မေမြို့ရောက်တုန်းရောက်ခိုက် လမ်းသလားခဲ့သမျှ လက်ဆော့ခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အချို့ပုံတွေကတော့ ဖေစ်ဘုတ်မှာတင်ပြီးဖြစ်ပါတယ်။ ကြည့်ရင်း သတိရနိုင်ပါစေ.   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (24-4-2012)


               “သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”   ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။ အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။ မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊ ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊ ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။ မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။ ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။ ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။ တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။ လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။ ကဲ သွားသာကြည့်လိုက်ပါတော့……………………….   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)  


                 “ပိတ်ချင်းမြောင်ဂူအတက်နဲ့အထွက်လမ်း ”   ကျနော်တစ်ယောက်ထဲ ဂူအမြင့်ဆုံးနေရာအထိတက်လာခဲ့ပါတယ်။ အပေါ်ဆုံးမရောက်ခင်မှာအတော်လေးအသက်ရှုကျပ်သလို မတ်စောက်တဲ့လှေခါးအတက်မှာ အတော်လေးမောပါတယ်။ အသက်ရှုမဝလို့ ဟောဟဲလိုက်နေတာ လူမြင်ရင် ရီစရာ။ လူက ဝဝ ကင်မရာပေါက်စနဲ့ ဟိုနားရပ်လိုက် ဟိုအပေါ်တက်လိုက်နဲ့ ဓါတ်ပုံရိုက်နေတဲ့ ကျနော်ကို ကြည့်ပြီး ပြုံးသွားတဲ့တစ်ယောက်ကို မောမောနဲ့မြင်လိုက်ပါသေးတယ်။ အပေါ်ဆုံးရောက်တော့ ဗေဒင်လက္ခဏာဟောတဲ့သူတစ်ယောက်ကိုဘဲတွေ့ရပါတယ်. ကျနော်အစကထင်တာ ဒီအပေါ်ဆုံးရောက်ရင် အခြားတစ်ဖက်က ပြန်ထွက်လို့ရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့် လာလမ်းအတိုင်းပြန်လှည့်ခဲ့ရပါတယ်။ အထွက်ဝမှာတော့ ဒီလမ်းခရီးမှာ ကျနော်ဒုတိယမြောက်အနှစ်သက်ဆုံးပုံလေးတပုံရခဲ့ပါတယ်။ ခံစားမျှဝေလိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)

IMG_03111.jpg

ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ  ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ.. အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်..  ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် […]


               “စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ”   လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။ အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။ အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။ မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။ အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ် ကို မအားရတာပါ။ အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။ ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက ကျောက်စိမ်းရောင်ထနေ။ အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။ ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။ အောက်မှာတော့စမ်းချောင်းလေးတွေ။ အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။ နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့ ပြန်လှည့်သွားပါတယ်။ ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။ အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့ […]


                     “ပိတ်ချင်းမြောင်သဘာဝလှိုဏ်တော်အစ ”   (19-4-2012)နေ့မနက်စောစော 6း30လောက်မှာ တည်းတဲ့အိမ်(စစ်ဆေးရုံနား)ကနေ ပိတ်ချင်းမြောင်ကိုသွားဘို့ ဆိုင်ကယ်နဲ့ မဒမ်ပေါက်နဲ့အတူထွက်လာခဲ့ပါတယ်။ ဒါကမကျေပွဲပါ။ 2010ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တုန်းက တစ်ခါ ဆိုင်ကယ်နဲ့သွားဘူးပါတယ်။ ဆယ်နာရီလောက်ပိတ်ချင်းမြောင်ရောက်တော့ လူတွေလဲပိတ်။ ကားတွေကလဲ အဆင်းနဲ့အတက်ရှုပ်လို့ သုံးထပ်ဖြစ်တာနဲ့လမ်းတစ်ဝက်ကပြန်လှည့်ခဲ့ရပါတယ်။ ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းက အသွားက အဆင်း အပြန်က အတက်ပါ။ အိမ်ကနေထွက်လာလိုက်တာ ပြည်တော်ချစ်ဘုရားကိုကျော်တာနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့ အတော်လေးကိုသာယာပါတယ်။ ကွေ့ဝိုက်ပြီးဆင်းရတဲ့ တစ်နေရာရာတော့ လမ်းဘေးတစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ အဝေးမှာတောင်တန်းတွေနဲ့ကြည်နူးစရာ။   လတ်ဆတ်တဲ့လေကလေးက လဲ တအေးအေးနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ပိတ်ချင်းမြောင်လှိုဏ်ဂူသို့အဝင်ဆိုတဲ့ဆိုင်းဘုတ်ကလဲကျော်ရော လမ်းက လဲ စကြမ်းလာပါတယ်။ မြေကလဲ မြေနီရောင် လမ်းက ကျောက်ကြမ်းလမ်းစလုံးစခုဖြစ်တဲ့အပြင်အဆင်းလမ်းလဲဖြစ်တော့ အတော်လေးသတိထားပြီးမောင်းရပါတယ်။ လှိုဏ်ဂူတော်နား မရောက်ခင်အတော်လှမ်းလှမ်းကတည်းက […]


ဆူးApril 25, 20121min028
တောင်ခြေ ကားရပ်နား စခန်းမှာတော့ အသင့်စောင့်ဆိုင်းနေသော ကားကြီးမှ လူစုံသည့်အခါ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလောင်းတော် ကဿပ သွားသည့် လမ်း အတွက် အပိုင်းတခုလျှင် တခု အလှူခံမဏ္ဌပ်များဖြင့် အလှူခံနေသည်များကိုလည်း တွေ့ရှိရပါသည်။ အလှူခံမဏ္ဌပ်တွေမှလည်း ခရီးသွားကားများကို မုန့်များဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ ကားရပ်လိုက်လျှင် အလှူခံတဲ့ ကောင်လေး ကောင်မလေးများမှ ထိုရွာမှ ထွက်သော ဇီးသီးများ၊ အကြော်အလှော်များ (ပဲကပ်ကြော် ကြက်သွန်ကြော်) လက်ဖက်နဲ့ အကြော်များ၊ မြေပဲပြုတ်များ၊ ထန်းရည် အချို သောက်ရည် ရေနွေးကြမ်း စသဖြင့် အမျိုးစုံလင်အောင် ပန်းကန်များ ခွက်များဖြင့် ထည့်ပြီး စိတ်ကြိုက် လက်နှင့် ပါသလောက် နှိုက်ယူခွင့်ပြုကာ ကျွှေးမွှေးဧည့်ခံကြပါတယ်။ ထို ဓလေ့သည်လည်း အလွန်ပင် […]