အဆိုတော်တွေ စာရေးဆရာလိုင်းဘက် ရောက်ကုန်ပြီ

manawphyulayMarch 26, 20122min017

အဆိုတော်ရဲလေး စာအုပ်ရောင်းပြီး သီချင်းဆိုပြတဲ့ပွဲ

ရဲလေးရဲ့ စာအုပ်ဈေးရောင်းပွဲတော်

အဆိုတော်တွေ စာရေးဆရာဘက် ပြောင်းကုန်ပြီ
မော်တင်မှာတော့ ရဲလေးက သူ့စာအုပ်ဝယ်သောကော မဝယ်သူပါ သီချင်းဆိုပြီး ဖြေဖျော်ပေးပါတယ်။


အပေါ်က ရိုက်ကြည့်ထားတာ။ ပရိသတ်ကတော့ အတော် အားပေးတယ်။

ရဲလေးကို အားပေးတဲ့ ပရိသတ်က မနည်းဘူးနော.....

17 comments

  • ဖားသက်ပြင်း

    March 26, 2012 at 2:09 pm

    မုဒိတာပွားလိုက်ပါဗျာ..
    😀
    သူ့ခေတ် သူ့စန်း သူ့ ပိတ်သတ် ရှိချိန်လေး လုပ်စားတာပဲ…
    အဲ့ … လုပ်စားတယ်ဆိုတာ အကောင်းပြောတာနော….တမျိုးမတွေးနဲ့ဦး..
    ဟိုမင်းသမီးလေးတောင် ဖိုတို ဘုတ်အုတ် ထုတ်စားသေးတာရယ်…

    အနည်းဆုံးတော့ စာအုပ် စာရွက် ပုံနှိပ် ဘက်က ဘစ်ဇနက်စ်တွေ
    အလုပ်ရတာပေါ့ဗျာ …ဟုတ်ဘူးလား …

    နောက် တချက် …သူ့အကြောင်းသူရေးတာပဲလေဗျာ…
    သူ့ အခွင့်အရေး …

    နောက်ဆုံးတချက်.. မြန်မာမို့ မြန်မာလို ရေးတာ မြန်မာလိုဖတ်ရမှာလေ…
    (အပျော်ဖတ်တွေ လူပြိန်းကြိုက်တွေ သုတတွေ ရသတွေ ဖယ်ထားလိုက်…)
    ကျုပ်တော့ စာအုပ်တွေ ထွက်ရင်ကို ဝမ်းသာပါတယ်ဗျာ …

    အန်းနီးဝေး …
    ကျုပ်တို့လူမျိုးက စာများများဖတ်ဖို့ လိုရဲ့မလား ..
    အနည်းဆုံးတော့ သူဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုကနေ ဘဝသင်ခန်းစာ
    ရစရာ တစုံတရာ ပါလာလောက်ပါရဲ့လေ…

    Reply

  • weiwei

    March 26, 2012 at 2:09 pm

    ဘာအကြောင်းရေးထားတဲ့ ဘယ်လိုစာအုပ်မျိုးလဲဆိုတာလဲ ပြောပြပေးပါအုန်း …

    Reply

    • manawphyulay

      March 26, 2012 at 2:36 pm

      သူ့အကြောင်း ရေးထားတဲ့စာအုပ်ဖြစ်ပါတယ် မမဝေရေ…

      Reply

      • ဆူး

        May 10, 2012 at 9:56 am

        ၆နာရီဆို ပြန်လာပေးပါ.. မိုးချုပ်မှာကို အရမ်းပဲ ကြောက်နေမိတာ..
        အဲဒီ အကြောင်းတွေလား..
        ဒါနဲ့ စကားမစပ်.. ကုလားဆင်လေးမို့.. ရဲလေး က ကုလားလား။

        Reply

  • kaung kin pyar

    March 26, 2012 at 2:26 pm

    စာအုပ်ကောင်းတစ်အုပ်အတွက် စာတစ်ကြောင်းရဖို့တောင် သိပ်တော့ မလွယ်ပါဘူး။ ပရိသတ်တွေ အားပေးရတာတန်အောင် တစ်ခုခုကျန်ခဲ့တဲ့ စာအုပ်မျိုးဖြစ်ဖို့ မျှော်လင့်ပါတယ် ကိုရဲလေးရယ်…။

    Reply

  • ရဲလေးကို အားပေးတဲ့ ပရိသတ်က မနည်းဘူးနော …

    ဒီအထဲ မနောလည်း ပါမယ်ထင်ရဲ့ .. 😀

    Reply

  • Thel Nu Aye

    March 26, 2012 at 4:45 pm

    အဆိုတော်တွေစာအုပ်ထုပ်။ ရုပ်ရှင်သရုပ်ဆောင်တွေသီချင်းခွေထုပ်။ ဆရာဝန်တွေစာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်လုပ်။ အင်းနောက်တော့ကော????????????????

    Reply

  • Grace

    March 26, 2012 at 8:38 pm

    ဆရာ မြေလတ်မောင်မြင့်သူရေးတဲ့….ကြိုက်မိတဲ့ကဗျာလေးတပုဒ်ပါ…………

    မော်ဒန်ပုံပြင်

    ဆရာဝန်က အယ်ဒီတာ
    စာရေးဆရာကဈေးရောင်း
    ကဗျာဆရာတကုပ်ကုပ်ရယ်နှင့်
    စာအုပ်ချုပ်ကာ
    ဝမ်းစာလွေးပါလို့
    စာရေးစာချီတွေက ပွဲစားလုပ်တဲ့ပြင်
    ကျူရှင်ဆရာတွေက ကဗျာစပ်
    ဖြတ်၊ ညှပ်၊ ကပ် တတ်ရင် ပန်းချီဖြစ်
    ပန်းချီဆရာက သီချင်းဆို
    အဆိုတော်တွေက ကြေငြာရိုက်
    ဇာတ်လိုက်မင်းသမီးတွေက
    ဝတ္တုရေး…..
    ဝတ္တုရေးသူတွေက ဒါရိုက်တာလုပ်
    အားလုံးက သရုပ်ဆောင်ချည်းဖြစ်နေတော့
    စိတ်ညစ်စရာ ရုပ်ကောင်အမောတွေနဲ့
    သဘောအဖုံဖုံ မညီမျှပါတဲ့
    ဤလောက ဘုံဘဝ
    ကြုံရပါကြောင်း …..။ ။
    (မြေလတ်မောင်မြင့်သူ)

    Reply

  • ဇွဲမာန်(အင်းဝ)

    March 26, 2012 at 9:06 pm

    မော်ဒန်ပုံပြင်

    ဆရာဝန်က အယ်ဒီတာ
    စာရေးဆရာကဈေးရောင်း
    ကဗျာဆရာတကုပ်ကုပ်ရယ်နှင့်
    စာအုပ်ချုပ်ကာ
    ဝမ်းစာလွေးပါလို့
    စာရေးစာချီတွေက ပွဲစားလုပ်တဲ့ပြင်
    ကျူရှင်ဆရာတွေက ကဗျာစပ်
    ဖြတ်၊ ညှပ်၊ ကပ် တတ်ရင် ပန်းချီဖြစ်
    ပန်းချီဆရာက သီချင်းဆို
    အဆိုတော်တွေက ကြေငြာရိုက်
    ဇာတ်လိုက်မင်းသမီးတွေက
    ဝတ္တုရေး…..
    ဝတ္တုရေးသူတွေက ဒါရိုက်တာလုပ်
    အားလုံးက သရုပ်ဆောင်ချည်းဖြစ်နေတော့
    စိတ်ညစ်စရာ ရုပ်ကောင်အမောတွေနဲ့
    သဘောအဖုံဖုံ မညီမျှပါတဲ့
    ဤလောက ဘုံဘဝ
    ကြုံရပါကြောင်း …..။ ။
    (မြေလတ်မောင်မြင့်သူ)

    ကျွန်တော်လည်း ဒီကဗျာလေးကိုကြိုက်တယ်၊ ကျေးဇူးပါဗျာ….။

    Reply

  • နေဝန်းနီ

    March 26, 2012 at 9:35 pm

    အော်……. ချစ်သောမြန်မာပြည် သီချင်းဆိုပြီး စာအုပ်ရောင်းရတဲ့ အဆင့်တောင်ရောက်ကုန်ပြီပေါ့လေ….. အော် ဒုက္ခ…ဒုက္ခ

    Reply

  • ကြောင်ကြီး

    March 27, 2012 at 11:00 am

    ဆွဲတွေးရရင်
    ရဲလေးက
    ဘဲမွေးရမှာ
    လွဲရေးတယ်ဆိုတော့
    ဖဲအကြွေးကို
    မဲပေးဆပ်မယ်ထင်ပါ့။

    Reply

  • alinsett

    March 30, 2012 at 7:40 pm

    အင်း… စိုင်းစိုင်းရဲ ့စာအုပ် နှစ်အုပ်တော့ ဖတ်ဖြစ်တယ် ။ တစ်ခုူခု လိုနေသလို ခံစားရတာတော့အသေအချာပဲ.။

    လိုင်းတွေ..ပူးသွားတာ သိပ်မကောင်းဘူး ထင်တယ် ။ စွယ် စုံရ အနုပညာရှင်ကြိးတွေ..လို ပါရမီ ပါရင်တော့ တစ်မျိုးပေါ့နော် ။

    မနောရေ.. ပိူ့ုစ် လေး အတွက် ကျေးဇူးပါပဲ။

    Reply

  • manawphyulay

    March 31, 2012 at 9:55 am

    အနီတွေလိုက်ပေးထားတဲ့သူက အချိန်အားနေတဲ့သူထင်တယ်နော်။ ဒါမှမဟုတ် မကောင်းမြင်စိတ်များနေတဲ့သူတစ်ယောက်များလား မသိ….

    Reply

  • snow white

    May 9, 2012 at 6:15 pm

    အေး comment လာရေးဖို့တောင်လန့်တယ် အနီပေးခံရမှာကြောက်လို့ တော်သေးတယ်မမ မနော ပြောပေးနေတယ် ဆိုတော့ လာရေးပေးတာ အဆိုတော်လည်း စာအုပ်ထုတ်တယ်ဆိုတာ သူတို့ခံစားချက်လေးတွေရေးကျတာနေမယ် ဒါပေမယ့်စာရေးဆရာတွေအတွက် ဘာမှအကျိုးမယုတ်ပါဘူး ကိုယ့်ဦးနှောက်သူဦးနှောက်တူတာမှမဟုတ်တာလေ။

    Reply

  • ဗိုက်ကလေး

    May 9, 2012 at 6:22 pm

    အားလုံးကို ရှုတ်နေဒါဘဲ
    ဘဒေမှန်းလဲသိဘူး..
    ဂျွတ်..
    အဲလေ..ဇွတ်

    Reply

  • metallic

    May 9, 2012 at 9:26 pm

    မြူးဇစ်အမျိုးမျိုးကွဲပြားသလို စာပေကလည်းအမျိုးမျိုးရှိမှာပေါ့
    စာပေဆိုတာနဲ့ကိုယ်ကြိုက်တဲ့စာတွေရလိမ့်မယ်လို့တော့မျှော်လင့်လို့မရဘူး
    သူ့ပရိတ်သတ်နဲ့သူပေါ့
    တရားကြိုက်တဲ့သူက တရားစာပေဖတ်မှာပေါ့

    ပေါ့ပ်ကြိုက်တဲ့လူတွေလည်းရှိမှာပဲ
    ခဏပဲဖတ်ပြီးတော်ရာမှာဂျောင်ထိုးချင်လည်းထိုးမှာပေါ့
    ဒါမှမဟုတ်လည်းငါတို့နဲ့ခေတ်ပြိုင်အဆိုတော်လေးဆိုပြီးတော့
    အမှတ်တရသိမ်းထားမယ်ဆိုပြီးဝယ်တဲ့လူက ဝယ်မှာပဲ

    စာအုပ်ကကြားခံတခုပဲ
    ဒီလိုစာပေကို မကြိုက်ရင်ကြိုက်တဲ့စာအုပ်ရွေးဝယ်ယုံပေါ့
    ပရိတ်သတ်အမျိုးမျိုးအတွက် ရွေးစရာရှိနေဘို့ကအရေးကြီးဆုံး

    Reply

  • kotun winlatt

    May 10, 2012 at 12:03 am

    မထူးးးဘူးးးဗျာ..
    အဆိုတော်တွေ စာရေးဆရာလိုင်းကူးလာရင်
    စာရေးဆရာတွေ အဆိုတော်လိုင်းးးကူးးကြတာပေါ့..
    ဆြာကမ်းးးရေ…
    ဆြာကမ်းးးက နာမည်ရပီးသားဆိုတော့
    စီးရီးထုတ်ဗျာ…
    ဟို..တူရဇော်ကို ဟာမိုနီဆိုခိုင်းးးးး
    ဟီးးးးးးးးးးးးးးးးး

    Reply

Leave a Reply

Your email address will not be published.