“မန္တလေးတောင် အဝေးကမြင်ကွင်းလေး”

“အဝေးကမြင်ရတဲ့မန်းတောင်”

1 မန်းလေးမြို့ မြူမူံမူံကြားက ဝိုးတဝါးမန်းလေးတောင်တော်
2 ဒီပုံလေးကတော့ကြာပါပြီ ကင်မရာလေးစ ဝယ်ပြီးစမှာရိုက်ထားတဲ့ပုံလေး
3 မန်းလေးတောင်အရှေ့ဘက်ကနေ မြင်ရတဲ့မြင်ကွင် း ရွှေကျောင်းကြီးနားကမြင်ရတာပါ
4 စောစောကပုံနဲ့ နေရာအတူတူ အလင်းအမှောင်လေးကွာသွားတာပါ
6 ဒီဇင်ဘာ 5ရက်နေ့ကပုံလေးပါဘဲ သဘောကျလို့
9ကျောက်တော်ကြီးဘုရားရှေ့ကမြင်ရတဲ့မန်းတောင်
10အမြင့်ကနေစီးမြင်ရတဲ့မန်းတောင်
11 စန္ဒာမုဏိဘုရားအရှေ့ဘက် သစ်ပင်တွေကြားက မြင်ရတဲ့ မန်းလေးတောင်
12 ရန်ကင်းတောင်အသွားလမ်း အောင်ပင်လယ်က နေမြင်ရတဲ့ မန်းတောင်
13 ရေတံခွန်တောင်ကိုသွားတဲ့လမ်း အောင်ပင်လယ် လယ်ကွင်းကြီးရဲ့ အလည်ခေါင်ကနေမြင်ရတဲ့ မန်းတောင်
14 ကြည်လင်ပြာလဲ့တဲ့ မေလတစ်ရက်မှာ မြင်ရတဲ့ မန်းလေးတောင်
15 ဒါကတော့ သင်္ကြန်တွင်းရက် သင်္ကြန်မဏ္ဍပ်ပေါ်ကနေမြင်ရတဲ့ မန်းလေးတောင်
16 အောက်တိုဘာတစ်ရက်မှာ အရှေ့ကျုံးလမ်းကတွေ့ရတဲ့မန်းတောင်
17 ဒါလဲမေလက ပုံလေးပါဘဲ
18 ကျောက်တော်ကြီးဘုရားထဲကမြင်ရတဲ့ မန်းတောင် ဒီပုံလေးကို တင်ဘူးတယ် ပဟေဠိဖွက်ပြီးတော့

 

မန်းလေးတောင်ဆိုတာ ကျနော်တို့မြို့ရဲ့အထိန်းအမှတ်။

ဂုဏ်ယူစရာ ကောင်းသလို ကြည့်မဝရူ့မဝတဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်သော

မန်းလေးတောင်ပါ။                                                                                         ်  စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေဖြစ်ဖြစ်၊

စစ်ကိုင်း ရွှေတောင်ဦးမော်က ဘဲဖြစ်ဖြစ်၊

မင်းကွင်းလှေဆိပ်ကဘဲဖြစ်ဖြစ်  ၊

လှမ်းကြည့်မယ်ဆိုရင် မူံပြပြလေးမြင်နေရတတ်ပါတယ်။

 

ကျနော်က နေရာအနှံ့့သွားနေတတ်သူ ခြေဗွေပါသူဆိုတော့

မန်းလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါတို်င်း

မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။

အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ်

တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။

တောင်ရဲ့မြောက်ဘက် ကမြင်ကွင်းတွေ တောင်ရဲ့အနောက်ဘက်ခြမ်းကမြင်ကွင်းတွေ

ကျန်ပါသေးတယ်။

အခုတော့ ဒီလောက်နဲ့ဘဲကျေနပ်မယ်ထင်ပါရဲ့။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(8-12-2011)

 

15 comments

  • Diamond Key

    December 8, 2011 at 10:13 am

    ကိုပေါက်ရဲ့ ၁၂ လက မန်းတောင် အလှတရားများပါပေ။
    သွားနိုင်လှ၏ ၊ မြင်နိုင်လှပါဘိ။
    အားကျပါဘိတော့သည်။ 😀

    Reply

  • Moe Z

    December 8, 2011 at 10:46 am

    နံပါတ် ၁၄ နဲ့ ၁ရ ပုံကလမ်းမှာ ဆိုင်ကယ်စီးလို့ကောင်းတယ် လေးပေါက် 🙂

    Reply

    • ပေါက်ဖော်

      December 8, 2011 at 11:15 am

      ဟင့်အင်း..
      အဘက အပေါ်ကကန်ထဲမှာ..စပိဘုတ် စီးချင်တာ
      😀

      Reply

      • Moe Z

        December 8, 2011 at 11:24 am

        စပိဘုတ်တော့မရဘူး မိချောင်းရှိတယ် စီးမလား
        စီးမယ်ဆိုရင် မိန်းမကို ညာဘက်လက်မှာ မအိပ်ခိုင်းနဲ့ 😀 😀 😀

        Reply

        • inz@ghi

          December 8, 2011 at 11:36 am

          right side မှာ မအိပ်ခိုင်းရဘူးဆိုတော့
          which side မှာ အိပ်ခိုင်းရမတုန်းဗျ…???

          ဘာအဓိပ္ပါယ်နဲ့ အဲ့လိုပြောတာလဲဟင် … နားမလည်လို့ဘာ???

        • Moe Z

          December 8, 2011 at 11:55 am

          လုပ်ပြီကိုဘယ်ကျော်ကတော့
          မင်းနန္ဒာပုံပြင်ကို သတိရလို့ပြောင်လိုက်တာကို
          လေးပေါက်ရေ ပို့စ်လေးဘေးချော်သွားရင်ခွင့်လွှတ်ပါနော် 🙂

  • blackchaw

    December 8, 2011 at 11:43 am

    ပထမဆုံးပုံလေးက ဆီဒိုးနားရှေ့က လှမ်းရိုက်ထားတာလို့ ထင်ပါတယ်။

    Reply

  • windtalker

    December 8, 2011 at 12:31 pm

    မန်းတလေး က လမ်းဘေးမှာ စူပါကပ်စီးချင်သပ ဆိုရင်ဖြင့်
    ကိုပေါက် မန်းတလေး က နွေးထွေးစွာ ကြိုဆိုနေမှာ ဖြစ်ပါကြောင်း
    (မှတ်ချက် ။ ။ အမျိုးသမီးများသာ)

    Reply

  • ဟုတ်ပါတယ် ကိုချောရေ
    1-2-6ပုံတွေအားလုံး ဆီဒိုးနားရှေ့ကမြင်ကွင်းပါ။
    တိုးတွေ သိပ်သဘောကျတဲ့မြင်ကွင်းတစ်ခု။
    မှတ်မှတ်ရရ ကိုချောနဲ့တွေ့ပြီးနောက်တစ်နေ့မှာ ရိုက်ထားတဲ့ပုံလေးပါဘဲ။

    Reply

  • koaung

    December 8, 2011 at 2:06 pm

    လန်းတယ်ဗျိုး ပုံတွေက ဂွဒ်ရှယ်ပဲ

    Reply

  • TTNU

    December 26, 2011 at 11:59 pm

    ကိုပေါက်ရေ…
    အကြိုက်ဆုံးပုံများမှာ (၁၄) (၁၅)။
    (၁၈) ကတော့ မန ္တလေးတောင်မှန်းမသိသာပါ။

    Reply

Leave a Reply

Your email address will not be published.