ဝမ်းလျှောတိုင်း ဓာတ်ဆားသောက်ပါ ……….

Khaing KhaingAugust 29, 20121min037

ဒီပို့စ်လေးကို မထင်မှတ်ပဲတင်ဖြစ်တာပါ ……. တင်ဖြစ်တဲ့အကြောင်းက ကိုအောင်မိုးသူရေးတဲ့ `အသက်လုပွဲ´ဆိုတဲ့ပို့စ်လေးဖတ်မိပြီး တင်ဖြစ်သွားတာ ……..

ကျွန်မသမီးလေး အသက် (၁) နှစ် (၂)လ မှာ ဝမ်းလျှောပါတယ် ….. မှတ်မှတ်ရရပေ့ါ …. တနင်္ဂနွေနေ့ ကပါ ကန်တော်ကြီးမှာ ဈေးပွဲတော်လုပ်တော့ မိသားစုသွားလည်ကြတယ် …. အဲဒီမှာ ပေါက်စီတွေကို အပြင်ထက်ဈေးပေါပေါနဲ့ရောင်းနေတော့ သမီးလေးကိုဝယ်ကျွေးမိတယ် …. အဲဒီကစပြီး ဝမ်းလျှောတော့တာပဲ ….

ကျွန်မလည်း သိသိချင်း ကလေးဆရာဝန်နဲ့ပြေးပြပါတယ် …. သမီးလေးဝမ်းလျှောတာ မသက်သာပဲ ဆိုးသထက် ဆိုးလာတယ် ….. ကန်တော့ပါ ….. ဝမ်းသွားတာ မော်တာစက်ကနေရေပိုက်ခေါင်းကိုဖွင့်လိုက်သလို ပန်းတာ တအိမ်လုံး ရေဆေးထားသလားမှတ်ရတယ် ….. သမီးလေးဝမ်းလျှောကာစက ဆရာမညွှန်ကြားသလို ဘယ်လောက်ဝမ်းသွားသွား ဓာတ်ဆားသာဝင်အောင်တိုက် မပူရဘူးဆိုတော့ ကျွန်မတို့ သမီးလေးကို ဓာတ်ဆားတိုက်ပါတယ် …. သမီးလေးက အစကဓာတ်ဆားသိပ်မသောက်ဘူး ….. ဆေးခန်းကို နေ့စဉ်လို မနက်ရော ညရောသွားပေမယ့် သမီးလေးကမသက်သာခဲ့ဘူး ….. နောက်ပိုင်း ဓာတ်ဆားတွေလည်း တအားသောက်လာတယ် …….. ဘာပဲ စားပြီးပြီး ဝမ်းကနေ ချက်ခြင်းထွက်တော့တာပဲ ….. ကျွန်မလည်း စိတ်တွေအရမ်းညစ်လာတယ် …. ရုံးက တနင်္လာနေ့တဝက်ပြန် …… အင်္ဂါနေ့ကိုခွင့်ယူ ….. ဗုဒ္ဓဟူးနေ့တက် နောက်တော့ သမီးလေးကမသက်သာတာနဲ့ ကြာသာပဒေးနေ့ခွင့်ယူတော့ သမီးလေးအဖြစ်ကတော်တော်အခြေအနေဆိုးနေပီ ……. ကျွန်မလည်း နီးစပ်ရာဆေးခန်းကိုထပ်ပြတယ် …….. ကလေးကမလှုပ်တော့ဘူး …. သောက်လိုက် ထွက်လိုက်ကိုဖြစ်နေတာ …… သူငယ်ချင်းတစ်ယောက်က ကလေးကိုဆေးရုံမတင်နဲ့တဲ့ ဆေးရုံတက်ရင် ကိုယ်ဒုက္ခရောက်လိမ့်မယ် အချိန်တန်တော့ သက်သွားလိမ့်မယ်လို့ပြောတယ် ….  နောက်ထပ်သူငယ်ချင်းတစ်ယောက်က ဒီလိုဖြစ်နေရင် ကလေးဆေးရုံကိုသာပြေးတော့ ခိုင်ခိုင် … ကိုယ့်သားသမီးအတွက်ပဲ ဒုက္ခခံလည်း (၂) ရက် (၃) ရက်ပေ့ါတဲ့လေ ……. အိမ်ကမိသားစုတွေကလည်း ဘယ်သူမှကျွန်မကိုမထောက်ခံဘူး …… အားလုံးကို ထားခဲ့ပြီး ကျွန်မ အိမ်နေရင်းအဝတ်အစားနဲ့သမီးလေးကို အနှီးထုတ်ပြီး ကလေးဆေးရုံကို သွားမယ်လုပ်မှ အားလုံးလက်လျှော့ပြီးလက်ခံခဲ့ကြတယ် …… ဆေးရုံရောက်တော့ သမီးက ဓာတ်ဆားကိုပဲ တစ်ချိန်လုံးတောင်းသောက်နေတယ် …….. သောက်လိုက် ဝမ်းတွေသွားလိုက်နဲ့ …….. ဆေးရုံမှာမြင်လို့တောင်မကောင်းဘူး ………. ကျွန်မတစ်ကိုယ်လုံးလည်း ရေချိုးထားသလို ရွှဲနစ်နေပါတယ် ……. ဆရာမတွေက ဆေးရုံတက်ရမယ်လု့ိပြောတော့ ကျွန်မအရမ်းကိုထိပ်လန့် ငိုယိုမိတယ် .. ဆေးရုံတက်ရင်သမီးလေးအသားတွေနာတော့မှာလေ …….. ကျွန်မနှလုံးသွေးတွေ ထွက်မတတ်နာကျင်ခဲ့ရတယ် ………. သမီးလေးကို မကျွမ်းကျင်တဲ့ ဆရာဝန်မပေါက်စလေးတွေက သွေးစစ်ဖို့ သွေးဖောက်တာ ခြေတွေလက်တွေ ရစရာမရှိအောင် သွေးတွေထွက်နေပါတယ် …….. နောက်ဆုံး ကျွန်မမနေနိုင်တဲ့အဆုံး ဝပ်မှာအကြီးဆုံးဆရာမကို အကူအညီသွားတောင်းရတယ် …….. အဲဒီအခါထမီအစိမ်းနဲ့nurse က လာဖောက်မှ တချက်တည်းနဲ့ သွေးဖောက်လို့ရသွားတယ် …….. အဲဒီဆရာမကလည်း ဟိုဆရာမပေါက်စတွေကို ပါးစပ်ကပွစိပွစိပြောတာလည်းကြားရပါတယ် ….. နေရာတောင်မကျန်အောင် ကလိထားကြတယ်တဲ့လေ …….

သမီးလေးသွေးရတော့ ကလေးဆေးရုံကနေ အာရှတော်ဝင် ဓာတ်ခွဲဌာနကိုလွှတ်ပြီး သွေးအဖြေကို ဖတ်ခိုင်းပါတယ် …….. ကလေးက ဓာတ်ဆားတွေသောက်တာများပြီး ဆားဓာတ်တအားလွန်တာကြောင့် ဝမ်းကတအားသွားနေတာဆိုတာကို သိရပါတယ် ……. ဒါနဲ့ ဓာတ်ဆားကိုလုံးဝမတိုက်တော့ပဲ …….. သမီးလေးကို ဒရစ်ပုလင်းချိတ်ဖို့လုပ်ကြပါတယ် ….. အခြေအနေကကတ်သီးလေးလွှတ်ရုံကလေးပါ ……. ဆေးချိတ်ပြီးပိုးသတ်ဆေးတွေထိုး ဘာတွေထိုးနဲ့ သမီးလေးကို အရေးပေါ်စောင့်ကြည့်ကြတယ် ……… ဝမ်းလည်းမသွားတော့ဘူး …….. ညဘက် (၉)နာရီလောက်ကချိတ်လိုက်တဲ့ ဆေးပုလင်းကမနက်လင်းခါနီး (၄)နာရီလောက်မှာကုန်သွားပါတယ် …….. အဲဒါနဲ့ နောက်တစ်လုံးလာချိတ်ပြန်တယ် ……. မိုးလင်း (၉)နာရီလောက်မှာ ဆရာဝန် လှည့်တော့ သမီးလေးနှလုံးခုန်သံကိုနားထောင်တာ တအားပြင်းနေပြီး ဖောတက်လာတယ် ……. ဒါနဲ့ဆရာမက ဆေးချိတ်တာကို ချက်ခြင်းဖြုတ်ခိုင်းလိုက်တယ် ……. (၁) နှစ် (၂) လကလေးကို ပုလင်းကြီးတစ်ပုလင်း ခဏလေးနဲ့ ကုန်သွားတော့ ကလေးနှလုံးကမခံနိုင်ပဲ ကလေးကဖောလာတာတဲ့ သူကအစောင့်ကျတဲ့ ဆရာမကို တိုးတိုးလေးပြောပြီး ဆူနေတာကြားပြန်တယ် ……… ကျွန်မကတော့ ဆေးရုံရောက်ကတည်းက သမီးလေးအတွက် ဘုရားစာရွတ် ဆေးရုံကအစောင့်တွေကို မေတ္တာပို့လုပ်ပေးခဲ့တယ် …… (၃) ရက်လောက်နေတော့ ဆေးရုံကဆင်းရတယ် ……… သမီးလေးရဲ့ရောဂါအမှန်ကိုလဲ ချက်ခြင်းသိရသလို အရေးပေါ်ကုသမှုကလည်း ထိရောက်ခဲ့တယ် ………. ဘာပဲပြောပြောကလေးဆေးရုံတွေက ငွေကုန်ကြေးကျသက်သာပြီး လိုရင်လိုသလို ကုသမှုတွေထိ ရောက်ပါတယ် ……… ကျွန်မဗဟုသုတတစ်ခုရလိုက်တာ ဝမ်းလျှောတိုင်းဓာတ်ဆားသောက်ရင် မကောင်းဘူးဆိုတာပါပဲ ………. ဆရာဝန်ဆရာမတွေညွှန်ကြားသလို ဝမ်းသွားတိုင်းဓာတ်ဆားသောက်ပြီး ဆားဓာတ်တွေတအားများသွားရင်တော့လူကို ထိခိုက်တတ်ပါတယ် ………

 

37 comments

  • etone

    August 29, 2012 at 4:55 pm

    အဲ … မခိုင်ရယ် ..ဝမ်းသွားနေတာ ဘယ်နှစ်ရက်တောင် ထားတာလဲ …….. ။ကလေးမပြောနဲ့ လူကြီးတွေတောင် တစ်ညတည်း ဝမ်း ဘယ်နှစ်ခါသွားလို့ …. မျော့ကျသွားတာ … ခဏခဏကြားနေရတာပါပဲ … ။ သူ့ခမျာ အတော်လေး ခံလိုက်ရမှာပဲ … ။ သာမန်အားဖြင့်တော့ ဝမ်းသွားလျှင် ဓါတ်စားရေကို ပြန်သောက်ပြီး လိုတဲ့ဓါတ်တွေပြန်ဖြည့်ကြတယ် ..။ တစ်ရက်က နှစ်ရက်ဆိုလျှင်တော့ ဆေးခန်းပြောင်းပြတာမျိုး ၊ ဆေးရုံပြတာမျိုးတော့ လုပ်သင့်ပါတယ် ။

    ပုလင်းချိတ်တာ 9 နာရီလောက်ကနေ 4 နာရီ အထိဆိုတော့ သာမန်လူဂျီးတစ်ယောက် ဆေးရုံမှာ ချိတ်တဲ့ အနှေးဆုံး နှုန်းလောက် သွားထားတာပါပဲ ။ သွေးဖောက်တာက .. ဟောက်စ်ဆာဂျင်လေးတွေထက် .. တစ်ချို့ နက်စ်တွေမှာ ပိုပြီး အတွေ့ ကြုံရှိတာတွေ့ရတယ် ။ လုပ်ငန်းကျွမ်းကျင်မှု အတွေ့ ကြုံအရ ကွာတာမျိုးပေါ့ ။

    ကိုယ်တိုင်လည်း ကလေးဘဝက ညကြီး အချိန်မတော် ဆေးရုံရောက်ခဲ့ဖူးတယ် … မိဘတွေဆိုတာ အပူကပ်ပြီး ပွက်လောကို ရိုက်သွားတာပါပဲ …..
    မိခင်တစ်ယောက်ရဲ့ ဗျာပါဒတွေကို ခံစားမိသွားပါတယ် ။

    Reply

    • Khaing Khaing

      August 30, 2012 at 11:07 am

      မမတုံရေ ……. အဲဒီကတည်းက အဖေတို့အမေတို့က အမပြနေတဲ့ဆရာမကို နောက်မပြစေချင် တော့ဘူး …….. သူ့ကိုဒီလောက်ပြနေရင်က ကလေးကအခြေအနေဆိုးဆိုးလာတယ်ဆိုတော့ မကြိုက်ဘူးပေ့ါ …… အဲတုန်းကဆေးခန်းကို နေ့တိုင်းလိုလိုသွားခဲ့တာနော် ……. နောက်တစ်ခုက ကလေးကဖြစ်ချိန်တန်လို့ဖြစ်သွားတာလဲပါတာပေ့ါလေ ……..

      Reply

  • နေဠု ဝင်း

    August 29, 2012 at 4:56 pm

    ှဝမ်းလျှောတာမပေါ့ကြနဲ့နော်။

    Reply

    • Khaing Khaing

      August 30, 2012 at 11:19 am

      ဟုတ်ပါတယ် ….. ပေ့ါလို့မရပါဘူး ………

      Reply

  • Hnin Hnin

    August 29, 2012 at 5:00 pm

    ဝမ်းသွားတာတော့ ဓာတ်ဆားရည်သောက်ရတဲ့အထိတော့ မဖြစ်သလောက်ပဲ။ လူကြီးနဲ့ ကလေး(ငယ်) ဓာတ်ဆားခံနိုင်ရည်ချင်းရော ကွာမလားမသိဘူးနော်။ ကိုယ့်အတွက် ဓာတ်ဆားကို လိုသလိုချင့်ချိန်ပြီး
    သောက်ဖို့လိုတယ်ဆိုတာ မှတ်သွားပါတယ်။

    Reply

    • Khaing Khaing

      August 30, 2012 at 11:09 am

      တစ်ခြားလူတွေကြားရင်တော့ ရီမလားပဲ …….. ဝမ်းလျှောတာ ကျွန်မဘဝမှာဖြစ်ခဲ့ပါတယ် …. ဗိုက်နာပြီးဝမ်းလျှောဝမ်းပျက်ချင်သလိုဖြစ်တာနဲ့ ပျားရည်တစွန်း နှမ်းဆီတစွန်းကို ခလောက်ပြီး သောက်ပလိုက်တယ် …….. အဲဒါဆို ဘာဆိုးဆိုးရွားရွားမှထပ်မဖြစ်တော့ဘူး ………..

      Reply

  • nozomi

    August 29, 2012 at 5:17 pm

    ဒါလဲ ဗဟုသုတ အသစ်ပဲ မှတ်ထားဦးမှ

    ဘာရောဂါဖြစ်ဖြစ် သားသမီး အတွက်ဆို မိဘတိုင်းက
    သူတို့နေရာမှာ ငါ သာဖြစ်လိုက်ပါတော့ လို့တွေးမိတတ်ကြပါတယ်

    Reply

    • Khaing Khaing

      August 30, 2012 at 11:13 am

      မိဘတစ်ယောက်ရဲ့ မေတ္တာက မိဘစဖြစ်မှပေါ်လာတာပါ ….. အရင်ကဆို ကလေးတွေ ကလေး မိဘတွေကို ကိုယ်ချင်းစာစိတ်သိပ်မရှိခဲ့ဘူး …… ကိုယ်တိုင်မိဘဖြစ်မှ တစ်ခြားမိဘတွေအပေါ်ရော ကလေးတွေအပေါ်ရောကို ကိုယ်ချင်းစာစိတ်ရှိလာခဲ့တယ် ……. ညီမအိမ်မှာဖြစ်ဖြစ် ဘယ်နေရာမှာ ဖြစ်ဖြစ်ကလေးတွေ ဆော့ကစားနေရင် အပြစ်မမြင်တတ်တော့ဘူး …… ကလေးသဘာဝပဲလို့ မှတ်ယူထားလိုက်တယ် ……… တစ်ခြားကလေးတွေ နာမကျန်းဖြစ်ရင်လည်း ကိုယ့်လိုမခံစားရအောင် အကောင်းဆုံးနည်းလမ်းတွေနဲ့ အကြံဉာဏ်ပေး မိတယ် ……….

      Reply

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 6:28 pm

    တော်ဒေးဒါပေါ့ မာမီရယ် ..
    ဖတ်ရင်းနဲ့ မာမီ့ သမီးလေး အတွက် စိုးရိမ်လိုက်ရတာ ..
    နောက်ဆုံး ဘာမှ မဖြစ်ဘူးဆိုတော့မှ “ဟူးးး” ခနဲ သက်ပြင်း ချနိုင်သွားဒေါ့ဒယ် ..
    မာမီခိုင်ရဲ့ ကိုယ်တွေ့ မှတ်ချက် စကားအတွက်တော့ ကျေးဇူးပါဗျို့ ..
    အနော်တို့လည်း ဖြစ်လာရင် ဆင်ခြင်နိုင်သွားတာပေါ့ …

    ( အနော်တို့က လူပျို နုနုထွက်ထွက် လေးတွေဆိုတော့လေ
    ခုလို ကျန်းမာရေး အကြောင်းလေးတွေကို များများ ဖတ်ပေးရသဗျ
    တော်ကြာ မိန်းမတောင် မရသေးခင် ကြွသွားမှာ စိုးလို့ .. ခွီခွိ .. :mrgreen: )

    Reply

    • ဘဲဥ

      August 30, 2012 at 11:13 am

      အံဂျာဒုံး
      မူပိုင်ခွင့် အုပဒေနဲ့ တရားစွဲပလိုက်မယ်ဂျ ဟွင်းးးး 😆

      Reply

    • Khaing Khaing

      August 30, 2012 at 11:16 am

      မာမီဘဝမှာ အကြီးကျယ်အတုန်လှုပ်ဆုံးသော ပထမအကြိမ်ပေ့ါ …….. ဒုတိယအကြိမ်သမီးလေး ၁နှစ် 6 လမှာ တက်လို့ဆေးရုံတစ်ခါတက်ရသေးတယ် ………. အဲတုန်းကမာမီပေါ့ရော့တာလေ ကလေးကဖျားနေတာကို မာမီကသူ့ကိုရေပတ်တိုက်ပေးပြီး ပူနေတဲ့အချိန် မာမီရင်ခွင်မှာထားတာ ကလေးကအပူတွေတအားများပြီး တက်သွားတယ် ……… အဲတုန်းကလည်း ရန်ကင်းကလေး ဆေးရုံကဖွင့်ခါစ အဲဒီကိုပြေးရတယ်လေ …….. ကျန်းမာတဲ့ရင်သွေးငယ်တွေကို ပိုင်ဆိုင်တဲ့မိဘ တွေက ကလေးတစ်ယောက်ကြီးဖို့လွယ်ပေမယ့် …. မာမီကျတော့ အလုပ်တဖက်နဲ့ သမီးလေးကို စိုးရိမ်ဗျာပါဒတွေနဲ့ ရုန်းကန်ခဲ့ရတယ် …….

      Reply

      • zarlay

        August 30, 2012 at 2:54 pm

        ဖြစ်ရလေမာမီရယ် မာမီ့ကိုကူမယ့်သူ မရှိဘူးလား

        Reply

        • Khaing Khaing

          August 30, 2012 at 3:00 pm

          အမလေး လေး … မာမီခေါ်တဲ့လူတွေအရမ်းများတယ်နော် …. သမီးလေးက တစ်ယောက်တည်း …

          ကူမယ့်လူဘယ်လောက်ပဲရှိရှိ မိမိသားသမီးဖြစ်ရင် မိခင်ကပဲ အနီးကပ်ပြုစုပေးရတယ် … ဆရာဝန်တွေဆီဆိုလည်း မိခင်နဲ့ကလေးပဲဝင်ခွင့်ပေးတယ်လေ … သမီးလေးကလည်း နေမကောင်းဖြစ်ရင် မာမီကလွဲပီး ဘယ်သူ့ကိုမှ ကပ်တာမဟုတ်ဘူး ……

  • ကို ခင်ခ

    August 29, 2012 at 8:02 pm

    မခိုင်ရေ ဓာတ်ဆားရေမှာ သီစုံဓာတ်ဆားထုပ်နဲ့ ရိုးရိုးဓာတ်ဆားထုပ်ဆိုပြီးရှိကြောင်း သိရပါ၏။ ဝမ်းသွားရင် ရိုရိုးဓာတ်ဆားထုပ်ကိုတိုက်ရပါတယ်၊ အဝင်တော့ဆိုးစေပါတယ် အခါးဓာတ်ပိုလို့ပါ။ သီးစုံဓာတ်ဆားထုပ်က ဝမ်းသွားစဉ်သောက်ပါက ဝမ်းကိုပိုပြီးပျော့စေ သဖြင့် နဂိုကအရည်သွားနေတာဆို ပိုပြီးသွားစေတာပေါ့။ တော်တော်များများက ဓာတ်ဆားထုပ်ဆို အလွယ်ရယ် အဝင်ကောင်းတဲ့ သီစုံကိုသောက်တာများပါတယ်။ သီးစုံဓာတ်ဆားထုပ်က ပင်ပန်းနွမ်းလှခြင်း၊ ချွေးထွက်များခြင်း ၊ တုပ်ကွေးကြောင့် အားနည်းခြင်း တွေမှာသာသုံးကြောင်း ဖတ်ဖူးတဲ့စာပေထဲက ဝေမျှလိုက်ပါတယ်။
    ပြီးတော့ ဓာတ်ဆားထုပ်က တစ်နေ့ကို အများဆုံး ၂ ထုပ်ပိုပြီး ဆရာဝန်မညွှန်ကြားဘဲ မသောက်သင့်ကြောင်းပါ။
    မခိုင် ကလေးကို ဝယ်တိုက်တာသီးစုံဆိုရင် အဲဒါကြောင့်ဝမ်းပိုသွားတာလား၊ ရိုးရိုးဓာတ်ဆားဆိုရင် ဓာတ်ဆားများသွားလို့ ကိုယ်မှာ အချိုဓာတ်အားနည်းသွားပြီး ဝမ်းမထိန်းနိုင်တာဖြစ်မယ်ထင်ပါတယ်။
    မခိုင်ကလေး အမြန်ဆုံးလန်းဆန်းကျန်းမာပြီး ပျော်ရွင်သောမိသားစုလေးဖြစ်ပါစေလို့ ——။

    Reply

    • Khaing Khaing

      August 30, 2012 at 10:53 am

      ကိုခင်ခရေ …. ညီမက သားဦးသမီးဦးဆိုတော့ သမီးလေးတစ်ခုခုဖြစ်တိုင်း တွေ့ကရာဆရာဝန်နဲ့ မပြသလို ကလေးအထူးကုဆရာဝန်နဲ့ပဲပြပါတယ် …….. သူညွှန်ကြားသလိုလည်း အမြဲတမ်းလုပ် ခဲ့ပါတယ် …. ဓာတ်ဆားက ဘီဘီအိုင်တစ်ထုပ်ကို (ရေသန့်ဗူး1လီတာနဲ့တစ်ဗူး) နဲ့ ဟိုက်ဒရိုက်ကို ရေ 100 ml တိုက်ပါတယ် ………. ပိုးသတ်ဆေးတွေရော … ဘိုင်အိုဖလောလို့ခေါ်တဲ့ကလေး ငယ်များဝမ်းသွားရင်တိုက်တာရော …. ကြွက်သားပြန်လည်ကောင်းမွန်လာစေရန် ဖောရစ်အက်ဆစ်ရော တိုက်နေရင်းက ကလေးကအခြေအနေဆိုးလာပါတယ် ….. အဲဒီအကြောင်းကိုရေးတိုင်း တွေးတိုင်း အခုချိန်ထိ နှလုံးသားထဲကို နာကျင်ခံစားနေရတုန်းပါပဲ ….

      Reply

  • pooch

    August 29, 2012 at 8:51 pm

    မိဘမေတ္တာအတော်ကြီးတာပါလား ခိုင်ခိုင်ရေ ။ သူငယ်ချင်းတယောက်ရဲ့ ကလေးလည်း ဆေးရုံတင်တော့ပုလင်းကြီး သွင်းရတယ် နှာခေါင်းကနေ။ သူငယ်ချင်းကတော့ ကလေးကို ကြည့်ပြီး အဲ့နေ့တနေ့လုံး ရေတောင် မသောက်လို့ မနည်းတိုက်ယူရတယ်။

    လူတယောက်ဖြစ်လာဖို့ရာ မိဘတွေ ရဲ့ ပြုစုစောင့်ရှောက်မှုက ဘယ်လောက်အရေးပါတယ်ဆိုတာ ကြာလေပိုသိလာလေပါ။

    ဓာတ်ဆားဆိုတာကလည်း သောက်တိုင်းမကောင်းဘူးဆိုတာ ကိုယ်တွေ့ တခါကြုံဖူးကတည်းက သိသွားတာ။

    Reply

    • Khaing Khaing

      August 30, 2012 at 10:58 am

      မှန်လိုက်တာ အမပုရယ် ……. ညီမဆိုသမီးဆေးရုံတင်တာ ရေသောက်ရင်တောင်ပြန်အန်ထွက် တယ် …… လည်ပင်းမှာတစ်စို့ပြီးဘာဆိုဘာမှမစားနိုင်ခဲ့ဘူး ….. အဲအချိန်က သမီးလေးက နို့မပြတ်သေးတော့ နို့လည်းတိုက်ရ မအိပ်လည်းမအိပ်ရနဲ့ သမီးလေးက ဆရာမတွေ သူ့ကိုအပ်နဲ့မွှေထားတဲ့ဒဏ်ကြောင့် ဘယ်သူ့ကိုမှလည်းအကပ်မခံတော့ ညီမကအိမ်သာတောင်သွားလို့မရဘူး …… သူ့အနားမှာပဲ တစ်ချိန်လုံးနေနေရတာ လူကလုံးဝကိုကျသွားတာ ….. ဆေးရုံမှာ ၂ ရက် ၃ ရက်နေသက်သာသွားမှ ညီမလည်းအစားအသောက် တွေပြန်စားနိုင်လာတယ် ……..

      Reply

  • မောင်ပေ

    August 30, 2012 at 2:24 am

    ကျွန်တော် ဆရာဝန်တစ်ယောက်မဟုတ်ပါ

    ကိုခင်ခ ပြောသွားသလိုပါပဲ ဝမ်းလျှောဖြစ်ရင် လူကြီး/အသက်ကြီးဆိုရင်တော့ ဓါတ်ဆား၂ထုပ်သောက်သင့်ပါတယ်
    မခိုင်ရဲ့သမီးလိုမျိုး ၅နှစ်အောက် ဆိုရင်တော့ ဘယ်လိုသောက်သင့်လဲမသိပါဘူး
    ကျွန်တော် ဒီ၂၀၁၂မှာ အထက်လန်အောက်လျှော၂ခါါဖြစ်ခဲ့ပါတယ်
    ဒုတိယအခါက မွေးနေ့မတိုင်ခင်၂ရက်အလိုက ဖြစ်ခဲ့တာပါ
    ကံကောင်းစွာနဲ့ မွေးနေ့မှာ လုံးဝ သက်သာပျောက်ကင်းခဲ့ပါတယ်
    သောက်ခဲ့တဲ့ဆေးတွေကတော့
    တစ်ရက်ကို စီဖရန် ၃လုံး မက်ထရိုနီဒဆော၂လုံးနဲ့ ဓါတ်ဆားတစ်ထုပ်ပါ
    အထက်လန်အောက်လျှောဖြစ်တဲ့သူတွေအတွက် ဓါတ်ဆားဟာ အရမ်းကောင်းပါတယ်
    ရိုးရိုးရေသောက်ရင်အန် ရေသန့်ဘူးလဲမရ
    ဓါတ်ဆားရေသောက်မှ အန်တာ ရပ်ပါတယ်
    မခိုင်ရဲ့ သမီး အမြဲတမ်း ကျန်းမာ ချမ်းသာပါစေ

    Reply

    • Khaing Khaing

      August 30, 2012 at 11:02 am

      တော်သေးတာပေ့ါ ကိုပေရယ် …. မွေးနေ့ရောက်ခါနီး တုံးကျော်သွားနိုင်လို့ပေ့ါ …… လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ် ဝမ်းလျှောတာကြောက်စရာကောင်းပါတယ် ……..

      Reply

  • kai

    August 30, 2012 at 3:16 am

    . မှတ်မှတ်ရရပေ့ါ …. တနင်္ဂနွေနေ့ ကပါ ကန်တော်ကြီးမှာ ဈေးပွဲတော်လုပ်တော့ မိသားစုသွားလည်ကြတယ် …. အဲဒီမှာ ပေါက်စီတွေကို အပြင်ထက်ဈေးပေါပေါနဲ့ရောင်းနေတော့ သမီးလေးကိုဝယ်ကျွေးမိတယ် …. အဲဒီကစပြီး ဝမ်းလျှောတော့တာပဲ …

    အဲဒီပေါက်စီကြောင့်… လူဘယ်နှယောက်များ ဒုက္ခရောက်သွားသလည်းမသိဘူး…
    အသက်ပါဆုံးရှုံးလိုက်ရတဲ့သူတွေရှိမလားပဲ..

    ဘာမှမလုပ်ရင်.. နောင်အခါ..ထပ်ထပ်လုပ်ပြီး.. လူ့အသက်တွေ အန္တရာယ်ဆက်ဖြစ်နေမှာပေါ့..

    နောက်ကနေလိုက်ပြီး.. ထုတ်ရောင်းသူ/ချက်ပြုတ်သူတွေကို.. ပြင်းပြင်းထန်ထန်ကို.. အရေးယူသင့်တယ်..
    ထိန်းကျောင်းမှုတွေလုပ်ဖို့လည်း.. လိုမယ်ထင်ကြောင်း..

    ကျမ်းမာရေးဝန်ကြီးဌာနက..တာဝန်ရှိသူတွေရေ..
    ဒီလိုပို့စ်လေးတွေဖတ်ပြီ… ဘာလုပ်သင့်သလည်း.. စဉ်းစားနိုင်ပါစေကြောင်း..

    Reply

    • etone

      August 30, 2012 at 9:55 am

      ပေါက်စီကြောင့်လို့တော့ တရားသေပြောလို့ မရပါဘူး … သဂျီးရယ် … တနေ့တည်း ဒီပေါက်စီ တစ်ခုတည်းစားခဲ့တာမှ မဟုတ်တာလေ ….. ။ ကလေးဆိုတော့လည်း … ဆော့ရင်း ဟိုကိုင်ဒီကိုင် ၊ လက်က ပါးစပ်ထဲရောက်တာမျိုးလည်း ရှိနိုင်ပါသေးတယ် ။ တစ်ယောက်နဲ့ တစ်ယောက် ရောဂါခုခံနိုင်ရည်အားပေါ်လည်း မူတည်နေသေးတာမို့ …… ကပ်ပါးပိုးပါတဲ့ပေါက်စီစားမိသည့်တိုင်အောင် လူတိုင်းတော့ ဝမ်းလျှောကြတာမျိုး မဟုတ်လောက်ဘူး ထင်ပါတယ် ။
      ကျွန်မကတော့ ပေါက်စီမကြိုက်ပေမယ့် နေ့တိုင်းနီးပါး ..ရုံးနားက မန်းမြို့တော်ပေါက်စီနဲ့ပဲ နှစ်ပါးသွားရတယ် ။ ဒါပေမယ့် ပေါက်စီစားလျှင် အပြင်အခွံတစ်လွှာကို အမြဲ ခွာထုတ်ပြီးမှပဲ စားတဲ့ အကျင့်ရှိတယ်။

      ဈေးကွက်ထဲမှာ ရောင်းနေတဲ့ အစားစာ အတော်များများကလေ …ကျန်းမာရေးနဲ့ မညီညွတ်တာများတယ် ။ ကျန်းမာရေး ဝန်ကြီးဌာနနဲ ့ FDA က သေချာ မကြပ်မတ်လို့ …… ရဲရဲတင်းတင်းပဲ ရောင်းနေကြတာ … ကိုယ်တွေက ပိုက်ဆံပေးပြီး ရောဂါဝယ်နေမိသလိုပါပဲ ။ ဒါပေသိ … အခုဆို စားသုံးသူကာကွယ်ရေး အသင်းလိုမျိုးတွေ (တကယ်သာ အလုပ်လုပ်လျှင်) ပေါ်လာတော့… နောက်ပိုင်းတမျိုး တမည်များ ပြောင်းသွားမလား ဆိုတာတော့ မျှော်လင့်နေမိပါတယ် ။ 🙄

      Reply

      • Khaing Khaing

        August 30, 2012 at 11:06 am

        မမတုံ …. ပေါက်စီကြောင့်လို့ပြောလို့ရတယ် …. အမက သမီးလေးကို အစားအသောက်ကျွေးရင် အဲဒီအရွယ်တုန်းက တွေ့ကရာမကျွေးတတ်ဘူး …… အဲဒီနေ့က အိမ်မှာထမင်းဟင်းကျွေးရုံအပြင် တခြားအပြင်စာဆိုလို့ ပေါက်စီပဲကျွေးတာ ………..

        Reply

  • Inz@ghi

    August 30, 2012 at 7:50 am

    အင်း …
    ဒီလို ရှိတယ် ဂျီးတော် ခိုင်ခိုင်ရေ …
    ဆရာဝန်တွေ စပ္ပါယ်ရှယ်လိုက်စ် လုပ်ကြရတဲ့ အထဲမှာ ..
    နှလုံး ၊ ကျောက်ကပ် ၊ အသည်း ၊ မျက်စိ ၊ သားဖွားမီးယပ် ..
    စသည် စသည်တွေထဲမှာမှ ..Child က အတော်လေးကို ခက်ခဲတဲ့
    ဘာသာရပ် ဖြစ်တယ်လို့ ကျယ်ကျယ် ပြန့်ပြန့် လက်ခံထားကြတယ်ဗျ…။

    ဘာလို့လဲဆိုတော့ အဓိက အကြောင်းပြချက် ၂ ခုရှိတယ်…။
    ပထမတခုက လူကြီး က ကိုယ်ခံစားရတာကို ပြောတတ်တယ်..
    ကလေးက မပြောတတ်ဘူးရယ်လေ…။ စမ်းသပ်လို့ရတဲ့အဖြေအပြင်
    ကျန်တာ သိရဖို့မရှိ…။ (တခါတလေများ.. ကလေးမိဘက စိတ်ပူလွန်လို့ … ဟိုလိုဝင်ပြော
    သည်လိုဝင်ပြောနဲ့ ..ကောက်ချက် )

    နောက်တချက်ကတော့ .. ကလေးအရွယ်ကိုလိုက်လို့ ..ပေးရတဲ့ဆေး
    အပြင်းအပျော့ ဒိုစ့် ကိစ္စ ချင့်ချိန်ရတာ မျိုးပါပဲ …။
    ကလေးအတွက် ထုတ်တဲ့ဆေးတွေဟာ လူကြီး(သာမာန်လူတွေ) အတွက်
    ထုတ်တဲ့ ဆေး အရေအတွက်ထက် နည်းပါးမှာ အမှန်မို့ ..ရွေးချယ်စရာလည်း
    နည်းပါးမှာ ဖြစ်လို့ပါပဲ ..။

    သည်တော့ .. ကလေး နေမကောင်းဖြစ်လို့ကတော့ ..
    စိတ်ချရတဲ့ နေရာ (စိတ်ချမယ်ထင်ရတဲ့နေရာကိုသာ ပြေးဗျို့)

    ဒုတိယအပိုင်း ပြောပြချင်တာကတော့..
    ဝမ်းလျှောတဲ့ ကိစ္စ ဗျ.. အစောပိုင်းကတော့ ပေါက်စီမှာ ပါတဲ့ ဝမ်းလျှောစေတဲ့ပိုးကြောင့်
    Secretory Diarrhea ကြောင့်ဖြစ်မယ် ထင်ရဲ့ဗျာ ..။ (ဝမ်းလျောတာ မပေါ့နဲ့ဗျို့ ..၁နှစ်အောက်
    ကလေးတွေရဲ့ သေနှုန်း ဒုတိယအများဆုံး ရောဂါလို့ ဖတ်ဖူးတာပဲ..)
    ထားပါတော့ ..အဲ့သည့်မှာ ဆေးခန်းက ပိုးသတ်ဆေး ပေးမယ်.. ။ ဝမ်းလျှောတဲ့ပိုးသေမယ်ပေါ့..။
    (အကြမ်းဖျင်း သဘော ကိုပြောတာပါဗျာ..)
    ဒါပေမယ့် ဝမ်းဆက်လျှောတယ် မရပ်ဘူး ..ဆိုရင် .. ဖြစ်နိုင်ချေရှိတာက ..Osmotic diarrhea ပါပဲ..
    ဓါတ်ဆားရည် အသောက်လွန်တာ ကြောင့် လို့ အကြမ်းဖျဉ်းပြောနိုင်ရဲ့ဗျာ…။

    If a person drinks solutions with excessive sugar or excessive salt,
    these can draw water from the body into the bowel and cause osmotic diarrhea.

    သည်လိုရေး ထားလေရဲ့…။

    သောက်ချလိုက်သမျှ ဆားရည်တွေဟာ အူလမ်းကြောင်းထဲရောက်တော့ .. သွေးထဲမှာ ပါတဲ့ ရေဓါတ်ကို ဆွဲပါသတဲ့ …။
    (Chemistry မှာသင်တဲ့ solution တွေရဲ့ concentration သဘောတရားအရ..) ၊
    သည်တော့ ..သွားမယ့် ဝမ်းကိ ုရေထိုးပေးသလိုဖြစ်ပြီး ဝမ်းလျှော တော့တာ ပေါ့ဗျာ …။

    ဆားဖျော်ရည်တွေ အသောက်များ .. ဆားတွေက ရေကိုဆွဲ ..ဝမ်းလျှော .. ဝမ်းလျှောလို့ ဆို ဆားဖျော်ရည်တွေဆက်သောက်
    ဂျအေး သူ့အမေရိုက် တော့တာပါပဲဗျို့…။ ဓါတ်ဆားဖျော်ရည် ကို သူ့အချိုးအစား အတိုင်း မဖျော်ဘဲ ..ပြစ်ပြစ်ဖျော်သောက်လို့
    ဝမ်းလျှောကြတဲ့ ဘော်ဒါ တွေလည်း မြင်ဖူးကြောင်းပါ. .. သဘောတရားကတော့ အတူတူပါပဲ … ။

    အရေးကြီးတာ ပမာဏ ဗျာ….
    အဲ့ဒါ ….

    Ref:
    http://en.wikipedia.org/wiki/Diahorrea

    Reply

    • Khaing Khaing

      August 30, 2012 at 11:27 am

      အူးဂီရေ ……. သများကလေးဆရာဝန်နဲ့ပြရင်တော့ သမီးလေးကိုပူလို့ သများက အရှေ့ကနေရော ပါးစပ်ကရော မျက်နှာပါပျက်ယွင်းပြီး ပျာပျာသလဲဖြစ်တတ်လို့ အဆူခံရပေါင်း လည်းများပါတယ် ……. `ညည်းမျက်နှာကြည့်ပြီး ညည်းကလေးကိုငါဘယ်လိုကုရမလဲတောင်မသိဘူးတဲ့´ ဆေးရုံမှာတော့ စကားတောင် မပြောနိုင်တော့ဘူး သမီးလေးကို အပ်တွေနဲ့ဖောက်နေတာ မမြင်ရက်လို့ သူ့ကုတင်ခြေရင်းမှာ အံ့ကြိတ်နေခဲ့ရတယ် … သမီးလေးက အတင်းငိုပြီး အမေကို လှမ်းကြည့်နေတော့ ရင်နာနာနဲ့ပဲ ကုတင်ပေါ်မှာသမီးလေးကို ဖက်ထားပြီး တင်းခံနေခဲ့ရပါတယ် …. သများစကားပြောရင် ဆရာမတွေ လုပ်ရကိုင်ရတာအဆင်မပြေမှာစိုးလို့ဘာဆိုဘာမှ ဝင်မပြောခဲ့ပါဘူး …. အမျုးိသားဆို သူတို့လုပ်နေတာမဟုတ်တော့ ဆရာမတွေကို ထတောင်အော်တော့မလို့တောင် ဖြစ်ခဲ့ရတယ်လို့ပြောပါတယ် …….

      ပေါက်စီနဲ့ပတ်သက်တာရယ် ဓာတ်ဆားနဲ့ပတ်သက်တာရယ်ကိုဂီရှင်းပြတာမှန်ပါတယ် … ကျွန်မကသေသေချာချာနားမလည်တာကြောင့် သေချာပို့စ်ထဲမှာထည့်မရေးနိုင်ဘူးဖြစ်သွားတယ် ………

      Reply

    • ပန်းစံပါယ်

      August 30, 2012 at 2:47 pm

      ဪ ဒါကြောင့် ကျွန်မအဖေကပြောတာကိုး…ဝမ်းလျှောတိုင်းဓာတ်ဆားသောက်လို့မရဘူးတဲ့ ဓာတ်ဆားက ဝမ်းလျှောတာကိုပိုလျှောစေတယ်လို့ပြောပါတယ်။ ကျွန်မအဖေက မိသားစုဝင်တွေရဲ့ ကျန်းမာရေးမှတ်တမ်းလုပ်လေ့ရှိပါတယ်။ သူလေ့လာတွေ့ရှိတာတွေအားလုံးပေါ့။ နေမကောင်းဖြစ်နေတဲ့ကာလမှာ ဘယ်အချိန်ဘာစားတယ် ဘာလုပ်တယ် အဲဒါစားပြီး ထူးခြားမှုတစ်ခုခုရှိမရှိပေါ့။ အိပ်ရင်အိပ်တယ် အိပ်ပျော်ရင်လည်း အချိန်ဘယ်လောက်ကြာကြာအိပ်ပျော်တယ်။ အိပ်မပျော်၊မအိပ်နိုင်ရင်လည်း မအိပ်နိုင်တာ ကန်တော့ပါရဲ့ အပေါ့အလေးသွားတာကအစ ဘယ်လိုအရာတွေလည်းဆိုတာ အထိ လှုပ်ရှားမှု ဖြစ်စဉ်အားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး စာအုပ်ထဲမှာ နေ့စွဲနဲ့တကွ ရေးမှတ်လေ့ရှိပါတယ်။ ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်မေးတဲ့အခါမှာ လိုအပ်တာကိုပြောပြတာပေါ့။

      ကျွန်မတို့ကတော့ ကလေးမဟုတ်တော့ဘူးဆိုတော့ စဖြစ်ဖြစ်ချင်းဆိုရင်တော့ သကြားလေးစားလိုက်တာပဲ ဝမ်းလျှောရပ်သွားတာကိုတွေ့ရပါတယ်။

      Reply

      • Khaing Khaing

        August 30, 2012 at 2:58 pm

        ပန်းစံပါယ်ရဲ့ အဖေက ပန်းစံပါယ်တို့ မိသားစုကို အရမ်းဂရုစိုက်တာပဲနော် …….. အဲလိုမိဘမျိုးဖြစ်အောင် ကြိုးစားနေပါတယ် ………. ကိုယ့်သားသမီးမျက်နှာကြည့်တာနဲ့ ပျော်နေလား စိတ်ညစ်နေလား ဖျားနေလား ဘယ်လိုခံစားနေရလဲဆိုတာကို ချက်ခြင်းအကဲခတ် နိုင်အောင် ရာနှုန်းပြည့်သိတဲ့မိဘဖြစ်ချင်တယ် …… သမီးက ငယ်သေးတော့မသိပေမယ့် … သူ့အဖေကိုတော့ မျက်နှာမြင်တာနဲ့ အကဲခတ်တတ်တယ် …. အဲဒါသူတို့ကို ရင်ထဲကနေချစ်တဲ့ အချစ်နဲ့ခံစားပေးထားလို့လေ ………

        Reply

        • Foreign Resident

          August 30, 2012 at 3:43 pm

          ” သူ့အဖေကိုတော့ မျက်နှာမြင်တာနဲ့ အကဲခတ်တတ်တယ် ”

          ဟယ် ၊ ကြည့်စမ်း ၊ မိန်းမတွေက တယ်တော်တာပဲ ။

  • ရွှေ ကြည်

    August 30, 2012 at 11:23 am

    မခိုင်ခိုင်ရေတော်တော်လေးစိတ်သောကရောက်ရမှာနော်။ မခိုင်ခိုင်ခံစားနေရတာကိုဖတ်ပြီး
    အမေ့ကိုသတိရမိတယ်။

    Reply

    • Khaing Khaing

      August 30, 2012 at 11:33 am

      ရောက်တာပေ့ါ ရွှေကြည်ရယ် ….. အမသမီးလေးက မွေးပြီး ၅ လကစပြီး တစ်လတစ်ခါ ဆေးခန်းပြေးခဲ့ရတာ …. ၂နှစ် ၂လလောက်မှာမှ ဆေးခန်းနဲ့ဝေးခဲ့ရတာလေ ….. အခုသမီးလေးက ၂နှစ် ၈လရှိပြီ ……. ဟိုတစ်လောက ခရီးသွားတုန်းကဆို ရင်တမမနဲ့ သူ့အတွက် ဆေးတွေကိုအစုံကိုထည့်သွားရတယ် …. အစားအသောက်ကို အများကြီးဆင်ခြင်ကျွေးခဲ့တယ် ….. တွေ့ကရာနေရာက မုန့်တွေဝယ်မကျွေးပဲ ထမင်းဆိုင်ရောက်မှ ထမင်းကျွေးအဲလိုဂရုစိုက်ခဲ့ရတာ …….

      Reply

  • Ma Ei

    August 30, 2012 at 12:21 pm

    ကလေးနေမကောင်းဖြစ်ရင် ကိုယ်ကပိုပြီး ခံစားရပါတယ်…
    သူတို့ မဖြစ်ပါစေနဲ့ ကိုယ်တိုင်ဘဲဖြစ်ပါ…
    သမီးလေးခံရမယ့် ရောဂါတွေ ကျမမှာဘဲဖြစ်ပါဆိုပြီး
    ဆုတောင်းမိတယ်မို့လား ခိုင်ခိုင်ရေ…

    Reply

    • Khaing Khaing

      August 30, 2012 at 12:40 pm

      သမီးကိုယ်ပူပီဆိုတာနဲ့ ညီမကတော့ မစားနိုင်မသောက်နိုင်ဖြစ်တော့တာပဲ …….. ညဘက်ဆိုလည်း အိပ်လို့ကိုပျော်တော့ဘူး …… သမီးလေးသက်သာမှသာ စိတ်ချလက်ချအိပ်နိုင် တော့တာပဲ …….. ထူးဆန်းတာတစ်ခုက ၁လတစ်ခါ နေမကောင်းဖြစ်လိုက် ချူချာတဲ့ညီမက သမီးလေးမွေးပီးကတည်းက ဘာရောဂါမှမဖြစ်တော့ဘူး ……. ဇောကြောင့်ပဲလားမသိပါဘူး …..

      Reply

  • P chogyi

    August 30, 2012 at 12:24 pm

    ကလေးက ၁ နှစ်နဲ့ ၂ လ ဆိုတော့ နို့တိုက်နိုင်သေးတဲ့အရွယ်ပဲ။
    မိခင်ကြောင့်လဲ ဝမ်းသွားနိုင်ပါတယ်။
    မိခင်နို့ကြောင့်မဟုတ်ဘူးဆိုရင်လဲ မိခင်နို့တိုက်ရင် ဝမ်းသွားတာနည်းတယ်လို့
    ကြားဖူးတယ်။ ကလေးအရွယ်တော့မသိဘူး လူကြီးဆိုရင်တော့ အုန်းစိမ်းရေ
    တိုက်လို့ရတယ်လို့ ကြားဖူးပါတယ်။
    များသောအားဖြင့် ဓာတ်ဆားတိုက်ရင် ဝမ်းသွားသက်သာတာများပါတယ်။
    ကိုယ်တွင်းအပူရှိန်များပြီးလည်း ဖြစ်တတ်ပါတယ်။
    ဓာတ်ဆားအသောက်များလို့ ဆိုတာတော့ အခုမှကြားဖူးတာပါ။

    Reply

    • Khaing Khaing

      August 30, 2012 at 12:42 pm

      P chogyi ရေ …… အခုကကိုယ့်တွေ့ ကိုယ်တွေ့ ဓာတ်ဆားအသောက်များ ဆားဓာတ်လွန်ပြီး ဖြစ်သွားတာလေ ……. အပေါ်မှာ အူးဂီရေးပြရှင်းပြထားတာလေးကို ဖတ်ကြည့်ရင် ရှင်းသွားပါမယ် …….. ညီမကတော့ သူ့လောက်သိပ်မရှင်းပြတတ်လို့ အကြမ်းဖျင်းပဲ သတိမူစရာ လေးကို ရေးတင်လိုက်တာပါ ………

      Reply

  • kotun winlatt

    August 30, 2012 at 2:55 pm

    ဒဒိထားရမယ်ဗျ….
    တော်ကြာ..ကိုအံစာကြီးပြောသလို…ဟီဟိ..
    ဟိုဟာမပြုရသေးပဲ..ဟိုဒင်းးးဖစ်သွားးမှ…ဟုတ်ပေ့ဖြစ်နေဦးမယ်…
    ဒါနဲ့ အံတီခိုင် သမီးလေးကို ဂရုစိုက်နော်…..

    Reply

    • Khaing Khaing

      August 30, 2012 at 3:05 pm

      ဟမလေး ….. ကိုယ့်အသက်ကိုနှမြောနေကြတယ် …… လူကြီးတွေက ဝမ်းလျှောရင် မျက်တွင်း လေးကျ ကိုယ်ရေစစ်လောက်နဲ့ပြီးသွားပါတယ် ….. မပူနဲ့ ……. အဲလိုမှမရရင် လက်ဖက်ရည်ကျကျသာသောက် လက်ဖက်ခြောက်များများခပ်ပြီး ရေနွေးကြမ်းသောက် ……. အဲလိုမှ မသက်သာရင် ကိုကျော်သူကိုသာ ဖုန်းဆက်လိုက် …….. ခစ်ခစ်ခစ်

      Reply

  • နေဝန်းနီ

    August 30, 2012 at 8:14 pm

    တီတီခိုင် …. ။ တားက ဝမ်းချုပ်နေတာဗျ…။ ဘာသောက်ရမှာလဲဟင် ဟင် ပြောဦးနော် 😛 😛

    Reply

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:10 am

    မှတ်သားထားလိုက်ကြောင်းပါခင်ဗျား

    Reply

Leave a Reply

Your email address will not be published.