“နန်းတော်ရှေ့အောင်ပင်လယ်ရင်ခွင်ထဲက ရန်ကင်းတောင်”

“နန်းတော်ရှေ့အောင်ပင်လယ်ရင်ခွင်ထဲက ရန်ကင်းတောင်”
1 ဒီဇင်ဘာ နံနက်ခင်းမာ အောင်ပင်လယ် ကောက်ပင်တွေကြားက မြင်ရတဲ့ ရန်ကင်းတောင် သူ့နောက်မှာတော့ ရှမ်းရိုးမ

ဒီဇင်ဘာဆောင်းမနက်မှာ ဘယ်သွားရရင်ကောင်းမလဲလို့တွေးမိတော့ အောင်ပင်လယ်ဘက်  နဲ့

ရန်ကင်းတောင်အရှေ့ဘက်ကို

မရောက်တာ ကြာပြီဆိုတာကို သတိရလိုက်ပါတယ်။

အဲဒါနဲ့ဘဲ 26ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်အနောက်ဘက်ကန်ဘောင်ရိုးကိုရောက်လာပါတယ်။

ဆောင်းမနက် မြူမူံခပ်ဝဲဝဲဆိုတော့ အရှေ့ဘက်က ရန်ကင်းတောင်ကလဲ မသဲမကွဲပါဘဲ။

ဒါနဲ့ဆိုင်ကယ်ကို မြောက်ဘက်ဦးတည် လို့ 19လမ်းအရောက်မှာ အရှေ့တည့်တည့် ကို သွားလိုက်တော့

ရန်ကင်းတောင်ကြီးကိုလှမ်းမြင်နေရပါတယ်။

အရင်က ကြာပွင့်ကြီးတွေရှိခဲ့တဲ့ ကြာကန်မှာတော့ ကြာပင်တွေမရှိပါဘူး။

အရင်ကဒီ ကန်လည်လို့ ခေါ်တဲ့အောင်ပင်လယ် လယ်ကွင်းတွေနဲ့လမ်းကို ခြားထားတဲ့

ချောင်းကို ဖြတ်တဲ့တံတား မရှိပါဘူး။

အခုတော့ တံတားလေးခင်းထားတာတွေ့တော့ အဲဒီတံတားလေးကိုဖြတ်ပြီး

တောင်ဘက်လယ်ကွင်းထဲကိုဝင်လို့ ရန်ကင်းတောင်ကိုရော

ရွှေဝါရောင်သန်းနဲ့အစိမ်းရောင်ရောယှက်နေတဲ့လယ်ကွင်းကိုရော မှတ်တမ်းတင်မိပါတယ်။

 

 

2 အောင်ပင်လယ် ထဲက ရှင်သန်နေတဲ့ကောက်ပင်(အနောက်ဘက်မြင်ကွင်း)
3 ရေမြောင်းလေးနံဘေးက ရန်ကင်းတောင်(အရှေ့ဘက်က မြင်ရတာ)
4 ရန်ကင်းတောင်ရဲ့ အရှေ့ဘက်မှာရှိတဲ့ လယ်ကွင်းကြားကရှမ်းရိုးမ
5 မန်းကျည်းသုုူံးပင်နဲ့ အေးနေတဲ့လမ်း
6လယ်ကွင်းကြားက ရှမ်းရိုး မ ပိုလှတာကတော့ ကောင်းကင်ကတိမ်
7 အရှေ့ယွမ်းယွမ်းက ရှမ်းရိုးမ
9 ရန်ကင်းတောင်ပေါ်က စေတီ ဒီစေတီက အခုနောက်ပိုင်းမှ တည်ထားတာပါ
10 လယ်ကွင်းကြားက ရန်ကင်းတောင် လွမ်းစရာကောင်းတာက တောင်ကတုံးဖြစ်နေပြီ
11 မူနွဲသလို အလှပြနေတဲ့ သက်မဲ့ မော်ဒယ်ဂဲလ်
12 အလှပြမင်းသမီးလေး မယ်တမာ အဝေးမှာ ဘုရားဖြူဖြူ
13 တကုိုယ်တော် အလှပြသရုပ်ဖော်ကွက်

အဲဒါနဲ့မန်းကျည်းပင်လေးတွေကို လွန်တော့ လမ်းမြောက်ဘက်မှာ ချောင်းကလေး။

ချောင်းနံဘေးမှာ တမာပင်ကောက်ကွေးကွေးလေးတပင်တည်းက

မူနွဲ့နွဲ့နဲ့နေတတ်တဲ့ မော်ဒယ်ဂဲလေးလို အလှတွေပြနေတာကို တွေ့တော့

စိတ်ထဲမှာအတော်လေးသဘောကျသွားပါတယ်။

 

14 တစ်ပင်လုံးအပြည့် မြင်ကွင်းလေးပါ

သူ့တောင်ဘက်မှာလဲ အဝါရောင်သန်းနေတဲ့လယ်ကွင်း။

မြင်ရတဲ့ မြင်ကွင်းက တပြန့်တပြော မေနေတယ်ထင်ရတဲ့စိတ်တွေလွတ်လပ်

ရွှင်လန်းသွားသလိုပါဘဲ။

အဲဒီနေရာမှာအတော်လေးနေပြီးရှေ့ဆက်သွားလိုက်တော့ ……………..

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(10-12-2011)

12 comments

  • windtalker

    December 11, 2011 at 2:24 pm

    စပါးနှံတွေ ကို လွန်စွာမှ ဖျက်ဆီးကြသော လယ်ကြွက် ဆူဆူဖြိုးဖြိုးကြီးများ ပေါများရာအရပ်
    ထန်းပင်ကျရည်ချိုချို တစ်ခွက် ၊ လယ်ကြွက်ကြော် နဲ ့နှပ်

    Reply

  • pooch

    December 11, 2011 at 3:03 pm

    နံပါတ် ၆ က ရှမ်းရိုးမကို အနှစ်သက်ဆုံးပဲ

    Reply

  • manawphyulay

    December 11, 2011 at 4:21 pm

    မန္တလေး ဒေသတစ်ဝိုက်ကတော့ ဘယ်ချိန်ပဲ ကြည့်လိုက် ကြည့်လိုက် လွမ်းဆွတ်စရာတွေပဲနော်… အေးလည်း အေးချမ်းတယ်။

    Reply

  • shwebagan

    December 11, 2011 at 7:46 pm

    ရန်ကင်းတေါင် နဲ့ တေါင်ပေါ်က ဘုရားတွေရဲ့ ဓတ်ပုံရယ် ရာဇဝင်ကြောင်းလေးရယ် သိမြင်ချင်ပါတယ်။

    Reply

  • ဆူး

    December 11, 2011 at 8:09 pm

    စပါးတွေ တောင်လိုပုံ..
    မြေကြီးက ရွှေသီးနေတာ စပါးဝါဝါတွေ..

    Reply

  • ရန်ကင်းတောင်ပေါ်ကိုတက် အပေါ်စီးမြင်ကွင်းတွေရယ်။
    နောက်တောင်အတွင်းကလှိုက်ဂူထဲမှာရှိတဲ့ ငါ့ရံ့မင်းနှစ်ကောင်ရယ်ကို
    တင်ပေးဘို့ိစိတ်ကူးရှိပါတယ်။
    ဒါပေမယ့်ရန်ကင်းတောင် က တက်ရတာ အတော်လေးမတ်တယ်။
    တောင်ပေါ်မတက်တာ ဆယ်နှစ်ကျော်ခဲ့ပြီ။
    တောလမ်းကနေတက်ဘို့ အဲဒီတောင်ပေါ်ကို အမြဲတက်တဲ့ မိတ်ဆွေနဲ့တော့တိုင်ပင်ထားပါတယ်။

    Reply

  • blackchaw

    December 11, 2011 at 9:50 pm

    ကိုပေါက်ရေ။
    ထုံးစံအတိုင်း ဝင်ရောက်ကြည့်ရှု ပြီး အားကျ ပြန်ထွက်သွားပါတယ်ဗျာ။
    အဲဒီလို ရိုက်နိုင်တာ ကိုလည်း အားကျပါကြောင်း။

    Reply

  • ကိုချောရေ
    ကျနော်သွားနိုင်တုန်း
    အခွင့်အရေးပေးတုန်း
    မိုးရွာတုန်းရေခံနေတဲ့သဘောပါဘဲဗျာ။

    Reply

  • Diamond Key

    December 12, 2011 at 3:56 pm

    ကိုပေါက်ရေ၊
    ပုံ ၁၂ ကို အတော်ကြိုက် သဗျာ။

    Reply

  • MaMa

    December 12, 2011 at 5:41 pm

    ကိုပေါက်ရဲ့ မော်ဒယ်လည်း မျက်တောင် မခတ်ဘူးနော် 😀
    နံပါတ် ၁၃ ပုံလေးကို အကြိုက်ဆုံးပဲ။

    Reply

    • inz@ghi

      December 12, 2011 at 6:19 pm

      ဟုတ်တယ်ဗျို့ နံပါတ် ၁၃ က အလှဆုံး…
      လေးပေါက် ဘရာဗို…

      Reply

Leave a Reply

Your email address will not be published.