ဒီဇင်ဘာ ၃၁ ဆိုတော့ ၂၀၁ဝ မကုန်ခင်လို့တော့ ပြောလို့ရတာပေါ့နော်… ဝန်ထမ်းအဖွဲ့အစည်းတွေကို အောက်တိုဘာ ၃၁ ကနေ ဒီဇင်ဘာ ၃၁ကြား မှာ ၁၈နှစ်ပြည့်မယ့်သူတွေစာရင်း ပြုစုခိုင်းနေပြီဆိုတဲ့အကြောင်း သတင်းစကားကြားရပါတယ်။ မဲပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီသတင်းအတိုင်းဆိုရင် မဲပေးမယ့်ရက်ဟာ ဒီဇင်ဘာ ၃၁ ဖြစ်ရပါတော့မယ်။ အစိုးရက ၂၀၁ဝ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ မှာ မဲပေးရင် ရွေးကောက်ပွဲရလာဒ်တွေကို ၂၀၁၁ ဇန်နဝါရီ မှသိရမှာ ဖြစ်ပြီး လွှတ်တော်တွေစဖို့ကတော့ အဲဒါတွေရဲ့ နောက်မှ ဖြစ်ပါမယ်။ ဘာရယ်ညာရယ်မသိရဘဲ ဝါးတားတားလုပ်နေတာထက်စာရင်တော့ ကာလအကန့်အသတ်တစ်ခုထွက်လာတာပဲ ကျေးဇူးတင်ရပါတော့မယ်…
