မြန်မာစစ်အစိုးရက ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများအား မလိုအပ်ဟုပြော

nyanayJuly 8, 20101min02

ရန်ကုန် (မေ ၁၂) – မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများအား မလိုအပ်ဟု ငြင်းဆိုလိုက်သော်လည်း အမေရိကန် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုလားသည်ဟု ပြောဆိုလိုက်သည်။

နှစ်ပေါင်း ၂ဝ ကြာ အတွင်း ပထမဆုံး အကြိမ်ကျင်းပမည့် ယခု ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာ ဆက်လက်တည်မြဲရေး အတွက် အရပ်သား အစိုးရက အုပ်ချုပ်မည့် အသွင်သဏ္ဍာန် ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ဝေဖန်သုံးသပ်ခြင်း ခံနေရသည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဖြစ်သူက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် ကိုယ်စားလှယ် အရှေ့အာရှဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell အား မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ အတွေ့အကြုံ များစွာ ရှိဖူးပြီး ဖြစ်သဖြင့် လေ့လာစောင့်ကြည့်မည့် အဖွဲ့များ လာရောက်ရန် မလိုအပ်ဟု ပြောကြားခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

သို့ရာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက Kurt Campbell အား ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် အမေရိကန်၏ ပူးပေါင်းကူညီမှုကို လိုလားကြောင်း ပြောဆိုခဲ့သည်ဟူ၍လည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

-

2 comments

  • etone

    July 9, 2010 at 7:34 am

    xxx ကြီး… သွားလည်းမတိုက်ဘူးလား အဖာတစ်ရာသွားနဲ့ 😀

    Reply

  • koyinmaung

    September 13, 2010 at 11:11 am

    စောင့်ကြည့်လေ့လာယင် စောက်ရှက်ကွဲမှာစိုးလို့ပါ

    Reply

Leave a Reply

Your email address will not be published.