ကဲ ..ဒီနေ့တော့ ရွာသူားတွေ အတွက် ကင်ချီထမင်းသုပ်နည်းလေး တင်ပြပေးချင်ပါတယ်နော်။ ကင်ချီထမင်းသုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ -ကြက်သွန်ဖြူ ( ၅ မွှာခန့် ) = ထောင်းတားပါ -ကြက်သွန်နီ ဥကြီး( ၁ ဥ ) =ပါးပါးလှီးတားပါ -ဆီ = စတီးဇွန်းသေး ၁ ဇွန်း -နှမ်းဆီမွှေး ( အနည်းငယ်) -ဝက်သား (၁ဝ သားခန့်) =ပါးပါးလှီးကာ ဆီမကပ်သော အိုးထဲတွင် ဆား၊ ရသားမှုန့်နယ်ပြီး ဝက်သားထဲမှ အရည်များခမ်းလာသည်ထိ လှော်ထားပါ။ -မုန်ညှင်းစိမ်း( တစ်စည်း) =ရေနွေးဖြောကာ ရေအေးနှင့်ပြန်စိမ်ထားပါ။ -ပဲပင်ပေါက် (တစ်ဆယ်သား) =ရေနွေးဖြောပြီး ရေအေးနှင့်ပြန်စိမ်ကာ ဇကာနှင့်ရေစစ်ထားပါ။ -ကြက်သွန်မြိတ် (တစ်စည်း) =အနေတော် လှီးထားပါ။ -မှို […]
