သဘာဝကျောက်ဆောင်………….တောင်တန်းများနှင့်အလှဆင်ခြင်း…………………

1မြေလမ်းကလေးဆုံးသွားရင် တောင်ခိုးတွေဝေနေတဲ့ တောင်တန်းတွေနဲ့အလှဆင်ထားတယ်
2 ဒေါင့်ချုးိကျနေအောင်တိတိရိရိ ဖြတ်ထားတဲ့သဘာဝကြီးရဲ့ ပြုပြင်ချက်က အလှတရားတွေဖြစ်ကုန်ပါရောလား
 

2 ဒီမြေလမ်းလေးရဲ့ အဆုံး တောင်တွေရဲ့အောက်မှာ ဒုဋ္ဌဝတီမြစ်မင်းရှိတယ်
4 သဘာဝကြီးက ဖြတ်ချထားလိုက်တာ တိကနဲ ညီလို့..............................
5 မိူင်းညိုနေတဲ့တောင်တန်း နီမိူင်းတဲ့မြေပြင် အလှတွေဆင်ထားလိုက်ပုံက
6 အခုချိန်မျာ ငြိမ့်ငြိမ့်လေးစီးနေတဲ့ ဒုဋ္ဌဝတီကိုစီးမိုးနေတဲ့ တောင်စဉ်တောင်တန်းများကလှပ
 

7 လှိုင်းတွေထသွားတယ်ထင်ရတဲ့ အထူးရိုက်ချက်
8တောင်ကမ်းပါးယံကို တိကနဲ့ဖြတ်ချထားလိုက်ပုံက.............................
9စိမ်းနုတဲ့သစ်ပင်တွေကြားက အိန္ဒြေကြီးတဲ့ကျောက်ဆောင်ကြီး
10 ဒုကြီး ထည်ကြီး ကျောက်ဆောင်ကြီး.......................
11 သစ်ပင်လေးတွေက တောင်တန်းကို နောက်ခံထားပြီး အလှပြနေပုံလေးက ချစ်စရာ
12 ကောက်ကွေ့နေတဲ့လမ်းကလေးက တောင်တန်းတွေဆီအပြေးဝင်သွားလိုက်တာချစ်စရာ
13မိူ်င်းညို့ ဆိုင်းဆို့နေတဲ့ တောင်တန်းပြာရီရီ
14 အလှခြင်းပြိုင်နေတဲ့သစ်ပင်တွေ
15 မြစ်အကွေ့မှာတွေ့ရတဲ့ တောင်တန်း......................................
           “သဘာဝကျောက်ဆောင်………….တောင်တန်းများနှင့်အလှဆင်ခြင်း…………………”

 

ဒီးဒုတ်ရေတံခွန်အသွားလမ်းမှာ လမ်းကကောင်းတော့ငေးရင်းမောရင်းသွားမိပါတယ်။

ဒီလမ်းကို ပထမဦုးဆုံးအကြိမ်ရောက်ဘူးတာပါ။

ငယ်ကတဲကမြင်ခဲ့ရတဲ့ နွားလဘို့တောင် ကျွဲနဖားတောင်တွေကြားကို

အခုအချိန်မှရောက်ဘူးတာပါ။

တောင်တွေကြားမှာခရီးသွားရတာ အရသာရှိလှပါတယ်။

ကိုယ်က တောင်ကြားထဲကလေတအေးအေးကြားမှာဆိုင်ကယ်လေးက ပြေးလွှား။

မွန်းတည့်နေကတော့ အတော်လေးပူပါတယ်။

လမ်းတစ်ဘက်တစ်ချက်မှာတောင်မြင့်မြင့်။

မိူင်းရီရီ။

ကျောက်ဆောင်တွေ။

ဟိုးအဝေးမှာ ပေါ်တလှည့် မြုပ်တစ်ခါ ဒုဋ္ဌဝတီမြစ်မင်း။

ကွေ့ကောက်သွားတဲ့လမ်းကလေး။

ရွက်ဝါတွေကိုစွန့်ခွာထားတဲ့ အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်။

သဘာဝအလှတရားက လိုက်မမှီအောင်လှပလွန်းတယ်ဆိုရင်

မလွန်ဘူးလို့ထင်မိပါတယ်။

ကျနော်ဒီနေရာလေးမှာ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့မိပါတယ်။

အခုပုံတွေပြန်တင်တော့ အရွှေးရခက်လွန်းပါတယ်။

အားလုံးလှနေလို့ပေါ့။

ဒိနေရာကိုကျနော်နောက်တစ်ခေါက်ထပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။

လှသောနေရာလေးတွေကို ရိုက်ဘို့ကျန်နေသေးလို့ပေါ့။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါးလေး။.

(29-3-2012)

 

29 comments

  • water-melon

    March 31, 2012 at 8:38 am

    ဘဘပေါက် နောက်တခေါက် ဘယ်တော့သွားမှာလဲ
    ဖိနပ်အပိုရယ်
    ရေကူးဝတ်စုံရယ်
    ဟီဟီ 😆
    လေးပေါက်တို့ ကိုစိန်သော့ ကိုဝင်းတို့ကြောင့် ကျွန်တော်အမြင်တွေပွင့်ကုန်ပြီ
    ခင်တဲ့ဖရဲ

    Reply

    • Khaing Khaing

      March 31, 2012 at 11:10 pm

      ဖရဲမရဲအောက်ကပဲ မန့်တော့မယ် ဖရဲမ ဖိနပ်အစုတ်တွေစီးမသွားပါနဲ့လို့ပြောထားရဲ့သားနဲ့ အခု တော့ အရှက်ကွဲပြီမှတ်လား အခုမှ ရှက်ယန်းယန်းပြီးရေကူးဝတ်စုံတွေဘာတွေလာပြောနေတာ ညည်းဒီအတိုင်းမြစ်ထဲခုန်ချခဲ့တာ လေးလေးပေါက်ဒါ့ပုံထဲပါရဲ့သားနဲ့ ဗျောင်လိမ်ချင်သေးတယ် …

      လေးပေါက်ရေ တင်ပါဗျို့ အားပေးနေပါတယ် ….

      Reply

    • water-melon

      March 31, 2012 at 8:51 am

      ကားနဲ့လားဟင် ❓
      ကောင်မလေးတွေခေါ်ခဲ့မယ်နော် အဟိ

      Reply

  • ဇွဲမာန်အောင်

    March 31, 2012 at 8:44 am

    ကိုပေါက်ရဲ့ ရိုက်ချက်တွေက လန်းလိုက်တာ

    Reply

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 31, 2012 at 8:55 am

    ဆာပေါက် လေးပေါက် နေမရထိုင်မရဖြစ်အောင်လုပ်လှချေတကား
    မန်းလေးလာမှ ဆာပေါက်ဆီရောက်အောင်လာဦးမယ်….. ဆာပေါက်လိုက်ပို့ပေးရမယ်နော်…..
    ဆိုင်ကယ်နဲ့လာမယ်နောက်တစ်ခါလာရင် သွားချင်ရာသွားရအောင် ဆာပေါက်ကိုဘီလိုဆက်သွယ်ရမလဲ
    ဖေ့ဘွတ်လေးလုပ်ပါဦး ဆာပေါက်ကိုဆက်သွယ်ဖို့
    တပည့်ကျော်ကြီးဖေ့ဘွတ်ကတော့ yeesatayout alshithi တဲ့ ရှာရလွယ်ပါတယ် hninhnin.akri@facebook.comဆိုလဲရတယ် mr.monticristo@gmail.comလည်းရတယ် ဆာပေါက်လည်းပေးပါဦး……

    Reply

  • Mလုလင်

    March 31, 2012 at 9:31 am

    နံပါတ် 14 … က ရွက်ကြွေပင်တန်း က တော့ ဖမ်းစားတယ် ဦးပေါက် ရေ …။

    Reply

  • Thit Sar Lin

    March 31, 2012 at 11:10 am

    လေးပေါက်ကိုတော့ တကယ်ချီးကျူးပါတယ်ဗျာ…
    ရိုက်ချက်တွေကတော်တယ်ဗျာ….လေးပေါက်ဆီကပြန်သင်ရမယ်…
    ပုံ-4 +7+8 ကိုအရမ်းကြိုက်တယ်ဗျာ….
    အားပေးနေပါတယ်…….

    Reply

  • Diamond Key

    March 31, 2012 at 11:23 am

    တစ်ချက်ချက်နဲ့ အဆက်မပြတ်ရိုက်ခဲ့တဲ့ ပုံလေးတွေက ဆွဲဆောင်နိုင်ပါပေ့ဗျာ။ 😛 ခလုပ်တစ်”ချက်” ..မှာ အနုပညာတွေ “ထွက်”ထွက်လာတယ် … ”
    ချက်ထွက်” (အနုပညာတွေ ပြောပါတယ်) ကိုပေါက်ပါပေ :mrgreen:

    Reply

  • ba gyi

    March 31, 2012 at 11:43 am

    သဘာဝရှိနေသရွေ့၊အနုပညာတွေရှိနေတာပါပဲ။
    သဘာဝကိုချစ်တဲ့လက်ရာတွေဟာ သည်အနုပညာမှာပေါ်လွင်ပါတယ် ကိုပေါက်ကြီးခင်ဗျား။
    ပုံတွေနဲ့ စားသားကလေးတွေက ရင်ကို အေးမြစေပါတယ်။

    Reply

  • ဆူး

    March 31, 2012 at 11:58 am

    ပုံတွေ ထောင့် က စာတမ်းလေးက လေးလေး ရဲ့ လိုဂို ဒီဇိုင်း အသစ်လား။
    တခါမှ မတွေ့ဘူးလို့.. မေးကြည့်တာနော်

    Reply

    • water-melon

      March 31, 2012 at 12:14 pm

      အမဆူးကလည်း
      အဲဒါ မန်းလေးဂဇတ်လေ
      MGgazetteလို့ရေးထားတာ
      သိပ်တော့မကြာသေးဘူး သူကြီးလုပ်ထားတာထင်တယ် 😀

      Reply

      • အံစာတုံး

        March 31, 2012 at 7:06 pm

        ဟုတ်တယ် …
        အဲဒါ ဒို့သဂျီး လုပ်ထားတာ …
        ကိုယ့်ရဲ့ admin page (dashboard) မှာလည်း ကြည့်လို့ရဒယ် …
        (ရာထူး တက်ပြီးသား လူတွေကို ကြောတာ)
        Settings –> Watermark Reload …
        အဲဒီမှာ စိတ်ကြိုက် ကလိကြည့် …
        ဝါးတားမက် ကို အကြီးကြီး ၊ အသေးလေး ၊ ဘယ်ဆီဘယ်ဝယ် စိတ်ကြိုက်ထား၍ ရပါဂျောင်း ရယ်ပါ ……..

        Reply

  • ဗိုက်ကလေး

    March 31, 2012 at 12:09 pm

    အူးလေးပေါက်..အူးလေးပေါက်..
    အဲံနေရာမှာ
    များတို ့နှစ်ယောက် တူတူပုန်းတမ်း ကဂျားရအောင်လား

    Reply

    • ဆူး

      March 31, 2012 at 3:09 pm

      သူ့အလိုလိုဆိုရင် သဂျီးအပိုင် စီးနင်းခြင်း ခံလိုက်ရပြီ။ ဒန် တန် တန်..

      Reply

  • windtalker

    March 31, 2012 at 12:57 pm

    သည်တောင်တန်းမှာ မောင်ထမ်းလို ့ခေါ်သွားချင်တယ် ကွယ်လဟယ် ….
    ဦးပေါက် ဓါတ်ပုံမြင်တော့ အဲ့လို အဲ့လို ဖြစ်မိသွားသည် ။

    Reply

  • blackchaw

    March 31, 2012 at 1:00 pm

    ကိုပေါက်ရေ။
    ပုံ ၁၂ နဲ့ ၁၄ ကြိုက်တယ်ဗျာ။
    ပုံ ၂ နေရာက ကိုသော့တင်တဲ့ ပုံတစ်ပုံရဲ့ နေရာပဲလားလို့။
    :mrgreen:

    Reply

  • ကိုချောရေ
    ပုံနှစ်က ကိုသော့နဲ့နေရာတူတယ် အချိန်မတူ
    သူက အသွား ကျနော်က အပြန်။
    ဒါပေမယ့်သူ့ပုံက စင်တာကျတော့ ပိုလှ၏။

    Reply

    • kai

      April 1, 2012 at 2:33 am

      ပုံတွေကို အပြည့်တင်ရင်လည်း တင်တဲ့အခါ..ဆော့ဖ်ဝဲက.. ချုံ့ပစ်ပါလိမ့်မယ်..။
      ပြီးတော့ ရေစာ( Watermark ) ထည့်ပါတယ်…
      တခြားသူတွေ ခိုးသုံးမှာကို ကာကွယ်ပေးထားတာပါ…

      ဓါတ်ပုံဆရာတွေအတွက်.. နိုင်ငံတကာကိုရောင်းနိုင်တဲ့.. ဓါတ်ပုံဝက်ဘ်ဆိုက်လုပ်ပေးပါမယ်နော.။
      ဆော့ဝဲဖိုးဘက်ဂျက်စောင့်နေရလို့.. 😆

      Reply

  • pooch

    March 31, 2012 at 10:21 pm

    ရွက်ကြွေပင်တန်းက အလှဆုံးပါပဲ လေးပေါက်။ ဟိုနေ့က မေမြို့တက်တော့ လေးပေါက်ရိုက်ခဲ့ဖူးတဲ့ ပန်းဈေးသည်တွေကို တွေ့တော့ အိမ်က ညီမတွေက ဟိုမှာ ဟိုမှာ လေးပေါက် ရိုက်တာ ဒီမှာလေတဲ့။
    သူတို့တောင် သိနေပြီ ။ လမ်းတလျှောက်လည်း လေးပေါက် ရိုက်ခဲ့တဲ့နေရာတွေ လျှောက်ကြည့်ခဲ့သေးတယ်။
    အော်လို့ ဟစ်လို့ အဲ့နေ့ကတော့ အတော်ပျော်လာတာ။ 😀

    Reply

  • လေးပေါက် မြေကမ္ဘာကိုရောက်လာပြီး အလဟဿလူအဖြစ်ပြန်ထွက်မသွားရတော့ဘူးလို့ခံစားရ၏။

    Reply

  • (ဓါတ်ပုံဆရာတွေအတွက်.. နိုင်ငံတကာကိုရောင်းနိုင်တဲ့.. ဓါတ်ပုံဝက်ဘ်ဆိုက်လုပ်ပေးပါမယ်နော.။
    ဆော့ဝဲဖိုးဘက်ဂျက်စောင့်နေရလို့.. )
    သူကြီးအဲဒီအခါကျရင်တော့ ဒေါ်လှတစ်ဆယ်နဲ့အလုပ်မဖြစ်ဘူးနော်။

    Reply

  • Onyx

    April 1, 2012 at 6:53 pm

    ကိုပေါက်ရေ ပုံတွေက လဲကောင်းတယ်ဗျာ ။ရှုခင်းလေးတွေကလဲ အရမ်းလှတာပဲ ။
    ဓါတ်ပုံပညာလဲ အတော်ကိုကောင်းတာဗျ။
    အဲ …….တစ်ခုတော့ ရှိတယ်ဗျ
    စိတ်တော့ မဆိုးကြပါနဲ့
    တော်ကြာ နိုင်ငံရောင်းစားနေတဲ့ လူမဆန်တဲ့ သူတွေကမြင်ပြီး “ငါရောင်းဖို့ နေရာတွေကျန်သေး
    ပါလားလို့” တွေ့သွားမြင်သွားမှာ ပဲ စိတ်ပူတာပါ။…….ကျန်တာတော့ မသွားဖြစ် မရောက်ဖြစ်တဲ့
    ကျွန်တော့လို လူတွေအတွက်တော့ ကောင်းပါ့ဗျာ။

    Reply

  • aye.kk

    April 1, 2012 at 7:24 pm

    ကိုပေါက်ရဲ ့လက်ရာလှလှတွေကို..
    ကြည့်ရတာကြည့်လို ့မဝဘူး..စွဲနေပြီ။

    Reply

Leave a Reply

Your email address will not be published.