Mon LayOctober 8, 20121min01
  နိုင်ငံအနှံ့တွင် အလွယ်တကူ ဝယ်ယူ စားသုံးနိုင်သော သဘာဝ သီးနှံ အမြောက်အများ အနက်မှ လူသားတို့ အတွက် ဘက်စုံကောင်းမွန်သော အသီး တစ်မျိုးမျိုးပြပါ ဆိုလျင် လိမ္မော်သီးလည်း သည် မပါမဖြစ် ပါဝင် သင့်သော အသီး တစ်မျိုးဟု ထင်သည်။ ထို့ကြောင့် လိမ္မော်သီးနှင့် ပတ်သက်၍ အကျိုး ဖြစ်ထွန်းနိုင် သော အချက်များကို ဖော်ပြရေးထားသော ကျန်းမာရေးဆောင်းပါး တစ်ခုမှ လက်ဆင့် ကမ်းတင်ပြလိုက် ပါသည်။ လိမ္မော်သီးသည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော် အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော် ဟူ၍လည်း တွေ့ရသည်။ လိမ္မော်သီးကို မြန်မာ့ အစားအစာ၏ အာဟာရဘက်က ကြည့်လျှင် လိမ္မော်သီး အလေးချိန် (၁၀၀)ဂရမ် […]


Ma EiOctober 4, 20121min029
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့လည်မှာ သက်သတ်လွတ် ကော်ပြန့်စိမ်း လုပ်စားဖြစ်တာလေး မျှဝေဦးမယ်နော်… ကော်ပြန့်ရွက်ရရင် အလွယ်တကူပြုလုပ်နိုင်ပါတယ်…အရွက်ကတော့ ထုံးစံအတိုင်း ဝယ်တာပေါ့နော်… အဓိကက အဆာပါ…ကြက်သား၊ဝက်သားတို့လည်းထည့်နိုင်ပြီး၊သက်သတ်လွတ်စားချင်ရင် အသားမထည့်ရုံပါဘဲ။ အဆာထဲမှာ… 1.ဂေါ်ဖီထုပ် 2.ဂေါ်ဖီပန်းပွင့် 3.မုန်ညင်းဖြူထုပ် 4.မုန်လာဥနီ 5.ပဲပြား 6.မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား စတာတွေထည့်ပါတယ်…   သက်သတ်လွတ် ကော်ပြန့်စိမ်း အဆာ အတွက်ပြင်ဆင်ပါမယ်… -1.ကနေ 4 အထိ အသီးအရွက်တွေကို ရေစင်စင်ဆေး၊ပါးပါးလှီး၊ရေထပ်ဆေး ပြီး ဇကာလေးနဲ့ စစ်ထားလိုက်ပါတယ်။ -ပဲပြားကို အတုံးသေးလေးများတုံးထားပါတယ်။ – မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား တွေကို နာရီဝက်လောက် ရေစိမ် ဆေးကြောပြီး ပါးပါးလှီး လိုက်ပါတယ်။   အားလုံးအဆင်သင့်ဖြစ်ရင်….. -ဆီအနည်းငယ်နဲ့ ပဲပြားတုံးလေးများကို ကြော်ပါမယ်၊ မာမာလေးဖြစ်လောက်ရင် အသီးအရွက်တွေနဲ့ မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား လှီးထားတာတွေကို ထည့်လို့ အနေတော်လေးကြော်ပါမယ်။ […]


ခင္ခOctober 2, 20121min011
ပါရာစီတမောဆေး နဲ့ ကလေး လူရွယ် အသွယ်သွယ်အတွက်။ ကလေးတွေနေထိုင်မကောင်းကြဘူးဆိုရင် အသုံးအများဆုံး တိုက်ကျွေးမှုအများဆုံးသော ဆေးဟုဆိုလို့ရတာ က ပါရာစီတမောဆေးပါဘဲလေ။ ဒါပေမယ့် ကလေးဆိုတဲ့ သဘာဝအရ ဆေးကို ကလေးကသူ့ဖာသာ ပါရာစီ တမောသောက်မယ်လို့ဆိုပြီး ယူသောက်ခြင်းထက် မိဘ သို့မဟုတ် လူကြီးက သောက်စေ ချင်လို့၊ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားလို့ သောက်ဖြစ်ကြတာများမယ်ထင်ပါတယ်၊ အဲဒီလိုဆိုရင် ပါရာစီတမောဆေးရဲ့ အကျိုး အပြစ်လေးများ ဗဟုသုတ အနေနဲ့ သိထားကြရင်ဖြင့် ကလေးကိုတိုက်ကျွေးတဲ့အခါ အသုံးများဝင်လေမလား လို့တွေးမိတာကြောင့် ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဆေးပညာ စာပေထဲက ပြန်လည်ရေး သာ ဝေမျှပေးပါရစေလို့။ ဖျားတဲ့အခါတိုင်း ပါရာစီတမောဆေးတိုက်ဖို့လိုသလား၊ ကလေးဖျားတာသည် ကလေး၏ ရောဂါပြီးစနစ်က ရောဂါကို ပြန်တိုက်နေသည် ဆိုသည့်လက္ခဏာ ပင်ဖြစ်ပါသည်၊ တစ်ချို့ ကလေးဖျားတာကို ပါရာစီတမော […]


အာဂSeptember 27, 20121min035
ကျွန်တော်တို့ နယ်စည်းမခြား ဂေဇက် အရက်မသားသမဂ္ဂဝင်တွေ နည်းနည်းများ ငြိမ်နေကျလားလို့ စိုးရိမ်စိတ်တွေများ ပြီးအိပ်မပျော်တဲ့ရက်တွေများခဲ့ပါဘီ။ ဒါကြောင့် သမဂ္ဂဝင်များ အတွက် အိမ်မှာလုပ်ပြီးသောက်လို့ရအောင်လို့ နည်းတစ်နည်းပေးပို့လိုက်ပါတယ်။ အပူပိုင်းဒေသထွက် အသီးတစ်မျိုးလည်းဖြစ်သလို အသီးမှာသရက်ဆိုတဲ့ စကားနဲ့အညီ သရက်သီးနှင့်ပြုလုပ်တဲ့ Cocktail အဖျော်ယမကာ တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ Mexico နိုင်ငံ၏ နာမည်ကြီး ကျော်ကြားသော Tequila (တကိလာ) အရက်ကို များသောအားဖြင့် ဆားနှင့် သံပရာသီးကိုသာ တွဲဖက်သုံးဆောင်ကြသော်လည်း ယခုTequila (တကိလာ) အရက်ကို သရက်သီးနှင့်အတူ တွဲဖက်ရင် ဘယ်လောက်စွဲမက်ဖွယ်ကောင်းပြီး အနံ့အရသာနှင့် ပြည့်စုံတယ်ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရင် . . . ကျွန်တော် ရေးပြနေတာထက် ပိုပြီးသိမှာပါ။ ပါဝင်မှု – • Tequila(Mexico) – 45 ml […]


နွယ်ပင်September 26, 20121min035
အခုတစ်လော ထမင်းစားရတာ စားမကောင်းလို့ အလုပ်က သူငယ်ချင်းတွေ စုပြီး ချဉ်ငံစပ်လေး တစ်ခုခု ချက်စားကြရအောင်ဆိုပြိး စဉ်းစားတော့ လွယ်လွယ်နဲ့ သိပ် ကိရိကထ သိပ်များနဲ့ “ပုဇွန်အစိမ်းသုပ်နဲ့ တုံယမ်းဟင်းရည်” လေးချက်စားဖြစ်ကြတယ် ဒါနဲ့ ရွာသူားတွေလည်း သားရည်ယိုအောင် အဲ ဟုတ်ပါဘူး :hee: စားစေချင်လို့ တင်ပေးလိုက်ပါတယ်နော် … စားချင်စဖွယ် ပုစွန်အစိမ်းသုပ်လေးပါ …. ပုစွန်အစိမ်းသုပ်မယ်ဆိုရင်တော့ ဗနီကာရယ် ကြက်သွန်နီရယ် ငရုသီးစိမ်းရယ် နံနံပင်ရယ် သံပုရာသီးနဲ့ ဟင်းခတ်မှုန့်တို့လိုအပ်ပါတယ် ။ အရင်ဆုံး ပုဇွန်တွေကို အခွံခွာပြီး ဗနီကာရည်လေးနဲ့ မိနစ်အနည်းငယ်စိမ်ပါတယ် ။ ပုစွန်လေးတွေ နည်းနည်း အနီယောင်သန်းလာပြိဆိုရင်တော့ ဆယ်လို့ရပါပြီ ပြီးရင်တော့ ကြက်သွန်နီပါးပါးလှီး ငရုပ်သီးစိမ်းပါးပါးလှီးကာ သံပုရာသီးလေး ညှစ်လို့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ကာ နောက်ဆုံးမှာတော့ […]


ခင္ခSeptember 24, 20121min048
ကလေးရှိသော မိခင် နှင့် ဝန်းကျင် အတွက်ရေးဖြစ်တာပါ။ တစ်ခါတလေ ကလေးတွေ နေမကောင်းဖြစ်တတ်တယ် ဒါမှမဟုတ် ကျန်းမာရေးခေတ္တချို့တဲ့တာတွေဖြစ် တတ်တယ်လေ၊ အဲဒီအခါမှာ ဆေးခန်းဆရာဝန်ဆီ အကယ်လို့ချက်ချင်းမသွားနိုင်သေးခင် မိမိအိမ်မှာ လောလောဆယ် ကုသဖို့ လိုတာတွေရှိတတ်သလို သတိပြုပြီး ဆေးရုံ၊ဆေးခန်းသွားရတာတွေရှိတာမို့ အဲဒီ ကျဘာ လုပ်လို့လုပ် ရမှန်းမသိဖြစ်နေတတ်တဲ့သူတွေအတွက် ကျွန်တော်ဖတ်ဖူးတဲ့ စာပေတွေထဲကမျှဝေပါရ စေနော်။ တစ်နှစ်အောက်ကလေးများလေထိုးလျှင် – တစ်နှစ်အောက်ကလေးများလေထိုးတာ ရောဂါမဟုတ်ပါ၊ ကလေး တိုင်းဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ဂရိုင်းမက်ချာ၊ ဆီမက်သာကုန်း အစရှိတဲ့လေဆေးတွေဟာ ကလေးအတွက် အခန့်မသင့်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုပြီးဖြစ်နိုင်သလို တစ်ချို့ရင်လူးဆေး လူးပေးကြပါတယ် တစ်နှစ် အောက်အရွယ်မို့ ကလေးရဲ့ အသားအရေဟာနူးညံနေတတ်တာမို့ ရင်လူးဆေးအတိုင်းအဆကြောင့် ဓာတ်မ တဲ့ဘဲ အပူလောင်တတ်တာကိုလည်း သတိပြုပေးပါ၊ နေကောင်းနေတယ် ကိုယ်ပူမရှိဘူးဆိုရင် ရေနွေးနွေးလေး […]


ခင္ခSeptember 19, 20121min029
ကလေးလေးက ဝဝကစ်ကစ်လေးနော်။ အဲလိုမျိုးပြောကြရင် မိဘများကိုယ့်ကလေးက ဖွံဖြိုးတယ်ဆိုပြီးကျေနပ်လို့ ပြုံးလို့ဗျာ။ ကဲ ခင်ခရဲ့ ထုံးစံအတိုင်း ကျန်းမာရေးအမြင်နဲ့  ရေးလိုက်အုံးမယ် ဖတ်ဖူးတဲ့တိုလီမိုလီစာပေထဲကပေါ့။ ကလေးတွေ ဖွံဖြိုးတယ် ဝတယ်ဆိုတဲ့နေရာမှာ သင့်သင့်သောဖွံဖြိုးမှု၊ ဝမှုဘဲဖြစ်သင့်ပါတယ်၊ အဝလွန်ရင် ပြဿနာ ရှိနိုင်ပါတယ်၊ ကလေးဘဝက အဝလွန်ခြင်းဟာ လူကြီးဘဝအထိ အဝလွန်ဖို့ကိုအားပေးနိုင်ရုံမက ကုရခက်ပြီး တသက်လုံးဆေးစားရမယ့် ရောဂါများ၏ အစလည်းဖြစ်နိုင်လို့ပါဘဲ၊ သေချာပေါက်ပြောလို့ ရနိုင်တာက အဝလွန်တဲ့ခလေးတွေဟာ သွေးတိုးရောဂါကို စောစီးစွာရစေမှာဖြစ်နိုင်ပါတယ်၊ ဆန်းစစ်ချက်များ အရ ၁၉၉၁ ခုနှစ်မှာ တရုတ်လူမျိုး ၁၀ဝ တွင် ၁၁.၃ ယောက် သွေးတိုးရောဂါရှိရာမှ ၂၀၀ဝ ပြည့်နှစ်မှာတော့ ၂၇.၂ ယောက်ဖြစ်လာပါတယ်တဲ့၊ တစ်ပြိုင်နက်တည်း မှာပင် တရုတ်ကလေးငယ်တွေ၏ အဝလွန်နှုန်းဟာ ကျောင်းမနေခင် အရွယ်တွင် ၃၁.၇% နှင့် […]


may flowersSeptember 19, 20121min026
ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ မွန်မျှစ်ပေါက်ဟင်း ချက်စားကြမယ်လေနော်။ ချက်ရတာကလည်း တိုင်းရင်းသားရိုးရာဟင်းမို့ အရမ်းကို လွယ်ကူရိုးရှင်းလှပါတယ်။  မွန် မျှစ်ပေါက်ဟင်းအတွက်လိုအပ်တဲ့ အမယ်တွေကတော့ -ဝါးပိုးမျှစ်နုနုတစ်ချောင်း -ပုဇွန်ဆိတ် ၂ဝ သားခန့် -စိမ်းစားငပိအနည်းငယ် -ဆား -ကြက်သားမှုန့် ( လိုအပ်မှထဲ့ပါ) -နနွင်းမှုန့် -ဆန်မှုန့် ( ဆန်အနည်းငယ်ကို ရေဆေးပြီးကြိတ်ထဲ့  (သို့) ထောင်းထဲ့ရပါမယ် ။ အများကြီးမထဲ့ရပါဘူး များလွန်းပါကပျစ်ပျစ်ကြီးနဲ့ အရသာမကောင်းတော့ပါ) တို့သာ လိုလို့အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့လတ်ဆတ်တဲ့ မျှစ်ဖြစ်ရန်တော့လိုပါတယ်။ ကဲ..စချက်ကြည့်ကြတာပေါ့။ ပထမဆုံးမျှစ်ကို အပေါ်ခွံတွေကုန်အောင်သပ်လိုက်ပါနော်။ ပြီးရင် အတတ်နိုင်ဆုံး ပါးပါးလေးတွေရအောင်လှီးထားလိုက်ပါ။ ရေနဲ့ သန့်စင်အောင် နှစ်ခါလောက်ဆေးကြောပြီးနောက် အိုးလုံးထဲသို့ ထိုမျှစ်လှီးထားတာရယ် […]


NovySeptember 18, 20122min023
တစ်ခါမှ အိမ်မှာ လုပ်မစားဘူးတဲ့မုန့် (လုပ်နည်းလည်းမသိ)လို့ မလုပ်စားဖြစ်ခဲ့ပါဘူး မဝေရဲ့ ကျေးဇူးကြောင့်  မုန်လာဥအော်ကေ့ကြည်လုပ်နည်းကို ရပြီးအိမ်မှာ ပြန်ပြီးလုပ်ကြည့်တာလေးကို မျှဝေလိုက်ပါတယ် မနိုလုပ်တာကတော့ ရွှေဖယုံသီးအော်ကေ့ကြည်ပါ ရွှေဖယုံသီး               – ၃ဝသား မွှေးဆန်မှုန့်စိမ်း      -၂ထုပ် ကော်မှုန့်                 – ၁ထုပ် ကြက်ဥ                  – ၁လုံး ဝက်ပေါင်ခြောက် – အနည်းငယ် ဆား / သကြား / ရေ / ဆီ ရွှေဖယုံသီးတွေကို အခွံခွာပြီးနူးအောင်ပြုတ် ပြီးရင် ကြက်ဥတစ်လုံးထဲ့ပြီး စက်ထဲမှာကြိတ် မွှေးဆန်မှုန့်စိမ်း  /ကော်မှုန့်  တွေကို ဆား /သကြားထဲ့ပြီး ရေ-၁လီတာနီးပါးလောက်နဲ့ဖျော် ပြီးသွားရင် ဝက်ပေါင်ခြောက်/ ကြိတ်ထားတဲ့ရွှေဖယုံသီး […]


the bestSeptember 17, 20121min032
ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး   MONDAY, SEPTEMBER 17, 2012  အိမ့်သံစဉ်   ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.…. (ကောင်းလွန်လို ့ နေတိုင်းတောင် စားသင့်ပါသည်လို ့အကြံပြုပါသည် ) သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ” ဆိုပြီး မညည်း တွားလိုက်ပါနဲ့။   ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယေ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။ […]


the bestSeptember 16, 20121min013
ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည်ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန်ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။   ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊ ကြက်ဥကိုဖောက်လိုက်သည့် အခါတွင်လည်း အနှစ်ကများပြီး အကာနည်းကာ ညှီစို့စို့အနံ့ အသက်များ ထွက်ပေါ်နေတတ် ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။ ”ကြက်ဥက ပုံမှန်ထက် နည်းနည်းကြီးတဲ့အပြင် အခုကြက်ဥဈေးတွေတက်ပြီး တစ်လုံးကို ၁၄ဝ လောက် ဖြစ်နေတဲ့အချိန်မှာ တစ်လုံး ၁ဝဝ နဲ့ရတယ်ဆိုတော့တန်တယ်ဆိုပြီး ၁၅ လုံးတောင် ဝယ်လိုက်တာ။ အ ဆောင်ရောက်တော့သူငယ်ချင်းတွေနဲ့စားဖို့အတွက် ပြုတ်မလို့လုပ်တဲ့အချိန်မှာမှ ကြက်ဥက ပေါ့နေတာ ကို သတိထားမိတာ။ ခလောက်ကြည့်တော့လည်း ရေသံလိုကြားရတယ်။   […]


the bestSeptember 15, 20121min026
၁။ ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ်မှု့ နည်းပါးစေခြင်း။ အကယ်၍ အရက်သေစာကို သင့်တင့်စွာ သောက်သုံးပါက ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ် မှု ရောဂါ ဖြစ်ပွားရန် အလွန်ပင်နည်းပါးကြောင်း တွေ့ရှိရပါသည်။ နယူးအင်္ဂလန် ဆေးဂျာနယ်မှ ဖေါ်ပြချက်အရ သင့်တင် မျှတစွာ သောက်သုံးသူများသည် ရောဂါဖြစ်ပွားမှုနှုန်း ပျမ်းမျှ ၂ဝ ရာခိုင်နှုန်း မျှ လျော့နည်း ကြောင်း တွေ့ရှိ ရပါသည်။ ၂။ အရိုးကို ခိုင်မာစေခြင်း။ ဘီယာ ခွက်ကြီး တခွက်တွင် နေ့စဉ် သင်လိုအပ်သော kvartsi နှင့် boori သတ္ထုဓါတ် ၂ဝ ရာခိုင်နှုန်း ပါဝင်ပါသည်။ ထို သတ္ထု ဓါတ်များသည် အရိုးတည်ဆောက်ခြင်းနှင့် အရိုးကြွတ်ဆပ်ခြင်း ဖြစ်ခြင်းကို ကာကွယ်ပေးသဖြင့် မဖြစ်မနေ လိုအပ် […]


kaiSeptember 13, 20121min04
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရောပါဝင်ဆွေးနွေးခဲ့သည်။ လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံးကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခွင့်အပြည့်ရှိကြသည့်အပြင်၊ လူထုကမိမိတို့အလိုရှိသော ပြုပြင်ပြောင်းလဲမှုများကို ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းဖြစ်သည်။ ယင်းစနစ်၏ ရံပုံငွေ […]