တုပ်ကွေးဖြစ်လျှင် ဘယ်လိုနေမလဲ ယခုရာသီတွင် မိုးမိခြင်း၊ အအေးပတ်ခြင်းတို့ကြောင့် တုပ်ကွေး ဟူသော ဖျားနာမှု့မျိုးကြုံရသဖြင့် တိုလီမိုလီစာပေစုထဲမှ တုတ်ကွေးဖြစ်ရင် ဘယ်လိုနေမလဲ ဆိုတာလေးကို ဖတ်ခဲ့ဖူးသမျှ ပြန်လည်ဝေဌလိုက်ပါသည်။ တုပ်ကွေးဖြစ်ရခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရသည်၊ ထိုပိုးများကို ပတိဇီဝဆေးများဖြင့် နိမ်နင်း၍မရနိုင်၊ သို့သော် တုပ်ကွေးဖြစ်စ ပထမ ၄၈ နာရီ၌ ဆရာဝန်ထံ ရောက်လျှင် ဗိုင်းရပ်စ်ပိုးကို ခုခံသောဆေးမျိုးထိုးပေးလိုက်ပါက တုပ်ကွေးပျောက်ကင်းမှု အချိန်တိုနိုင်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ဗိုင်းရပ်ပိုးမကျအောင် ရှောင်ခြင်းဖြစ်သည်။ ရှောင်တိမ်း၍မရဘဲ တုပ်ကွေးဖြစ်ပြီဆိုပါက အောက်ပါနည်းလမ်းများက ခံစားမှုသက်သာစေရန် အထောက်အကူပြုပါ လိမ့်မည်ဖြစ်ပါသည်။ ၁။ အိမ်မှာနေပါ – တုပ်ကွေးဗိုင်းရပ်သည် ပျံနှံတတ်သဖြင့် အိမ်မှာနေ၍ အနားယူ သင့်ပါသည်။ ၂။ အနားယူပါ – အိပ်ယာထဲတွင် အနားယူခြင်းက တုပ်ကွေးကို ခန္ဓာကိုယ်က ပြန်တိုက်ရန် […]
