဒါနဲ့ စကားမစပ် PM ဘယ်လို ပို့ရမလဲ မသိဘူးဗျ ..

    Reply

    • htoosan

      December 14, 2011 at 6:13 pm

      သူများတွေ တော့ ဘယ်လိုသွားလည်းမသိဘူး ။ ကျွန်တော် တော့ login ဝင်ပြီးရင် Forum ကလစ်ခေါက် ။ Forum ရောက်ရင် log out, နဲ့ Members ကြားမှာ စာအိတ်ပုံလေးတွေ့လိုက်မယ် ။ အဲ့ဒါ ထောက်ပြီး ခေါက်ရင်Private Messaging Inbox | Forum
      ဲထဲရောက်ပြီး compose pm ခေါက်ရင် mail box ရမယ်။
      Select From Members: အကွက်အောက်မှာ Start Typing a Member’s Name in the input field above and it will auto-complete ဆိုပေမဲ့ ရတဲ့ အခါရ ။ မရတဲ့ အခါ မရ ဖြစ်တတ်လို့ ကွန်နက်ရှင်ကြောင့်လား ၊ သူကြီး ဆာဗာ ကြီး ကြောင့်လားတော့ မသိဘူး ။ ကြိူးစားကြည့်ပေါ့။ မရရင်တော့ Forum မှာ သူကြီးရေ ကူပါဦး ဆိုပြီးတော့တာ အော်ပေတော့။

      Reply

  • M-Lulin

    December 14, 2011 at 2:52 pm

    ၁ဝ ပုံ ၁၅ ပုံလောက် စီ ခွဲခွဲ တင်ပါလားဗျာ ပုံတွေ အကုန်မြင်ရဖို့ စောင့်ရတာ စိတ်ကို မရှည်ဘူး .. ဒီပုံ လဲ ကောင်း ဟိုပုံလဲ ကြိုက်နဲ့ တော်ကြာ .. စားကောင်းတာတွေ စွတ်စားလို့ စားပိုးနှင့် သလို .. ပုံကောင်းတွေများလို့ ဟုံ သွားမှာ တောင် စိုးရတယ်။

    Reply

  • Moe Z

    December 14, 2011 at 3:16 pm

    အားလုံးလှတယ်လေးပေါက်ရေ
    မိုးစက်ကြိုက်တဲ့ပုံတွေကူးခွင့်ပြုနော်
    ခွင့်မပြုလည်း ကူးပြီးသွားပြီ 😛

    Reply

  • windtalker

    December 14, 2011 at 3:40 pm

    ယခုရက်ပိုင်းအတွင်း လွန်စွာနှေးကွေးသော ကွန်နက်ရှင်း ကို ရဲရဲကြီး အံတု နိုင်သူ ပါတစ်ကား

    Reply

  • pooch

    December 14, 2011 at 4:31 pm

    လေးပေါက်ပုံတွေကလည်း ဒီရက်ပိုင်း အပျံစားတွေ ချည်းပဲ လှတယ် နံပါတ် ၁၅ ကို အကြိုက်ဆုံးပဲ

    Reply

  • Diamond Key

    December 14, 2011 at 5:22 pm

    ကိုပေါက်က ပုံကောင်းတွေ အတော်စုထားပဲ။
    ဥထားတဲ့ ပုံတွေထဲက ပုံ ၁၄၊ ၁၅၊ ၁၉ တွေက တော်ရုံဓါတ်ပုံဆရာတောင် မရတဲ့ Lighting နဲ့ ပုံလေးတွေပါ။

    Reply

  • အခုလိုအားပေးကြတာ အတော်လေးကိုဝမ်းသာပါတယ်။
    အရင်က ကျနော်ပုံတင်တဲ့အခါအကြိုက်ဆုံးတစ်ပုံထဲတင်ပါတယ်။
    နောက် တစ်ပုံထဲတင်ပြီးအမှတ်ယူတယ်လို့ဝေဖန်ခံရတော့ ပုံအများကြီးတင်ပါတယ်။
    ဒါဆိုအားလုံးလဲကြည့်လို့လွယ်အောင် တစ်ကြိ်မ်ကို ဆယ်ပုံတင်မယ်ဆိုရင်အားလုံးအဆင်ပြေမယ်။
    ပြောသာပြောရတယ် အများကြီးတင်တာ ကျနော်လဲ မောပါတယ်။

    Reply

  • koaung

    December 14, 2011 at 6:28 pm

    မရိုးနိုင်သောရှူခင်းများဖြစ်ပါသည် ပင်ပန်းရကျိုးနပ်ပါတယ်ဗျာ ကြည့်တယ်သူတိုင်း ရင်သပ်ရှူမောဖြစ်စေပါ၏

    Reply

  • thureinmaung

    December 15, 2011 at 9:29 am

    မန်းလေးမှာမိုးရာသီရှုခင်းကိုအကြိုက်ဆုံးဘဲ၊
    ဘာလို့လဲဆိုတော့ စိမ်းလန်းတယ်၊ တိမ်တိုက်မျိုးစုံရှိတယ်
    ဓါတ်ပုံတွေအရှေ့မှာဓါတ်ကြိုးတွေကပုံရဲ့အလှကိုဖျက်ဆီးပါတယ်၊
    ရှုခင်းပုံတစ်ပုံဘယ်လောက်ကောင်းကောင်း သူ့အရှေ့မှာ
    ဒီလိုကြိုးတွေက ကာဆီးကာဆီးဖြစ်နေယင်၊ဒီဓါတ်ပုံဟာသဘာဝ
    မကျတော့ပါဘူး

    Reply

  • ဓါတ်ကြိုးကိုလွတ်အောင်တော့ ရိုက်ရကောင်းမှန်းသိပါတယ်။
    ခြုံပုတ်ထဲမှာဘာရှိမှန်းလဲမသိ။
    သူများခြံထဲဝင်ရိုက်ရအောင် ကိုယ်ကလဲ ဒီနေရာမှာဧည့်သည်။
    အဲတော့ ဘာသစ်သီးမှမရှိတာထက်စာရင် တစ်ခြမ်းပုပ်နေတဲ့သစ်သီးရှိတာကတော်သေးရဲ့
    လို့သဘောထားပြီးသိပ်မကောင်းဘူးဆိုတာ သိပေမယ့်လဲ အကောင်းလုပ်ပြီးတင်ပေးရတာပါ
    ကိုသူရိန်မောင်ရေ။
    ဝင်ကြည့်ပြီးအခုလိုပြောပေးနေတာကို ကျေးဇူးတင်ပါတယ်နော်။

    Reply

Leave a Reply

Your email address will not be published.