စိန်ပန်းပြာ………………တွေရှိရာအရပ်ဆီသို့……………

1 စိန်ပန်းပြာတွေနဲ့ဝေလွင်နေတဲ့ အိမ်ကလေး
2 အနီးကပ်စိန်ပန်းပြာ
3 အပင်ဖျားမှာပွင့်နေတဲ့စိန်ပန်းပြာ
3 တစ်ကိုင်းလုံးညွှတ်နေအောင်ပွင့်တဲ့စိန်ပန်းနီ(ညီလေးမင်းလုလင် အမှတ်ရအောင်)
4 လမ်းနံဘေးမှာတွေ့ရတဲ့စိန်ပန်းပြာပင်
5 ဝေဆာလွင်လွင် စိန်ပန်းပြာပင်
6 ကောင်းကင်အပြာနှု တိ်မ်တောင် ဂွမ်းဆိုင်ထု စိန်ပန်းကတော့ မရမ်းပြာနှု
7 တိမ်ပြာပြာနဲ့ ပဏ္ဏာရတဲ့ စိန်ပန်းပြာ
8စိန်ပန်းပြာ အပွင့်လှလှ
9 စိန်ပန်းပြာ တပင်လုံး အပွင့်တွေက ဖုံး
10 အဖြူရောင်တိမ်တို်က်နောက်ခံနဲ့စိန်ပန်းပြာပင်
11 တတောလုံးတော့ မကြွေပါဘူး မြင်သမျှ အပြာနဲ့ခရမ်းရောနေတာပါ

 

12 စိန်ပန်းပြာ အနီးကပ် (တကယ်ပြောရရင် မရမ်းဘက်ပိုနီးစပ်တယ်)
13 လမ်းဘေးမှာတွေ့ရတဲ့စိန်ပန်းပြာပင်
14 အဆုပ်ဆုပ်အခဲခဲပွင့်နေတဲ့ စိန်ပန်းပြာပင်
15 ကိုယ်ဟန်ပြမယ် စိန်ပန်းပြာပင်

 

           “စိန်ပန်းပြာတွေ…………..ပွင့်ရာအရပ်ဆီသို့”

 

အရင်က မေမြို့လို့ကျနော်နူတ်ကျိုးနေတဲ့ ပြင်ဦးလွင်ကိုသွားရင် စိန်ပန်းပြာတွေ တွေ့တဲ့အခါ

အင်မတန်သဘောကျမိပါတယ်။

ဒါပေမယ့်လည်း အရင်က ကင်မရာ မကိုင်တာကြောင့် ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး။

အခုနောက်ပိုင်းကင်မရာနဲ့လက်ဆော့ ချိန်မှာတော့ လည်း မေမြို့ရောက်တာနဲ့ စိန်ပန်းပြာပွင့်ခို်က်မကြုံ

ပြန်ပါဘူး။

ဟိုတစ်လောကတော့ ဆရာမကြီး TTNU မေမြို့ရောက်သွားတော့ စိန်ပန်းပြာတွေပွင့်နေပြီလို့

သတင်းပေးပြန်ပါတယ်။

ခက်တာက မေမြို့တက်ဘို့လမ်းစကလဲ မကြုံ အားလဲမအားဖြစ်နေပြန်ပါတယ်။

တကယ်ပြောရရင် 2011 ထိ ကျနော်မရိုက်ဘူးတဲ့အရာတွေအများကြီးရှိပါတယ်။

ပိတောက်ပန်း၊သင်္ကြန်ပုံရိပ်များနဲ့ စိန်ပန်းပြာပင်ပါဘဲ။

ဒီ2012မှာတော့ ကံကောင်းတယ်ဆိုနို်င်ပါတယ်။

ပိတောက်လဲအဝရိုက်ဖြစ်၊

သင်္ကြန်လဲကျေနပ်လောက်အောင်ရိုက်ဖြစ်။

ဟော အခုမေမြို့တက်ဖြစ်တော့ စိန်ပန်းပြာတွေရိုက်ဖြစ်ပါတယ်။

မေမြို့နေရာအအနှံ့အပြားမှာရှိတဲ့စိန်ပန်းပြာပင်တော်တော်များများကို ရိုက်ဖြစ်ပါတယ်။

တကယ်တော့ မေမြို့ခေါ်တဲ့ပြင်ဦးလွင် ကတော့ စိန်ပန်းပြာ ပန်းမြို့တော်ဆိုရင်လဲမမှားပါဘူး။

ကဲ ကြည့်လိုက်ကြအုံးစိန်ပန်းပြာ………………………

 

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(20-4—2012)

 

 

14 comments

  • water-melon

    April 21, 2012 at 9:19 am

    ဟွန့်ပြောချင်ဘူးနော်
    မန်းလေးမှာ အားမရလို့
    မေမြို့ထိတက်ရိုက်နေတယ်ပေါ့
    သများအတွက် ဘာမုန့်ပါလဲ ဟင်

    Reply

  • kyeemite

    April 21, 2012 at 10:08 am

    မေမြို့မှာလည်းငယ်ငယ်ကနေဖူးခဲ့တာမို့..လွမ်းသွားရပြန်ပြီ ဆြာပေါက်ရေ..

    Reply

  • ငမျောက်

    April 21, 2012 at 10:29 am

    အော်ရယ် ..
    စိန်ပန်းပြာပြာ အပင်ကြီးမှာအောက်မှာ
    တူနှစ်ကိုယ် ထိုင်ရင်း
    စကားတွေ တဝကြီးပြောခဲ့တာတွေများ ..
    ပြန်ပြီး လွမ်းဆွတ်ရပါလား အရပ်ကတို့ရယ် …… 🙁

    Reply

    • ကြောင်ကြီး

      April 21, 2012 at 10:37 am

      အလွမ်းပို
      အဆိုမတတ်
      ငိုလျက်နဲ့
      အော်ရယ်
      ဆော်မယ်ကွဲ့
      ကြံသလား..။

      Reply

      • ဗိုက်ကလေး

        April 21, 2012 at 10:44 am

        မျောက်ကြီးက
        ငှက်ပျောသီးကြိုက်
        ငါးကြော်ဆို ကြောင်ကြီးခိုက်
        ငဗိုက်ခလေးဆို အသေဂလုတဲ့
        အိုကွဲ ့ ဘီအီး
        😆

        Reply

  • TTNU

    April 21, 2012 at 10:52 am

    ကိုပေါက်ရေ…
    စိန်ပန်းပြာတွေ
    စိန်ပန်းနီတွေ
    (မာမီက အနီလားအပြာလား ရေးတင်ချိန်မှာ
    မင်းက ဒီပန်းများနဲ့ ထောက်ခံခြင်း)

    သဘာဝအလှတရားတွေ
    ရှာဖွေတတ်လေသူတစ်ယောက်အဖြစ်
    ဂုဏ်ပြု အပြုံးလေးတွေ လက်ခံပါနော်။

    🙂 🙂 🙂

    Reply

  • ရောင်ခြည်ခ

    April 21, 2012 at 12:41 pm

    စိန်ပန်းပွင့် နီနဲ့ ပြာ
    တူယှဉ်ကာတွဲလို့
    အနံ့ရယ်မရှိပေမယ့်
    အလှမှာ အယဉ်ဆင့်လို့
    နွေတေးကို သရုပ်ဖော်….

    Reply

  • amatmin

    April 21, 2012 at 3:20 pm

    လေးပေါက်ရေ..
    မြင်သမျှ အကုန်လှသဗျ..
    ဒါနဲ့ စိန်ပန်းအရောင်က ဘယ်နှစ်မျိုးလောက်များ ရှိသလဲ သိချင်သား…

    Reply

  • ဆူး

    April 21, 2012 at 3:32 pm

    အပင်တွေ တော်တော် လှတယ်နော်။

    Reply

  • sugar sugar

    April 21, 2012 at 3:46 pm

    ကို ပေါက် ရေ ကျွန်တော်လည်း နှစ်ဆန်းတစ်ရက်နေ့ကမှ ပြန်လာတာ
    ကို ပေါက်နဲ့ နည်းနည်းလွဲသွားတယ်

    Reply

  • Diamond Key

    April 21, 2012 at 4:04 pm

    ကိုပေါက်၊
    ပတောက် နဲ့ မတင်းတိမ်၊
    စိန်ပန်းပင်တွေအောက်ကို၊
    အရောက်သွားကာ ဟိုဒီချိန်၊
    အပေါ်ကို အားတွေစိုက်၊
    နှိပ်လိုက်ဟဲ့ ခလုပ်တွေ၊
    ရိုက်ပြီးမှ သတိထားမိ၊
    အောက်မှာ နင်းမိနေတာတွေ၊…..
    ဪ ……. နင်းမိပြီဟ..
    ပျော့စိစိနဲ့ ………
    ကြွေနေတဲ့ … စိန်ပန်းပွင့်လေးတွေကို ……….. :mrgreen:

    Reply

  • ကိုယ်လှမယ်ထင်တာရိုက်လိုက်
    သူများရိုက်ထားတာတွေ့တော့ ကိုယ့်ထက်လှတာတွေ့ရော
    အဲတော့ တစ်ခါပြန်ထပ်ရိုက်
    သူများရိုက်တာ အားကျလိုက်
    အဲတော့ နောက်တစ်ခါထပ်ရိုက်
    ဒါနဲ့ဘဲ ဓါတ်ခဲဘိုးကိုအတော်ကုန်ပါလေရော။.
    ဟောကိုယ့်ပုံလေးတွေကြည့်သူက လှတယ်လို့လဲပြောရော
    အဲတော့ နောက်တစ်ခါထပ်ရိုက် ဒါနဲ့ဘဲ…………………………………..

    Reply

  • အရင့်ရောင်

    April 21, 2012 at 4:51 pm

    မစ္စတာ ကျွီးလက် ရေ့
    လက်ယာမောက်တယ်နော

    Reply

  • ကျွီးလက်မို့ ဒီလောက်ဘဲမောက်တာ
    ဆီးလင် လက်ဆိုဒီ့ထက်ပိုမောက်မှာဗျ။

    Reply

Leave a Reply

Your email address will not be published.