weiweiSeptember 13, 20121min019
မျှစ်ကို အစိမ်းအတိုင်း ငပိစိမ်းစားနဲ့ အစပ်ချက်စားလေ့ရှိတဲ့ ရခိုင်အကြိုက်ဟင်းတစ်မျိုးဖြစ်ပါတယ်။ ဟင်းချက်နည်းကို အသေးစိတ်မရေးတော့ပဲ ဟင်းတစ်ခုအနေနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ မိုးရာသီမှာမှ ဝယ်လို့ရတဲ့ မျှစ်အနုလေးတွေကို ပုဇွန်၊ ငရုတ်သီး၊ ငပိစိမ်းစားတို့နဲ့ ရခိုင်စတိုင် ခပ်စပ်စပ်ချက်တဲ့ဟင်းက မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ်။ မျှစ်အရသာကို ပကတိအတိုင်း ခံစားလို့ရတာမို့ မျှစ်ကြိုက်တဲ့သူတွေ ချက်စားလို့ရအောင် မိုးရာသီမကုန်ခင် ကြော်ငြာပေးလိုက်ခြင်းဖြစ်ပါတယ် … မျှစ်ကို ရခိုင်လို ဝါးတုတ်လို့ခေါ်ပါတယ်။ ဝါးတုတ်ဟင်းပေါ့ … အဝိုင်းသေးသေးလေးတွေလှီးပြီး ရေစိမ်ထားလိုက်ပါတယ်။ ကြက်သွန် အဖြူအနီ ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ပြီးတော့ ငရုတ်သီးအစိမ်းမှုန့်ထည့်တယ်။ ပုဇွန်ထည့်တယ်။ ရေဖျော်ထားတဲ့ရခိုင်ငပိစိမ်းစားနဲနဲထည့်တယ်။ စပ်ချင်လို့ ငရုတ်သီးစိမ်းကိုလဲ ထောင်းထည့်လိုက်ပါတယ်။ ခဏလောက် ပုဇွန်ကျက်အောင်လုပ်ပြီး မျှစ်တွေကိုထည့်ချက်ပါတယ်။ မျှစ်က အစိမ်းမို့လို့ နူးသွားအောင် ရေနဲနဲထည့်ပြီး အဖုံးပိတ်ကာ မိနစ် ၂ဝ […]


poochSeptember 13, 20121min055
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မနက်ခင်းတခုမှာ အိပ်ရာကစောစောစီးစီးနိုးလာခဲ့ပါတယ်။ အမေရယ် ဦးကြီးရယ် အဒေါ်ရယ်တို့ကို အိမ်ကိုဆွမ်းခံကြွလေ့ရှိတဲ့ ထိုင်ကိုယ်တော်ဆီက သီလပေးသံတောင် ကြားနေရပါသေးတယ်။ မင်္ဂလာရှိတဲ့ မနက်ခင်းတခု လို့မှတ်ယူပြီး ကိုယ်လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပဲ လုပ်စရာရှိတာ လုပ်ပြီး အောက်ထပ်ဆင်းလာခဲ့ပါတယ်။ ဝါတွင်းဥပုသ်နေ့ဆို အလုပ်ပိတ်ရက်လည်းဖြစ် လူကြီးတွေ လည်း ဥပုသ်စောင့်တာမို့ အိမ်က လိုအပ်တာထက် ပိုပြီး တိတ်ဆိတ်နေလေ့ရှိပါတယ်။ ဒီလိုနေ့မျိုးမှာဆို တခါတရံ မီးဖိုချောင်ထဲ ကိုယ်စိတ်ပါတာကို ညီမတတွေ လုပ်စားတတ်ပါတယ်။ ဒီနေ့တော ညီမတွေလည်း မရှိတာမို့ တယောက်ထဲ cup cake လုပ်စားမယ်ဆိုပြီး ခေါက်ဆွဲစားပြီးတာနဲ့ စပြင်ပါတော့တယ်။ ကိုယ်က လုပ်နေကျလည်း မဟုတ် သင်တန်းတက်ဖူးတဲ့ ညီမလည်းအိမ်မှာ မရှိတာမို့ စမ်းတဝါးဝါးနဲ့ စာအုပ်ကြည့်လုပ်ပါတယ်။ တယောက်ထဲပဲ စားရမယ်ဆိုပြီး ဂျုံပမာဏကို […]


ပန်း စံပါယ်September 11, 20121min037
အားလုံးပဲ မင်္ဂလာပါရှင်… စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်ဆုတောင်းမေတ္တာပို့သပါတယ်ရှင်။ အခုဆိုရင် ကျွန်မဘာကိစ္စပဲရှိရှိ တစ်ခုခုဆိုရင် ဒီရွာလေးကိုပဲ ပြေးပြီးသတိရမိပါတယ်ရှင်။ ဒီရွာလေးက ကျွန်မအတွက် တိုင်ပင်ဖော် အကြံပေးဖော်လိုပါပဲ။ ဒါကြောင့် ကျွန်မရဲ့ ဒုတိယမြောက်ပို့စ်လေးကို တင်လိုက်ခြင်းဖြစ်ပါတယ်ရှင် (ဒုတိယမြောက် မေးခွန်းလေးဆိုရင် ပိုမှန်မယ်ထင်ပါတယ်ရှင်)။ ကားတို့ သင်္ဘောတို့ မူးခြင်းကို ခံစားကြရတဲ့သူတွေအတွက် မသိသေးသူတွေအတွက် သိသင့်တာတွေကို သိစေချင်တာလည်း ပါပါတယ်ရှင်။ နေ့စဉ်နဲ့အမျှ မြို့တွင်း နယ်ဝေးကို ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် အသုံးပြုပြီး သွားလာနေကြတဲ့ ခရီးသွားများ ကားပေါ်၊ သင်္ဘောပေါ်မှာ…….. မူးကြတာတွေ(တချို့က ကားတောက်တယ် လို့ ပြောကြပါတယ်) အဲဒီလိုမူးလို့ အံကြတာတွေကို တွေ့ဖူး၊ မြင်ဖူး၊ တစ်ချို့ကိုယ်တိုင်ခံစားဖူးကြမှာပါ။ ကျွန်မကတော့ ကား၊ သင်္ဘောမူးတယ်ဆိုတာ(ကား နဲ့ […]


weiweiSeptember 11, 20121min029
အော်ကေ့ကြည့်မုန့်ကို ငယ်ငယ်လေးထဲက ကြိုက်နှစ်သက်ပါတယ် … တရုတ်တန်းဘက်မှာ မကြော်ရသေးတဲ့ ပေါင်းပြီးသားမုန့်ကိုဝယ်ပြီး အိမ်ရောက်မှ ကြော်စားလေ့ရှိပါတယ် … ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ်လို့ တစ်ခါမှ မစဉ်းစားဖြစ်ခဲ့ဘူး။ အခုတလော ဈေးပတ်ဝန်းကျင်မှာ ရွှေဖရုံသီးနဲ့လုပ်တဲ့ အော်ကေ့ကြည့်ကို တွေ့နေရတော့ မုန်လာဥနဲ့လုပ်တဲ့အရသာကို ပိုကြိုက်တဲ့အတွက် မုန်လာဥနဲ့လုပ်စားကြည့်ချင်စိတ်ပေါ်လာပြီး ဘယ်လိုလုပ်ရမလဲလို့ ချက်နည်းပြုတ်နည်းစာအုပ်တွေမှာရှာကြည့်မိတယ်။ သိပ်လွယ်တဲ့ နည်းလေးမို့ ကျွန်မကိုယ်တိုင် လုပ်စားရင်း နည်းလမ်းမျှဝေပေးလိုက်ပါတယ် … ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ ဆန်မှုန့် (မွှေးဆန်မှုန့်) တစ်ထုပ် ကော်မှုန့် …… ဟင်းခတ်ဇွန်း ၅ ဇွန်းမောက်မောက် မုန်လာဥ …… အစည်းသေးတစ်စည်း (၁၅ ကျပ်သားခန့်) ဆား ……… လက်ဖက်ရည်ဇွန်း ၂ ဇွန်း သကြား …… လက်ဖက်ရည်ဇွန်း ၁ ဇွန်း […]


မျက်စိစွေတာကို ဟိုယခင်တုန်းကတော့ ခပ်ပေါ့ပေါ့သာ သဘောထားခဲ့ဖူးပါတယ်။ ကျွန်မ သမီးလေးမွေးတော့ ကလေးက မွေးရာပါ မဆိုစလောက်ကလေး မျက်စိစွေနေခဲ့တယ်။ အိမ်နီးပါးချင်းတွေက ကလေးကြီးလာရင် အလိုလိုပျောက်ကင်းသွားမယ်လို့ အားပေးခဲ့တာကတစ်ကြောင်း၊ နေတာက နယ်မြို့ကလေးဆိုတော့ မျက်စိအထူးကုဆရာဝန် မရှိတာကတစ်ကြောင်း၊ ပေါ့ဆတာကလည်းတစ်ကြောင်း၊ ဒီလိုနဲ့ ကလေး အသက် ငါးနှစ်ပြည့်ချိန်အထိ ဆရာဝန်မပြခဲ့မိပါဘူး။ စိတ်ကိုလှည့်စားဖို့အတွက်များ ဖန်တီးနေခဲ့သလား အောက်မေ့ရအောင် ကလေးမျက်စိဟာ တော်ကြာကောင်းသွားလိုက်၊ တော်ကြာစွေလိုက်နဲ့ အမျိုးမျိုးအထွေထွေ ဖြစ်နေခဲ့တယ်။ မျက်ခွံပေါ်ကနေ သံပုရာသီးနဲ့ လှိမ့်ပေးရတယ် ပြောကြလို့ နှစ်ပေါက်အောင် သံပုရာသီးနဲ့ လှိမ့်ပေးခဲ့တယ်။ မနက်မနက်ဆိုရင် မျက်စိလေ့ကျင့်ခန်းဆိုပြီး ကလေးကို မျက်လုံးကစားခိုင်းခဲ့တယ်။ ဘယ်လိုပဲလုပ်လုပ် ကလေးမျက်စိဟာ စွေချိန်ကြာမြင့်ခဲ့ပါပြီ။ ကလေးရဲ့ အဖွားက မနေနိုင်တော့ဘဲ ရန်ကုန်ကမျက်စိအထူးကုဆရာဝန်ပြဖို့ စုံစမ်းပြီး နယ်မှာနေတဲ့ ကျွန်မတို့ သားအမိသားအဖ သုံးယောက်ကိုလှမ်းခေါ်၊ […]


ခင္ခSeptember 10, 20121min025
အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။ xxx စိတ်ညစ်လို့ အရက်ကိုသောက်တယ် xxx အရက်သောက်တော့ စိတ်ပိုညစ်တယ် xxx အကြောင်းရှာတော့ xxx ခေါင်းမှာ ချာ ချာ လည် xxxx တစ်ခုဘဲသိတယ် xxxx လောကကြီးမှာ xxx ပိုက်ဆံမရှိရင် အော့ အေ့ xxx မျက်နှာငယ် xxxx ဂုဏ် ဂုဏ် ဂုဏ် xxx ဂုဏ်ဆိုတာငွေကိုခေါ်တယ် xxx ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ် ——————။ ဒီနေ့ ခင်ခတစ်ယောက် မနက်နိုးထလို့ မျက်နှာလေးသစ်ပြီး အိမ်ရှေ့တံခါးဖွင့်လိုက်တာနဲ့ မနက်စောစောစီးစီး အခြေအနေမှန်နေတဲ့ အရက်အမူးသမားနှစ်ယောက် အိမ်ရှေ့လမ်းပေါ်က ဖြတ်လျှောက်သွားရင်း ဆိုသွားတဲ့ သီချင်းလေးကိုကြားလိုက်ရတာလေ။ အဲဒီမှာဘဲ အတွေးရလာပြီး တိုလီမိုလီစာပေစုထဲက သိချင်တာလေးတွေ ရှာရတာပေါ့။ […]


kotun winlattSeptember 7, 20125min016
        “မောင်လေး မမအတွက် ခေါင်းကိုက်ပျောက်ဆေးဝယ်ပေးဦး” မမကြီးမှ အိမ်တွင်ရှိသော အထွေးဆုံးမောင်အား ဈေးဝယ်ခိုင်းခြင်းဖြစ်သည်။ မောင်နှမ လေးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်သာ ပါသောကြောင့် မိသားစု၏ အလွန်ချစ်ခြင်းခံရသည်။ မမကြီး၏ ခိုင်းစေချက်ကြောင့် ဈေးဝယ်သွားရန် ဆိုင်ကယ်ပေါ် တက်ခွနေသော မောင်လှထုံအား         “နေဦး မောင်လေး ခေါင်းကပ် ပလာစတာပါ ဝယ်ခဲ့နော်” ထိုစကားကြောင့်         “ခေါင်းကပ်ပလာစတာလား အနာကပ်ပလာစတာလား” မောင်လှထုံမှ သေချာရန် ထပ်မေးသည်။ မမကြီးကလည်း သေချာပြန်ဖြေလိုက်ပါသည်။ ခေါင်းကပ်ပလာစတာပါ။ မောင်လှထုံမှလည်း ဝယ်လာခဲ့ပါသည်။ ခေါင်းကပ်ပလာစတာပဲ ဖြစ်ပါသည်။သို့ပေမယ့် ခေါင်းကိုက်ပျောက်ဆေးကဖြင့် ပါမလာတော့ပါ။ တစ်ခုမက […]


may flowersSeptember 6, 20121min010
ကဲ..ဒီနေ့တော့ အိမ်မှာချက်စားဖြစ်တဲ့ ငါးဟင်းဖက်ဖယ်ရွက် ချဉ်စပ်ဟင်းလေးကို ရွာသူားတွေကို လည်းကျွေးချင်လို့ ..မိုးအေးအေးမှာ အရည်စပ်စပ် ချဉ်ငန်စပ် ငါးဟင်းလေးနဲ့ ဆိုတော့ခံတွင်းတွေ့မှာ သေချာပါတယ်နော်..။ဆီပြန်တွေ၊ အကြော်ဟင်းတွေ စားရတာအီလာလို့ရင်လည်း ဒီလိုဟင်းလေးတစ်ခွက်က ကျန်းမာ ရေးနဲ့လည်း ပြည့့်စုံ၊ အဟာရလည်း ပြည့်စုံပြီး ထမင်းစားမိန်မှာ ကျိန်းသေးပါပဲလို့…။ ကဲ စချက်ကြရအောင်- လိုအပ်တဲ့ ပစ္စည်းတွေကတော့ -ငါး   – ၃ဝသား ခန့် – ကြက်သွန်နီ ဥကြီး သုံးဥ – ကြက်သွန်ဖြူ ၈ မွှာ – ရှမ်းနံနံ (တစ်စည်း) – ပင်စိမ်း (တစ်စည်း) – ဖက်ဖယ်ရွက် (တစ်စည်း) – မရမ်းပြားခြောက် =ဆယ်ပြားခန့်  ( မရှိပါက ဟင်းကျက်သွားမှ သံပုရာသီး တစ်လုံးခန့်အရည်ညှစ်ထဲ့ပါ) […]


ခင္ခSeptember 4, 20121min025
ရေတစ်ခွက်တော့ သောက်ပေးပါအုံးလို့။ ကျောင်းဆရာတစ်ဦး ပင်စင်ယူခါနီးမှ မနက်အတန်းချိန်အစောရှိလို့ ရေချိုးမသွားဘဲ နေ့လယ်ထမင်းစားပြန်မှ ရေချိုးတော့မည်ဆိုကာ ဇနီးသည်ကိုပြောပြီး စာအုပ်တွေပိုက်လို့ သသုတ်ကရက်ထွက်သွားခဲ့တယ်။ တက္ကသိုလ်ထဲမှာဘဲ ဝန်ထမ်းအိမ်ရတာမို့ ကျောင်းစာသင်ခန်းနဲ့ နေတဲ့အိမ်ကို လမ်းလျောက်ပြီးသွားတဲ့ အလေ့ရှိနေပြီးသားဖြစ်နေတယ်။ နေ့လယ် ၁၂ နာရီ အတန်းချိန်တွေပြီး နေ့လည်စာ စားဖို့အိမ်ပြန်လာခဲ့ရာ နေကလည်းပူ၊ အပြေးလေးလျောက်လာလို့ ချွေးတဒီးဒီးကျနေပြီး အိမ်ရောက်တော့ ခါတိုင်းလိုဘဲ ထမင်းခူး ထားလိုက် ရေအရင်ချိုးလိုက်အုံးမယ်ဆိုကာ ရေလဲပိုင်းလဲလို့ အိမ်နောက်ဘက်ရှိ ရေချိုခန်းသို့ထွက်သွား လိုက်သည်။ ဇနီးဖြစ်သူက ထမင်းပွဲပြင်ပြီး၍ ရေသုတ်ရန် တဘက်လိုက်ပေးရင်း ရေချိုခန်းနားစောင့်နေရာ  အတော်ကြာသည်အထိ ထွက်လည်းမလာ ရေလောင်းသံလဲမကြားလို့ စေ့ထားတဲ့တံခါးကို အသံပြုရင်းတွန်းပြီး ဝင်လိုက်တော့ ရေချိုးခန်းထဲမှာ လဲကျနေတဲ့ခင်ပွန်းသည် ဆရာကြီးကိုတွေ့ရတာဘဲလေ။ ထိုနေ့ နေ့လည်စာ ထမင်းကို ထိုဆရာကြီးမစားသွားရရှာပါတယ်။ နောက်တစ်ယောက်က တိုင်းရင်းဆေးသိပံ္ပကျောင်းမှာ […]


NovySeptember 4, 20122min032
မနေ့ကရွာထဲကို ဝင်လို့ကိုမရဘူး ဒီနေ့ ဝင်လို့ရတော့ ပြေးလွှားပြီး ဝင်ကြည့်လိုက်တယ် တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ပါလား ထမင်းစားချိန်တောင်ကျော်နေပြီ အူမတောင်မ အလုပ်ဖြစ်မှာ DJ Novy ချက်ထားတာလေးတွေစားလိုက်ကြအုံး ရော့အင့်စား ကိုင်းခရမ်းချဉ်သီးငါပိချက် ပုဇွန်အစိမ်းထောင်း နဲ ငပိစိမ်းစားကို ရေဖျောထားတာ ကိုင်းခရမ်းချဉ်သီးပြုတ်   ပင်စိမ်း/ငရုပ်သီစိမ်းနဲ့ ကြက်သွန်ဖြူ/နီ ကဲချက်လိုက်ပြီ ကြက်အာလူးဆီပျံ ဝက်ဂုတ်သားချက် ခရမ်းချဉ်သီးချက်နဲ့ တို့စရာစုံ ခဝဲသီးနဲ့ကြာဇံကို ပုဇွန်စိပ်လေးနဲ့ချက်တဲ့ဟင်းချို မိန်မိန်လေးစားနော်      


အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်… အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်… အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ […]


Sugarpova သကြားလုံးအသစ် ဈေးကွက်ထဲ ရောက်လာပါပြီ။ သကြားလုံးနှစ်သက်သူ ရှာရာပိုဗာကြောင်ကြီး နာမည်ပေးထားတာမို့ နာမည်နဲ့ကုန်ပစ္စည်း သိပ်လိုက်ဖက်ပါတယ်။ ရွာထဲမှာ ကြေးမုံဂျီးလို့ ကြားလိုက်ရရင် ရွာသားများ ကြက်ဟင်းခါးသီးနဲ့ တမာရွက် သွားမြင်ကြသလို နေမှာပါပဲ။  နိုက်ကီနဲ့ ကိုးဟန်း အမှတ်တံဆိပ် ဖက်ရှင်ဒီဇိုင်း ပစ္စည်းများအတွက် ရှာရာပိုဗာဂလေး ကြော်ငြာပေးနေခဲ့ပေမဲ့ အခုသကြားလုံးလိုတော့ အစကနေအဆုံး ပါဝင်ထားတာ မဟုတ်ပါဘူး။ ရှာရာဂလေးခမျာ သကြားလုံး ဈေးကွက်ထဲရောက်ဖို့ အစကနေအဆုံး ၁၈လတိတိ အချိန်ပေးခဲ့ရပါတယ်။ သူ့အတွက် ကိုယ်ဝန်နှစ်ခါ (ဦးကြောင်နဲ့တခါ၊ အောင်ကြူးနဲ့တခါ) ဆောင်ခဲ့ရသလိုပါလို့ ဟာသလုပ် ပြောပါတယ်။ သူမနဲ့တွဲဖက် စီးပွားလုပ်ရောင်းချမည့် ကမာ္ဘတလွှား နေရာ၄ဝ ဆိုင်ခွဲများဖွင့်လှစ် ရောင်းချနေတဲ့ It’Sugar  လက်လီအရောင်းဆိုင်ထဲက sugerpova သကြားလုံး ၁၂မျိုးရှေ့မှာ တနင်္လာနေ့က ရှာရာပိုဗာလေး မတ်တပ်ရပ် […]


the bestSeptember 4, 20121min01
    မျက်စိရောဂါ လူနာများအတွက် သတင်းကောင်းလေးကို ထပ်ဆင့် မျှဝေ ကုသိုလ် ယူကြပါလို ့ မျှဝေလိုက်ပါတယ်။