(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့ ရဲဘော်ဖိုးသံချောင်း / ဝ၆ ဇူလိုင် ၂၀၁၀ (၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၄၈) နှစ်ရှိသွားပါပြီ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီးဟာ ဒီနေ့အခါအထိ မပြီးဆုံးသေးဘူးဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါကို ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူမြဲမှတ်ယူထားကြသလို (၇) ရက် ဇူလိုင်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အာဏာအမွေခံ လက်ရှိမျိုးဆက်ဖြစ်တဲ့ နအဖစစ်အုပ်စုလည်း ဒီအချက်ကို အမြဲသတိရှိကြပါတယ်။ ဒါကြောင့် နအဖစစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက ကျောင်းသားတွေအပေါ် စစ်ကြေညာထားတာကို ဆက်လက်ထိန်းသိမ်းပြီး ဒီနေ့အထိ ဆက်လက် အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ လူ့မျိုးဆက် နှစ်ဆက်၊ သုံးဆက်တုန်းက […]
