ဆင် တင်ပါးတွေမှာ စာရိုက်ထားတာ မီးပူပူမှာ ဖုတ်ထားတဲ့ သံပြား ရဲရဲ နီကို ဆင်တင်ပါးကို ကပ်လိုက်တဲ့ အတွက် အပူဒဏ်ကြောင့် အနာရွတ်ဖြစ်သွားစေတာပါ။ ဆင်စီးတဲ့ အခါမှာတော့ ဓါတ်ပုံရိုက်ဖို့ မလွယ်လောက်အောင် ခါရမ်းနေလို့ ကင်မရာမကိုင်နိုင်ပဲ ဆင်ပေါ်က ပြုတ်မကျအောင် လူထိုင်တဲ့ ခြံလေးထဲက တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရလို့.. ဓါတ်ပုံ ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။ တောင်ခြေစခန်းမှ ဆင်စီးပြီး တောင်တက်မယ် ဆိုလျှင်တော့ ၁ယောက်ကို ၂၀၀ဝ နှုန်းဖြင့် တက်နိုင်ပြီးတော့ ဆင်တစီးမှာတော့ လူ၄ယောက် စီးခွင့်ရှိပါတယ်။ ဆင်မစီးချင်သူများ ခြေလျှင်ဖြင့်လည်း တက်နိုင်ပါသေးတယ်။ အတက်ကိုတော့ ၃ယောက်ကို ဆင်တစီးလုံး ၈၀၀ဝ ဖြင့် အပြတ်ငှားပြီး တက်ခဲ့ပါတယ်။ ဆူး သွားသည့် အချိန်သည် တပေါင်းလပြည့်နေ့ ဖြစ်သည့် […]
