kyawkyaw11January 31, 20121min04
ကျွန်တော်တို့ သံတွဲမှာ ဒီနှစ်ဆရာတော်တိုက်တိုက်ဆိုင်ဆိုင်ပြန်လွန်တော်မူသွားကြပါပြီ ကျီးကန်းရဲဆရာ်တော်၊ ဂျိတ္တောဆရာတော်၊ နန်းချောင်းဆရာတော်၊ ဇီးဖြူကုန်းဆရာတော် အံတော်ဆရာတော်၊ ကုလားပုန်းဆရာတော်၊ ပွဲတော်တွေကိုတော့ ရက်တွေမတိုက်အောင်စီစဉ်ပြီးကျင်းပတော့မည်လို့သိရပါတယ် ဒီဆရာတော်တွေအတွက် အလှူတော်တွေပါဝင်ပေးကြပါလို့ ဂျိတ္တောသားငထွား


ba gyiJanuary 30, 20122min017
စစ်ကိုင်း၊မုံရွာ ဘက်မှ မြန်မာ့အမွေအနှစ်များနှင့် ၊အံ့ဩဘွယ်ရာဖြစ်ရပ်များ။(ဒုတိယပိုင်း) ( ၇. ဝ၁. ၂၀၁၂ ) ရက်နေ့မှာ၊ဝန်ထမ်း ဆုပေးပွဲပြီးတော့၊ မုံရွာဘက်ခရီးဆက်ခဲ့ပါတယ်၊ လမ်းမှာမနေ့ကကျန်တဲ့စစ်ကောင်းကောင်းမှုတော်စေတီတော်ကြီးကိုဝင်ရောက် ဖူးမျှော် ကြည်ညိုခဲ့ပါတယ်၊ လက်ယာရစ်တစ်ပါတ်ပြည့် အောင် ပတ်လျှင် မိခင်ရဲ့နို့တစ်လုံးဘိုးကျေတယ်ဆိုတာလည်ူးကြားခဲ့ရပါတယ်။ အဲ့သည်ဘုရားပရဝုဏ် ထဲဝင်တော့၊ယူနီဖေါင်းဆင်တူရာ ဝတ်ထား တဲ့ လူငယ်အုပ်စုတွေ သုံးစုလောက်တွေ့ရပါတယ် ၊တစ်အုပ်စုအရောင်တစ်မျိုးနဲ့၊မိန်းကလေး၊ယောက်ကျားလေးတွေအများသားပဲ၊  တော်တော်ပျော်ပြီး အော်ကြ ဟစ်ကြ နောက်ကြပြောင်ကြပေါ့၊တစ်ဝင်းလုံး ဆူညံဘွတ် ကလောနေကြတာ၊မေးကြည့်တော့ မန္တလေး၊ဘက်က ဘော်ဒါဆောင်တွေ မှ ကျောင်းသားတွေတဲ့ဗျား။ စစ်ကိုင်း ကောင်းမှုတော်စေတီကြီး ကိုယခင် ဓါတ်ပုံတွေအရ ထုံးဖြူဖြူ သင်္ကန်းကပ်ထားတာတွေ့မြင်နေကျ ဆိုတော့ယခု ရွှေသင်္ကန်းကပ်ထားတော့ မြင်ကွင်း တစ်မျိုးကြီးတော့ဖြစ်သား၊ ဒါပေမည့်လည်း ကြည်ညိုစရာကောင်းပါတယ်ဗျား။ ထုံးဖြူဖြူမှ ရွှေရောင်အတိဖြင့် ကြည်ညိုလှသော၊ကောင်းမှုတော်စေတီတော်ကြီး။ ကောင်းမှုတော်ဘုရားကြီးကိုကြည်ညိုကြပြီး၊ခရီးဆက်ခဲ့ကြပါတယ်၊ မြင်းမူမြို့အဝင် ညောင်ပင်ဝန်း  ဆိုတဲ့ […]


Swal Taw YwetJanuary 29, 20121min020
27 ရက်နေ့မနက် မန္တလေးဂေဇတ် ကိုဖွင့်လိုက်တာနဲ့ အင်္ဂလိပ်လို Post ကြီး ၂ ခုက အထင်းသား၊ တင်သူက သူကြီး၊ ထိကြည့်ဖို့ မရဲသေးလို့ တခြားပို့စ်တွေကိုပဲ လိုက်ဖတ်နေဖြစ် လိုက်တယ်။ ဒါပေမယ့် များများဖတ်စရာလဲ ထပ်မရှိတော့အဲဒီ့ အင်္ဂလိပ်လို Post တွေကိုပဲ အဘိဓါန် အားကိုးနဲ့ ထိကြည့်မိလိုက်တယ်။ အိုဘားမားက သူ့နိုင်ငံပညာရေးကို ထောက်ပြစိန်ခေါ်ခိုင်းလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို သတိပြုလိုက်မိတယ်.. ဘာတဲ့…. “ Teachers matter: So instead of bashing them, or defending the status quo, let’s offer schools a deal . Give them the resources […]


အကြောင်းအရာကတော့ မနေ့က ကိုမိုးသီးရဲ့ဆိုဒ်ထဲမှာပါလာတဲ့…မဇိ္စုမ သတင်းဌာနက မြန်မာပြည်မှာ ရုံးဖွင့်ပြီးတော့ ပြည်တွင်းသတင်းမီဒီယာအဖြစ်သို့ ဝင်ရောက်လာမယ့် အကြောင်းကိုဖတ်မိပြီး…မန်းဂေဇက်လည်း ဘယ်တော့ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မလဲပေါ့နော်..ပြည်တွင်းမီဒီယာအဖြစ်ပါပြောင်လဲဖို့ရှိပါသလားဆိုတာကို သိချင်သောစိတ်ပြင်းပြလာသောကြောင့် ဤပို့စ်တင်ကာ သူကြီးအား ဗျူးလိုက်ခြင်းဖြစ်ပါသည်။(သူကြီးက သူများတွေကိုပဲ ဗျူးနေလို့ သူကိုပြန်ပြီး အခွင့်အရေးရတုံးဗျူးရတာခင်ဗျ)…။ မဇိ္စုမသတင်းဌာန၏ အယ်ဒီတယချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှပြုလုပ်သည့် မီဒီယာဖိုလ်ရမ်သို့တက်ရောက်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ကိုးနာရီအချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။ ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် (၆)ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ မဇိ္စုမ သတင်းဌာနကိုလည်း ပြည်တွင်းသတင်းဌာနတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်ရန် အားလုံးနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်ချင်ပါကြောင်း ရန်ကုန်တိုင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်။ ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့် သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။ ရွာသူရွားသားရော စိတ်ဝင်စားကြပါသလားခင်ဗျာ…. ဓါတ်ပုံ..နှင့်သတင်းကို […]


alinsettJanuary 28, 20121min012
ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။ __________________________________________________ ဘာကြောင့်လဲ..ဆိုတော့.. 1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ… သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ…. ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး ပြပွဲ..ကို တင်သွင်းလိုက်တယ်..။ ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် […]


KingJanuary 26, 20123min010
အပိုင်းလိုက်တင်နေရင်းနဲ့ မတင်ဖြစ်တာ အကြောင်းကြောင်းများကြောင့်ပါ … 😛 ဒီတစ်ခါတော့ အင်းလေး ဒေသ သူတို့အခေါ် အင်းစား တို့ ဒေသပေါ့ဗျာ … အင်းစားတို့ဒေသကို အတူတကွ လည်ကြရအောင်ဗျာ  ………..   စင်ရော် ငှက်ကလေးတွေကို အစာကျွေးရင်း ရိုက်လိုက်တာ အစာတောင် လေထဲမှာ ပါနေသေးတယ်ဗျ စေတီတော်ရဲ့ ဘွဲ့တော့ မသိဘူးဗျ … သိသူများရှိရင် ပြောပေးကြပါ ( .♫♪ .. လမ်းကြုံရင် ပြောပေးကြပါ ..♫♪ . ) အချင်းချင်း ကပ်ကျော်သွားတာဗျာ နောက်တစ်စင်းကလည်း ကျွန်တော့်တို့ကို ထားခဲ့တော့မယ်ဗျ ငါးဘယ်နှစ်ကောင် ရမလဲမသိဘူးနော် (ပျမ်းမျှ သိတဲ့သူများရှိမလားဗျ) ဘေးပတ်ဝန်းကျင်ကို အမှတ်တမဲ့   ဖောင်တော်ဦး ရုပ်ပွားတော်တွေ ဖူးမြော်နိုင်ဖို့ … […]


black chawJanuary 26, 20121min07
ဘလက် အခုတလော စာရေးချင်စိတ်၊ ဓါတ်ပုံရိုက်ချင်စိတ် တော်တော်နည်းသွားခဲ့ပါတယ်။ အပျင်းထူလာတဲ့ သဘောပါဗျာ။ သူများရေးတာတွေကို လိုက်ပြီးတူးဆွနေတာနဲ့ ပျင်းသွားတာလည်း ပါပါတယ်။ အခုလည်း ကျွန်တော်တို့ ရွာရဲ့ တစ်ယောက်သော စာရေးသူ အမျိုးသားတစ်ယောက်ရဲ့ ဇနီးက ဆဲဗင်းဒေးဂျာနယ်မှာ စာရေးပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆဲဗင်းဒေးဂျာနယ်မှာ ဖေါ်ပြပါရှိခဲ့တဲ့ ဆောင်းပါး လေးကို စာရေးသူထံက ခွင့်ပြုချက်တောင်းပြီး ရွာသူရွာသားတွေဖတ်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သူ့ ဇနီးလည်း ဆိုတာကိုတော့ မမေးကြေးပါခင်ဗျာ။ သိသူများကလည်း သိတယ်မှတ်ပါ။ မသိသူများကလည်း မသိဘူးမှတ်ပြီး ဖတ်ပေးကြပါ။ အဆင်ပြေတယ်ဆိုရင် လက်ခုတ်သံလေးများ ချီးမြှင့်ခဲ့ကြပါလို့။ ဘလက် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ယခု အချိန်ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းလုပ်ဆောင်နေတဲ့၊ သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော […]


black chawJanuary 26, 20127min020
မနေ့က ကိုသစ်မင်း တင်ခဲ့သော သူကြီးသို့ ပေးစာ ပို့စ်ကတော့ ရွာသူရွာသားအားလုံးရဲ့ အစည်းအဝေးကြီးတစ်ခု ဖြစ်လာခဲ့ပါပြီဗျာ။ အခုပို့စ်တင်ကာနီး တစ်ချက်ကြည့်လိုက်တော့ ကွန်းမန့်က ၅၂ ခု ရှိနေပါပြီ။ ကိုယ့်ရပ်ကိုယ့်ရွာအတွက် တက်တက်ကြွကြွ ဆွေးနွေးကြစေ ချင်ပါတယ်ဗျာ။ Etone ရဲ့ အလှူ ပို့စ်လေးကလည်း ကွန်းမန့် ၁၂၂ ခုနဲ့ ခရီးဆက်နေဆဲပါ။ စာရေးဆရာတွေ မှန်လုံယဉ်မစီးဘူးဆိုတဲ့ ပို့စ်လေး ပျောက်သွားတာ ဘာမှမသိလိုက်ရဘူး သူကြီးရေ။ သူကြီးပိတ်လိုက်တာလား ဆိုတာလေးတော့ သိချင်မိပါတယ်။ Kotun winlatt ရဲ့ ထောင်ချောက် http://myanmargazette.net/87571/uncategorized-other/copypaste ပို့စ်လေးကတော့ လွတ်လပ်စွာရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဆင်းရဲခြင်းကို ထောင်ချောက်အဖြစ်တင်စားထားပါတယ်ဗျာ။ အရှိတရားများ၏ နောက်ကွယ်မှ အသိတရားမွေးရနံ့များ တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌ မျက်စိလည်လမ်းမှားလေသောအခါ အတ္တ၏ မျက်နှာမူရာ၌ မာနတရားသည် တံခွန်ထူအလံလွင့်ကာ […]


weiweiJanuary 26, 20121min065
( ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။ မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ကာ […]


SandyJanuary 25, 20121min06
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ


thit minJanuary 25, 20121min082
သူကြီးသို့ ((ကြိုပြောပါရစေ၊ ကျနော်ပြောတာကိုလုံးဝသဘောမတူရင်လည်း အဆင်ပြေပါတယ်ခင်ဗျား၊ စိတ်ထဲ ရှိတာပြောပြချင်လို့ အကြံပြုခြင်းသာပါ၊ သူကြီး ဆန္ဒကသာ အဓိကပါ။) နိုင်ငံတခုရဲ့ပြုပြင်ရေးဟာ နိုင်ငံရေးစနစ်က100% ဆိုတဲ့နေရာကရှိမနေဘူးဆိုတာ သူကြီးနဲ့ ကျနော်သဘောထားချင်းတိုက်ဆိုင်မှုရှိတဲ့အတွက် ကျနော်သဘောထားကို တိုက်ရိုက်တင်ပြခြင်းပါ။ (မဆိတ်ပါနှင့်)။ ခုလက်ရှိအနေအထားမှာ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေဖြစ်လာပြီး အဲဒီအတွက်ဘာတွေပြု ပြင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြတဲ့အချိန်ကာလမဟုတ်ပါလား။ ပြည်သူ့ပြည်သားတွေရဲ့ လမ်းကြောင်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် (၁) အစိုးရအပါအဝင်အားလုံးညီညီညွတ်ညွတ်နဲ့ပူးပေါင်းရေးလမ်းကြောင်း၊ (၂)ကိုယ့်အဖွဲ့အစည်းအလိုက်နိုင်ငံတော်အတွက်လုပ်ချင်လို့ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း၊ (၃) နိုင်ငံတော်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့လူမှူ့အဖွဲ့တွေလုပ်နေတဲ့လမ်းကြောင်း၊ (၄)ဘုံရန်သူမရှိတော့လို့ အချင်းချင်းပြန်ချ လမ်းကြောင်း၊ (၅) အတိတ်သမိုင်းကမကောင်းသူများကိုမပူးပေါင်း၊ဆိုုတဲ့လမ်းကြောင်း၊ ဆိုပြီး လမ်းကြောင်းတွေပေါ်လာပါတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်နဲ့၊ နိုင်ငံရေးစနစ်ဆိုတဲ့အပေါ်မှာပြုပြင်ပြောင်းလဲရေးကို အများစုဝိုင်းလုပ်နေ ကြပါတယ်။ စဉ်းစားရင်လဲ အဲဒီဟာကိုဘဲစဉ်းစားကြပါတယ်။ ကျနော့အမြင်ကတော့တမျိုးပါ။ ကိုဖက်တီးရဲ့ ဈေးမရောင်းရ ဆိုင်းဘုတ်အောက်ကဆိုင်ရယ်။ ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေဟာ နိုင်ငံရေးစနစ်နဲ့ရော၊အစိုးရနဲ့ရောမပါတ်သက်ပါဘူး။ ပါတ်သက်တယ်လို့ […]


KingJanuary 24, 20121min025
ပန်းနှင့်တူသော မိန်းကလေးထံသို့ (ဤပုံအား ကုံလုံဆရာတော်ဘုရားကြီး၏ ပုံတူ ရုပ်ထု ရှိရာ စံကျောင်းတော် အရှေ့မှ ရိုက်ကူးခဲ့ခြင်းဖြစ်၏)   ရနံ့ထုံသင်း ပန်းခင်းကြီး၌ ပြစ်မျိုးမှဲ့မထင် ကြည်လင်ရှင်းသန့် စင်ကြယ်စွာဖြင့် မွှေးပျံ့နေလည်း ပန်ဆင်သူမဲ့ ချွေလက်မရှိက ကြွေကာနွမ်းခြောက် ကြွေကျလိမ့်မည် … ဪ အနိစ္စ အနိစ္စ အနိစ္စ မမြဲတဲ့သဘောမို့ အချိန်ရှိခိုက် လုံ့လစိုက်ကြစို့ ………………….. ————————————————————————————– ဘာကို ဆိုလိုမှန်း သိချင်သိကြလိမ့်မယ်ပေါ့ …… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေက တူမယ်လူ ရှားမယ်လို့ထင်ပါတယ် … Comment များ ဝင်ရေးတဲ့အခါ မိမိရဲ့ ထင်မြင်ချက်ကလေးများကို မြင်ချင်မိပါတယ် .. 🙂 အားလုံးကိုချစ်ခင်လျှက် KING  


Wai PhyoeJanuary 24, 20121min026
  ပာိုတစ်နေ့က Blog တစ်ခုကိုကြည့်ရင်းနဲ့မထင်ပဲတွေ့လိုက်ရတာပါ။ ဒီတိုင်းကြည့်ရင်ဘာမှမပာုတ်သလိုပါပဲ။သေချာကြည့်မိမှဘုရားတမိပါတယ်။ ကိုကိုးကွယ်တဲ့ဘာသာက ဒီလိုတွေဖြစ်နေတာမြင်မကောင်းတော့ပါဘူး။ဒီပုံကိုတင်ရင်ကောင်းမလား ကောင်းလားအခါခါစဉ်းစားပါသေးတယ် မနေနိင်တော့လို့ ဂေဇက်ကနေ အော်လိုက်ရတာပါ။ အရင်တုန်းက တော့ ဘုန်းဘုန်းတွေ နောက်ကွယ်ကနေ ချဲဒိုင်ကိုင်ပါတယ်။ ကျောင်းမှာ အချစ်သီချင်းတွေဖွင့်ပါတယ်။ ခုကတော့ ပေါ်တင်ကြီးဗျာ လူကြားကြီးထဲ မှာ မင်းသမီးတွေ ဆီမှာ အခွေဝယ်ပြီး  အော်တိုထိုးခိုင်းနေတယ်။အမှန်တကယ် ဘုန်းဘုန်းတွေကို အဲ့လိုနေရာမျိုးမှာကို မတွေ့သင့်တာပါ။ခုတော့ဗျာ……………………………………………………….