alinsettFebruary 16, 20121min08
တာရာမင်းဝေ ကျောင်းသားအတ္ထုပ္ပတ္တိ (၁) မင်းရဲ့ ရုပ်အလောင်းဟာ ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ် အမှောင်စုန်းစုန်းမှာ အရာအားလုံး မေ့ဖျောက်ပစ် နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ် အက်ကွဲနေသောလက်များနဲ့ ဘုရားသခင်ထံ ငါတို့ဆုတောင်း မင်း.. ကောင်းရာသုဂတိလားပါစေ..လို့ ငါတို့ရဲ့ သွေးတစ်စက်ကို ထက်ဝက်ခွဲ မင်းခံတွင်းထဲ တဲတဲလေးလျှောချကြည့်ရင် နှုတ်ခမ်းသေများက ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည် ဒီ..မို..က..ရေ..စီ.. ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ် ညီလေးရယ် ရနိုင်မယ်ဆိုယင် မင်းရဲ့အရိုးတစ်မှုံကို နိဗ္ဗာန်ဘုံအထိယူပြီး ဘုရားရှင်ကို ပြကြည့်ချင်တယ်.. မင်းဟာ သူရဲကောင်းလေးဖြစ်တယ် မင်းဟာ အာဇာနည်လေးဖြစ်တယ် မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။ (၂) ရေငတ်သလို.. ငတ်ခဲ့ရတဲ့ ဗမာပြည်က “လူ့အခွင့်အရေး”ဟာ အကျဉ်းထောင်ထဲမှာ သချင်္ု ိင်းမြေမှာ တရားရုံးရဲ့ ရာဇဝတ်မှုတွေထဲမှာ.. ရှိနေတယ်.. မင်း.. စွန့်ခွာခဲ့တဲ့ […]


ムラカミFebruary 16, 20127min035
MaaS လော ?     Music as a Service? ကျနော်တို့ဆီမှာများ ပြောပါတယ် …သီချင်းတွေ ဝယ်စရာ မလိုတော့ဘူးလား … အလကား စိတ်ကြိုက်နားထောင်ခွင့် ရပြီလား..??   နည်းနည်းလောက် တူးဆွကြည့်ချင်လို့ပါ…။   ၁။ အနုပညာ   သိပ်လှတဲ့ မြန်မာစာလုံးပါဗျာ။ ဆြာကြီး ဒဂုန်တာရာ တီထွင်တာ လို့ မှတ်ဖူးရဲ့ ….။ ဂီတဟာ အနုပညာ တပါးပါ … ။ အဲ … တခုတော့ ရှိရဲ့ …. ဂီတရပ်ဝန်းကို ဘိုလို ရေးကြည့်ရင် ပိုပြီးရှင်းတယ်…။ Music Industry တဲ့ … Music NGO မဟုတ်ဘူးခင်ဗျ. ..။ […]


အိတုံ တို့ ဦးဆောင်ပြီး အလူလုပ်ရအောင်ဆိုတုန်းက အသံလည်းမထွက် မုဒိတာလည်း ဝင်မပွား ဘယ်ချောင်ဝင်ပုန်းနေမှန် မသိဘဲ အခုမှ ဦးကျော်သူကို ကူညီရအောင် ဆိုလို့ ဘယ်လို လူလည်း တွေးမနေနဲ့နော် ။ အမှန်အတိုင်းပြောရရင် အိတုန်တို့ လှုရအောင်လို့ဆိုပြီး စတင်လာကတည်းက အကုန်ဝင်ဖတ်ဖြစ်ပါတယ် ။ ကိုယ့်အတွေးနဲ့ ကိုယ်မို့လို့ အသံမထွက် မုဒိတာ ပွားကြောင်း ဝင်မရေးခဲ့ပေမဲ့ ၊ ကိုယ့်ဘာသာကိုယ်တော့ မုဒိတာ ပွားတဲ့ အခါပွား ၊ သံဝေဂ နဲ့ ဪ ဖြစ်မှဖြစ်ရလေ ဖြစ်တဲ့ အခါဖြစ် ၊ ပြုံးမိတဲ့ အခါပြုံး ၊ ဝါးလုံးထိုး ရီမိတဲ့ အခါ ရီ နဲ့ အားလုံးအောင်မြင်စွာ တစ်ခါတစ်ခေါက်တော့ ပြီးသွားပြီဆိုတော့ အများနည်းတူ ဝမ်းသာရပါတယ် […]


CharTooLanFebruary 15, 20121min049
အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀 ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့ ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း) ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။ အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။ ဒီလောက် […]


black chawFebruary 13, 20125min039
မနေ့က မန်းဂဇက် ရဲ့ ပထမဆုံး အလှူပွဲ မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။ ပွဲအကြောင်းကတော့ ရေးစရာမလိုတော့ဘူးထင်လို့ မရေးတော့ပါဘူး။ မန်းဂဇက် မိသားစုတွေအားလုံး ပျော်ရွှင်စေလိုစိတ်နဲ့ တင်ပေးလိုက်တာပါဗျာ။


etoneFebruary 13, 201217min082
  မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။ ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း […]


ムラカミFebruary 13, 20124min027
ခေါင်းစဉ်ဖတ်ပီး ရည်းစားဆယ်ယောက် ထားဖို့ ကြံနေတယ် မထင်လိုက်ပါနဲ့ခညာ ….။ Lust Caution ထဲက တီလုပ်မင်းတမီးလေး Tang Wei ကို ရည်စူးတယ် လို့လည်း မထင်လိုက်ကြပါနဲ့..။ (ဖန်ပင်းပင်း ပဲ ကြိုက်ပါတယ် ဆို ..) အင်ဖိုဂရပ်ဖစ်မှာတွေ့တဲ့ ၂၀၁၂မှာ ရောင်းအားကောင်းစေဖို့ နည်း ၁ဝနည်း ကို မျှဝေချင်လို့ပါ (သူကအွန်လိုင်း အခြေပြု ရေးထားပေမယ့် …. နည်းနည်း ဗမာမှုပြုပြီး ရေးကြည့် အဲ့လေ ရွှီးပါ့မယ်ဗျ..)   ၁။ ခွဲခြမ်း စိတ်ဖြာပါ …။       တခြားမကြည့်နဲ့ သဂျီးကို ကြည့် …။ ဂူဂဲလ် အနဲလတစ် ဆိုတာကြီးထည့်ပြီး သူ့ဆိုက် ကို တနေ့ […]


alinsettFebruary 12, 20121min015
ကျွန်မ ဟာ ပြဿနာတွေရဲ ့အဖြေကို မသိသေးလို ့သာ စာရေးဆရာဖြစ်နေတာပါ။ ပြဿနာတွေရဲ ့အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့ .။ ××××××××××××××××××- ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ) ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ […]


SandyFebruary 9, 20121min09
အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။ မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။ လိုအပ်တာလေးတွေကတော့………………… ၁။ခရမ်းချဉ်သီး(အကြီး၂လုံး) ၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်) ၃။ငရုတ်သီးစိမ်း(၄တောင့်) ၄။ကြက်သွန်နီ(၂လုံး) ၅။ကြက်သွန်ဖြူ(၁ဥ) ၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို) ၇။ငံပြာရည်(အချို) ၈။အချိုမှုန့်(အနည်းငယ်) ၉။ပဲဆီ(အနည်းငယ်) အစီအစဉ်လေးတွေကတော့………………… ၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။ ၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။ (အချိုမှုန့်ပါထည့်ပါ) ၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။ ၄။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။ ၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။ ၆။သမအောင်မွေပါ။(၅မိန်ခန့်) ၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………      


အိချောပိုရဲ့ ပွဲတက်ဖက်ရှင် စိုးပြည့်သဇင်ရဲ့ ပွဲတက်ဖက်ရှင် ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင် ခင်လေးနွယ်ရဲ့ ပွဲတက်ဖက်ရှင် သန္တာဗို နှင့် ချောရတနာတို့ရဲ့ ပွဲတက်ဖက်ရှင် ဂျင်းနီရဲ့ ပွဲတက်ဖက်ရှင် သဇင်ရဲ့ ပွဲတက်ဖက်ရှင် ခိုင်နှင်းဝေရဲ့ ပွဲတက်ဖက်ရှင် Melody ရဲ့ ပွဲတက်ဖက်ရှင် ချမ်းမီမီကိုရဲ့ ပွဲတက်ဖက်ရှင် ဖူးစုံရဲ့ ပွဲတက်ဖက်ရှင် ပုလဲဝင်းရဲ့ ပွဲတက်ဖက်ရှင် မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင် နန်းဆုရတီစိုးရဲ့ ပွဲတက်ဖက်ရှင် ခရစ္စတီးနားတို့ ညီအစ်မ ရဲ့ ပွဲတက်ဖက်ရှင် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဖက်ရှင် အေးမြတ်သူရဲ့ ပွဲတက်ဖက်ရှင် ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ ပွဲတက်ဖက်ရှင် မိုးယုစံရဲ့ ပွဲတက်ဖက်ရှင် အကယ်ဒမီဆုရှင် သက်မွန်မြင့်ရဲ့ ပွဲတက်ဖက်ရှင်


Ma MaFebruary 8, 20121min041
မနေ့က ဧရာဝတီက အောင်ဇော် ပြန်လာတယ်ဆိုတဲ့ သတင်းကြားရတယ်။ လူချင်းတွေ့ဖူးတာ၊ သိကြခင်ကြတာ မဟုတ်ပေမယ့် ပရိတ်သတ်တစ်ယောက် အနေနဲ့ စိတ်ထဲကနေ ရင်းနှီးနေတဲ့ (သူမသိ ကိုယ်ခင်ဆိုတဲ့) ဆွေမျိုးလိုပါပဲ။ ဘီဘီစီနဲ့ ဗွီအိုအေ တို့ကလည်း ပြန်လာကြတယ်လို့ ကြားရပါသေးတယ်။ ဟုတ်မဟုတ်တော့ သေသေချာချာ မသိပါဘူး။ ဒီဗွီဘီက နေဇော်နိုင်ဆိုရင်လည်း သူတို့တင်ဆက်ပြသတာတွေကို နားသောတဆင်ပြီး ရင်းနှီးနေတာပေ့ါ။ အဲဒီလို ဟိုက ဒီက ပြန်လာတယ်ဆိုတဲ့ သတင်းတွေကြားနေရတော့….. ငါတို့သဂျီးရော ပြန်လာမလား။ (အလည်အပတ်သဘော ပြောတာပါ။) 😀 ငါတို့သဂျီးက ဘယ်လို ပုံစံများ ဖြစ်မလဲ 😕 အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား လို့ တွေးနေမိပါတယ်။ 😆 ဒီနေရာမှာ […]


alinsettFebruary 7, 20121min08
( က ) ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်မကြီးတတ်သော သီတာ ့ကို ကျွန်တော် ချစ်ပါသည် ။ သီတာ သည် ကျွန်တော့် အိပ်မက် ဦး..ဖြစ်သည် ။ သီတာ့အကြောင်းကို ခေါင်းစဉ်များစွာ..ဖြင့် အိပ်မက် မက်ရတာ ..ကျွန်တော်..ပျော်ပါသည် ။ ကျွန်တော် သည်…သီတာ့ကို ချစ်သောကြောင့်…ယဉ်ယဉ်လေး ရူးနေသော…လူငယ်အဖြစ်..ရှင်သန်ခဲ့ဖူးပါသည် ။ အဲဒါ…မှားယွင်းမှုတစ်ခု..လား….? ________________________________________________ ( ခ ) အချစ်သည်..နှောင်ကြိုး..တစ်ချောင်း..ဖြစ်နေလိမ့်မည်..ဟု… ဘယ်တုန်းက မှ…မထင်ခဲ့ပါ..။ ကျွန်တော့် ဘဝတစ်ခုလုံးကို… အထပ်ထပ်အခါခါ..ရစ်ပတ် တုပ်နှောင် ခံလိုက်ရပြီးမှ… အချစ်၏ နှောင်ကြိုး ဆန် မှုကို….ကောင်းကောင်း ..သိသွားသည်..။ သို ့သော်…. နှောင် ဖွဲ ့တတ်သော…အချစ်၏ ချုပ်ကိုင် သိမ်းပိုက်နိုင်စွမ်းရှိမှုကိုပင်… ကျွန်တော်က မက်မောနေပြန်သည် […]