မနှစ်ကသွားဖြစ်ခဲ့တဲ့ခရီးစဉ်လေးပါ သင်္ကြန်တွင်းရုံးပိတ်ရက်လေးရတုန်း ဘယ်သွားရရင်ကောင်းမလဲစဉ်းစားရင်းနဲ့ ရောက်ခဲ့တာပေါ့ ဟိုးအရင်ကတော့ ကျိုက်ထီးရိုးဘုရားကို ဒီဇင်ဘာလောက်သာသွားဖို့စိတ်ထက်သန်ခဲ့တာ မနှစ်ကတော့ အပြောင်းအလဲလေးဖြစ်အောင်ဆိုပြီး သွားခဲ့တာ တကယ်ကိုပျော်စရာအတိဖြစ်ခဲ့ပါတယ် တောင်ပေါ်မှာ မပူလွန်းမအေးလွန်းတဲ့ရာသီဥတုနဲ့ နေလို့ကောင်းပါတယ် လူလဲအရမ်းပြည့်နေအောင်မရှိတော့ ဟိုတယ်ဘိုကင်လဲ ကြိုတင်စရာမလိုဘဲ အခန်းရခဲ့တာပေါ့ ရန်ကုန်နဲ့မတူတဲ့အချက်တော့ နှစ်ဆန်းတစ်ရက်နေ့မှာ အဓိကရေပက်ကြတယ် ရေလဲပက်ကြတယ် သနပ်ခါးလဲဝိုင်းလူးပေးကြတယ် တတ်အားသမျှလဲစတုဒီသာကျွေးကြတယ် မနက်ခင်းဆိုမြူတွေဆိုင်းတာ အဝေးကိုတောင်ပီပီပြင်ပြင်မမြင်ရသလောက်ဘဲ အင်မတန်လှတဲ့ နံနက်ခင်းတွေပေါ့ မနှစ်ကသွားခဲ့တုန်းက ပို့စ်ပြန်တင်မယ့်စိတ်ကူးလဲမရှိတော့ ဓါတ်ပုံရိုက်ရင် ကိုယ့်ပုံကိုဘဲအသားပေးရိုက်ခဲ့တာနဲ့ သဘာဝကျကျလှတဲ့ပုံတွေသိပ်မပါခဲ့ဘူး 🙂 အခုလဲသင်္ကြန်နားနီးလာတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို သတိတရရှိလာတာရော အခုထိဘယ်ကိုခရီးသွားလို့သွားရမှန်းမသိသေးသူတွေအတွက် အိုင်ဒီယာပေးချင်တာရောကြောင့် ပထမဆုံးအကြိမ် ပို့စ်တင်ဖြစ်တာပါ ကျိုက်ထီးရိုးဘုရားသီးသန့်ပုံတွေကတော့ ရိုက်လာခဲ့ပေမယ့် ရွာထဲမှာလဲ တော်တော်များများတင်ခဲ့ဖူးတယ်ဆိုတော့ သင်္ကြန်အမှတ်တရတွေဘဲ ရွေးတင်လိုက်ပါတယ်. တကယ်ဆို ဒီလက်ရာတွေက ကျမရိုက်ခဲ့တာမဟုတ်ပါဘူး 🙂 အိမ်ကြီးရှင် ရိုက်ထားတာတွေကို ပြန်ရှယ်တာပါ ပရော်ဖက်ရှင်နယ်တစ်ယောက်မဟုတ်လို့ […]


                          “ရေချိုးဆင်းချိန်”   ကိုဘအုန်း အိမ်ပြန်အရောက်ရေချိုးမယ်လဲရောက်ရော “နှစ်ပုံးလောက်ဘဲချိုးနော် ရေက တစက်ချင်းဘဲလာနေတာ “လို့ ပြောသံကြားလိုက်ရပါတယ်။ ရေတောင်ခွဲတမ်းနဲ့ချွေတာချိုးနေရတဲ့ဘဝရောက်နေပါပေါ့လားလို့တွေးမိပြန်တော့ ။ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးကရေချိုးဆိပ်မှာ ကလေးလေးတွေရေကူးနေတာကိုပြန်မြင်မိပါတယ်။ သူတို့မှာတော့ကြည်လင်အေးစိမ့်နေတဲ့ရေထဲမှာအားရပါးရ တဝုန်းဝုန်းချိုးနေလိုက်ကြတာ. မနာလိုစရာကြီးဗျာ။. ကဲကြည့်စမ်းပါအုံး………………………     ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (29-3-2012)  


             “ရေကြည်တစ်ပေါက်”   ကိုဘအုန်းမနေ့ည အလုပ်ကနေအိမ်ပြန်အရောက် ရေချိုးမယ်လုပ်တော့ ရေပေးရေးကရေမလာဘူးဖြစ်နေတယ်။ အိမ်ကရေအိုးထဲကြည့်လိုက်တော့ တစ်လုံးဘဲရေကျန်တော့တယ်။ အပေါ်ကန်မှာလဲ တစ်ဝက်ဘဲရေကျန်တော့တယ်ဆိုတာနဲ့ ရေပတ်ဘဲတိုက်လိုက်ရတယ်။ အို်က်ပေမယ့်လဲမတတ်နိုင်။ ကိုဘအုန်းနေတဲ့စည်ပင်သာယာတိုက်ခန်းက ရေပေးရေး ရေကိုဘဲအားကိုးသုံးရတာ။ တိုက်ခန်းနံဘေးမှာ အဝီစိတွင်းတူးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အရပ်ထဲကလူတွေရယ် ရေသည်တွေရယ်ကြောင့်တိုးမပေါက်ပါဘူး။ ပြီးတော့ကိုဘအုန်းကလဲ တိုးတိုးခွေ့ခွေ့ ဝင်မချိုးတတ်တော့ သွားမသုံးဖြစ်ပါဘူး။ 2012 မတ်လဆန်းကတည်းက စလို့ ကိုဘအုန်းတို့တို်က်ခန်းမှာရေရော မီးရောဖောက်တာ။ ကိုဘအုန်းပြောင်းလာခါစတော့ မီးမမှန်ပေမယ့် ရေကတော့ အချိန်မရွေးလာပါတယ်။ ကိုဘအုန်းနေတဲ့ အပေါ်ဆုံး သုံးထပ်မှာကို ဘာမော်တာမှမလိုဘဲရေတက်ပါတယ်။ အခုသုံးလေးနှစ်အတွင်း ဒီတိုက်ခန်းကို နေတဲ့လူလဲများလာ ရေပေးရေးကလဲ အမြဲမပေး ဆိုတော့ ရေက ရှားလာပါတယ်။ တစ်ခန်းနဲ့တစ်ခန်း အပြိုင်အဆိုင်မော်တာ တပ်ပြီး အလုအယက်ရေစုပ်ကြတော့ နဂိုရ်က မပေါတဲ့ရေက ပိုလို့ပိုလို့ရှားလာပါတယ်။ အခုနောက်ပိုင်းရေပေးရေးကလဲ […]


မြန်မာဝဘ်ဆိုဒ်များ မသိသေးတဲ့သူများအတွက်ပါ သိပြီးသားဆိုရင်တော့ခွင့်လွှတ်ကြပါပေါ့ http://www.weeklyeleven.com အလဲဗင်းမီဒီယာဆိုဒ် http://mmflashsongs.multiply.com သီချင်းနားထောင်ချင်သူများအတွက် ဖလက်ဆောင်းများဆိုဒ် http://www.thithtoolwin.comလူသိများတဲ့သစ်ထူးလွင်ဆိုဒ် http://www.burmese.panglong.orgရှမ်းတို့ရဲ့ သံတော်ဆင့်ဆိုဒ် (မြန်မာ၊တရုတ်၊ထိုင်း၊ရှမ်း၊အင်္ဂလိပ်)ကြိုက်ရာဘာသာကိုကြည့်လို့ရတယ် ဘာသာငါးမျိုးတင်ထားတယ်။ http://swesonemedia.org ပြည်မြန်မာဂျာနယ် ဆိုဒ် http://www.myanmar.mmtimes.com မြန်မာတိုင်းမ်ဆိုဒ် http://refmmjournal.wordpress.com/  reference  of  myanmar  journal ဆိုဒ် http://shwelone.com ရွှေလုံးဆိုဒ် http://www.google.com/search?hl=en&biw=1440&bih=778&tbm=isch&q=moekyashweko+myanmar&revid=1602740416&sa=X&ei=YxFzT-CFO8LJrAfD9dzuDQ&ved=0CD8QgxY ဒါက ရွာထဲကကာလသားများအတွက် အထူးအထူးမျက်စိအပန်းဖြေရာဆိုဒ် (သူငယ်ချင်းမေးလ်ကနေပို့လာတာဗျ) တစ်ခါတစ်လေတော့သွားလည်ဖြစ်ပါတယ် သူပို့လာတဲ့အတိုင်းပြန်တင်ပေးထားတာ ဘယ်လိုမှန်းတော့မသိဘူး ဒီဆိုဒ်ဖွင့်ချင်ရင် draft ထဲကိုသွားပြီးကော်ပီပေ့စ်ထ်လုပ်လုပ်ရတာများလို့ သိပ်မကြည့်ဖြစ်တဲ့ဆိုဒ် အဲလိုများမလုပ်ရရင်တော့လား ယောက်ျားပဲဘယ်ပြောကောင်းမလဲ ရိုးရိုးသားသားဝန်ခံတာနော် ။ ဖွင့်လို့ရတဲ့ဆိုဒ်တွေကတော့အများကြီးပါ ဒါပေမယ့် သတင်းကိုပိုဖတ်ဖြစ်ကြလေတော့ အဲဒီ့ဆိုဒ်တွေပဲများများတင်ပေးလိုက်ပါတယ်။ ထပ်တင်ရင်လည်းသူကြီးပွိုင့်တွေအလကားယူသလိုဖြစ်မှာစိုးတယ်ဗျ သူကြီးတူ …….. သမက်ဖြစ်ချင်လည်းဖြစ်နိုင်ပါတယ် ရှမ်းပြည်သား(တောင်ပိုင်း) နာမည်တူတွေ့လို နာမည်ပြောင်းထားတယ်ဗျို့ Shan ဆိုပြီးတော့ […]


Diamond KeyMarch 28, 20125min051
ဟိုနားဒီနား ခရီးလေးတွေ သွားရတာကို ကျွန်တော်နှစ်သက်တယ်။ ခရီးသွားရတာက အလုပ်တာဝန်တွေနဲ့ တစ်နေ့တစ်နေ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းပြေစေတယ်။ ဒေသန္တရ ဗဟုသုတတွေ ရတယ်။ ဓါတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကျွန်တော်အတွက် ပုံသစ်လေးတွေလည်း ရတယ်လေ။ တစ်နေ့က ကိုပေါက်က ဒီးဒုတ်ရေတံခွန်ရောက်ဖူးလားလို့ မေးပါတယ်။ ဒီးဒုတ်ရေတံခွန် ဆိုတာ မကြားဖူးလို့ ဘယ်နားလဲ ပြန်မေးလိုက်တော့ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားတဲ့ လမ်းမှာတဲ့။ ရုံးပိတ်ရက်မှာ ရွာသားတွေ သွားမယ် လိုက်ခဲ့လို့ ဆိုလာပါတယ်။ ကိုပေါက်ရယ်၊ ဖရဲမရယ်၊ သွားမယ့်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရောက်လာတဲ့ ရွာသားလေး ကိုထွန်းဝင်းလတ် အပါအဝင် ရွာသားအုပ်စုကို ကိုပေါက်ဦးဆောင်ပြီး ဒီးဒုတ်ရေပြာစမ်းဆီ ချီတက်ကြပါတယ်။ မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း မန္တလေးကနေထွက်ခဲ့တာ ၁၆ မိုင်အလွန် အရောက်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ […]


1 ကန်တော်ကြီးကတောင်ဘက်အထွက်ဒီလမ်းကလေးကိုမြင်တော့ ဆက်သွားချင်လာပါတယ်။ ကန်ပါတ်လမ်းကို လမ်းသလားခြင်း……………(ရှမ်းကလေးကျွန်း) ဆောင်းမကုန့်တကုန် တစ်ရက် လမ်းလျှောက်ထွက်ခဲ့တာ အိမ်မပြန်ချင်သေးတော့ ကန်ပါတ်လမ်းမှာရှိတဲ့ ရှမ်းလေးကျွန်းဘက်ကိုသွားခဲ့တဲ့နေ့က လက်ဆော့မှတ်တမ်းလေးပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါး (26-3-2012)  


manawphyulayMarch 26, 20122min017
အဆိုတော်ရဲလေး စာအုပ်ရောင်းပြီး သီချင်းဆိုပြတဲ့ပွဲ အဆိုတော်တွေ စာရေးဆရာဘက် ပြောင်းကုန်ပြီ


manawphyulayMarch 26, 20122min09
နိုင်ငံတကာ ပညာရေးပြပွဲပေမယ့် ဒီပြင်ပြပွဲတွေလို လူစည်ကားတာ မတွေ့ရဘူး။ ပညာရေးနဲ့ပတ်သက်လို့ လေ့လာမှု အားနည်းတာ တွေ့ရတယ်။ ပညာရေးအားပေးတဲ့ မိဘများနဲ့ ကျောင်းသားအနည်းစုသာ တွေ့ရတယ်။ ပညာရေး အတော် တိုးတက်လာပြီလို့ ဆိုရမှာပေါ့။ ပညာရေးကျောင်းတွေကလည်း ပိုက်ဆံရှိသားသမီးတွေမှသာ တက်ဖို့အဆင်ပြေတဲ့ လမ်းဖြစ်နေတာကိုး။


သူငယ်ချင်း ကိုပေရေ . မင်းတို့မိသားစု သင်္ကြန် မြန်မာပြည်ပြန်လာ လည်မယ်။ ငပလီမှာ သွားနေချင်တယ် ဆိုလို့ ဝမ်းသာပါတယ်ကွာ။ သင်္ကြန် package လေးတွေ မင်းစုံစမ်းပေးပါဆိုတာနဲ့ ငါလည်း ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ် ဆိုတာ မေ့ပြီ အင်တာမဲ ကြီးကနေဘဲ ခေတ်မီမီ ဝင်ရှာလိုက်တယ် သူငယ်ချင်းရေ။ မင်းကြည့်လို့ ရအောင်လည်း ဒီမှာလိပ်စာလေး တင်ပေးလိုက်တယ်ကွာ။ ဒီလိပ်စာကတော့ ငပလီက ဟိုတယ်တွေကို တည်းသွားတဲ့ ခရီးသည်များက ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးဆိုတာတွေ ရေးထားတာပေါ့ကွာ. http://www.tripadvisor.com/Hotels-g612368-Ngapali-Hotels.html သူငယ်ချင်းရေ ။ အဲ့ဒီ့မှာ စိတ်ဝင်စားစရာ တစ်ခု သွားတွေ့တယ်။Travelers’ ChoiceÂŽ 2012 Winner ဆိုတာလေး ။ ဒါကတော့ မင်းကိုငါပြောပြဘူးတဲ့ နိုင်ငံခြားကနေ တရားဝင် […]


             “လင်းဝေနောက်ကလိုက်ခြင်း(ကောင်းမူ့တော်)”   ကျနော်ဘယ်သူနောက်ကလိုက်ရင်ကောင်းမလဲလို့စဉ်းစားနေတုန်း လင်းဝေက ကောင်းမူ့တော် ပိုစ်တက်လာပါတယ်။ အဲတော့လဲရေကန်အသင့်ကြာအတင့်ပါဘဲ။. နောက် ကိုဖက်ပေါ်တင်တဲ့အကြွေးပါတစ်ခါထဲဆပ်လိုက်ပါရဲ့။ (7-1-2012)တွေ့တော့ကိုဖက်က ကိုပေါက် ကောင်းမူ့တော် အဖြူနဲ့ရွှေလေး လုပ်ပေးပါအုံးဆိုခဲ့တာလေ။ ကဲ အခုတော့ အားလုံးအဆင်ပြေသွားပြီ။ ကိုင်း နောက်တစ်ခါ ဘယ်သူ့နောက်လိုက်မယ်ထင်ပါသလဲ။ ဒီပုံတွေအားလုံး တစ်ခါတော့တင်ပြီးသားနော.် ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါးလေး (23-3-2012)  


ဒီပုံလေးတွေကတော့ 22-3-2012 နေ့မနက်ခင်းလမ်းလျှောက်ရင်း အမှတ်တမဲ့တွေ့လိုက်ရတာလေးပါ။ တစ်နေရာထဲမှာရိုက်ထားတာပါ။ အပြင်မှာက ဓါတ်ပုံထဲမှာထက်ပိုလှပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရိုက်တာ နှက်တာမှာ လိုအပ်ချက်တွေရှိသေးလို့ပေါ့။ နောက်လှအောင်ကြိုးစားပါမည်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါ။ (24-3-2012)


               “မောင်ပေနောက်ကလိုက်ခြင်း(တံတားအိုကလေး)”   အခုရက်လူက နည်းနည်းလေးအပျင်းထူနေပါတယ်။ စိတ်ကူးပေါက်သမျှလမ်းသလား။ လမ်းသလားတိုင်းလက်ဆော့။ အဲတော့ပုံတွေက အများကြီး။ ဝေးဝေးလံလံတော့ မဟုတ်ကိုယ့်နားပါတ်ဝန်းကျင်ပါဘဲံ.။ ဟိုရက်ကတော့ အဲဒီပုံတွေထဲက နေပြီး ကိုယ်ဖာသာကိုယ်နာမယ်ပေးထားတဲ့ “ဖိုတိုအက်ဆေး”ဆိုပြီးပုံတွေက ကဏ္ဍတစ်ခုစီခွဲလို့တင်ပါတယ်။ တင်ရင်းကနေပျင်းလာတော့ ပုံမတင်ဘဲနားထား။ အဲဒီရက်အတွင်းမှာ ရိုက်ထားသမျှသောင်းပြောင်းထွေလာ(ဒီစာလုံးလေးက လူထုဦးလှဆီက ယူသုံးတာပါ)ကို ရှင်းတာရှင်းဖျက်တာဖျက်လုပ်နေပါတယ်။ အဲလိုဟိုပြောင်းဒီပြောင်းလုပ်နေရင်း ရိုက်ထားပြီး မတင်ရသေးတာတွေကို ပြန်တွေတော့ တင်ဘို့ စဉ်းစားမိပါတယ်။ အဲဒီမှာ တက်သိမ်းအင်းက တံတားအိုလေးမြင်တော့မောင်ပေကိုသတိရမိပါတယ်။ ဒီနေရာလေးကို မောင်ပေတင်ဘူးတာကိုးဗျ။ အဲတော့ ပထမတစ်ခါ ရှင်ပင်ဆပ်သွားမှာ ကိုစိန်သော့နောက်ကလိုက်။ ဒုတိယတစ်ခါ မှန်ကန်ထဲက ငါးလေးမှာ မဝေနောက်ကလိုက်။ အခုတစ်ခါ တံတားအိုလေးမှာ မောင်ပေနောက်ကလိုက်။   ကဲ ကျနော့်ရှေ့ကသွားသူများ နောက်ကို ကျနော်ကတော့ လိုက်နေမှာပါဘဲ။ ပြန်စဉ်းစားမိတော့ […]


koaungMarch 16, 20124min018
လွန်ခဲ့တဲ့တပတ်ကရောက်ခဲ့တဲ့ သစ်ခွပန်းပြပွဲကိုရွာသူရွာသားများကိုမိတ်ဆက်ပေးချင်ပါတယ် ဝင်ခကတော့7 ဒေါ်လှဖြစ်ပါတယ် ထိုင်ဝမ်ဒေါ်လာ၂၀ဝပါခင်ဗျာ                                     အခုလိုသည်းခံအားပေးကြတာကို  ရွာသူရွာသားများအားအစဉ်လေးစားလျှက် မောင်အောင်