kaiAugust 8, 20101min01
အဲဒီနေ့မှာပေါ့..။ မနက် ရနာရီ အိမ်ရှေ ့ထွက်ကြည့်တော့ ပုံမှန်အတိုင်း အိမ်ရှင်မတွေဈေးသွား၊ဈေးပြန်လှုပ်ရှားနေကြတယ်။ ၉နာရီလောက်မှာ အပြင်ထွက်လာတော့ လမ်းထိပ်ပါတီယူနစ်လှေကားထစ်တွေပေါ်မှာ တပ်မတော်သားကြီးတွေ သေနတ်ပြောင်းတွေအရှေ ့ထိုးချိန်လျှက်စောင့်ကြပ်နေကြတာ…။မြို့နယ်ကောင်စီရုံးရှေ့မှာ စစ်ကား၂စီး တပ်သားတွေအပြည့်တင်ရက် ရပ်ထားတာ၊ လမ်းဘေးတလျှောက်တန်းစီရပ်နေတဲ့ တပ်မတော်သားတွေက ဘက်နက်တပ်သေနတ်ကြီးတွေနဲ့ရှေ့ထိုးချိန်ထားတာ တွေတွေ့ရတယ်ပေါ့။ လမ်းမကြီးအလယ်ခေါင်မှာ ပီပါတွေချပိတ်ထားတာမို ့ကားတွေ လွယ်လွယ်တော့ဖြတ်မသွားနိုင်ပါဘူး။ မြို ့ထဲ ဗိုလ်ချုုပ်လမ်းကူးတော့ လမ်းလယ်အလျှားလိုက် ကွန်ခရိဘလောက်တွေစီချထားပြီးလကျင်္ာဖက်ယဉ်ကျောကို လုံခြုံရေးတပ်ဖွဲ့ယဉ်များသာဆိုတဲ့ ဆိုင်းဘုတ်အပြာခံအဖြူစာလုံးတွေနဲ့ရေးထားတာ တွေ့ရတယ်။ လူတွေက လက်ဝဲဖက်မှာ ဥဒဟိုသွားလာနေကြတာပဲ။ လမ်းထောင့်မီးပွိုင့်တချိုမှာ စစ်ထရပ်ကားတစီးနဲ့ အဲဒီကားနဲ့မလှမ်းမကမ်းမှာ စစ်သား ၆ယောက် ဘက်နက်နဲ့ဂျီသရီး ထိုးချိန်အသင့်အနေအထားနဲ့ ရပ်စောင့်နေကြတယ်။လူတွေက ရှေ့နားကပဲဖြတ်လျှောက်နေကြတယ်။ အနော်ရထာလမ်း၊ မဟာဗန္ဓုလ၊ ကုန်သည်လမ်းအားလုံးပဲ လမ်းအလယ်အလျှားလိုက်တလျှောက် ကွန်ကရိဘလောက်တွေ၊ သံရာဇမတ်ကွက်အကာတွေစီချထားတာတွေ့ရတယ်။ ၁ဝနာရီလောက်မှာ ဆိပ်ကမ်းလုပ်သားတွေသပိတ်မှောက်ဖို ့လုပ်နေတယ်ကြားလို့သွားကြည်တော့ စဉ့်အိုးတန်းလမ်းထိပ်ဂိတ်ကို ပိတ်ထားလို့ […]


kaiAugust 4, 20105min00
ယူအက်စ်မှာ ရီပါ့ဗလစ်ကန်င်တွေ အခြေခံဥပဒေနဲ့ကစားလာတဲ့အကြောင်းပါ။ ပြိးခဲ့တဲ့လက အာရီဇိုးနားပြည်နယ်ဟာ တရားမဝင်နေသူများကို နည်းနည်းကျပ်ပေးလိုက်မဲ့ ဥပဒေပြုတာကို ဖယ်ဒရယ်အစိုးရက ပြည်နယ်ကို တရားစွဲလိုက်ပါတယ်။ အဲဒီနောက်ဆက်တွဲအဖြစ် အမေရိကရဲ့ တန်ဖိုးအရှိဆုံးဥပဒေတခုဖြစ်တဲ့ အခြေခံဥပဒေ ၁၄ ပြင်ဆင်ဖြည့်စွက်ချက်နဲ့ ကစားလာကြတာဖြစ်ပါတယ်။ ကစားတယ်လို့ သုံးရတာက ဘယ်လိုမှ မလွယ်ကူနိုင်တဲ့( ဖြစ်နိုင်ချေမရှိသလောက်ဖြစ်တဲ့) ကိစ်စကို လုပ်လို့ပဲဆိုပါစို့။ အမေရိကရဲ့ ဖောင်းဒင်းဖားသားကြီးတွေကို အံတုလိုက်တယ်ပဲဆိုပါတော့။ ဘာပဲဖြစ်ဖြစ် ဒါဟာ အမေရိကရဲ့သမိုင်းမှတ်တိုင်တခု စိုက်တာလည်းဖြစ်ပါတယ်။ အဲဒီ ၁၄ကို တိုတိုနဲ့လိုရင်းရေးရရင် “မည်သူမဆိုအမေရိကမြေပေါ်မှာမွေးရင် အမေရိကန်နိုင်ငံသားဖြစ်သည်။” ဆိုတာပါ။ အောက်မှာ သတင်းဖတ်ကြည့်ပါ။ ဆွေးနွေးကြည့်ပါခင်ဗျား..။ By BEN EVANS, Associated Press Writer – Tue Aug 3, 6:25 pm ET WASHINGTON – Leading Republicans are joining […]


kaiAugust 4, 20104min02
အဲဒီလူကြီး အသက် ၄၉နှစ်ပြည့်ပါသတဲ့..။ မွေးနေ့မှာ နိုင်ငံရေးအတွက် မဲဆွယ်နေရတာနဲ့ မိသားစုနဲ့ အချိန်မပေးနိုင်ဖြစ်နေပုံရပါတယ်။ သူ့မိသားစုကလည်း စပိန်လည်လည်သွားနေပါတယ်။ ဘာဖြစ်လို့လဲတော့မသိ..။ အဲ..ဝါသနာပါရင် မွေးနေ့ကဒ် လက်မှတ်ဝင်ထိုးပို ့နိုင်ကြောင်းပါ…တဲ့။ လက်မှတ်ထိုးပြီးရင် ရံပုံငွေကောက်မဲ့နေရာရောက်မှာမို ့..ငွေမထည့်ပဲ လစ်လာလဲဖြစ်တာပါပဲ။ အောက်က သူတို့ပို ့တဲ့စာပါ..။ မူရင်းအတိုင်းပဲ..။ စကားမစပ်..ဟိုလူကြီးက အသက်ဘယ်နှနှစ်ကို ဘယ်နေ့မှာ ပြည့်မှာပါလိမ့်..။ တိုင်းပြည်ခေါင်းဆောင်နေပါတယ်ဆိုသူကို မွေးနေ့တောင် တိတိကျကျမသိရတာ..တယ်မဟန်တာပဲနော…။ Friend — Today’s the President’s 49th birthday, and I just heard how many of you have signed his birthday card so far: 1,266,611 as of […]


maungmoenyoAugust 4, 20101min00
(၁၉၈၈)လူထုအုံကြွမှုမျိုးအနာဂါတ်တွင်ဖြစ်နိုင်ခြေရှိမရှိ ယင်းကဲ့သို့အုံကြွမှုကားမထင်မှတ်သောအခြေအနေအချိန်ခါတွင် ကြိမ်းသေပေါ်ပေါက်ဦးမည်ဆိုသည်ကားအမှန်ပင်။ သို့သော် – (၁) ဗိုလ်နေဝင်းအစိုးရလက်ထက်တွင်အုပ်ချုပ်မှုယန္တရားမှာရန်ကုန်တွင်အခြေစိုက်သည်။ ယခုဗဟိုအစိုးရ ယန္တရားကြီးတခုလုံးမှာစစ်ဗျူဟာအရအသာစီးရသောဒေသဖြစ်သည့် နေပြည်တော်ပျဉ်းမနားတောင်ကြားတွင် အခြေယူထားသည်။ ယင်းဒေသကားပြည်သူ့ရေးရာစီမံခန့်ခွဲရေးအနေနှင့်ကားမည်သည့်နည်းနှင့်မျှမဟာ ဗျူဟာမကျသောဒေသဖြစ်သော်လည်းစစ်ရေးအရခုခံကာကွယ်မှု၊ ဗဟိုအုပ်ချုပ်မှုကောင်းစွာ ဆောင်ရွက်နိုင်သောအချက်အခြာဒေသဖြစ်သည်။ စစ်အစိုးရနှင့်၎င်းတို့အသိုင်းအဝိုင်းကို ကောင်းစွာလုံခြုံမှု ပေးနိုင်သောအရပ်ဒေသဖြစ်သည်။ လက်နက်ကိုင်တပ်များအားလုံးကိုသာမက၊အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး ကိုအပေါ်စီးရသောဒေသတခုတည်းအောက်မှာအခြေစိုက်ထားသည်။ (၂) နိုင်ငံစီမံအုပ်ချုပ်မှုသာမက၊စီးပွားရေးအဆောက်အအုံနှင့်လူထုတရပ်လုံး၏နေ့တဓူဝစားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအရပ်ရပ်တို့ကိုအကြွင်းမဲ့ထိမ်းသိမ်းချုပ်ကိုင်ထားသည်။ လူထုကိုအကြောက်တရား ဖြင့်အုပ်ချုပ်ထားသည်။ (၃) သမိုင်းအဆက်ဆက်တိုင်းတွင်အုံကြွမှုတိုင်း၏အရင်းအမြစ်ဖြစ်သောတက္ကသိုလ်နှင့်စာသင်ကျောင်းအား လုံးကိုနိုင်ငံအနှံ့သို့ဖြန့်ကျက်ထားသည့်နည်းဖြင့်ကျောင်းသားစုစည်းမှုကိုအပြတ်ရှင်းလင်းလိုက်သည်။ (၄) မူလကတိုင်း/တပ်မစစ်ဌာနချုပ်များကိုပြည်နယ်တိုင်းအဆင့်တွင်သာထားရှိခဲ့သော်လည်း။ ယခုအခါစစ်တိုင်း မှူးများကိုအာဏာအပြည့်အဝတိုးမြှင့်ပေးလိုက်သည့်အပြင်၊ စစ်တိုင်းငယ်/တပ်မငယ်များဖြစ်သော ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်/စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်များကိုခရိုင်အဆင့်မြို့ကြီးတိုင်းတွင်အသစ်ဖွင့်လှစ်ခဲ့သည်။ မူလကာကွယ်ရေးဝန်ကြီးဌာန၊စစ်ဦးစီး၊စစ်ရေးစစ်ထောက်ဌာနကြီးများလက်အောက်ခံညွှန်ကြားရေးမှူးအဆင့်ရှိ သောရာထူးများကိုအရာရှိချုပ်အဆင့်မြှင့်၍စစ်ဘက်ဆိုင်ရာလက်နက်၊ အထောက်အပံ့တို့ကိုအကန့်အသတ်မဲ့ချဲ့ထွင်ခဲ့သည်။ ဤနည်းတို့ဖြင့်အုံကြွမှုကိုဖိနှိပ်နို်င်သောမဟာဗျူဟာများချမှတ်အကောင်အထည်ဖေါ်ခဲ့သည်။ (၅) စစ်တပ်အတွင်းအချင်းချင်းအားပြိုင်မှုများရှိနေသော်လည်း၊ တွင်မဟာဗျူဟာ ကျသည့်တူညီသောရည်မှန်းချက်သာရှိသည်။ မိမိတို့၏အာဏာစည်းစိမ်ကိုအချင်းချင်းအားပြိုင်မှုနှင့်လဲလှယ် မည့်အရိပ်အရောင်မရှိပါ။ ပြီးခဲ့သော (၁၉၈၈)အရေးတော်ပုံကား(၁၃၀၀)တောင်သူလယ်သမားရေးတော်ပုံထက်အဆများစွာကြီး သည့်အပြင်လူထုလူတန်းစားအားလုံးပါဝင်သောအုံကြွမှုဖြစ်သည်၊ အလံပြဘုရားလမ်းစစ်ရုံးချုပ်ပတ်လည် တခုလုံးလူထုသန်းနှင့်ချီ၍ဝိုင်းရံခြင်းခံရချိန်တွင်စစ်ဗိုလ်ချုပ်များဖိန့်ဖိန့်တုန်ခဲ့ရသည်မှာအမှန်ပင်။ တနိုင်ငံလုံးအုပ်ချုပ်ရေးအာဏာဆိတ်သူဉ်း သွားသော်လည်း၊ စစ်တပ်အချင်းချင်းကားအဆက်အသွယ်မပြတ်ခဲ့ သည့်အပြင်၊အခြေအနေကိုတပ်များအတွင်း မှမပြတ်လေ့လာဆက်သွယ်ညှိနှိုင်းမှုးများရှိခဲ့သည်ကိုမမေ့သင့်ပါ။ […]


maungmoenyoAugust 1, 20101min01
ပြည်သူလူထု၏ဘဝအခြေနေမှန် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကကြွေးကြော်ခဲ့သော – လွတ်လပ်ရေးသည်ပထမ၊ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယ ဟူသောကြွေးကြော်ချက်များမှသည်၊ လူ့အခွင့်ရေးအခြေခံလိုအပ် ချက်ဖြစ်သော “စားဝတ်နေရေး”လိုအပ်ချက်အဆင့်သို့လျှောကျမှန်းမသိလျှောကျသွားခဲ့သည်မှယခုအထိပင်။ လွတ်လပ်ခါစအရှေ့တောင်အာရှတွင်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဘဝမှသည် (၁၉၈၈)တွင်ကမ္ဘာ့အဆင်းရဲဆုံးအဆင့် သို့ကျသွားအောင်ပြုလုပ်နိုင်စွမ်းပြည့်ဝသောစစ်ဗိုလ်ချုပ်များ၏အစွမ်းသတ္တိကားဩချရလောက်အောင်ပင်မ ဟုတ်ပါလား။ ယခုအခါမှာတော့ တိုးတက်သောအနောက်နိုင်ငံများအကြားတွင်ပင်မဟုတ်၊ အာရှဒေသတွင် ပင်ဆေးဖေါ်ကြောဖက်ပင်အလုပ်မခံရတော့သည်မှာရင်နင့်ဘွယ်ပင်။ “မဆလ”ခေတ်တွင်ပြဌာန်းခဲ့သောအည မညဖြစ်စဉ်(၃)ရပ်တို့တွင်အပါအဝင်ဖြစ်သော “အပေါ်ထပ်ဆောက်အအုံ” နှင့် “စီးပွားရေးအခြေခံ”တို့၏ သဟဇာတမညီမျှမှုကိုနှစ်ရှေကာလကြာ အဆင့်ဆင့်သောပါတီအဖွဲ့အစည်းဆင့်ဆင့်တို့ကဖုံးဖိလိမ်ညာခဲ့ကြသမျှ (၁၉၈၈)တွင်မှပေါက်ကွဲကာလူထုအုံကြွမှုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဆိုခဲ့သော “စား၊ဝတ်၊နေရေး” အခြေခံတို့တွင်။ ဝတ်ရေး၊နေရေးဟူသောအခြေခံကိုပင်ယခုအခါလှည့်မကြည့်နိုင်တော့သည့် ဘဝသို့ရောက်နေပါပြီ။ လာမည့်ရွေးကောက်ပွဲ၏လှည့်ကွက်များကိုလူထုကကောင်စွာသိရှိပြီးဖြစ်သည်မှာယုံးမှားဘွယ်မရှိပါ။ ပြီးခဲ့သော(၂၀၀၈) အခြေခံဥပဒေကိုနိုင်ငံတဝက်နီးပါးမုန်တိုင်းဒဏ်အလူးအလဲခံနေရချိန်တွင်စစ်အစိုးရက ဗြောင်မဲလိမ်၍ရာနှုန်းပြည့်နီးပါးဖြင့်အတင်းအကျပ်အတည်ပြုခဲ့သည်မှာအထင်အရှားပင်။ ပြည်တွင်းရောပြည်ပ ကပါညံနေအောင်ဝိုင်းဝေဖန်ကြသော်လည်းတုပ်တုပ်မျှမလှုပ်ရုံမက၊ လက်လှမ်းမှီရာတို့ကိုပင် တိုး၍ဖိနှိပ် ဒုက္ခပေးခဲ့သည်။ ဒေါ်စုအပါအဝင်ထင်ရှား၍လူထုအုံကြွမှုကိုဖြစ်ပေါ်စေနိုင်မည့်ခေါင်းဆောင် ဟူသမျှကိုလူထု နှင့်အဆက်အသွယ်ဖြတ်လိုက်သည်။ သမိုင်း၏ဖြစ်စဉ်အမှန်များအားလုံးတို့ကိုစစ်အစိုးရက ဖုံးကွယ်ခြင်းဖျောက် ဖျက်ခြင်းစသည်တို့ကိုအရှိန်အဟုန်တိုးဖြှင့်ဆောင်ရွက်နေပါပြီ။ ဥပမာ-အာဇာနည်နေ့ဟူသော အဓိကကျသည့် အထိမ်းအမှတ်နေ့ကို နှစ်စဉ်ပြောက်ကွယ်အောင်လုပ်လာယုံမက၊ ယခင်နိုင်ငံတော်ခေါင်းဆောင်များအဆက် ဆက်ကသွားရောက်အရိုအသေပြုပန်းခွေချရသောအစဉ်အလာမှသည်၊ ယဉ်ကျေးမှုမှုဝန်ကြီးဌာနကကြီးမှူးသော ‘”ပြပွဲ”ယောင်ယောင်အဆင့်သို့လျောကျသွားသည်မှာရင်နင့်ဘွယ်ပင်။ “အာဇာနည်”ဟူသောဝေါဟာရ၏ […]


maungmoenyoAugust 1, 20101min01
ဖွဲံစည်းပုံအခြေခံဥပဒေနှင့်ရွေးကောက်ပွဲ အမှန်တကယ်ပင်လိုအပ်ပါသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေသည်နိုင်ငံ၏အသက်သွေးကြောဆိုသည်မှာယုံမှားဘွယ်မရှိပါ။ သို့သော်မြန်မာနိုင်ငံ၏ အဆက်ဆက်သောအခြေခံဥပဒေတို့ကိုလေ့လာကြည့်ပါ၊ ဘယ်တခုမျှသက်ဇို့းမရှည်ခဲ့ပါ။ ဤ (၂၀၀၈)ကော။ ပိုဆိုးပါလိမ့်မည်။ လူကောင်းမဟုတ်သူတွေကရေးဆွဲထားသောဥပဒေဖြစ်သဖြင့်သက်တမ်းပိုတိုဘွယ်ရှိပါသည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက်ရေးဆွဲထားသည့်နည်းတူ၊ နောင်တနေ့တွင်၎င်းတို့ကပင်အကြောင်း အမျို့းမျိုးပြကာပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊နှုတ်ပယ်ခြင်းတို့ကို ထင်တိုင်လုပ်ကြမည်မှာဧကန်မုချပင်။ ပြီးခဲ့သောလမ်းစဉ်ပါတီခေတ်အတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေအားလုံကိုသွားလေသူ ဗိုလ်နေဝင်းနှင့်သူ့အသိုင်းအဝိုင်းက (အများအားဖြင့်ဒေါက်တာမောင်မောင်)နှုတ်တိုက်ပေးပြီး၊ ပါတီဗဟိုကော်မီတွင်အပြန်အလှန်ဆွေးနွေးခြင်းပင်မမြင်ရဘဲနောက်တနေ့လွှတ်တော်တွင်ဥပဒေအတည်ဖြစ် သွားသည်။ (၁၉၄၈) အခြေခံဥပဒေတွင်မည်သို့ပင်အားနဲချက်များရှိသည်ဆိုစေကာမူ၊ ထိူစဉ်ကရှိခဲ့ သောပါလီမန်တွင်းတွင်နေ့မီးညမီးတို့နှင့်အကြေအလည်ဆွေးနွေးပြီးမှဥပဒေဖြစ်ရသည်။ ယင်းအခြေခံဥပဒေကားတခုတည်းသာရှင်ရိုသေလူရိုသေမည်ခဲ့သည်မဟုတ်ပါလား။ သို့ဆိုလျင်ဘာကြောင်ကွှန်တော်တို့အားလုံးအချိန်ကုန်ခံ၊လူပင်ပမ်းခံပြီးအနှစ်သာရမရှိ၊နိုင်ငံတကာနှင့်တတ်သိ ဥပဒေပညာရှင်အသိုင်းအဝိုင်းတွင်စိုးစဉ်းမျှထောက်ခံမှုမရသောဤအခြေခံဥပဒေနောက်သို့လိုက်နေကြသနည်း။ စစ်အစိုးရကားလူထုကိုနားလဲ့၍သူတို့လိုချင်ရာသို့ခေါ်ဆောင်နေသည်ကားထင်ရှားလှပေသည်။ သူတို့အကျိုးအမြတ်တခုတည်းအတွက် သန်း(၆၀) မျှသောလူထုကိုချောက်ထဲသို့ဆွဲခေါ်နေသည်ကိုမြင် အောင်ကြည့်ကြဘို့လိုပါသည်။ (၉၉%)သောပြည်သူလူထုအတွက်သေရေးရှင်ရေးတမျှနေ့စဉ်လိုအပ်နေသောဦးစားပေးအချက်(၃)ချက်ရှိပါ သည်၊ (၁) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး (၂) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး (၃) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး ပြီးခဲ့သော (၁၉၉၀)ရွေးကောက်ပွဲတွင် NLD မှမဲအပြတ်အသတ်အနိုင်၇ရှိခဲ့သောအခြေအနေကိုအသေ အခြာလေ့လာပါက၊ ယခုလာမည့်ရွေးကောက်ပွဲနှင့်အကွာခြားကြီးကွာသောအချက်များကိုတွေ့ရပါမည်။ (၁) ထိုစဉ်ကလူထုတွင်မိမိဆန္ဒကိုအမှန်တကယ်ထုတ်ဖေါ်ခွင့်ရသော (၁၉၈၈)အရေးအခင်း၏အရှိန် အဝါရှိခဲ့သည်။ ယခုစစ်အစိုးရကပြင်းထန်သောဖိနှိပ်အရေးယူမှုများကလူထုကိုလှုပ်မရအောင် ချုပ်ကိုင်ထားသည်။ (၂) ထိုစဉ်အာဏာရလမ်းစဉ်ပါတီ (နှင့် […]


maungmoenyoJuly 31, 20101min02
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၅) (ယခင်အပိုင်းများကိုသရုပ်ပြဇယားများဖြင့် ဘယ်ဘက် menu ရှိ “2010 Election”  section တွင်သွားရောက်ကြည့်ရှုဝေဖန်နိုင်ပါသည်။) ရွေးကောက်ပွဲဝင်မည့်ပါတီများအနေအထား အဓိကပါတီဖြစ်သည့် NLD ပါတီကရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးသည့်နောက်ယနေ့အထိမှတ်ပုံတင်ခွင့်ပြု သောပါတီအရေအတွက် (၄၀)ကျော်ခန်ရှိပါပြီ။ ကြံ့/ဖွံ့ပါတီမှလွဲ၍ကျန်ပါတီများရံပုံငွေ၇ရှိရေး၊ စည်းရုံးရေး၊ အမတ်၇ရှိရေး မှအစများစွာသောအကျပ်အတည်းများနှင့်ရင်ဆိုင်နေရပါသည်။ ကြံ့/ဖွံ့ပါတီကအကန့်အသတ် မရှိခြေလှမ်းသွက်နေသလောက် ကျန်ပါတီများကအချင်းချင်းမူဝါဒပြိုင်ခြင်း၊ အရေးမပါသော သာမာန်ကိစ္စများ နှင့်သာလုံး ပမ်းနေရင်းအချိန်ကုန်နေပါသည်။ ပါတီဦးဆောင်သူများကိုမီဒီယာများကမေးမြန်းသော်လည်းတိတိ ကျကျ လုပ်ငန်းစဉ်မပြနိုင်သေးပါ။ အောင်နိုင်ရေးကားမျှောိလင့်ဘွယ်မရှိ။ NLD ပါတီဝင်များ၏လူထုကြား ဝင်ရောက် စည်းရုံးနိုင်မှုအတိုင်းအတာတခုအထိမြင်ရသော်လည်းအများအားဖြင့်မြင်ရသောလှုပ်ရှား မှုမှာလူမှုရေးလှုပ်ရှားမှုများသာဖြစ်ပါသည်။ ဥပမာ- နာဂစ်မုန်တိုင်းကူညီပေးမှု၊ အဖမ်းဆီးခံမိသားစုများ ထံကူညီထောက်ပံ့မှုနှင့်ဆေးဝါး ကုသရေး၊ ဘာသာရေးကိစ္စများအတွက်စီစဉ်ဆောင်ရွက်မှုများကိုသာ တွေ့နိုင်ပါသည်။ စစ်အစိုးရ ကလည်းလုံးဝလှုပ်ရှား၍မရအောင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ကန်ု့သတ်မှုများ ကိုပြုလုပ်ထားသည်။ နိုင်ရေးအဖွဲ့ အစည်းတရပ်၏လှုပ်ရှားမှုမျိုး မပြုလုပ်နိုင်အောင်ဖိနှိပ်ထားပါသည်။ ဝမ်းနဲဘွယ်ကောင်းသည်မှာခေါင်းဆောင် ပိုင်းတွင်ရှိသောနိုင်ငံရေးပါတီ […]


cruzJuly 28, 20101min05
(မြန်မာပြည်ရဲ့နိုင်ငံရေးသမားကြီးတွေကိုသရော်ထားတဲ့ ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့ လက်ရာတစ်ခုပါ….Snap Shot ဂျာနယ် ဆရာဦးမြတ်ခိုင်းရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ထဲကတွေ့လို့ နှစ်သက်မိတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်…. ။) ကျွန်တော်တို့ မြန်မာနိုင်ငံမှာ…ဒီလိုလူမျိုးတွေ အများကြီးရှိခဲ့တယ်ဆိုတာ… ဒီကာတွန်းလေးကဖော်ပြနေပါတယ်…ခုလည်း ရှိနေမှာပါပဲ…… ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့..အရွေးမမှားကြဖို့လိုပါတယ်လို့ကျွန်တော်ထင်ပါတယ်…. မီဒီယာတွေကနေလည်း အရွေးမမှားဖို့တော့တိုက်တွန်းနေကြတာပါပဲ…။ခက်တာက ကျွန်တော်တို့ မြန်မာလူမျိုးတွေက နိုင်ငံရေး အသိအမြင်အားနည်းတဲ့သူတွေများနေတဲ့အဖြစ်ကဆိုးတယ်…။ခုထက်ထိဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုမျိုးမှန်းတောင်မသိတဲ့သူတွေ အများကြီး…။အဲထဲပါတဲ့အချက်အလက်တွေသိဖို့ဆိုတာ ဝေလာဝေး…။ သတင်းစာမှာ အချက်အလက်တွေကိုထည့်ပါတယ်ဆိုရင်တောင် သတင်းစာဖတ်တဲ့သူက ရှိတဲ့လူဦးရေပျမ်းမျှနဲ့တွက်ကြည့်မယ်ဆိုရင်..အတော်လေးကိုနည်းနေပါသေးတယ်…။ စာအုပ်ထုတ်တော့လည်း…လူတွေက ကိုယ့်ထမင်းကိုနပ်မှန်အောင်မနည်းရုန်းနေရတဲ့အချိန်….ဒီစာအုပ်တော့ ဝယ်ဖတ်ဖို့အတွက် ပိုက်ဆံအကုန်မခံနိုင်ဘူးဆိုပီး..နေတဲ့သူကလည်းအများသားခင်ဗျ…။ အင်း……..ဘယ်လိုတွေနားလည်နေကြလို့…ဘယ်လိုရွေးချယ်ကြမယ်ဆိုတာတော့ မသိတော့ပါဘူးဗျာ….။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အစိုးရဟာ…ကျွန်တော်တို့ မြန်မာနိုင်ငံကို…တိုးတက်သာယာဝပြောအောင် တကယ်ပြုလုပ်ပေးနိုင်မယ့်အစိုးရဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့မှားရင် ကျွန်တော်တို့တွေပဲခံရမှာပါ။ကျွန်တော်တို့အရွေးမမှားဖို့ လိုအပ်ပါတယ်…။ ပြောမယ့်သာပြောရတာပါ….. အားကခပ်လျော့လျော့ရယ်ပါခင်ဗျာ…။


True FaithJuly 28, 20101min02
ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာပြည်က စာပေကင်ပေတိုင်လို့ နာမည်ပြောင်နဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ အဲဒီကြေငြာချက်မှာ ဘာတွေပါသလဲဆိုတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်”လို့ ရေးထားပါတယ်။ နောက်ပြီးတော့ ”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” လို့ ပါရှိပါသေးတယ်။ အဲဒါတော့ သူတို့ပြောမှလားဗျာ။ အယ်ဒီတာဆိုတာ တည်းဖြတ်ဖို့က သူ့အလုပ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ဒီလိုထည့်ရေးတာက […]


kaiJuly 16, 20102min00
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တပြည်အတွက် အသက်တမျှပါပဲ။ အခုတလော ယူအက်စ်လွှတ်တော်တွေ။ မီဒီယာတွေမှာ လူမျိုးရေးခွဲခြားတာတို့။ လူမျိုးကြီးဝါဒတို့။ လူဝင်မှုကြီးကြပ်ရေးတို့နဲ့ အားပြိုင်တာ၊ အစိုးရနဲ့အတိုက်အခံ အပြန်အလှန်ချနေကြတာများပါတယ်။ အားပြိုင်တိုင်း တရားရေးက ဦးတည်ပြောရတာ၊ ကိုင်ထားတာက အခြေခံဥပဒေပါ။ အခုတလောတင် အိုဘားမား ဖယ်ဒရယ်အစိုးရက အာရီဇိုးနားပြည်နယ်ကို တရားစွဲတာကလည်း အခြေခံဥပဒေက အပ်ထားတဲ့ ဘောင်ကိုကျော်လုပ်လို့ဆိုပါတယ်။ ဂေးတွေကိစ္စ၊ အဖြူအမဲလူမျိုးရေးကိစ္စတွေလည်း အခြေခံဥပဒေနဲ့ စကားပြောရတာပါပဲ။ အလွန့်အလွန်ကိုအရေးကြီးတာမို ့မြန်မာပြည်အတွက်လည်း လေ့လာစုံစမ်းမှီငြမ်း၊ သုတေသနလုပ်လိုသူတွေအထောက်အကူရအောင် ရည်ရွယ်တင်ပေးထားလိုက်တာပါ။ မှြီိငမ်းချင်သူတွေ လွယ်အောင်ပေါ့။ ၂၀၀၈ မဟုတ်ပဲ ၁၉၄ရ ဆိုတာ သတိထားကြပါနော..။ အင်္ဂလိပ်ရယ် မြန်မာလိုရယ် ပီဒီအက်ဖ်နဲ့ ဒေါင်းလုပ်ယူနိုင်ပါကြောင်း..။ Burma-Constitution-1947_Bur Burma Constitution-1947_Eng == THE CONSTITUTION OF THE UNION OF […]


True FaithJuly 16, 20101min09
ကျနော် နှစ်သက်မိတဲ့ ဆောင်းပါးလေး တပုဒ်ပါ။ စာဖတ်သူများ သိသင့်တယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ……………………………………………………………………………….. “ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန်” ဇင်လင်း / ၁၄ ဇူလိုင် ၂၀၁၀ ယခုတလော ပြည်တွင်းထုတ်ဂျာနယ်တချို့တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအား မစားရ ဝခမန်း အမွှမ်းတင်လာကြသည်ကို တွေ့ရ၏။ စစ်အာဏာပိုင်တို့ လက်သပ်မွေးထားသည့် အခွင့်ထူးရ မီဒီယာများကဆိုလျှင် သခင်အားရ ကျွန်ပါးဝ ပိုလုပ်လာကြသည်။ “ရွေးကောက်ပွဲ သပိတ်မှောက်ရေးသည် အိုင်ဒီယာကောင်းမဟုတ်” ဟူသော ဆောင်းပါးမျိုး၊ “ရွေးကောက်ပွဲ မဝင်ခြင်းကို အဘယ်ကြောင့် လမ်းလွဲဟု ခေါ်နိုင်သနည်း” ဟူသော ဆောင်းပါးမျိုးဖြင့် စစ်အာဏာရှင်တို့ ခင်းကျင်းထားသည့် ကျုံးထဲသို့ ဇွတ်အတင်း မောင်းသွင်းနေသည်။ ထိုထိုသော ဂျာနယ်မျိုးများအနက် The Voice […]


True FaithJuly 15, 20101min08
ပြီးသွားပြီလား ၂၀၁ဝ ရွေးကောက်ပွဲ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ရပ်ကွက်တခု တွင် ဖြစ်ပါသည်။ ရပ်ကွက်လူကြီးများက တအိမ်ထောင်လျှင် တဦးနှုန်း ဖြင့် လွန်ခဲ့သော တပတ်ခန့်က စုစည်းခိုင်းသည်။ ထုံးစံအတိုင်း ဘုမသိ ဘမသိ ဖြင့် ရပ်ကွက် ရယက ရုံးတွင် စုကြရသည်။ ထုံးစံအတိုင်း အစည်းအဝေး အချိန်ကြ သည် အထိ ဘာကိစ္စ ဆိုတာ မသိသေး။ ထုံးစံအတိုင်း တယောက်နှင့် တယောက် ထင်ကြေးများ ကို ဆွေးနွေးနေကြသည်။ ထုံးစံအတိုင်း အချိန်လွန်မှ ရပ်ကွက် ရယက ဥက္ကဋ္ဌ ရောက်လာသည်။ ထုံးစံအတိုင်း ရောက်တတ်ရာရာများကို ခဏ ပြောသည်။ ထုံးစံအတိုင်း ရပ်ကွက် မည်မျှ တိုးတက်နေသည်ကို ဥက္ကဋ္ဌက ပြောသည်။ ထုံးစံအတိုင်း […]


nyanayJuly 11, 20101min00
၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ ကောက်နုတ်ချက် ကျနော်တို့ဟာ တိုင်းပြည်န့ ဲ လူထလု တွ ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆတို ဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင် တိုင်းပြည်န့လဲ ူမျိုး လတွ ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တ့သဲ ူတေ၊ွ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် […]