1 တောင်စဉ်တန်းနဲ့မြစ်မင်း ဒုဋ္ဌာ ကွေးဝိုက်သောမြင်ကွင်း(အဆန်းထွင်လက်ဆော့)
2 ဟိုးအဝေးမှာ မိူင်းညို့နေတဲ့တောင်စဉ်တန်း...............မြစ်ရေတွေကတော့ ကြည့်စိမ်းလို့
3 မြစ်လယ်မှာဝဲကတော့ ထိုးနေသလို....................
4 သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တစ်ဘက်ကမ်းကအေးချမ်းတဲ့ရွာကလေး
5 အဖော်မဲ့နေတဲ့ ဘောက်တူလှေကလေး..............
6 ဟိုဘက်ကမ်းကို ကူးတော့မယ်လှေ့ကလေး...................
7 ဒါကတော့ ကိုချောအကြိုက် လူမပါတဲ့လှေနဲ့မြစ်ပြင် မြင်ကွင်း
8တောင်တန်းများနဲ့အပြိုင်စီးဆင်းနေတဲ့မြစ်မင်း...........................
9 ပြာလွင်ကောင်းကင် မိူင်းညို့တောင်တန်း ကြည်လင်စိမ်းလဲ့တဲ့မြစ်မင်း ပေါင်းလိုက်တော့ အလွမ်းတဲ့ဗျား
10 ကျနော်အကြိုက်ဆုံးမြင်ကွင်းထဲက တစ်ခု
11 ရေဆိပ်ကို အပေါ်စီးက အကြည့် (အဲဒီထဲမှာ ဦးထုပ်ပျောက်မှာစိုးတဲ့ ဂေဇက်ရွာသားတစ်ယောက်ပါတယ်)
12အောက်ခြေက ကျောက်တုံးတွေကို လှမ်းမြင်နေရတဲ့ ကြည်လင်တဲ့မြစ်ပြင်အဝေးမြင်ကွင်း
13 သာယာသော မြစ်နဲ့တောင် ကို အနားသတ်ထားတဲ့လယ်ကွင်လေးတွေ
14 အလှစစ်ကို ချောင်းနေတဲ့သူလေးပါ
15 ရိုးတံလေးကြားက မြစ်မင်းအလှ
16 ရောင်စုံအလှစိုစို(ကင်မရာဖန်ရှင်းတွေပြောင်းဆော့ထားတာပါ)
“မြစ်ငယ်ခေါ်ဒုဋ္ဌဝတီမြစ်မင်းကိုမျှဝေခံစားခြင်း……………”
ငယ်က သီချင်းတွေထဲမှာ
“ဒုဋ္ဌဝတီရေကြည်ချောင်းကလေးသည် ဟိုးအဝေးဝယ်ကွေ့ကောက်ပြီး စီးဆင်းနေသည်”
ဆိုတဲ့အသံလေးကြားရင် အဲဒီမြစ်နားကို သွားကြည့်ချင်မိပါတယ်။
မြစ်ငယ်မှာနေတဲ့အခိုက်အတန့် ရေကြီးချိန်အနီရောင်မြစ်ရေတွေ တဝေါဝေါအသံပေး
စီးဆင်းလာရင်း ဒေါသတကြီးနဲ့ကမ်းပါးတွေကို တဝုန်းဝုန်းနဲ့တိုက်စားသွားတာလဲ
ကိုယ့်မျက်စေ့ရှေ့တင်ပါဘဲ။
ရွှေစာရံဘုရားတို့ ပေါ်တော်မူဘုရားတို့လို့ ဒီမြစ်ကမ်းနံဘေးမှာရှိတဲ့ဘုရားလေးတွေကို
အရောက်သွားမိတော့ အေးအေးငြိမ့်ငြိမ့်နဲ့တသိမ့်သိမ့်စီးဆင်းနေတဲ့ ဒုဋ္ဌဝတီကိုတွေ့ရပြန်ရော။
မိခင်ဧရာဝတီနဲ့ဝေးနေချိန်မှာ ဒုဋ္ဌဝတီ နီးလာတော့မြစ်ငယ်မြစ်လို့အမည်တွင်တဲ့မြစ်အနီးကို
ဒီတစ်ခါတော့ တကယ်ရောက်ခဲ့ပြန်ပါပြီ။
မြစ်နဲ့ယှဉ်နေတဲ့ကွန်ကရစ်လမ်းပေါ် ဆိုင်ကယ်မောင်းရင်းတောင်တွေအုပ်မိုးထားတဲ့
လှပသောမြစ်မင်းကို ကြည့်ရင်း…………………………
မျှဝေခံစားဘို့ ပေးလိုက်ပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး
(31-3-2012)
Post Views: 0
10 comments
water-melon
April 1, 2012 at 8:35 am
ဘပေါက်ချင့်
အောက်ဆုံးပုံကိုကြိုက်ပါ့ချင့်
အလှစစ်ကို ချောင်းနေတဲ့ကောင်လေးက တော်တော်ချောတာဘဲ
Thit Sar Lin
April 2, 2012 at 11:04 am
ဟွန်း..ဒီနေရာမှာတော့…ဒီဖြဲမနဲ့ အကြိုက်ချင်းလာတူနေတယ်ဗျို ့…
လေးပေါက်ကြီးရေ…ဓါတ်ပုံသင်တန်းဖွင့်ပါလား……
လေးပေါက်ဆီက ပညာတွေယူစရာအများကြီးပါ …
လေးပေါက်ရိုက်တဲ့ ပုံတိုင်းက တကယ့်အသက်ဝင်နေသလိုခံစားရပါတယ်…
ကိုပေါက်(မန္တလေး)
April 2, 2012 at 11:33 am
တကယ်သင်တန်းတက်ရမှာက ကျနော့်ဆီမဟုတ်ဘူး။
ကိုစိန်သော့ဆီမှာတက်ရမှာ။.
Mr. MarGa
April 2, 2012 at 11:41 am
ပြေးဆင်းပြီး ရေချိုးချင်စရာ မြစ်မင်းဒုဋ္ဌာ
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
Ma Ei
April 2, 2012 at 12:01 pm
No 12…
ကျောက်တုံးလေးတွေမြင်ရအောင် ကြည်လင်နေတဲ့
မြစ်ပြင်ဘေးမှာထိုင်ပြီး တောင်တန်းတွေကို ငေးကြည့်နေချင်လိုက်တာ…
kaung kin pyar
April 2, 2012 at 5:51 pm
ကိုပေါက်ရေ……မြစ်ပုံတွေကို သိပ်မရိုက်ဘဲ ဖွက်ထားနော်….။ ထိုးပြီးရောင်းစားမယ့် လက်ညှိုးရှင်တွေ မျက်စိကျသွားမှဖြင့်….ကိုပေါက်တရားခံဖြစ်တော့မယ်….။
ကိုပေါက်(မန္တလေး)
April 2, 2012 at 5:55 pm
ကျနော်ကတော့ အဲလိုမမြင်ဘူး။
ခေတ်ပြောင်းနေပြီလေ။
နိုင်ငံခြား ခရီးသည်တွေက ကျနော်တို့မြန်မာပြည်မှာ ဒီလိုလှတဲ့နေရာလေးတွေရှိတာသိသွားလို့
အလည်လာခဲ့ရင် မီးခိုးမထွက်တဲ့စက်ရုံတွေအလိုလိုပေါ်လာမှာကိုမျှော်ကြည့်လို့ရပြီ။
သူများစားမှာကြောက်လို့ဖွက်ထားတော့ ကိုယ်လဲမစားရတော့ဘူး။
ကဲ…………………………………သူကြီးရေ မြန်မာပြည်ကအလှတွေ အခြားသူမြင်အောင်ပြဗျာ။
pooch
April 2, 2012 at 7:19 pm
လေးပေါက် အနော့်ဆီရောက်နေတဲ့ တယောက်နဲ့တယောက်ချောင်းနေတဲ့ပုံတွေရော တင်ပေးလိုက်ရမလား
ဟဲ ..ဟဲ…. 😀
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
April 2, 2012 at 7:23 pm
right U Pauk…. let show…. the beauty of our motherland….
ကိုပေါက်(မန္တလေး)
April 2, 2012 at 10:22 pm
မယ်ပု
ခိုင်ထူးသီချင်းဆိုပြလိုက်မယ်
ဒို့ ………..သစ္စာရှိကြေး…………………………