အနားသတ် တောင်သမန်နဲ့ဦးပိန် အလှမြင်ကွင်း

1 နံနက်ခင်းအလင်းအောက်က ဦးပိန်တံတား တောင်ဘက်ခြမ်းကနေ အနောက်ကိုကြည့်ရတဲ့မြင်ကွင်း
2 ဦးပိန်အောက်ခြေပုံ
3 အဖြူအမဲတောင်သမန်အင်းမြင်ကွင်း(ခေတ်ဟောင်းကပုံစံ)
4 အရောင်စုံအသွေးစုံတောင်သမန်(ခေတ်သစ်ရိုက်ချက်)
5 စိုလွင်စိမ်းမြ တောင်သမန် နဲ့အိန္ဒြေရရ ဦးပိန်
6တံတားပေါ်ကနေ ကျနော့်ကို လက်ပြနေတဲ့ နိုင်ငံခြားက အလည်လာသူနှစ်ဦး
7 တံတားကွေ့ကွေ့လေး နဲ့နံက်ခင်းအလှ
8ဒေါင့်အချိုးအကွေ့ တံတားနဲ့ရေပြင်
9 လှေငယ်နဲ့တောင်သမန်
10 ရေမရှိတဲ့အချိန်ဘဲ ဒီနေရာကနေရိုက်လို့ရတာပါ
11 တံတားပေါ်က ခရီးသွား
12တံတားအကွေ့ ရေပြင်က စပ်စပ် လွမ်းတတ်သူများအတွက်ကတော့
13 အင်းရေအလယ်က လှေငယ်ရှင်
15 လှေငယ် နှစ်စင်း အင်းအတွင်းမှာ ဝမ်းစာရှာ
15 ဓါတ်ပုံများကို ဖန်တီးသောလက်နှင့်လက်စွဲတော် ကင်မရာ ပိစိကွေးပေါက်စနလေး

 

           “အနားသတ်တောင်သမန်”

 

တောင်သမန်အင်းကတော့ နွေမိုးဆောင်းဥတုသုံးပါးလှတယ်လို့ဆိုနိုင်ပါတယ်။

အရင်ကတော့ နွှေဆိုရေခန်းမိုးဆိုရေပြည့် ဆောင်းမှာတော့ စိုက်ခင်းတွေဖြစ်။

အဲတော့ သုံးပန်လှတောင်သမန်လို့တင်စားခဲ့ကြပါတယ်။

တောင်သမန်နဲ့ပါတ်သက်တဲ့သီချင်း ကဗျာ တွေ၊

ဆောင်းပါးတွေ မရေမတွက်နို်င်အောင်ရှိခဲ့ပါတယ်။

အနုပညာသမားများရဲ့ ရင်ကို ခုန်အောင် တဒုန်းဒုန်းထုုနိုင်နှက်နိုင်တဲ့တောင်သမန်ပါဘဲ။

အထက်အညာလာတယ် မန်းလေးကိုလာတယ်ဆိုရင်တောင်သမန်ကိုမရောက်ရင်

ပြည့်စုံသောခရီးတစ်ခုမဖြစ်နိုင်ပါဘူး။

ကျနော်တို့ငယ်ငယ်ကလဲ ဒီတောင်သမန်အင်းကို ငယ်စဉ်ကအလည်သွားကြ။

မယ်ဇယ်ပင်တန်းအောက်မှာဆော့ကြ။

အင်းရေစပ်စပ်မှာငါးမျှားကြ။

တက္ကသိုလ်ကျောင်းသားဘဝရောက်ပြန်တော့ သူငယ်ချင်းတွေ ချစ်သူတွေနဲ့

သွားကြ အကြော်ဆိုင်ထိုင်ကြ။

အခုလိုအရွယ်ရောက်ပြန်တော့ လည်း တောင်သမန်ဆိုတာနဲ့စိတ်ထဲမှာပူနွေးလို့လာ

ငယ်ကအဖြစ်အပျက်တွေသတိရ။.

အရွယ်သုံးပါးမရွေး စိတ်လှုပ်ယှားစေတဲ့တောင်သမန်ပါဘဲ။.

အရင်ကတော့ တောင်သမန်ဓါတ်ပုံတွေမြင်တာနဲ့သဘောတွေကျခဲ့ရပါတယ်။

အခုကိုယ်တိုင်ဓါတ်ပုံတွေလက်ဆော့ချိန်မှာတော့ တောင်သမန်ရောက်တာနဲ့

ကင်မရာက အသင့်ပြင်ပြီးသား။

ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့တောင်သမန်ကစိတ်ထဲရောက်ပြီးသား။

အဲတော့တောင်သမန်နဲ့ပုံတွေကျနော်အများကြီးရိုက်ဘူးပါတယ်။

ရိုက်တိုင်းလဲလှပသောပုံတွေကိုရပါတယ်။

လှသောပုံတွေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကျနော်ဓါတ်ပုံတွေကို စိတ်ဝင်စားတဲ့၏

ချစ်တတ်လာတဲ့အချိန်ကတည်းက

“ဘယ်နားလေးမှာတော့ ဘယ်လိုရိုက်ထည့်လိုက်မယ်”ဆိုတဲ့ အတွေးနဲ့စိတ်ထဲမှာ

အကြိမ်ပေါင်းများစွာ ဦးနှောက်မှတ်ဉာဏ်ထဲမှာရိုက်ထားခဲ့လို့ပါဘဲ.။

ကျနော်တောင်သမန်ကို ပုံပေါင်းများစွာရိုက်လို့တင်ဘူးပါတယ်။

ဒီတစ်ခါတော့ တောင်သမန်ကို အနားသတ်လိုက်ပါအုံးမယ်။

အခုချိန်ထိ တောင်သမန် ညနေခင်းကို ဆောင်းမှာ မရိုက်ဘူးသေးပါဘူး။

အဲတော့…………………………….

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး

(13-3-2012)

 

 

16 comments

  • water-melon

    March 14, 2012 at 8:13 am

    လေးပေါက်
    တံတားအောက်ခြေတွေက ကျိုးတောင်ကျိုးနေပြီနော့
    မပြိုကျဘူးလား
    တစ်ချို့ကပြောတာတော့ တစ်ချို့သစ်တိုင်တွေက နှစ်ကြာတော့ ကျောက်ဖြစ်နေပြီတဲ့ ဟုတ်လား ဟင်
    လေးပေါက် နောက်နေ့ အကြော်သွားစားမယ် တောင်သမန်မှာ
    ရွာထဲက ဘယ်သူမှမခေါ်ဘူးနော် တိတ်တိတ်လေးသွားမယ် :mrgreen:

    Reply

  • ဘာဘီတိုက်တော့ ခေါ်ပါအေ။.
    ုနိုမို့ မလိုက်ရရင် ထွန့်ထွန့်လူးနေပါ.
    ကိုသော့ကိုလဲမထားခဲ့နဲ့
    သူမလိုက်ရရင်ဖွလွန်းလို့။

    ဖရဲမရူးနေလား နှစ်တစ်ရာလောက်နဲ့ဘယ်လိုလုပ်ကျောက်ဖြစ်မှာလဲ။

    Reply

  • snow white

    March 14, 2012 at 6:44 pm

    စိုလွင်စိမ်းမြ တောင်သမန် နဲ့အိန္ဒြေရရ ဦးပိန် အဲစာသားနဲ့ရေးထားတဲ့ပုံလေးကိုကြိုက်နှစ်သက်ပါတယ်

    Reply

  • kotun winlatt

    March 14, 2012 at 6:50 pm

    စိတ်ချမ်းသာစရာ ကောင်းပါ့..လေးပေါက်ရေ…

    Reply

  • koaung

    March 14, 2012 at 6:51 pm

    ဓတ်ပုံတွေလှတယ်ဗျိုး တော်တော်အချိန်ပေးပြီးရိုက်ရမယ်ထင်တယ်နော်

    Reply

  • ဟုတ်တယ်ဗျ တပေါင်းလပြည့်နေ့မနက် 6နာရီကျော်ကျော်လောက်ကနေ စရိုက်တာ
    8နာရီ15ထိဘဲ။.
    တစ်ယောက်ထဲ ကဲတာလေ။
    ကင်မရာ ပေါက်စန လေး နှစ်လုံးနဲ့။
    တကယ်စိတ်ချမ်းသာတယ်ဗျ။

    Reply

  • ဓါတ်ပုံတင်ရတာ အချိန်အရမ်းပေးရပါတယ်။
    နည်းနည်းတော့ ပျင်းလာပြီ။
    ပုံတွေတင်စာတွေရေးနေရတာကို်…………………..

    Reply

    • Mလုလင်

      March 14, 2012 at 11:26 pm

      ကင်မရာ အသစ်နဲ့ ဒီလောက် လက်တွေ့နေတာကို …….

      Reply

  • kotun winlatt

    March 14, 2012 at 11:10 pm

    အယ်…. မပျင်းပါနဲ့ …
    လေးပေါက်ရာ….
    စာတွေလည်းရေးးး ပုံတွေလည်းတင်ပါဦးနော်..
    လေးပေါက်လို မြို့ထဲကနေသုံးတဲ့ လူတောင်
    အချိန်ပေးရတယ်ဆိုရင် ..
    ကျနော့်လို တောကနေကွန်နက်ရှင် အစုတ်အပြတ်သုံးနေရတဲ့လူက
    ပိုအချိန်ပေးရပါတာပေါ့ လေးပေါက်ရာ…
    ဒါပေမယ့်လည်းး မလျော့သောဇွဲနဲ့ ကွန်နက်ှရင်ကောင်းတဲ့ အချိန်လေးတွေပဲ
    ရွေးပီး ကြည့်ကျက်လုပ်နေရတာပေါ့ လေးပေါက်ရာ…
    ဒါကြောင့် လေးပေါက် မပျင်းပါနဲ့ဦးလို့ ပြောပါရစေဗျာ….။

    Reply

  • padonmar

    March 15, 2012 at 1:16 am

    ကိုပေါက်လက်တွေတက်နေပါတယ်ဆို။၆ ပုံလေး အထူးပါ။
    တံတားကြီးပျက်တာ ပြင်စရာ သစ်ကောရှိသေးလို့လား
    တော်ကြာ အင်္ဂတေ တံတားကြီးပေါ်လာမှ ဟုတ်ပေ့ဖြစ်နေမယ်

    Reply

    • Khin Latt

      March 16, 2012 at 4:07 am

      သေချာတာပေါ့ အစ်မပဒုမ္မာရေ
      ကိုပေါက် လက်တက် နေတယ် ဆိုတာ။
      နံပါတ် ၁၅ မှာလေ။
      ရေးးးးးးးးးးးးးးးးးးး နာမည်ကြီး ကိုပေါက် လက်ကို တွေ့ဘူးပြီ ကွ။ 😆

      Reply

  • padonmar

    March 15, 2012 at 1:21 am

    ကိုပေါက် မြ အကြောင်းစာပို့ထားတယ်။

    Reply

  • ပေစိ

    March 15, 2012 at 11:55 pm

    လေးပေါက် သားသားကြိုက်တာလေးတွေ ဒေါင်းသွားတယ် ကျေးကျေးပါ

    Reply

  • Khin Latt

    March 16, 2012 at 4:12 am

    ကိုပေါက် ပုံတွေ က တကယ်ကောင်းတာ။
    နံပါတ် ၉ ကလှေလေးနဲ့ပုံမှာ တံတားတိုင် က ဆွေးနေတာလား။
    အဲဒါမျိုးတွေ ဖြစ်လာရင် ပုံစံ အဟောင်း မပျက်အောင် ဘယ်လို များ ပြုပြင်သင့်မလဲ မသိဘူး။ 🙄
    ၉၊၅၊ ၈၊ ၁၄၊ ၁၅ ကို အကြိုက် ဆုံး။ 🙂

    Reply

  • နောက်ရက်တော့ နံနက်ခင်း သစ်ပင်လေးတွေရဲ့ လွမ်းစရာပုံလေးတွေတင်ပေးပါအုံးမယ်။
    အခုတော့ မရေးတာကြာလို့ စာလေးတွေရေးနေသေးတယ်။
    တော်ကြာ စာရေးတာကို မေ့သွားမှာစိုးလို့။
    ကိုလတ် မေးလ် လိပ်စာပို့ပေးပါ။.
    လက်ဖဝါးတပြင်လုံးရော မဒမ်ပေါက် ပုံပါ ပို့ပေးလိုက်မယ်။

    Reply

Leave a Reply

Your email address will not be published.