ကထူးဆန္းApril 14, 20122min05
ဒီဟိုတယ် တွေမှာထားလို့ ညစ်ပါတ်တယ် ဆိုတဲ့ အပြော ခံရဖို့ လမ်း သိပ်မရှိပါဘူး ။ သူ့ဈေးနဲ့ သူ နိုင်ငံခြားသားများကိုထားပျော်တဲ့ လက်ရှိနိုင်ငံခြားသားများ တည်းခိုတဲ့ ဟိုတယ်တွေကို ဖော်ပြပေးသွားပါ့မယ်။ ဒီတစ်ခါတော့ Trip Advisor မှ ကောက်နုတ်မဖော်ပြတော့ဘဲ ကျွန်တော် သိသလောက် ဟိုတယ်များ ပါ။ 1. East Hotel East Hotel Tel: + 95 9 73135311, 73135299 Fax: + 95 1 371358 Email addresses: reservation@east.com.mm, thantzin@east.com.mm, theingi@east.com.mm, hoteleastyangon@gmail.com Website: www.east.com.mm ရန်ကုန်မြို့လည်ခေါင်တည့်တည့်မှာ ဆူးလေဘုရားလမ်းမှာ ရှိသည့် East Hotel သည် […]


ကထူးဆန္းApril 13, 20125min013
သူကြီးရေ .. မြန်မာပြည်ကို စိတ်ဝင်စားမှု့တွေ တိုးတက်နေတဲ့ အချိန်၊ မြန်မာပြည် လာချင်သူတွေအတွက် မြန်မာပြည်နဲ့ အနေဝေးနေသော မြန်မာပြည်ဖွားတစ်ယောက်ကို ရန်ကုန်သွားရင် ဘယ်မှာတည်းရမလဲမေးလာရင် အလွယ်တစ်ကူအဖြေပေးနိုင်အောင်လို့ ရန်ကုန်က ဟိုတယ် အချို့ကို ရှာဖွေ တင်ပြလိုက်ပါတယ်။ ဟိုတယ်ဈေးနုန်းတွေက ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ခဏခဏပြောင်းနေတဲ့ အတွက် ဈေးနုန်းတော့ တပ်အပ် မပြောနိုင်တော့ပါဘူး။ အရင်က ခရီးသွားလုပ်ငန်းများမှ ပြန်ဝယ်လျှင် အနည်းဆုံး ၃၀% မက သက်သာသော်လည်း ယခု ထိုရာခိုင်နုန်းမျှ သက်သာရန် မလွယ်တော့ပါဘူး။ သို့သော် ရန်ကုန် အခြေစိုက် ခရီးသွားလုပ်ငန်းကုမ္မဏီ များမှာဈေးနုန်း စုံစမ်းပြိး ဟိုတယ်မှ တိုက်ရိုက်ဝယ်ယူသည့် ဈေးနုန်း နိုင်းယှဉ်ပြီးမှ ဝယ်ယူသင့်ပါသည်။ ဒီတစ်ခါလဲ Tripadvisors က ရန်ကုန်ဟိုတယ်တွေရဲ့ အတွေ့ အကြုံတွေရေးထားတဲ့ […]


                     “စိန်ဘုရားမြဘုရား(မန္တလေးရွှေကျီးမြင်)”   မန္တလေးမြို့ရဲ့ အထင်ကရဘုရားတွေထဲမှာ24လမ်း 82လမ်းဒေါင့် ပြည်ကြီးကျက်သရေ ရပ်ကွက်မှာရှိနေတဲ့ ရွှေကျီးမြင်ဘုရားကလဲတစ်ဆူအပါအဝင်ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီဘုရားကို ရွှေကျီးမြင့် ဘုရားလို့ဘဲနုတ်ကျိုးနေကြပါတယ်။ ဒီဘုရားအကြောင်းကိုတော့ မန်းလေးဂေဇက်မှာကျွန်တော်တစ်ခါတင်ဘူးပါတယ်။ http://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=1&ved=0CCQQFjAA&url=http%3A%2F%2Fmyanmargazette.net%2F57087%2Farts-humanities%2Fburmese-myanmar-asian-culture-mythology-folklore&ei=9gOBT7fLNo65iAeA0fS3BA&usg=AFQjCNErMAS4hD2PV83Yl9T9_ApSrhMdbg&sig2=ATJRk2wcRpoOyNgx_eEjJg ဒီလင့်လေးနဲ့ပေါ့။ မင်းရှင်စောရဲ့ရွှေကျီးမြင်ဆိုတဲ့အမည်နဲ့ပါ။ ဒီရက်ပိုင်းရောက်တော့ဘုရားအတွင်းတော်ကို ပြင်ဆင်နေပါတယ်။ ဒါကြောင့် ယခင်အတွင်းထဲမှာသာ အပူဇော်ခံထားတဲ့ဆင်းတုတော်တွေကို ယာယီကျောင်းဆောင်မှာအပူဇော်ခံစေပါတယ်။ အရင်က ဘုရားပွဲတော်ရက်၊ဝါဝင်ဝါထွက်နဲ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာသာ အနီးကပ်ဖူးမြင်ရတဲ့ စိန်ဘုရားမြဘုရားကို အနီးကပ်ဖူးမြင်ခွင့်ရရှိပါတယ်။ ဒါကြောင့်မျှဝေပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့လက်ဆောင် (8-4-2012)  


                 “ရေတံခွန်စမ်းက အမှတ်တရပုံရိပ်လေးတွေ”   ဒီးဒုတ်ရေတံခွန်ကို အသွားလမ်းရောအပြန်လမ်းရော ရိုက်စရာနှက်စရာတွေကအတော်ပေါပါတယ်။ ကိုသော့နဲ့ကိုလတ်တို့ကရှေ့ကသွား။ ကျနော်နဲ့ဖရဲမက ဒီလမ်းကို အခုမှရောက်ဘူးတော့ ဟိုနားရိုက်ဒီနားရိုက် ရိုက်လို့မကုန်နိုင်အောင်။ နောက် လမ်းတစ်နေရာမှာတော့သူတို့က ရပ်စောင့်။ ရိုက်ကြနှက်ကြနဲ့ပြီးတော့အတူဆက်သွားကြ။ ခဏနေတော့ မီးလောင်နေတဲ့ ကွင်းပြင်လေးရောက်တော့ဖရဲနဲ့ကျနော်တို့က တစ်ခါရပ်။ ဒုဋ္ဌဝတီမြစ်အကွေ့လေးရောက်တော့ တစ်ခါရပ်။ သရက်ပင်အောက်က အိမ်လေးမြင်တော့တစ်ခါရပ်။ ရပ်ရင်းသွားရင်းနဲ့ ရေဆိပ်ရောက်တော့တစ်ခါဆုံကြပါတယ်။ နောက်ရေဆိပ်မှာရိုက်ပြီးတော့ လမ်းကထမင်းဆိုင်မှာတစ်ခါနား။ ပြီးတော့ဆက်သွား။ လမ်းမှာ မတူသောအတွေးတွေနဲ့ ကိုယ်ဘာသာကိုယ်ရိုက်ကြနှက်ကြ။ ပျော်စရာ။ အခုတော့ ပုံတွေပြန်စစ်ပြီးတဲ့အခါ အမှတ်တရပုံရိပ်လေးတွေရလာတာကိုတင်ပေးလိုက်ပါတယ်။ မလှပေမယ့် ဆင်ခြင်စရာ သနားစရာ  ပြုံးစရာလေးတွေလို့စိတ်ထဲမှာခံစား သွားခဲ့ရင်တော်ပါပြီနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (2-4-2012)        


15 ပြာလဲ့စိမ်းပြာလှိုင်း              “ဒီးဒုတ်ရေတံခွန်စမ်းရေပြာနဲ့ပါတ်ဝန်းကျင်အလှများ”   ဒီးဒုတ်ဂူကိုရောက်လိုက်တာတစ်ခေါက်။ ဓါတ်ပုံတွေတင်လိုက်တာပိုစ်လေးငါးခုမက။ တကယ်ပြောရရင်ရိုက်စရာတွေကလဲများလှပါတယ်။ အဲတော့ရိုက်ခဲ့တာတွေကလဲအများကြီး။ အတူသွားသူငါးယောက်ထဲမှာကျနော်ကလက်အဆော့ဆုံးလို့ထင်မိပါတယ်။ မြင်သမျှကလဲရိုက်ချင်စရာကိုးဗျာ။ ရေတံခွန်မရောက်ခင်ရေသံတွေတဝေါဝေါကြားနေပြီဆိုကတဲ့က စိတ်ကမရိုးမရွ။ အောက်ကိုငုံ့ကြည့်တော့ရေတံခွန်မမြင်ရအောင်အပင်တွေကအုပ်ဆိုင်း။ တကယ်ရေတံခွန်နားကိုအရောက် ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကြီးကိုလဲမြင်ရရော လမ်းမှာ ပင်ပန်းလို့မောနေတာတွေတောင်ဘယ်ပျောက်မှန်းမသိအောင် ဇောတွေကပ် လို့တဖျပ်ဖျပ်နဲ့ပုံတွေနှိပ်မိပါတော့တယ်။ ရေတံခွန်ထဲမှာလဲကိုယ့်ထက်အရင်ရောက်သူကတပုံကြီး။ လူငယ်တွေချည်းပါဘဲ။ ပျော်လို့ပါးလို့ရေကူးကြ ဒိုင်ဗင်ပစ်ကြနဲ့တကယ့်ကိုပျော်စရာ။. အရှေ့ဖက်မှာရော အနောက်ဖက်မှာရော ကျောက်ဆောင်တွေက ဝန်းရံထားတော့အေးမြ။ ရေတံခွန်ကစီးဆင်းလာတဲ့ရေကကြည်လင်စိမ်းမြ။ အစကတော့ရေထဲမဆင်းဘူးလို့စိတ်ကူးပေမယ့် ရေထဲမဆင်းရင်စိတ်တိုင်းကျပုံမရ။ လဲစရာကလဲအပိုမပါ။ နောက်ဆုံးတော့ပေါင်လောက်ရှိတဲ့ရေထဲရောက်သွားတာပါဘဲ။ ရေထဲကနေရိုက်။ ပြီးရင်အလည်ခေါင်က ကျောက်တုံးပေါ်တက်ရိုက်။ ပြီးတော့ အရှေ့ဘက်အစွန်ဆုံးက ဆိုင်ကလေးရှေ့ကကျောက်တောင်အမြင့်ပေါ်တက်ရိုက်။ ဝါးလုံးတန်းလေးကိုကိုင်လို့ပေါ့။ နေပူမှန်းလဲမသိ၊လိမ့်ကျမှာလဲစိတ်ထဲမရှိ။ စိတ်တိုင်းကျရိုက်နှက်ပြီးတော့မှာ ညီလေးဂီရဲ့စကားလေးက ခေါင်းထဲရောက်လာပါတယ်.။ မောထှာ မောထှာအေ…………………………………… မောထှာအေ…………………….. မောထှာအေ…………………………….. မောထှာအေ………………………….. မောလိုက်ထှာအေ……………   အဲတော့ ဒီလှပတဲ့ပုံတွေရလာပါတယ။် […]


                   “ဒီးဒုတ်ရေတံခွန်စမ်းသို့အသွားအပြန်”   ဒီးဒုတ်ကို သွားဘို့စတင်သတင်းပေးတာကတော့ကျနော်။ ကိုသော့တို့အားတဲ့ရက် တော်လှန်ရေးနေ့။ အဲတော့ သူတို့အားတဲ့နေ့သွားဘို့စီစဉ်ရပါတယ်။ ကျနော်ကတော့ အလုပ်ကိုသွား စီစဉ်စရာတွေစီစဉ် ပြီးမှ အလုပ်ကခွင့်တောင်းပြီး သွားရပါတယ်။ခ က်တာကမနက်10း30မှာကျနော်က ဆရာတစ်ယောက် နဲ့ချိန်းထားတာကလဲရှိတာကိုလဲမဖျက်ချင်။ ဒါနဲ့ဘဲ ချိန်းထားတဲ့ဆီကိုအရင်သွားပြီးဆက်သွားမယ်ဆိုဆုံးဖြတ်လို်က်ပါတယ်.။ ချိန်းထားတဲ့ဆရာဆီသွားဘို့လူစုနေတုန်း (26-3-2012)နေ့မန်းလေးရောက်မယ်လို့                                ကြွေးကြော်ထားတဲ ထွန်းဝင်းလတ်က ဖုန်းဆက်လာပါတယ်။ အဲဒါနဲ့ဖရဲမကို သူ့သွားခေါ်ခိုင်း။ ဆရာနဲ့ချိန်းထားတဲ့ဆီမှာလူထပ်စု။ ဆရာတိုက်တဲ့လက်ဖက်ရည်သောက်။ နေပူမယ်သွားကြတော့လို့ ဆရာကခွင့်ပေးတော့ နေ့လည် ဆယ့်တစ်နာရီ.။ စုစုပေါင်းငါးယောက်  ဆိုင်ကယ်က သုံးစီးခရီးနှင်ခဲ့ကြပါတယ်။   ပြင်ဦးလွင်သွားတဲ့လမ်းမအတိုင်းလာလိုက်ကြတာ 16မိုင်တိုးဂိတ်အလွန်မှာတောင်ဘက် ရဲရွာဘက်နဲ့အေသုံးလုံးဘိလပ်မြေစက်ရုံသွားတဲ့ကျောက်လမ်းအတိုင်း တောင်ဘက်ကို သွားခဲ့ကြပါတယ်။ ကတ္တရာလမ်းမအတိုင်း လာလိုက်တာ တော်တော်လေးသွားမိတော့ လမ်းခွဲတစ်ခုတွေ့ပါတယ်။ အဲဒီလမ်းခွဲရောက်တော့ ကတ္တရာလမ်းဖက်ကနေဆင်းပြီး ကွန်ကရစ်လမ်းကြီးအတိုင်းလိုက်ခဲ့ပါတယ်။ ခိုနန်းရှင်ဂူကိုကျော်ပြီးတဲ့အခါ […]


             “မြစ်ငယ်ခေါ်ဒုဋ္ဌဝတီမြစ်မင်းကိုမျှဝေခံစားခြင်း……………”   ငယ်က သီချင်းတွေထဲမှာ “ဒုဋ္ဌဝတီရေကြည်ချောင်းကလေးသည် ဟိုးအဝေးဝယ်ကွေ့ကောက်ပြီး စီးဆင်းနေသည်” ဆိုတဲ့အသံလေးကြားရင် အဲဒီမြစ်နားကို သွားကြည့်ချင်မိပါတယ်။ မြစ်ငယ်မှာနေတဲ့အခိုက်အတန့် ရေကြီးချိန်အနီရောင်မြစ်ရေတွေ တဝေါဝေါအသံပေး စီးဆင်းလာရင်း ဒေါသတကြီးနဲ့ကမ်းပါးတွေကို တဝုန်းဝုန်းနဲ့တိုက်စားသွားတာလဲ ကိုယ့်မျက်စေ့ရှေ့တင်ပါဘဲ။ ရွှေစာရံဘုရားတို့ ပေါ်တော်မူဘုရားတို့လို့ ဒီမြစ်ကမ်းနံဘေးမှာရှိတဲ့ဘုရားလေးတွေကို အရောက်သွားမိတော့ အေးအေးငြိမ့်ငြိမ့်နဲ့တသိမ့်သိမ့်စီးဆင်းနေတဲ့ ဒုဋ္ဌဝတီကိုတွေ့ရပြန်ရော။ မိခင်ဧရာဝတီနဲ့ဝေးနေချိန်မှာ ဒုဋ္ဌဝတီ နီးလာတော့မြစ်ငယ်မြစ်လို့အမည်တွင်တဲ့မြစ်အနီးကို ဒီတစ်ခါတော့ တကယ်ရောက်ခဲ့ပြန်ပါပြီ။ မြစ်နဲ့ယှဉ်နေတဲ့ကွန်ကရစ်လမ်းပေါ် ဆိုင်ကယ်မောင်းရင်းတောင်တွေအုပ်မိုးထားတဲ့ လှပသောမြစ်မင်းကို ကြည့်ရင်း………………………… မျှဝေခံစားဘို့ ပေးလိုက်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (31-3-2012)  


သူကြီးမင်းရဲ့ ဂေလာရီဆိုတာကြီးကိုကျေနပ်ဘူး …. ပုံတွေတစ်ပြိုင်ထဲတင်ရင် သေးသေးလေးပဲရတယ် … ဒီနေ့ဓါတ်ပုံရိုက်ဖို့အစောကြီးထပြင်ရတယ် တစ်နေကုန်ထမင်း တစ်နပ်ပဲစားရတယ်….. ရိုက်လာတဲ့ဓါတ်ပုံတွေကို ထိုင်ပြင်ရတယ် ပြီးလို့တင်မယ်လုပ် တော့မီးကပျက်သွားတယ် မီးလာတော့ကော်နက်ရှင်ကကျနေရော အားလုံးလဲအဆင်ပြေလို့ ညဆယ့်နှစ်နာရီ ပုံထတင်တော့ ပုံတွေကသေးသေးလေးပဲရတယ်….. မပြင်ရတဲ့ပုံတွေကိုတင်တော့လည်း တစ်ပုံကပျက်ပြီး ကျန်ပုံတွေကသေးနေတယ်…. ၃၁.၃.၂၀၁၂ ညဆယ့်တစ်ခွဲမှာတစ်ပို့စ်တင်တယ် ၁.၃.၂၀၁၂ မနက် ဆယ့်နှစ်နာရီဆယ့်ငါးမှာတစ်ပို့စ်တင်တယ် ခုလည်းတစ်ခါတင်တစ်ပုံတင်တော့အကြီးကြီးပေါ်မယ်ထင်တာပဲ သူကြီးထုတ်ထားတဲ့စည်းမျဉ်းတွေထဲမှာ တစ်ရက်ထဲပို့စ်နှစ်ခုထက်ပိုမတင်ရဆိုလို့ ပိုမတင်ပါဘူးနော်သူကြီး ဒီနေ့က မနက်သုံးနာရီထိုးနေပြီ ၁.၃.၂၀၁၂နေ့မှာ သူကြီးပြောတဲ့အထဲမှာ နှစ်ဆယ့်လေးနာရီအတွင်းပို့စ်နှစ်ခုထက်ပိုမတင်ရမပါဘူးနော် တစ်ရက်အတွင်းလို့ပဲပါတယ်……… (ဂီဂီရေ….. လက်တစ်လုံးခြားတော့စလုပ်ပြီနော်…..) ရွာသားအပေါင်း မနက်ရွေးကောက်ပွဲအတွက်စိတ်လှုပ်ရှားပြီး ရင်ပူနေမှာစိုးလို့ ကျွန်တော်ရှမ်းပြည်သား မျက်စိအေးရင်ရင်ပူသက်သာအောင်လုပ်ပေးဖို့ ပုံလေးတွေတင်ပေးချင်ပေမယ့် သူကြီးဆာဖာကဖုန်တင်နေလေတော့(သူကြီးနှစ်လုံးပြူး နဲ့ချိန်နေပြီ….)ပုံတွေသေးကုန်တယ် စိတ်အေးစရာလေးတွေကောင်းကောင်းမမြင်ရတော့ဘူး သူကြီးကောရွာသားတွေကော ပို့စ်တစ်ခုထဲကို နှစ်ခါတင်ပေးလိုက်ရလို့ ရှမ်းပြည်သားတို့ တောင်းပန်ပါတယ်နော်….. ဝေဖန်အားပေးကြပါဦး သူကြီးမင်းတရား ဖျက်ချင်ရင်သေးသေးလေးတွေကိုဖြတ်နော်…….. […]


ပုံမပေါ်လို့ မမြင်ရရင်တော့တတ်နိုင်ဘူးနော်…… မော်ဒယ်မလေးများကိုရိုက်ချင်သော်လည်း အရိုက်ခံမယ့်သူမရှိတာနဲ့ ကိုယ်တိုင်အခြော်တကောက်လုပ်ပြီးပို့စ်ပေးထားပါတယ်နော်….. ကျွန်တော့်ဆြာများဖြစ်ကြသော ကိုလုလင်၊ဂီဂီ၊ဦးပေါက်၊ဦးသော့နှင့်ရွာသူားအပေါင်း တို့အတွက် ကျွန်တော်ကိုယ်တိုက်အရိုက်ခံကိုယ်တိုင်ရိုက်ထားတဲ့ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ လိုအပ်တာလေးများရှိရင်သင်ကြားပေးကြပါဦးနော်………. လေးစားစွာဖြင့်…… ရှမ်းပြည်သား(တောင်ပိုင်း)


               “သဘာဝကျောက်ဆောင်………….တောင်တန်းများနှင့်အလှဆင်ခြင်း…………………”   ဒီးဒုတ်ရေတံခွန်အသွားလမ်းမှာ လမ်းကကောင်းတော့ငေးရင်းမောရင်းသွားမိပါတယ်။ ဒီလမ်းကို ပထမဦုးဆုံးအကြိမ်ရောက်ဘူးတာပါ။ ငယ်ကတဲကမြင်ခဲ့ရတဲ့ နွားလဘို့တောင် ကျွဲနဖားတောင်တွေကြားကို အခုအချိန်မှရောက်ဘူးတာပါ။ တောင်တွေကြားမှာခရီးသွားရတာ အရသာရှိလှပါတယ်။ ကိုယ်က တောင်ကြားထဲကလေတအေးအေးကြားမှာဆိုင်ကယ်လေးက ပြေးလွှား။ မွန်းတည့်နေကတော့ အတော်လေးပူပါတယ်။ လမ်းတစ်ဘက်တစ်ချက်မှာတောင်မြင့်မြင့်။ မိူင်းရီရီ။ ကျောက်ဆောင်တွေ။ ဟိုးအဝေးမှာ ပေါ်တလှည့် မြုပ်တစ်ခါ ဒုဋ္ဌဝတီမြစ်မင်း။ ကွေ့ကောက်သွားတဲ့လမ်းကလေး။ ရွက်ဝါတွေကိုစွန့်ခွာထားတဲ့ အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်။ သဘာဝအလှတရားက လိုက်မမှီအောင်လှပလွန်းတယ်ဆိုရင် မလွန်ဘူးလို့ထင်မိပါတယ်။ ကျနော်ဒီနေရာလေးမှာ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့မိပါတယ်။ အခုပုံတွေပြန်တင်တော့ အရွှေးရခက်လွန်းပါတယ်။ အားလုံးလှနေလို့ပေါ့။ ဒိနေရာကိုကျနော်နောက်တစ်ခေါက်ထပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။ လှသောနေရာလေးတွေကို ရိုက်ဘို့ကျန်နေသေးလို့ပေါ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါးလေး။. (29-3-2012)  


Mလုလင္March 31, 20126min036
အခု ပိုစ့်ကတော့ မြှောက်ပေးတဲ့သူ ရှိလို့ ထက တဲ့ ပိုစ့်ပါ လို့ အရင် ပြောပါရစေ။ နောက်ပိုင်းခောတ်မှာ ဓာတ်ပုံ ရိုက်တယ်ဆိုတာ အလွန်လွယ်ကူနေပါပြီ။ အိမ်သုံးနဲ့ ပဲဖြစ်ဖြစ်၊ အပျော်တမ်းပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ ပဲဖြစ်ဖြစ် ဓာတ်ပုံ ရိုက်ဖြစ် ကြမှာပါ။ဓာတ်ပုုံ ပညာ အကြောင်း၊ ကင်မရာ အကြောင်း၊ ပူပူနွေးနွေး ပဲ posing အကြောင်း ကို မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာ တွေ ရေးပြီးခဲ့ ပါပြီ။ ကျွန်တော့် ခုပိုစ့် က သတိထား ရမယ့် အချက် လေးတွေ ပါ။ မူရင်း web page မှာတော့ ၇၈ ချက်လို့ ပြောထားပါတယ်။ ဒီ လေးချက် […]


aye.kkMarch 30, 20124min032
ထိုင်းမြန်မာ နှစ်နိုင်ငံနယ်စပ် ၊ မယ်ဆိုင်မြို ့မှ တစ်ဆင့် ငွေဘုရားသို ့အလည်ရာက်ခဲ့စဉ် အမှတ်တရ ရိုက်ခဲ့သော ပုံလေးများဖြစ်ပါသည်။ အမှတ်တရ လက်ဆော့ ခဲ့သောပုံလေး များသာဖြစ်ပါသည်။။