1 မေမြို့ ကန်တော်ကြီးထဲရောက်ရော ဒီလှပတဲ့ ရေပန်းကြီးကိုမြင်ရတာပါဘဲ
2 ဒါကတေ့ာ အဆန်းထွင်ပြီး ငါးမျက်လုံးနဲ့ဆော်ကြည့်လိုက်တာပါ
3ဘေးတိုက်မြင်ရတဲ့ ရေပန်း .........ထွက်လာတဲ့ရေမွှားတွေကြောင့်ပိုလှတယ်
4 အနောက်ဘက်က မြင်ရတဲ့ ရေပန်း................အရိပ်တွေရေထဲကျ လှပ
5 အဝေးကစမြင်ရတဲ့သက်တန့်လေးပါ
6 ဘယ်ဘက်စွန်းစွန်းမှာတွေ့ရတဲ့သက်တန့်
7 ရေလည်မှာ မြင်ရတဲ့ရေပန်းနဲ့ အရိပ်တွေကလှပ
8 ရေပန်းနဲ့ သက်တန့်
9 ဒါကတော့ ကိုပေါက်ရဲ့ အမြင်ဒေါင့်စောင်းစောင်းလေးပေါ့ ဒီလိုမရိုက်ရရင် မနေတတ်ဘူးရယ်
10 အရောင်စိုစိုလက်လက်နဲ့ ရေပန်း
11 တလောကလုံးစိုလက်တောက်ပ
12 ကျနော်အနှစ်သက်ဆုံးပုံလေးပါ
13 ရေပန်းအကျ လေအတိုက်မှာ ရေမွှာ ရေမွှားတွေ က ဖြန်းကနဲ့အဝေ့
14 အနီးကပ်...............အလှ
15 တိမ်ပြာပြာ အောက်မှာလူရောင်စုံ သက်တန့်ရောင်စုံ
16အလယ်တည့်တည့်မှာမြင်ရတဲ့သက်တန့် ပိုကြိးလာတယ်
17 ရေပန်းက အဖြူ တိမ်ကလဲ အဖြူ ကောင်းကင်ကအပြာ.............လှလိုက်တာ
18 ဒါကတော့ ကင်မရာပါတဲ့ ဖန်ရှင်တွေကို တကယ့်ကိုလက်ဆော့ကြည့်တာပါ
19 ထုံးစံအတိုင်းခေါင်းညောင်းတော့စောင်းကြည့်မိတာပါ
20 ကျနော်အကြိုက်ဆုံးပုံနဲ့ သိပ်မကွာတဲ့ အချိန်လေးမှာရိုက်ထားတာပါ
21 သစ်ခက်တွေကြားက မြင်ရတဲ့ ရေပန်းအလှ
22 အရှည်လျားဆုံးသက်တန့်
“ကန်ထဲမှာရေ ရေအထဲမှာရေပန်း အထဲမှာသက်တန့်”
ကန်တော်ကြီးထဲရောက်တော့ အဝေးကနေလှမ်းမြင်နေရာတာ ကရေပန်းကြီးပါဘဲ။
အရင်ကလဲ မကြာခဏရောက်ပေမယ့်ရေပန်းဖွင့်တာနဲ့မကြုံပြန်ပါဘူး။
ဒီတစ်ခေါက်တော့ရေပန်းဖွင့်ထားတာကြုံပါတယ်။
အစကတော့သိပ်မဆန်းသလို၊
နောက်တော့ လေပြေလေးသွေးချိန်မှာ ရေပန်းကလဲ လေထဲမှာတလွင့်လွင့်။
အနားကပ်သွားတော့ အေးမြတဲ့ရေစက်ရေပေါက်တွေက လူကိုလာမှန်ပါတယ်။
ကင်မရာရေစိုမှာစိုးတော့ သိပ်တော့အရဲမစွန့်ရဲပါဘူး။
ဒါနဲ့ဘဲ စိတ်တိုင်းကျအောင်ရိုက်ပြီး ဟိုး အနောက်ဘက်က သစ်ပင်ရိပ်မှာ
ထိုင်ရင်းအေးမြတဲ့အရသာကိုခံစားပါတယ်။
(18-4-2012)နေ့ နေလည်ခင်းပါ။
ထိုင်နေတုန်းမန်းလေးက ဖုန်းဝင်လာတယ် ဒီနေ့တော်တော်ပူပါသတဲ့။
ကံကောင်းတယ်လို့စိတ်ထဲမှာမှတ်ယူလိုက်ပါတယ်.။
ကြည့်နေရင်း ရေပန်းမှာ သက်တန့်တွေမြင်လာမိတော့ အပြေးအလွှားသွားလို့ လက်ဆော့။
ပြန်ထိုင်
သက်တန့်ကထပ်ပေါ်။
ထပ်ပြီးလက်ဆော့……………………..
ဒါနဲ့ဘဲ လှပသောပုံလေးတွေ အမြင်အေးစေတဲ့ပုံလေးတွေကို မိတ်ဆွေများအတွက်
ရလိုက်ပါတယ်။
အားပေးလိုက်ကြပါအုံးနော်…………..
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(23-4-2012)
Post Views: 0
24 comments
water-melon
April 24, 2012 at 8:38 am
အန်တီပေါက်
သများပုံလည်းပါဘူး
အဲနေ့က သများ ချစ်ချစ်နဲ့သွားလည်တယ်
ပုန်းနေတာ ဓာတ်ပုံထဲပါမှာဆိုးလို့
kyeemite
April 24, 2012 at 8:40 am
ဆြာပေါက် ဒီတခါတင်တဲ့ပုံတွေက ရှယ်တွေဘဲဗျာ…
ရေပန်းကနေသက်တန့်ရောင်ပြေးနေတာ ဓါတ်ပုံထဲ
အမိအရရိုက်ထားတာဘဲ..ပုံနံပါတ်၁၀။၁၁။၂၂ တွေကိုအကြိုက်ဆုံးဘဲဗျာ..
မေမြို့ကိုလွမ်းသွားပြန်ပြီကိုပေါက်ရေ…
ကျွန်တော်က လေးတန်းကနေ ခုနှစ်တန်းထိ မေမြို့မှာကျောင်းနေခဲ့တာ
အဲတုန်းကတော့ ကန်တော်ကြီးက ခုလောက်မလှသေးဘူးဗျ
ဒါပေမဲ့ သဘာဝအတိုင်း တကယ့် တောဥယျာဉ်ကြီးလိုဘဲ..ခုကျတော့ လူဖန်တီးမှု့တွေနဲ့
ပိုလှနေပြီပေါ့..
ကိုပေါက်(မန္တလေး)
April 24, 2012 at 9:18 am
ကိုကြီးမိုက်ရေ
အဲဒီနေ့က အတော်ညောင်းသဗျ။
သက်တန့်ပေါ်တော့ သွားရိုက်လိုက်။
မတွေ့တော့ပြန်ထိုင်လိုက်။
ထပ်ပေါ်တော့ ထပ်ရိုက်လိုက်။
ပြန်ထိုင်လိုက်နဲ့………………………
အလုပ်တွေကိုရှုပ်လို့ရယ်။.
သို့သော် ကျေနပ်ပါ၏။
ပုံလှလှလေးတွေရလိုက်လို့။
Moe Z
April 24, 2012 at 9:31 am
လေးပေါက်ရေ မိုက်တယ်ဗျို့ အားလုံးလှတယ် …
မေမြို့တောင်သွားချင်လာပြန်ပြီ ..
weiwei
April 24, 2012 at 9:33 am
ပြင်ဦးလွင်ကတော့ မြန်မာပြည်ထဲမှာ နေလို့အကောင်းဆုံးမြို့ပဲနော် …
ရေပန်းနဲ့ သက်တန့် ပဏာရပါ၏ …
Mလုလင်
April 24, 2012 at 10:01 am
ပုံ ၉ ကိုကြည့်ပြီး ဇက်နာ သွားတယ်။ မာဆတ် လိုက်ပို့ တော့ …. ဒါဗြဲ …
အလင်းဆက်
April 24, 2012 at 11:45 am
အသက်ရှု.ဖို ့မေ့သွားစေလောက်သော….ဆိုတဲ့စကားလုံးကို သုံးပြိး..
ဝေဖန်ရမယ့်ပုံလေးတွေ..ပါလား။
ရှုခင်းတွေ..လှတဲ ့မေမြို ့ကို မှ..ကိုပေါက်ရဲ ့ ရိုက်ချက်.ကောင်းကောင်းနဲ ့ရိုက်ထားတော့…ပုံလေးတွေရဲ့ ့အလှ..က အံ့မခန်းပါပဲ.။
ကိုပေါက်(မန္တလေး)
April 24, 2012 at 12:00 pm
လုလင်ရေ မကြာခင်မှာ မင်းနဲ့ငါတွေ့တော့မှာနော်.။
ကန်တော်ကြီးက ရေပန်းက အမြဲမဖွင့်ဘူးတဲ့။
ဒီတစ်ခါ ကံကောင်းလို့ ရေပန်းကိုတွေ့ခဲ့ရတာ။
မေမြို့ကတော့ တကယ်ကို နေချင်စရာကောင်းတဲ့မြို့ပါမဝေရေ။
ရောက်ပြီးရင်မပြန်ချင်တော့ဘူး။
လာခဲ့ပါအုံးနော်
ကိုကိုမိုက် တို့ မိုးစက်တို့ အလင်းဆက်တို့ မန်းလေးလာခဲ့ပြီးရင် မေမြို့ကိုအတူတူသွားမယ်ဗျာ။
လုလင်ရောလိုက်မှာမလားကွဲ့…………………………………
Ma Ei
April 24, 2012 at 12:31 pm
ကိုပေါက်ရေ…
ခုတစ်ခေါက် အထူးပြုက ရေပန်းနဲ့ သက်တန့်
အရင်တစ်ခေါက်က ပန်းပေါ်နားတဲ့ လိပ်ပြာလေးတွေ…
ကြည့်ရင်းနဲ့မေမြို့တစ်ခေါက်ထပ်ရောက်သွားသလိုဘဲ…
ပုံလေးတစ်ချို့ကူးထားတယ်…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 24, 2012 at 12:48 pm
ကိုပေါက်ရေ ——-
ငါးမျက်လုံးကြောင့်လားမသိဘူး——တော်တော်လေူလှပါ၏။
ကိုပေါက် ဖုန်းဆက်တော့ ထူးထူးဆန်းဆန်းဗျာ။အမှတ်တမဲ့မို ့မသိလိုက်တာ
တောင်းပန်ပါတယ် ကိုပေါက်ရေ။တောင်ကြီးမှာ ပျော်ပါစေဗျား
ကိုပေါက်(မန္တလေး)
April 24, 2012 at 1:05 pm
ရတယ် မောင်ပေနဲ့ဖုန်းပြောတုန်းက ဆိုင်ကယ်စီးရင်းပြောတာမို့ ကျနော်လဲ အမှတ်မှားတာနေမှာ။
ဒီအတိုင်းဆိုရင် သံတွဲလဲရောက်အောင်သွားမှဘဲ နော်.
ကိုပေါက်(မန္တလေး)
April 24, 2012 at 1:20 pm
(24-4-2012) ဒီနေ့ညနေ ကျနော်ခရီးထွက်မှာပါ။.
သူများတမြို့တရွာရောက်တဲ့အခါ အင်တာနက်သုံးဘို့အဆင်ပြောတာလဲရှိ။.
မပြေတာလဲရှိ။
ကျနော် ကို မတွေ့တာကြာရင် မေ့သွားမှာလဲစိုးတယ်။
လက်ဆော့ထားတာတွေအရမ်းများတော့ မတင်ဖြစ်မှာလဲစိုးတယ်။
ဒါကြောင့် လူက အင်တာနက်နဲ့ဝေးနေမှာသေချာတော့။
25-4-2012 ကနေ 1-5-2012 ပန်းတနော်ကို သွားနေမယ့်အချိန်ထိ ကြိုတင်ပြီး တစ်ရက်တစ်ပုဒ်တင်ထားခဲ့ပါတယ်.
ရူးထှာေဧ လို့ ဂီဂီလေသံနဲ့ပြောချင်လဲပြောပေတော့နော်…………….
ကျနော်ကတော့လစ်ပြီ………………………………..
Inz@ghi
April 24, 2012 at 2:14 pm
မောင်ဂီ့ ..အခု ရန်ကုန်မှာပါ …
အရက်တိုက်ချင်သူများ ဆက်သွယ်ပါ…
အာဟိ ဒက်ဂလောက်
😛
ကိုပေါက်(မန္တလေး)
April 24, 2012 at 3:01 pm
ကိုပေါက်ကို ဆက်သွယ်ချင်ရင် ဆူးဆီမှာ ဖုန်းနံပါတ်ပေးထားပါတယ်။
ဂီကို ကိုပေါက်က ပေးစရာရှိပါ၏။
ဆက်သွယ်ပါ။
Inz@ghi
April 24, 2012 at 3:26 pm
ဟုတ် ..သများ ဖုန်းလည်း ကိုကိုဆူး သိပါတယ်ချင့်…
ိကိုကိုဆူး ကို မနေ့က မလာလို့ …နည်းနည်းချဉ်နေကြောင်း…
အာဟိဒက်ဂလောက်
ဂီ
kai
April 24, 2012 at 3:33 pm
အုပ်စုချင်းတွေ့ပြီး.. ချိန်းမရိုက်ကြဘူးလား…
Inz@ghi
April 24, 2012 at 3:43 pm
ချိန်းထားသပေါ့ …
မော်ဒလယ်ရှုဖို့…
ဖိုတိုထရစ်ထွက်ဖို့ …
ဖို့ ..ဖို့…
😀
R Ga
April 24, 2012 at 3:15 pm
လေးပေါက် ထိုးမုန့်ပုံလေးများရှိရင် သားဆီပို့ပေးပါ…။ မဂ္ဂဇင်းမှာထည့်မလို့ ပုံမရှိလို့
eipu
April 24, 2012 at 3:28 pm
လေးပေါက်ရေ
အလန်းစားလေးတွေနော်……..
ဗိုက်ကလေး
April 24, 2012 at 3:41 pm
ပူလောင်နေတဲ့ချိန် အူးလေးပုံတွေကြည့်ရတာ ရင်ထဲအေးတွားဒယ်ဗျာ..
ဟိုအပေါ်က အတိုရီးတစ်ယောက်ပြောသလို မာဆတ်လိုက်ပို ့
ရောင်ခြည်ခ
April 24, 2012 at 4:47 pm
ဲ့ပုံလေးတွေ တော်တော်လှတယ်နော်၊ အောက်ဆုံးက သက်တန့်နဲ့ ပုံလေးကို ကူးသွားပါတယ်နော်… 🙂
Thel Nu Aye
April 24, 2012 at 5:47 pm
လေးပေါက်ရေလွမ်းပါ၏။ လွမ်းပါ၏။ အခုပဲပြေးသွားချင်လိုက်တာ။ မေမြို့ကိုအချိန်တိုင်းလွမ်းတယ်။ ပုံတွေကလဲလှတယ်။
စော်ဘွားလေး မောင်မာန်ခ
April 24, 2012 at 10:07 pm
အူးပေါက်အူးပေါက်တောင်ကြီးမှာလဲအင်တာနက်ဆိုင်ပေါပါတယ်ဗျာ……..
ကွန်နက်ရှင်လဲကောင်းပါတယ်……..
အူးပေါက်ကိုလာမတွေ့နိုင်တော့ဘူးဗျ……ကျွန်တော်လဲမနက်ဖြန်ကိုရန်ကုန်ထွက်မယ်……
ရန်ကုန်မှာပြန်ဆုံတာပေါ့နော်……….
လာဗင်ဒါပန်းတွေပုံနှစ်ပုံလုံးကိုကြိုက်တယ်…..နောက်တစ်ခါကျရင်ပန်ဒိုရားမားနဲ့ဆော်ပါလားအူးပေါက်ရေ….
ခင်တဲ့…….မောင်ရှမ်း……
ကိုပေါက်(မန္တလေး)
April 25, 2012 at 3:36 pm
ထိုးမုန်ပုံတော့ မရှိဘူး။
ရိုက်ပေးမယ်နော် အာဂရေ