kaiFebruary 7, 20121min07
မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၄ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ၊ ၁၈၅၃ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ၊ ၁၈၈၅ခုနှစ်တွင် တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ ဟူ၍ စစ်ပွဲကြီး သုံးကြိမ်တိုင်ပြုလုပ်ပြီး သိမ်းယူခဲ့သည်။ မြန်မာတို့ဘုရင် သီပေါမင်းအား အိန္ဒိယပြည် အနောက်ဖက်ကမ်းခြေရှိ ဘုံဘေ(Bombay) (ယခု-မွန်ဘိုင်း)မြို့မှ တောင်ဖက် မိုင် ၃၀ဝခန့် အဝေးတွင်ရှိသော ရတနာဂီရိသို့ ပို့ဆောင် အကျဉ်းချထားခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှင်ဘုရင် အုပ်ချုပ်ရေးစနစ်ကို နိဂုံးချုပ်စေခဲ့သည်။ အင်္ဂလိပ်တို့သည် မန္တလေးနန်းတော်အား သိမ်းပိုက်ပြီးနောက်တွင် မန္တလေးနန်းတော်ကြီး တစ်ခုလုံးအား အင်္ဂလိပ်စစ်ရုံးနှင့် အရပ်ဖက် အုပ်ချုပ်ရေးရုံးများအဖြစ် အသုံးပြုခဲ့သည်။ ရှေးယခင်က မြန်မာရှင်ဘုရင်နှင့် မင်းမှုထမ်းများ နေထိုင်ခဲ့သော နန်းတော်ဆောင်များသည် စစ်တန်းလျားများ၊ နားနေခန်းများ၊ ထမင်းစားခန်းများ၊ သိုလှောင်ခန်းများ ဖြစ်လာခဲ့လေသည်။ ထို့သို့သိမ်းပိုက်ပြုပြင်မှုတွင် ပြဿနာတစ်ရပ်မှာ မြန်မာရှင်ဘုရင်များရှိစဉ်က ကိုးကွယ်ထားခဲ့သော […]


2 နံနက်ခင်းအရုဏ်တက် ဝင်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း 3 နံနက်ခင်း တကယ် မပျင်းအားပါဘု  အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။ ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။ 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။  ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သု့ိပါသော် အသံတိတ်ရယ်နဲ့၊  မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို  ပြိုကျနေခြင်း။ 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘဝင်အေးတယ်  မြင်ကွင်းကလှ။ 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။ လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။ 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ  မြင်းပေါ်တင်  ။ စေတီက […]


kyawkyaw11February 4, 20121min016
အစိုးရဝန်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့  စစ်တပ်အရာရှိတစ်ဦးဆီက သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ တိုးတိပ်စွာသိရပါသည် ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ   ငထွား


kyawkyaw11February 4, 20121min00
သံတွဲ ဂျိတ္တော မှ ဆရာတော်ကြီး ဘဒ္ဒန္တကုသလမဟာထေရ်မြတ် ၏ ဈာပနပွဲတော်ကို လာမည့် လပြည့်နေ့နှင့် လပြည့်ကျော်(1)ရက်နေ့များမှာ စီကားသိုက်မြိုက်စွာကျင်းပတော့မှာပါ တိုင်းကျော်ဇာတ်သဘင်အဖွဲ့က မိုးအလင်း(2)ည ကပြမှာဖြစ်ပြီး နွားပြိုင်ပွဲ၊ ချောတိုင်တက်၊ ခြင်းခတ်နှင့် အခြားအားကစားပွဲတော်များကျင်းပနေပါပြီ ရွာသားများ ကြွရောက်လှည့်ပါ   ဂျိတ္တောသားငထွား


thit minFebruary 4, 20121min077
ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။  လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————  “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP […]


alinsettFebruary 4, 20121min015
* * အပြစ် ရှိလျှင် ခွင့်လွတ်တော်မူပါ .. မိုးရေချိန် ကျဲပါးသော ရာသီဥတု အလွတ် တစ်လုံးထဲတွင်.. ကျွန်တော်..ဝင် ပုန်းခဲ့ရဖူးပါသည် ။ ** အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ.. ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း.. ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီတစ်လုံးကို.. ကျွန်တော်..ခူးခဲ့မိပါသည်။ ထို သစ်သီး မှာ ပြာသော ရနံ ့ရှိပါသည် ။ * * အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ .. သို ့တည်းမဟုတ်..အပြစ်ယူတော်မူပါ.. * * မည်သို ့ပင် ဖြစ်စေ… သင်လာသောအခါတွင် တိုက်ကျွေးရန်…အတွက် အေးချမ်းတတ်သော သောက်ရေ ဖြူဖြူတစ်ခွက်ကို.. ယခုပင်လျှင်…. ဤ လက်များ ဖြင့် ….ခပ်ယူ ခဲ့ပြိး ဖြစ်ပါသည် […]


black chawFebruary 3, 20121min020
ကိုဖက်တီး ရေးသည့် သူကြီးသို့ http://myanmargazette.net/92781/mandalay-gazette-2/editors-choice ဆိုသည့် ပို့စ်လေးနှင့် ကိုဇော်မင်း ရေးသည့် ဂေဇက်ဘာလဲ … ဘယ်တော့လဲ http://myanmargazette.net/97198/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news ဆိုသည့်ပို့စ်လေးကို ဖတ်မိရာမှ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ ကိုဖက်တီးက သူကြီးကို ဒီလိုမေးထားပါတယ်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။ သူကြီးထံမှ မန်းဂဇက် အတွက် တရားဝင် အထောက်အထားတစ်ခုခု ထုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါသည်။ ကိုဇော်မင်း က ဒီလို ထပ်ရေးပါသည်။ […]


မောင်ဆန်းFebruary 3, 20121min047
မနေ့က အင်တာနက်မှာ မိုးသီးဇွန် မြန်မာနိုင်ငံကို ပြန်မှာလား ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးလေး တစ်ခု ဖတ်ရတယ် အင်တာဗျူးထဲမှာ ကိုမိုးသီးဇွန် က ဒီအကြောင်းလေး တွေ ထည့်ပြောထားတယ် – { နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။ သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။ နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ […]


TTNUFebruary 3, 20121min083
“ရောင်စုံ မုသားလေးများ” ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ “ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။ စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။ ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။ ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင် ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့ လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။ အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ […]


black chawFebruary 2, 20126min044
မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။ နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။ ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။ ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။ သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို တိုက်တွန်းပါရစေ။ […]


KokyikyawFebruary 1, 20121min023
ရွှေပြည်တံခွန်ကုမ္ပဏီဆိုက်က္ကားဆရာ၊ ဈေးသည်၊ ဆင်းရဲသားအားလုံး အသုံးပြုနိုင်ရေးအတွက် ၅၀၀ဝ တန် ဂျီအက်စ်အမ် ဖုန်းကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဌာနမှ 2012 ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်ရောင်းချပေးမည့် ဂျီအက်စ်အမ်(၃)သိန်းတန်ဖုန်းများမှာ ပြည်သူများမှ ဝယ်ယူရေး မျှော်လင့်ထားသော်လည်း ထို ၅၀၀ဝ တန်ဖုန်းကြောင့် ဇဝေဇဝါဖြစ်ခဲ့ရပါသည်။ ပြည်သူများအနေဖြင့် ၃-သိန်းဂျီအက်စ်အမ်ဖုန်းအား ၅၀၀ဝ တန်ဖုန်းသတင်းမကြားခင်က ဝယ်ယူဖို့ ဆုံးဖြတ်ထားသူများမှာလည်း ယခုတော့ ၅၀၀ဝ တန်ကြောင့် ၃-သိန်းတန်ကို ဝယ်ရမလိုလို၊ ၅၀၀ဝ တန်ကိုစောင့်ရမလိုလိုပါပဲ။ ယခင်က ၃-သိန်းတန်ဖုန်း (၄)သန်းရောင်းမည်ဟု ဆက်သွယ်ရေးမှ ဆိုခဲ့လျှင် အမှန်တကယ် ဝယ်ယူမည့်သူမှာ ယခင်က ၄သန်းရှိလျှင်တောင်မှ ယခုဆိုလျှင် ၂-သန်းရှိပါ့မလားလို့တောင် သံသယဖြစ်ရတော့မည်။ စာရေးသူကိုယ်တိုင်ပင် ၃-သန်းတန်ဖုန်းဝယ်ယူဖို့ ဆုံးဖြတ်ထားသော်လည်း ၅၀၀ဝ တန်ဖုန်းကြောင့် ၃-သိန်းတန် မဝယ်ပဲ ၅၀၀ဝ […]


DEPARKO DEPARKOJanuary 31, 20121min08
ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့်စားပေါ့ကွာ ဆိုတဲ့ ဆင်းရဲသားတွေစားစရာမရှိတာကို မရှိတာထက်မသိတာခက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းပါ။ ဒီလိုပါဘဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကားဆိုတဲ့ယာဉ်ကို ကိုယ်ပိုင်စီးဘို့ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။ တချိန်က ဆိုရှယ်လစ်စနစ်ကြောင့် ကားဟာ ဇိမ်ခံပစ္စည်းထဲပါနေတာကြောင့် အကောက်ခွန်ကြီးမြင့်မှုကြောင့် သာမန်လူတန်းစားဟာ ကားပိုင်ဆိုင်ဘို့ကို ညအိပ်ရာဝင် စိတ်ကူးယဉ် အိမ်မက်အဖြစ် တမ်းတခဲ့ရပါတယ်။ တပ်မတော်အစိုးရလက်ထက် မှာလဲ မော်တော်ကားဈေးနှုန်းတွေဟာ ကြောက်ခမန်းလိလိ ကြီးမားလွန်တာကြောင့် သာမန်လူတန်းစားအဖို့ ကားမပြောနဲ့ ဘီးတစ်လုံးတောင် ဝယ်နိုင်ဘို့မလွယ်ပါဘူး။ ကားတစ်စီးရဲ့တန်ဘိုး နိုင်ငံတစ်ကာမှာ  ဒေါ်လာ ၃၀၀၀(မြန်မာငွေကာလပေါက်ဈေး ၂၄သိန်း) လောက်ရှိတဲ့ကားဟာ မြန်မာပြည်က ကားဈေးကွက်မှာ သိန်း၃၀ဝ လောက်ပေါက်နေလေတော့ ဝိသမလောဘသားတွေရယ် အကောက်ခွန်ဝန်ထမ်းတွေရယ် ပွဲစားတွေရယ်ကြောင့် ကားဈေးတွေဟာ အဓိပ္ပါယ်မရှိ ကြီးမြင့်လွန်းနေတာကြောင့်(သိန်းထောင်သောင်းချီသောကားများ) ဘယ်သူ့ကို အပြစ်ပြောရမှန်း မသိအောင်ကိုပါဘဲ၊ ဒါပေမဲ့ […]


KingJanuary 31, 20121min013
သူကြီးကို ထောက်ခံတာလား ဆိုလို့ တစ်မျိုး မမြင်ကြပါနဲ့ဗျာ … အမှန်တော့ ကျွန်တော်တင်ခဲ့တဲ့ ပို့စ် တစ်ခုမှာ သူကြီးက သန်း၁၀ဝ စီမံချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေလေတော့ ….. အခုလဲ ဖေ့စ်ဘုတ်မှာ တက်လာသမျှ ကြည့်မိရင်း ……….. အားလုံးနဲ့အတူ နည်းနည်း ပွားကြည့်ရအောင်ဗျာ သွားကြည့်စရာ အဖော်မရှိလို့ အားငယ်လိုက်တာဗျာ …. 🙁   နောက်ထပ်ဗျာ ကျပ် ၅၀၀ဝ ထောင်တန် ဖုန်းကိစ္စကလည်း နည်းနည်းခေတ်စားနေတော့ ……   အားလုံးပဲ တစ်ချက်ပြုံးရင် တစ်သက်မမုန်းဘူးဆိုတဲ့ အကျဉ်းထောင်က မင်းကောင် … 😛