manawphyulayMarch 15, 20121min012
တစ်ခါတလေ ရောက်တုန်းလေး ရိုက်ကြည့်ထားတာပါ။ ဘုရားကြီးမျက်နှာတော်သစ်ရေကပ်တာကတော့ ဗီဒီယိုဖိုင်တွေပဲ ရိုက်ခဲ့ပါတယ်။ ခဏလေးအတွင်း ဘယ်မှမရောက်ဖြစ်ဘူး။ ရောက်တဲ့နေရာလောက်ပဲ မှတ်တမ်းတင်ခဲ့မိပါတယ်။


we R oneMarch 14, 20123min013
စူဠမဏိစေတီ ပုဂံမှာ ထုထည်အားဖြင့် အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရားကို ဖူးမျှော်ပြီတဲ့ နောက် နံရံဆေးရေး ပန်ချီ အနုလက်ရာ မှာ ထင်ရှားတဲ့ စူဠမဏီ စေတီတော်ကြီး ကို ခရီးဆက်ခဲ့ ကြပါတယ်..။ ပုဂံရောက်ကတည်းက ရာသီဥတု သိပ်ပြီး မသာယာတာကြောင့် ညနေ ၅ နာရီကျော်လောက်ပဲ ရှိသေးပေမဲ့ နေလုံးကို မမြင်ရတော့ဘဲ အနည်းငယ်မှောင်စ ပြုနေပါပြီ..။ စူဠမဏီ ဘုရား ကိုဖူးပြီးနောက်.. အလိုတော်ပြည့်ဘုရား ကို ခရီးဆက်ခဲ့ ကြပါတယ်..။ အလိုတော်ပြည့်ဘုရားကို  ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်..။ အလိုတော်ပြည့်ဘုရား ဖူးပြီးနောက် မိုးကလည်းတော်တော်ချုပ်နေပြီး.. ဗိုက်ကလည်း တဂွီဂွီ အသံပြုနေပြီမို့.. မြန်မာဘူဖေးဆိုင် သို့ ခရီးဆက်ခဲ့ကြပါတော့…။ စူဠမဏိ စေတီတော် ဆက်ပါအုံမည်… we R one


             “အနားသတ်တောင်သမန်”   တောင်သမန်အင်းကတော့ နွေမိုးဆောင်းဥတုသုံးပါးလှတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ နွှေဆိုရေခန်းမိုးဆိုရေပြည့် ဆောင်းမှာတော့ စိုက်ခင်းတွေဖြစ်။ အဲတော့ သုံးပန်လှတောင်သမန်လို့တင်စားခဲ့ကြပါတယ်။ တောင်သမန်နဲ့ပါတ်သက်တဲ့သီချင်း ကဗျာ တွေ၊ ဆောင်းပါးတွေ မရေမတွက်နို်င်အောင်ရှိခဲ့ပါတယ်။ အနုပညာသမားများရဲ့ ရင်ကို ခုန်အောင် တဒုန်းဒုန်းထုုနိုင်နှက်နိုင်တဲ့တောင်သမန်ပါဘဲ။ အထက်အညာလာတယ် မန်းလေးကိုလာတယ်ဆိုရင်တောင်သမန်ကိုမရောက်ရင် ပြည့်စုံသောခရီးတစ်ခုမဖြစ်နိုင်ပါဘူး။ ကျနော်တို့ငယ်ငယ်ကလဲ ဒီတောင်သမန်အင်းကို ငယ်စဉ်ကအလည်သွားကြ။ မယ်ဇယ်ပင်တန်းအောက်မှာဆော့ကြ။ အင်းရေစပ်စပ်မှာငါးမျှားကြ။ တက္ကသိုလ်ကျောင်းသားဘဝရောက်ပြန်တော့ သူငယ်ချင်းတွေ ချစ်သူတွေနဲ့ သွားကြ အကြော်ဆိုင်ထိုင်ကြ။ အခုလိုအရွယ်ရောက်ပြန်တော့ လည်း တောင်သမန်ဆိုတာနဲ့စိတ်ထဲမှာပူနွေးလို့လာ ငယ်ကအဖြစ်အပျက်တွေသတိရ။. အရွယ်သုံးပါးမရွေး စိတ်လှုပ်ယှားစေတဲ့တောင်သမန်ပါဘဲ။. အရင်ကတော့ တောင်သမန်ဓါတ်ပုံတွေမြင်တာနဲ့သဘောတွေကျခဲ့ရပါတယ်။ အခုကိုယ်တိုင်ဓါတ်ပုံတွေလက်ဆော့ချိန်မှာတော့ တောင်သမန်ရောက်တာနဲ့ ကင်မရာက အသင့်ပြင်ပြီးသား။ ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့တောင်သမန်ကစိတ်ထဲရောက်ပြီးသား။ အဲတော့တောင်သမန်နဲ့ပုံတွေကျနော်အများကြီးရိုက်ဘူးပါတယ်။ ရိုက်တိုင်းလဲလှပသောပုံတွေကိုရပါတယ်။ လှသောပုံတွေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကျနော်ဓါတ်ပုံတွေကို စိတ်ဝင်စားတဲ့၏ ချစ်တတ်လာတဲ့အချိန်ကတည်းက “ဘယ်နားလေးမှာတော့ […]


           ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   မယ်ပုရဲ့သစ်ခွပန်းပိုစ်ကိုဖတ်မိတော့ ကျနော်တို့ရဲ့သယံဇာတတွေဆုံးရှူံးတာ မတန်တဆနဲ့သူများဆီရောက်သွားတာကို ဖတ်ရတော့ အတွေးလေးတွေပွားမိပါတယ်။ မြန်မာပြည်က ပြောင်းဖူးကိုဈေးပေါပေါရောင်း။ ဟိုဘက်က မုန့်ပုံးတွေလုပ်ပြီး ဈေးကြီးကြီးနဲ့ပြန်ဝယ်စားကြရတယ်။ ဒီဘက်က သစ်တွေအလုံးလိုက်ထုတ်။ ပြီးတော့မှကုန်ချောနဲ့ပြန်ဝင်တော့ဈေးကြီးပေးဝယ်။ 2010မေလ ရွှေလီရောက်တော့ တံတားအဆင်းမှာ သစ်ပင်တွေစိုက်နေတာ။ အပင်အကြီးတွေကို အပင်လိုက်ကြီးနုတ်လာပြီးစို်က်တာလေ။ နုတ်လာတဲ့အပင်က မြေကြီးတွေတောင် အိတ်နဲ့ထည့်လာတာ။ ပိန္နဲပင်ဆိုရင် အသီးလေးတွေတောင်ပါတယ်။ နောက် ပန်းပုလုပ်တဲ့အိမ်ရှေ့မှလဲ သစ်မြစ်ဆုံတွေပုံထားလိုက်တာ အများကြီးဘဲ။ မြန်မာစကားပုံကြားဘူးတယ်မလား။ ဥစ္စာပျောက်ငရဲရောက်တဲ့။            ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   ကျနော်လဲ အဲလိုဖြစ်ခဲ့ရပါသဗျား။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (13-3-2012)


6 ဦးပိန်ကို တောင်ဘက်ကနေ ဆော်ထည့်လိုက်တာ                  “တောင်သမန်က အလွမ်းမင်းသားကြီး”   တောင်သမန်မှာဓါတ်ပုံရိုက်မယ်ဆိုရင် ဟိုးရှေးကတည်းကရှိတဲ့ သစ်ခြောက်ပင်ကြီးက မပါမဖြစ်။ အဲဒီသစ်ပင်နဲ့ဓါတ်ပုံတွဲရိုက်ထားတဲ့သူတွေလဲများမှများ.။ ကျနော်ကိုယ်တိုင်လဲဒီအပင်ကြီးကို သဘောကျ။ အရင်က တော့ ဟိုးအဝေးမှာရှိတဲ့ဘုရားက။ တံတားပေါ်က၊ တံတားအောက်က ပုံစံအမျိုးမျုးိနဲ့မှတ်တမ်းတင်ခဲ့ဘူးပါတယ်။ ဒီတစ်ခါတော့ အနီးကပ် သစ်ပင်ကြီးအောက်ထိရောက်ခဲ့ပါတယ်.။ အရင်ကအဲဒီနားသွားမယ်ကြံရင် လူတွေအမြဲပြည့်နေတော့ မသွားဖြစ်ပါဘူး။ ရက်ဆက်ပြီးတောင်သမန်ပါတ်ဝန်းကျင်ပုံတွေတင်တယ်ဆိုတော့ ပုံတွေထပ်ချင်ထပ်သွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ပုံနဲ့တစ်ပုံ အမြင်နည်းနည်းလေးစီကွာပါတယ်။. ကြည့်လို့ ကြည်နူးတယ်ဆိုရင်တော့ ကျေနပ်ပါတယ်လို့ပြောရင် က က က ပေါ့နော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါးလေး (12-3-2012)  


Diamond KeyMarch 12, 20124min026
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိမှာတော့ မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ကြားတဲ့ ဘုရားစေတီတော်များမှာ တစ်ဆူအဖြစ်အပါအဝင် ဖြစ်ကာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ဏာမှာ “အရှေ့မှာရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက်ယင်မြော၊ သီဟတော” လို့ဖေါ်ပြထားခဲ့တဲ့ ကျော်လေးဆူ (ရွှေစာရံ၊ ရွှေစည်းခုံ၊ ရွှေယင်မျှော်၊ အညာသီဟတော) စာရင်းဝင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်ကြီးကို ချိန့်ချိန့်သဲသဲ စည်ကားစွာနဲ့ ကျင်းပပြုလုပ်ပါတယ်။ ရွှေစာရံ စေတီတော်မြတ်ကြီးကို သွားရောက်ဖုးမြှော်မယ်ဆိုရင် မန္တလေးကနေ  မန္တလေး – ပြင်ဦးလွင် နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ကားလမ်းမကြီးအတိုင်း ၁၃ မိုင်ရှိ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာဆီ၊ ထိုမှတစ်ဆင့် အုန်းချောလမ်းခွဲမှ ၃ မိုင် ၂ […]


           “အထူးအချိန်မှာမြင်ရတဲ့ ဦးပိန်”   အမှန်တိုင်းပြောရရင် ဦးပိန်တံတားအောက်ကို ကျော်ပြီး သစ်ပင်တွေဘက်ကို အရင်ကမရောက်ဘူးပါဘူး။ မနှစ်သင်္ကြန်တတွင်းလုံး တောင်သမန်မှာရှိပေမယ့် ဒီဘက်ကိုမရောက်ခဲ့ပါဘူး။ တံတားအောက်ကိုရောက်ပေမယ့်လဲ သစ်ပင်ကြီးနားထိမသွား။ ဒီနေ့ကတော့ တံတားအောက်မှလဲရေမရှိ.။ လူကလဲရှင်းတော့ ဓါတ်ပုံရိုက်ဘို့အခါအခွင့်အကောင်းဆုံးပါဘဲ။ အဲဒါနဲ့ဆိုင်ကယ်ကိုတံတားအောက်ကနေစီးပြိီးသစ်ပင်ကြီးနားမှာရပ်လို်က်ပါတယ်။ အရှေ့ဘက်ကောင်းကင်ကိုလှမ်းကြည့်လို်က်တော့ နေနည်းနည်းမြင့်နေပါပြီ။ ဒါပေမယ့် အနီရဲရဲ။ အဲဒီအချိန်လှေကလေးက တံတားအောက်အဖြတ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်တော့ လဲ ဟိုနားကရိုက်လဲလှ ဒီနားကရိုက်လဲလှ ဆိုတော့ ထိုင်ရက် ထရိုက် လှဲရိုက် ရိုက်နည်းပေါင်းစုံနဲ့ရိုက်လိုက်တာ ဘေးလူကြည့်ရင်တော့ ရူးနေတယ်ထင်လောက်ပါတယ်။ ဖြစ်ချင်တော့ကင်မရာထဲမှာ အဖြူအမဲရိုက်လို့ရတာပါတော့ အဖြူအမဲရိုက်။ ငါးမျက်လုံးနဲ့ ပုံခုံးခုံးလေးတွေရိုက်. ရိုက်……….ရို်က်…………….ရိုက်လို့မဝနိုင်အောင်ပါဘဲ။ အဲတော့လဲရိုက်ခဲ့သမျှကို ပြန်လည်လို့ မျှပေးလိုက်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါး (11-3-2012)  


        “အင်းကြီးတောင်သမန်ရဲ ့ နံနက်ခင်း …………”   တပေါင်းလပြည့်နေ့မနက်ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း ကောင်းကင်မှာတိမ်အရောင်က ရဲသထက်ရဲလာပါတယ်။ ဒါနဲ့ဘဲ ဒီအချိန်တောင်သမန်က ဦးပိန်ကို နှက်လိုက်ရရင်အိုကေဘဲဆိုတွေ့းမိတော့ ဆိုင်ကယ်ပြန်ယူပြီး တောင်သမန်ကိုပြေးပါတယ်။ မနက်ခြောက်နာရီတိတိ။   တောင်သမန်ကို မြန်မြန်ရောက်အောင် ကပ်ကျော်ဘုရားကနေ ထောက်လှမ်းရေး 16ဘက်က လမ်းကြမ်းကနေ တောင်သမန်ဘေးကလက်ပန်ပင်နားရောက်အောင် အမြန်မောင်းပါတယ်။ တောင်သမန်အင်းအနောက်ဘက်ကန်ဘောင်ရောက်တော့ လှတပတပုံတွေရိုက်။ ကိုရင်တွေ့ရိုက်။. ဆွမ်းခံတဲ့ဦးဇင်းရိုက်။ လှေတွေရိုက်။ တွေ့သမျှအကုန်ရိုက်ရင်း ဦးပိန်တံတားအောက်ရောက်သွားပါတယ်။ အဲဒီမှာ အင်မတန်မှလှပသော တောင်သမန်အင်းနဲ့ဦးပိန်တံတားတို့ရဲ့ အတွဲအစပ်ကတော့ ရင်သပ်ရူ့မောစရာ။ ကဲ ခံစားကြည့်လိုက်ပါအုံး။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (11-3-2012)        


    “ပေါ်တော်မူ အပိုင်းနှစ်”   ပေါ်တော်မူဘုရားဝင်းက ကျယ်ပြန့်ပါတယ်။ ဘုရားဝင်းထဲမှာ ဆိုင်ကယ် ကား ကြိုက်သလိုရပ်။ ဘာရပ်နားခမှပေးစရာမလို။ ဘိနပ်ဦးထုပ်ထားခဲ့ ပန်းရောင်းတဲ့သူများက ဝယ်ဝယ် မဝယ်ဝယ် မပျောက်စေရ။ ဘုရားအရှေ့ဘက်မှာ ဇရပ်တွေရှိပါတယ်။ နောက်တိုးတွေပေါ့။ ဘုရားတောင်ဘက်မှာ စည်ကြီးတလုံးတင်ထားတဲ့ ပဟိုရ်စင်။ သူ့ဘေးမှာတော့ ရှမ်းတိုင်းရင်းသားအဆက်အနွယ်နတ်နန်းလေးတစ်ခု။ အဲဒီထဲမှာတော့ နတ်ချော့နေတဲ့ ဆို်င်းသံများကလဲလွမ်းစရာ။   အဲဒီကနံဘေးမှာတော့ ဒေသထွက် ဇီးသီးခြောက်နဲ့သရက်ပြင်။ သရက်ပြင်ကတော့ မှည့်နေတဲ့သရက်သီးကနေလုပ်ကြတာပါ။ သရက်သီးမှည့်ချိန်ရောက်ရင်အဲဒီနားက ခြံတွေမှာသရက်ပြင်လှမ်းထားကြတာ အိမ်တိုင်းပါဘဲ။ နောက် တရုပ်ပြည်ကိုတင်ပို့တဲ့ထိုင်ဝမ်ဇီးသီးကလဲ ဒီပေါ်တော်မူနားကခြံတွေကနေ ထွက်တာပါ။ ဇီးသီးပေါ်ချိန် စိန်တလုံးသရက်ပေါ်ချိန်ဆိုရင် မန္တလေးကနေ တကူးတကလာပြီး အပင်ပေါ်ကအသီးကို လတ်လတ်ဆတ်ဆတ်ခူးပြီးဝယ်ကြတာပါ။ ပျော်စရာကောင်းပြီး ဈေးလဲသက်သာပါတယ်။ နောက်ဒီပေါ်တော်မူစေတီမြောက်ဘက်မှာ ရေကန်သေးသေးလေးရှိပါတယ်။ အဲဒီရေကန်ထဲကပျဉ်ပြားပေါ်မှာ ဘုရားဆင်းတုလေးတွေတင်ထားပါတယ်။ ရေသပ္ပါယ်လို့ရပါတယ်. ထူးခြားတာက […]


  15 ဖူးမြင်ရတဲ့ စေတီတော်     “စဉ့်ကိုင်ပေါ်တော်မူ အပိုင်းတစ်”   ပြီးခဲ့တဲ့တပေါင်းလပြည့်နေ့ရောက်တော့ ရွှေစာရံဘုရားပွဲကလည်းလူစည်တော့ မသွားချင်။ မေမြို့တက်ပြန်ရင်လဲ လူကျပ်မှာစိုးပါတယ်။ အေးအေးဆေးဆေးသွားချင်တာ လူစည်ရင် စိတ်ပင်ပန်း အစားအသောက်ဈေးကြီး။ အဲဒါနဲ့လက်ဖက်ရည်လဲသောက်ပြီးရော မရောက်တာကြာတဲ့ စိန်တလုံးသရက်ပေါတဲ့ ဇီးသီးပေါတဲ့ သရက်ပြင်ပေါတဲ့ ပေါ်တော်မူကို သွားဘို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီအချိန်ဆိုမြစ်ငယ်တံတားကျော်တာနဲ့ ပေါက်ပန်းပွင့်တွေဝေနေတာကို မြင်ရမယ်လေ။ ဟိုအရင်ကတော့ ဒီပေါ်တော်မူဘုရားသွားဘို့ခက်ပါတယ်။ ပုလိပ်နဲ့စဉ့်ကိုင့် မြို့နှစ်မြို့အကြား တောလမ်းအတိုင်းဝင်သွား ဒုဋ္ဌဝတီမြစ်ကမ်းနံဘေး မှာရှိတဲ့ နည်းနည်းခေါင်တဲ့ဘုရားပေ့ါ။ အခုတော့ ရန်ကုန် မန္တလေး လမ်းမအသစ်ဖောက်လိုက်တဲ့အခါ ပေါ်တော်မူဘုရား အဝင်လမ်းက ကားလမ်းဘေးဖြစ်သွားတာရယ် လမ်းမကြီးက ကျယ်လဲကျယ် ဖြောင့်ဖြူး နေတော့ အလွယ်တကူရောက်နိုင်ပါတယ်။ မန္တလေးက နေဆိုင်ကယ်ပုံမှန်စီးသွားတစ်နာရီလောက်မောင်းလိုက်ရင်အဝင်ဝရောက်ပါတယ်။ အဲဒီကနေကျောက်လမ်းသေးသေးလေးအတိုင်းသရက်ခြံတွေကို ဖြတ်ပြီးသွားလိုက် ဆယ့်ငါးမိနစ်လောက်မောင်းလိုက်ရင် ပေါ်တော်မူဘုရားအဝင်ဝ […]


           “ဒါဆိုရင် ဘယ်နားမှာသွားပုံရမလဲနော်……………..”   1997ခုနှစ်မှာ “တဲထဲကလူ တိုက်ပေါ်ရောက်ရေး “ဆိုတဲ့စီမံကိန်းကြီးပေါ်လာပါတယ်။ စစခြင်းနောင်ကျရင် မန်းလေးကန်တော်ကြီးလို့နာမယ်တွင်လာမယ့် တက်သိ်မ်းအင်းရဲ့ မြောက်ဘက်မှာရှိတဲ့ ဒေါနခြံရပ်ကွက် (သံလျှက်မှော်တောင်ရပ်ကွက်ကြီး)မှာစပြီး အကောင်အထည်ဖော်ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာ ရဲ့ အုပ်ချုပ်မူ့အောက်မှာ ရှိတဲ့တိုက်ခန်းတွေပါ။ စည်ပင်သာယာက ဘဲ တာဝန်ယူဆောက်ပေးထားတာပါ။ အဲဒီနေရာက အရင်က  ကန်စွန်းခင်းတွေ စိုက်ခင်းတွေရော လူနေအိမ်တွေပါရှိပါတယ်။ ပထမနေတဲ့သူတွေထဲက  အိမ်ထောင်စုဇယားရှိတဲ့သူကို တိုက်ခန်းတစ်ခန်းပေးမယ်။ တိုက်ခန်းခ ေငွေသွင်းပေါ့။ တိုက်ခန်းတစ်ခန်းအတွက် တသိန်းခွဲကို အရစ်ကျနဲ့သုံးရစ်ခွဲသွင်းရပါတယ်။   တစ်ထပ်ကို အခန်းဆယ်ခန်းပါ တဲ့ သုံးထပ်တို်က်တွေဆောက်ပါတယ်။ တိုက်ခန်းတွဲ စုစုပေါင်း ရှစ်တွဲဆောက်ပါတယ်။ အဲတော့ အခန်းပေါင်း240 တိတိပါ တာပေါ့။ တစ်ခန်းစီမှာ ရေမီတာ လျှပ်စစ်မီတာ အခန်းပိုင်ရှင်နာမည်ပေါက်နဲ့ တစ်ခန်း စီသီးသန့်ထားပေးပါတယ်။ ကိုယ်သုံးသလောက်ကိုယ်ဆောင်ပေါ့။ […]


Mလုလင္March 8, 20123min035
ဒီနေ့ .. တပေါင်းလပြည့်နေ့ …. မှတ်မှတ်ရရ .. ရွှေတိဂုံ ဘုရားကို နှစ်ခေါက်ရောက်တဲ့နေ့။ မနက်စောစော ဖေနဲ့ မေကို ဘုရားလိုက်ပို့ နေ့ခင်းလုပ်စရာရှိတာတွေ လက်စသပ်လုပ်ပြီး ညဘက်ကျ တစ်ခေါက် ထပ်သွားဖြစ်ခဲ့တယ်။ အမှတ်တရ တွေ မှတ်တမ်းတင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ကျန်ခဲ့တဲ့ ပို့စ်တွေမှာ မြန်မာလူမျိုးဟာ စည်းကမ်းမရှိတဲ့ လူမျိုးလို့ တခြားသူတွေပြောတာကို ကျွန်တော် ဖင်ပိတ်ငြင်းခဲ့တာ လေးအမှတ်ရကြဦးမယ်ထင်ပါတယ်။ သပြေကုန်းဈေး ဓာတ်ပုံတွေနဲ့ တောင် တင်ဖူးပါသေးတယ်။ ရန်ကုန်သူသားနဲ့ ဘုရားဖူးလာသူ တစ်ချို ့အကြောင်းပြောချင်ပါတယ်။ ဒီနေ့ ကျွန်တော် နေတဲ့ တာမွေကနေ ဘုရားကို သွားဖို့ ညနေ ၆ နာရီ လောက်ကစပြီး Taxi ငှားပါတယ်။ ဘယ်သူမှ မလိုက်ချင်ပါဘူး ကားကြပ်လို့ပါတဲ့။ […]