ပေါ်တော်မူ အမှတ်နှစ်

1 ရေထဲကျနေသောဘုရားအရိပ်
1ခ တောင်ဘက်က လှမ်းမြင်ရတဲ့ပေါ်တော်မူစေတီ
2ရှမ်းရာဇဝင်နဲ့ဆက်နွယ်နေတဲ့နတ်ကွန်း
3 နတ်ချော့နေတဲ့ဆိုင်းအဖွဲ့
4 အရပ်အခေါ်သရက်ပြင်လို့ခေါ်တဲ့ သရက်ပြားခြောက်
5 ဒေသထွက်ဇီးသီးခြောက် ရေစိမ်စားရတာလေ
6အိမ်ပြန်လက်ဆောင် ဝယ်ရအောင်

 

 

7 နန်းမြင့်မျှော်စင် အပေါ်မှာစည်ကြီးရှိတယ်
7ခ ရေထဲက ဆင်းတုတော်အရိပ် (ဒီပုံမှာလဲ ရူပဗေဒနဲ့ ဂဲဩမေတြိီသဘောတွေအများကြီးပါဝင်နေပါတယ်)
8 ဘုရားဖူးလာသူများရဲ့ မိသားစုထမင်းဝိုင်းပျော်စရာကြီး
9 ထွက်ပေါက်အနီးက နဂါးရုံဘုရား
10 ဟိုဘက်ကမ်းကူးဘို့လှေဆိပ်
11 ကြည်လင်အေးမြသော ဒုဋ္ဌဝတီ မြစ်ေ၇
12 ပြွတ်ခဲနေအောင်သီးတဲ့သရက်ပင်
13 သရက်ဖူးတွေ အဖူးလိုက်နေတာ ပြွတ်ခဲနေပါတယ်
14 တွဲလိုခိုနေတဲ့ သရက်ကင်း ငံပြာရေဖျော်နဲ့ ဆွဲလိုက်လို့ကတော့ ထမင်းတစ်ပန်းကန်လျျောခနဲ့နေမှာ
15 အပြန်လမ်းမှာတွေ့ရတဲ့ ပေါက်ပန်းပွင့် (မကျေပွဲ ပြန်နွဲတာ)
16 အပြန်လမ်းမှာတွေ့ရတဲ့ ပေါက်ပန်းပွင့်တွေဝေနေတဲ့ ရွာလမ်းကလေး
17 သာယာလှပေသော မြေလမ်းကလေး

“ပေါ်တော်မူ အပိုင်းနှစ်”

 

ပေါ်တော်မူဘုရားဝင်းက ကျယ်ပြန့်ပါတယ်။

ဘုရားဝင်းထဲမှာ ဆိုင်ကယ် ကား ကြိုက်သလိုရပ်။

ဘာရပ်နားခမှပေးစရာမလို။

ဘိနပ်ဦးထုပ်ထားခဲ့ ပန်းရောင်းတဲ့သူများက ဝယ်ဝယ် မဝယ်ဝယ် မပျောက်စေရ။

ဘုရားအရှေ့ဘက်မှာ ဇရပ်တွေရှိပါတယ်။

နောက်တိုးတွေပေါ့။

ဘုရားတောင်ဘက်မှာ စည်ကြီးတလုံးတင်ထားတဲ့ ပဟိုရ်စင်။

သူ့ဘေးမှာတော့ ရှမ်းတိုင်းရင်းသားအဆက်အနွယ်နတ်နန်းလေးတစ်ခု။

အဲဒီထဲမှာတော့ နတ်ချော့နေတဲ့ ဆို်င်းသံများကလဲလွမ်းစရာ။

 

အဲဒီကနံဘေးမှာတော့ ဒေသထွက် ဇီးသီးခြောက်နဲ့သရက်ပြင်။

သရက်ပြင်ကတော့ မှည့်နေတဲ့သရက်သီးကနေလုပ်ကြတာပါ။

သရက်သီးမှည့်ချိန်ရောက်ရင်အဲဒီနားက ခြံတွေမှာသရက်ပြင်လှမ်းထားကြတာ

အိမ်တိုင်းပါဘဲ။

နောက် တရုပ်ပြည်ကိုတင်ပို့တဲ့ထိုင်ဝမ်ဇီးသီးကလဲ ဒီပေါ်တော်မူနားကခြံတွေကနေ

ထွက်တာပါ။

ဇီးသီးပေါ်ချိန် စိန်တလုံးသရက်ပေါ်ချိန်ဆိုရင် မန္တလေးကနေ တကူးတကလာပြီး

အပင်ပေါ်ကအသီးကို လတ်လတ်ဆတ်ဆတ်ခူးပြီးဝယ်ကြတာပါ။

ပျော်စရာကောင်းပြီး ဈေးလဲသက်သာပါတယ်။

နောက်ဒီပေါ်တော်မူစေတီမြောက်ဘက်မှာ ရေကန်သေးသေးလေးရှိပါတယ်။

အဲဒီရေကန်ထဲကပျဉ်ပြားပေါ်မှာ ဘုရားဆင်းတုလေးတွေတင်ထားပါတယ်။

ရေသပ္ပါယ်လို့ရပါတယ်.

ထူးခြားတာက အဲဒီဆင်းတုလေးတွေအရိပ်က ရေထဲမှအမြဲမြင်နေရတာပါ။

ဒုဋ္ဌဝတီမြစ်နံဘေး ဖြစ်တဲ့အတွက်အေးချမ်းသာယာတဲ့နေရာလေးဖြစ်ပါတယ်။

ဘုရားအနောက်ဘက်မှာတော့ နဂါးရုံဘုရားတည်ထားပါတယ်။

မိသားစုလိုက်လာကြတာပျော်စရာကြီးပါ။

အလှမ်းမဝေးပါ။

မန္တလေးကိုရောက်ရင် ဝင်ကြည့်စေချင်ပါတယ်။

နောင်ကြုံရင် ပလိပ်က မြွေဘုရားကို တင်ပေးပါမယ်နော်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။

(8-3-2012)

 

 

 

10 comments

  • အရင် သွားဘု့ိခက်တယ်ဆိုပြီး အတော်နာမယ်ကြီးခဲ့တဲ့ဘုရားပါ။
    အခုတော့ သွားလို့တကယ်လွယ်တော့ သွားစေချင်တော့တင်ပေးတာ။

    Reply

    • water-melon

      March 10, 2012 at 11:29 am

      ဘဘကြီး သမီးအတွက်ရော သရက်ပြားခြောက် ဇီးသီးခြောက်ဝယ်မလာဘူးလားဟင်
      သမီးက အခြောက်ဆို အရမ်းကြိုက်တာ
      နောက်ဆို သမီးရောလိုက်မယ်နော့်။

      Reply

      • မောင်လေး ပီး ..
        မမ အလှည့် ဆိုလို့ကတော့ …
        အင်း .. အခြောက်ကြိုက်တဲ့ သူကတော့ဖြင့် …
        မြင်ယောင်သေး … 😀

        Reply

  • yaungchikha

    March 10, 2012 at 9:54 am

    အရင် ပေါ်တော်မူဘုရားပေါ်ခါစ ငယ်ငယ်ကတော့ တစ်ခေါက်ရောက်ဘူးတယ်၊ အခုလို အဆောက်အဦးတွေ မရှိသေးဘူး၊ သွားရလွယ်ကူသွားပြီဆိုတော့ နောက်တစ်ခါ မန်းတလေးရောက်ရင် သွားဦးမယ်……..

    Reply

  • Naing Oo Khine

    March 10, 2012 at 10:34 am

    အင်း….အရင်စဉ့်ကိုင်မှာနေခဲ့ဘူးတယ်ဗျ
    လွမ်းစရာတွေပေါ့ဗျာ..

    Reply

  • စဉ့်ကိုင်ကနေလာရင်အခုဆို ခဏလေး။
    အရင်လမ်းဟောင်းတုံးက တံတားဖြူလေးနားကနေခွဲထွက်ရတာ။
    အခုဆို အမြန်လမ်းမကြီးအတိုင်းလာ ဖြောင့်ဖြူးလို့ရယ်။
    သာယာ၏။

    Reply

  • marblecommet

    March 10, 2012 at 2:42 pm

    ပုံ (10) က လောင်းလှေလေးနဲ့
    စာအုပ်ထူထူတစ်အုပ်နဲ့
    ငါးမျှားထွက်ချင်လိုက်တာ
    ကိုပေါက်ရယ်……

    Reply

  • marblecommet

    March 11, 2012 at 4:26 pm

    လာမယ်ဗျား….
    ငါးမျှားတံပါ ယူခဲ့မယ်….

    Reply

  • တောင်သမန်အင်းထဲဆင်း
    ရေထဲမှာကိုယ်တစ်ပိုင်းစိမ်ပြီး မျှားရမှာနော်

    Reply

Leave a Reply

Your email address will not be published.