ရွာပြန်တုန်းက တောထဲ ထင်သွားရှာရင်း အပြန်မှာ ထန်းတဲထဲ ဝင်နားရင်းနဲ့ ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် ကျုပ်တို့ အညာမှာ ထန်းလျက် ကျိုချက်ပုံကို မြင်ဖူးအောင်လို့ နည်းနည်းပါးပါး ရိုက်လာတာပါ … အော် .. ဒါနဲ့ … ကျုပ်တို့ ရွာမှာ ထန်းရည်ခါး ကို တင်စားခေါ်တာက တစ်မျိုးဗျ။ “ရေအေးအေးလေး တစ်ခွက်လောက်” .. တဲ့။ အဲဒါဆို အထာသိပြီ ထန်းရည်ခါး ကို ပြောတာ။ ကဲဗျာ .. အောက်မှာ ကြည့်ကြပါဗျာ ….။                   နောက်ဆုံး အဆင့်ပြီးတာနဲ့ ထန်းလျက်ခဲတွေကို အခြောက်ခံလိုက်တာပါပဲ ……. […]


ဆူးApril 24, 20121min06
  သဘာဝ ကျောက်ဆစ်တွေကြားထဲက ထွက်လာတဲ့ ရေတွေကို သောက်ရေ အတွက် ခံယူနေတာဖြစ်ပါတယ်။       ရေတွေ တသွင်သွင် စီးနေလို့ ကွပ်ပစ်လေး ရိုက်ပေးထားလို့ အဆင်ပြေပြေ ဆင်းလို့ ရခဲ့ပါတယ်။အတွင်း လှိုင်ဂူ ဆီ သွားတဲ့ လမ်း အနေအထားပါ။     ချောက်ကြီးထဲမှာ ဒီကလေးမလေး ဘာထိုင်လုပ်နေတာလဲ.. အမြင်မမှားဘူးဆိုရင် စောင့်စောင့် ထိုင်ပြီး တခုခုကို မျှော်နေသလိုပဲနော်။   တောင်ဆင်းလမ်းဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ်တွေနဲ့ သိပ်တော့ မပူလှပါဘူး။ ချွေးကလေး တစို့စို့နဲ့ အဆင်ပြေပါတယ်။ အသွားလမ်း ဆင်စီးတာ မိနစ် ၃ဝ ကြာခဲ့ပေမဲ့ အပြန်လမ်း လမ်းလျှောက်တာ ၅၅မိနစ် ပဲ ကြာခဲ့ပါတယ်။ တောင်ခြေက လမ်းခရီးပြ မြေပုံ […]


                     “ကန်ထဲမှာရေ ရေအထဲမှာရေပန်း အထဲမှာသက်တန့်”   ကန်တော်ကြီးထဲရောက်တော့ အဝေးကနေလှမ်းမြင်နေရာတာ ကရေပန်းကြီးပါဘဲ။ အရင်ကလဲ မကြာခဏရောက်ပေမယ့်ရေပန်းဖွင့်တာနဲ့မကြုံပြန်ပါဘူး။ ဒီတစ်ခေါက်တော့ရေပန်းဖွင့်ထားတာကြုံပါတယ်။ အစကတော့သိပ်မဆန်းသလို၊ နောက်တော့ လေပြေလေးသွေးချိန်မှာ ရေပန်းကလဲ လေထဲမှာတလွင့်လွင့်။ အနားကပ်သွားတော့ အေးမြတဲ့ရေစက်ရေပေါက်တွေက လူကိုလာမှန်ပါတယ်။ ကင်မရာရေစိုမှာစိုးတော့ သိပ်တော့အရဲမစွန့်ရဲပါဘူး။ ဒါနဲ့ဘဲ စိတ်တိုင်းကျအောင်ရိုက်ပြီး ဟိုး အနောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်ရင်းအေးမြတဲ့အရသာကိုခံစားပါတယ်။ (18-4-2012)နေ့ နေလည်ခင်းပါ။ ထိုင်နေတုန်းမန်းလေးက ဖုန်းဝင်လာတယ် ဒီနေ့တော်တော်ပူပါသတဲ့။ ကံကောင်းတယ်လို့စိတ်ထဲမှာမှတ်ယူလိုက်ပါတယ်.။ ကြည့်နေရင်း ရေပန်းမှာ သက်တန့်တွေမြင်လာမိတော့ အပြေးအလွှားသွားလို့ လက်ဆော့။ ပြန်ထိုင် သက်တန့်ကထပ်ပေါ်။ ထပ်ပြီးလက်ဆော့…………………….. ဒါနဲ့ဘဲ လှပသောပုံလေးတွေ အမြင်အေးစေတဲ့ပုံလေးတွေကို မိတ်ဆွေများအတွက် ရလိုက်ပါတယ်။ အားပေးလိုက်ကြပါအုံးနော်…………..     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (23-4-2012)  


ဆူးApril 23, 20121min022
အရှေ့က အမြှောင်းလေးတွေ ကြားထဲမှာ ပိုက်ဆံ တွေ ထိုးသွင်းထားကြပြီး အဲဒီ အကွဲကြောင်းကြီးက တခါတရံ အလိုလို ဟပါတယ်။ အဲဒါကို ဂူတခါး ပွင့်တယ်လို့ ခေါ်ပါတယ်။     ဒါကတော့ ဟနေတဲ့ နေရာ တခုပါ။ အဲဒီ ထက် ပိုပြီး ကျယ်ကျယ် ဟတာ လူ တယောက် လက်တကမ်း ဝင်လို့ရတဲ့ အနေ ကလေးတယောက် ဝင်လို့ ရတဲ့ အနေလောက် ဟလာတတ်ပါတယ်။ အဓိဌာန် ဆုတောင်းရင် ဟလာတယ်လို့ ပြောပါတယ်။   လှိုင်ဂူ ကျောက်တံခါး မှာ ရွှေသင်္ကန်း ကပ်နေကြတာ ဖြစ်ပါတယ်။     လှိုင်ဂူရှေ့မှာ လူများ ပူဇော် ကန်တော့ နေတဲ့ ကြတာ […]


ဆူးApril 22, 20121min036
ဆင်ပေါ်က ဆင်းဆင်းချင်း အပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော်ကြီး။       အပေါ်ကျောင်းကနေ အတွင်းကျောက်လှိုင်ဂူဆီ သွားတဲ့လမ်းကလေး ဖြစ်ပါတယ်။     ပွဲတော်ရက်ဖြစ်တဲ့ အတွက် ဘုရားဖူးတွေ အလွန်များပြားနေပါတယ်။ တယောက်သာ ဆင်းတက်လုပ်လို့ ရတဲ့ လှေကားကို ဆင်းဖို့ အတွက် တိုးနေကြတာ ဖြစ်ပါတယ်။ အပေါ်ကနေ အောက်ကို မမြင်ရပါဘူး။ ကျောက်လှိုင်ဂူ ဆီ ဆင်းတဲ့ လှေကား ဖြစ်ပါတယ်။ မိုး အခါ တောင်ကျရေ အများကြီး ကျတဲ့ အခါ ဖြုတ်သိမ်းတယ်လို့ သိရပါတယ်။     ကျောက်လှိုင်ဂူဆီ လွယ်ကူစွာ ဝင်နိုင်ရန် လမ်းခင်းထားပြီး အမိုးလည်း ရှိပါတယ်။ တောင်ကျရေက ဆက်တိုက် ကျနေလို့ ရေမစိုအောင် […]


                   “စိန်ပန်းပြာပန်းမြို့တော်ဆိုတဲ့ပြင်ဦးလွင်”   စိန်ပန်းပြာပင်တွေကို အသေအချာလိုက်ကြည့်မိတော့မှ ပြင်ဦးလွင်တစ်မြို့လုံးမှာစိန်ပန်းပြာတွေဘဲတွေ့နေရပါတယ်။ ကျနော်ကလဲ ခဏလာတဲ့ဧည့်သည်ဆိုတော့ ရောက်တတ်ရာရာလျှောက်သွား။ စိန်ပန်းပြာမြင်ရင်လက်ဆော့။ တွေ့တဲ့လူကလဲ တအံ့တဩနဲ့ကြည့်။ (သူတို့ကမထူးတာကို ကျနော်က အထူးအဆန်းလုပ်နေလို့ပေါ့။) လမ်းဘေးမှာ။ ခြံဝင်းထဲမှာ။ အုတ်တံတိုင်းဘေးမှာ။ ချပ်ကျောင်းထဲမှာ။ မှာ…………………….. မှာ…………………………. မှာ………………………………….. မြင်မြင်သမျှစိန်ပန်းပြာ။ အဲဒီအထဲမှာမှ တပင်လုံးအရွက်မကျန်အောင်ပွင့်နေ. အနောက်ဘက်နေကလဲ ဓါတ်ပုံရိုက်ကောင်းလောက်တဲ့အနေအထား။ ဒါပေမယ့် ခြံတံခါးက သော့ခတ်ထား။ အဝေးကလှမ်းရိုက်ဘို့လဲအဆင်မပြေ။ လိုချင်ရဲ့နဲ့ထားခဲ့ရပါတယ်။ နေရာကတော့ စာပန်းအိမ်ဘော်ဒါနံဘေးမှာပါ။ ကဲ နီးစပ်သူများရိုက်နို်င်အောင် လက်တို့ပေးလိုက်ပါတယ်။ ငယ်တုံးက သီချင်းလေးတပုဒ်ရှိပါတယ်။ “ထင်းရူးမြိုင်ချယ်ရီမြိုင် လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ…………………………”ပါတဲ့။ အမှတ်ရစရာဗျာ…………………..       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (20-4—2012)    


ဆူးApril 21, 20121min017
တောင်ပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော် ဖြစ်ပါတယ်။ ရွှေရောင် ကိုယ်တော် အစစ် လျောင်းတော်မူနေတာကတော့ အဲဒီကနေ အောက်ဆင်းသွားပြီး အတွင်းကို တော်တော် ဆင်းရပါတယ်။ မိုးတွင်းအခါ တောင်ကျ ချောင်းရေ ရှိတဲ့ အချိန်ဆိုရင် အဆင်းလမ်း မရှိပါဘူး။ ဆင်းလို့လည်း မရပါဘူး။ ဒါကြောင့် အချိန်အခါ မဟုတ် လာတဲ့ ပရိတ်သတ် အတွက် အပေါ်မှာ ကိုယ်စား ကိုယ်ပွားတော် တဆူ တည်ထားပြီး ကိုးကွယ်ထားကြတာပါ။ တောင်ပေါ်ရောက်တဲ့ အခါမှာတော့ ကျောင်းဆောင် အတွင်း လျောင်းတော်မူ အနေအထားဖြင့် ဉာဏ်တော် ၁ဝတောင် ရှိပြီး အနောက်မြောက် အရပ်သို့ ဦးခေါင်းတည်၍ ပရိနိဗ္ဗာန် ပြုနေပုံကို အင်္ဂဒေဖြင့် ထုလုပ်ပူဇော်ထားသည့် ဆင်းတုကို ဖူးမြင်ရပါသည်။ ထိုဆင်းတုသည်လည်း ရွှေဆိုင်း […]


Diamond KeyApril 21, 20125min023
                       သင်္ကြန်တွင်း ညောင်လေးပင်ဆီ သွားတဲ့ ခရီးမှာ ညောင်လေးပင်မြို့ရဲ့ အရှေ့ဖက် ၁၂ မိုင်လောက်က မဒေါက် ရွှေကျင်မြို့လေးနဲ့ လူသိများထင်ရှားတဲ့ ရွှေကျင်ဘုရားကြီးဆီကို ဘုရားဖူးရောက်ခဲ့ပါတယ်။ ရွှေကျင်မီးမျောပွဲလို့ တစ်နိုင်ငံလုံးမှာ လူသိများတဲ့ပွဲက ရွှေကျင်ဘုရားကြီးရှဲ့ဗုဒ္ဓပူဇာပွဲ ဖြစ်ပြီး နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှာ ကျင်းပပြုလုပ်ကာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာတဲ့သူတွေ တကူးတက လာရောက်ကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ရွာထဲမှာ ဘူရားသမိုင်းကို ပြောပြနိုင်အောင်လို့ ဘုရားကြီးပေါ်မှာ သမိုင်းမှတ်တမ်း ကျောက်စာရှာတာ မတွေ့တာနဲ့ ဘုရားဂေါပကကို သမိုင်းမှတ်တမ်းမေးကြည့်တော့ ဒီဘုရားကြီးမှာ အခုထိ သမိုင်းမှတ်တမ်း ပြုစုထားတာ မရှိသေးကြောင်း၊ အရပ်စကားများသာ သမိုင်းအဖြစ် ပြောဆိုနေတာပဲရှိပြီး သမိုင်းကို တင်ပြနိုင်ဖို့ မှတ်တမ်းပြုရန် ကြိုးစားနေကြကြောင်း၊ လောလောဆယ်မှာတော့ သမို်င်းမှတ်တမ်း […]


Diamond KeyApril 21, 20123min016
             ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကာလ အတွင်းမှာ အမြဲတွေ့ရတတ်တာ တစ်ခုက စုပေါင်းရဟန်းခံ ရှင်ပြုပွဲလေးတွေပါ။ ရဟန်းလောင်း၊ မောင်ရှင်လေးတွေ အများကြီးနဲ့ မြို့ထဲကို လှည့်ပါတယ်။ မောင်ရှင်လောင်းလေးတွေအားလုံးက မြင်းကိုယ်စီနဲ့၊ ရှင်လောင်းလှည့်ရမှာပါတဲ့ သူတွေအားလုံးကတော့ ခြေလျှင်လျှောက်ပြီးတော့ပေါ့။ မြန်မာ့ရိုးရာမပျက် ရှင်လောင်းလှည့်ပွဲလေး တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ ဒီမှာကျွန်တော်တွေ့ရတာက မောင်ရှင်လောင်း အပြင်အဆင် ထူးခြားမှုလေးတွေပါ။ မြန်မာ့နေရာ အနှံ့က ရှင်လောင်းလှည့်ပွဲလေးတွေကို တွေ့ဖူးတဲ့ ကျွန်တော်အတွက် တစ်နေရာနဲ့ မတူ တစ်နေရာမှာ တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို မတူထူးခြားတာလေးတွေ တွေ့ဖူးပါတယ်။ တစ်ချို့မြို့ရွာတွေမှာက မောင်ရှင်လောင်းကို ဘုရင်တွေလို ဝတ်စားဆင်ယင်ကြသလို၊ တစ်ချို့နေရာတွေမှာတော့ နတ်သားလေးတွေလို ဝတ်စားဆင်ယင်တာ တွေ့ဖူးပါတယ်။ တစ်ချို့နေရာတွေမှာက မောင်ရှင်လောင်းတွေကို ကုန်းပိုးပြီး ရှင်လောင်းလှည့်ကြသလို တစ်ချို့နေရာတွေမှာက စက်ဘီးနဲ့၊ […]


               “စိန်ပန်းပြာတွေ…………..ပွင့်ရာအရပ်ဆီသို့”   အရင်က မေမြို့လို့ကျနော်နူတ်ကျိုးနေတဲ့ ပြင်ဦးလွင်ကိုသွားရင် စိန်ပန်းပြာတွေ တွေ့တဲ့အခါ အင်မတန်သဘောကျမိပါတယ်။ ဒါပေမယ့်လည်း အရင်က ကင်မရာ မကိုင်တာကြောင့် ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး။ အခုနောက်ပိုင်းကင်မရာနဲ့လက်ဆော့ ချိန်မှာတော့ လည်း မေမြို့ရောက်တာနဲ့ စိန်ပန်းပြာပွင့်ခို်က်မကြုံ ပြန်ပါဘူး။ ဟိုတစ်လောကတော့ ဆရာမကြီး TTNU မေမြို့ရောက်သွားတော့ စိန်ပန်းပြာတွေပွင့်နေပြီလို့ သတင်းပေးပြန်ပါတယ်။ ခက်တာက မေမြို့တက်ဘို့လမ်းစကလဲ မကြုံ အားလဲမအားဖြစ်နေပြန်ပါတယ်။ တကယ်ပြောရရင် 2011 ထိ ကျနော်မရိုက်ဘူးတဲ့အရာတွေအများကြီးရှိပါတယ်။ ပိတောက်ပန်း၊သင်္ကြန်ပုံရိပ်များနဲ့ စိန်ပန်းပြာပင်ပါဘဲ။ ဒီ2012မှာတော့ ကံကောင်းတယ်ဆိုနို်င်ပါတယ်။ ပိတောက်လဲအဝရိုက်ဖြစ်၊ သင်္ကြန်လဲကျေနပ်လောက်အောင်ရိုက်ဖြစ်။ ဟော အခုမေမြို့တက်ဖြစ်တော့ စိန်ပန်းပြာတွေရိုက်ဖြစ်ပါတယ်။ မေမြို့နေရာအအနှံ့အပြားမှာရှိတဲ့စိန်ပန်းပြာပင်တော်တော်များများကို ရိုက်ဖြစ်ပါတယ်။ တကယ်တော့ မေမြို့ခေါ်တဲ့ပြင်ဦးလွင် ကတော့ စိန်ပန်းပြာ ပန်းမြို့တော်ဆိုရင်လဲမမှားပါဘူး။ ကဲ ကြည့်လိုက်ကြအုံးစိန်ပန်းပြာ………………………   […]