poochMarch 12, 20122min068
နာမည်က သစ်ခွ တဲ့။ အဓိပါ္ပယ်ကတော့ သစ်ပင်မှာ ခွပေါက်လို့ သစ်ခွပေါ့။ အနောက်နိုင်ငံတွေက orchid လို့ ခေါ်တဲ့ ပန်းကို ရှေးမြန်မာတွေ က ကိုယ့်နည်းကိုယ့် ဟန်နဲ့ သစ်ခွလို့ ကင်ပွန်းတပ်ခဲ့ကြတာပါ။ သီအိုဖရေးတပ် ဆိုတဲ့ ဂရိလူမျိုး ပန်းဝါသနာရှင်တယောက်က orchid ကို စတင်တွေ့ရှိပြီး မှတ်တမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဝိတိုရိယဘုရင်မခေတ် လက်ထက်ကျမှသာ အင်္ဂလန်တိုင်းပြည်များကို ပျံနှံ့ပြီး ဒီမူရင်း ဂရိ စကားလုံးအတိုင်း ခေါ်ဝေါ် သုံးစွဲခဲ့ကြတာပါ။ ဂရိလူမျိုးတွေကတော့ သစ်ခွဆိုတာ( virility) လို့ ရည်ညွှန်းခဲ့တယ်။အလွန်အင်မတန်ရှေးကျလှတဲ့ အဓိပါ္ပယ်ဖွင့်ဆိုမှု နောက်တခုက သစ်ခွပန်းဆိုတာ ချမ်းသာကြွယ်ဝမှုတွေ ချစ်ခြင်းမေတ္တာ နဲ့ ပြီး ပြည့်စုံတဲ့ အလှပတရားတွေကို ပိုင်ဆိုင်တဲ့ အရာလို့ ဖွင့်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်း […]


TTNUMarch 11, 20122min035
“Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား” (ကျမ်းကိုး။ Idiom drills by George P. McCallum 1990.) A: Let’s go to the movies. There’s a good picture at the Roxy. ရုပ်ရှင်သွားရအောင်၊ ရော့စီရုံမှာ ကားကောင်းတင်နေတယ်။ B: I’d like to, but I can’t. I have to study. I wasted the whole afternoon. I forgot I had to brush up on my French. […]


ကျနော်တို့ ကွန်မန့်တွေ ပေးကြတဲ့အခါ ပြုံးမဲ့နေတဲ့ ပုံလေးတွေထည့်ဖို့ကတော့ လွယ်ကူပါတယ်။ ကျနော်တို့ တကယ့် ပုံကို ထည့်ချင်တဲ့အခါကျတော့ ထည့်လို့မရပါဘူး။ ထည့်လည်း မထည့်တတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး “သဂျီးကို စိတ်ဆိုးနေသည်” ဆိုတဲ့ ပို့စ်နဲ့ သဂျီးကို အတိအလင်း မေးခဲ့ပါတယ်။ အဲဒီမှာ သဂျီးက အကျိုးသင့် အကြောင့်သင့် ပြောပြသင့်ပေမယ့် မပြောခဲ့ပါဘူး။ အင်တာနက် ဝက်ဘ်ဆိုက်တွေထဲမှာ ပုံထည့်ချင်တဲ့အခါ သူ့ရဲ့ code က <img src=”ပုံရဲ့တည်နေရာ(URL)”> ဖြစ်ပါတယ် …။ အစ ပထမက ကျနော် ဒီ code နဲ့ ကွန်မန့်ထဲမှာ ထည့်ပြီး မန့်ကြည့်ခဲ့တယ်။ သို့ပေသိ ပုံက ပေါ်မလာပါဘူး။ အလျဉ်းသင့်တုန်း ပြောရရင် ကိုယ့်ရဲ့ ကွန်မန့်ထဲမှာ စာလုံးကို […]


MandalayTharMarch 11, 20121min023
ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။ အကြောင်းက… အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ […]


KyaemonMarch 9, 20122min03
      ရှေ့က” စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး I ” ရဲ့ အ ဆက်     သွင်းကုန် ဇယား (၂) နဲ့(၅) ဂျပန်ကအခြား နိုင်ငံတွေကနေ တင်သွင်းတာကိုလဲကြည့်ရအောင်၊   စီအိုင်အေမှတ်တမ်းက ဂျပန်ရဲ့သွင်းကုန် စီးပွါးဘက်ကြီး ( ၇) နိုင်ငံကို နှစ်စဉ်ရွေးနုတ် ဖော်ပြထားတာ၊   ဂျပန်သွင်းကုန်ကြ တော့ ယူအက်စ်အေ USA က နှစ်တိုင်း “ဒုတိယ”ဘဲလိုက်တာ၊ ဖျမ်းမျှအားဖြင့် (၁၁) % ဖြစ်ပြီး (ဒေါ်လာ ၆ရ  ဘီလီယံ)တန်ဘိုး ပါ၊ တရုပ်နိုင်ငံက နှစ်တိုင်းထိပ်ဆုံးကဖြစ်တယ်၊ ဖျမ်းမျှအားဖြင့် […]


KyaemonMarch 9, 20127min01
ဂျပန်နိုင်ငံရဲ့ကုန်သွယ် ရေးကို တစေ့တစောင်းလေ့လာရအောင်    စီအိုင်အေ မှတ်တမ်း   ထုံးစံအတိုင်းဘဲ စီအိုင်အေ မှတ်တမ်းများကိုမူတည်ရတာပါ လွယ်လဲလွယ် စုံလဲစုံ လူတိုင်းဝင်ကြည့်နိုင်ဘို့လုပ်ထားတာ၊    စင်ကာပူ နဲ့တူတာ စင်ကာပူလိုဘဲ ဂျပန်နိုင်ငံဟာ သယံဇာတ ချို့တဲ့ပြီး လူဦးရေထူထပ်တယ်၊ မြေနေရာကျဉ်းမြောင်းတယ်၊   စင်ကာပူလိုဘဲ အခက်အခဲတွေကိုကျော်လွှားနိုင်လို့ ဂျပန်နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးပြီး ချမ်းသာ ကြွယ်ဝ တဲ့နိုင်ငံဖြစ်တာကို အများကသိကြတယ်၊   စင်ကာပူနဲ့မတူတာ   မတူတာ က ဂျပန်နိုင်ငံဟာ မြေငလျင်၊ ဆူနားမီရေဘေး၊လေမုန်တိုင်း တွေ ခဏ ခဏ ဖြစ်တာ၊   ဒိအပြင် အနုမြူဗုံး နှစ်လုံးရဲ့ဒဏ်ကို ခံလိုက်ရပြီး ယင်း ဒဏ်ရာဒဏ်ချက်ကနေပြန်လဲနှလံထူရတာ၊   (သူများနိုင်ငံတွေကို လူမဆန်စွာ အထူးရက်ဆက်ကြမ်းကြုတ် ယုတ်မာ […]


သဂျီး ကောင်းဘူးကွာ .. ဒီမှာ သများက တအား သိချင်လို့ မေးတဲ့ဟာကို .. သဂျီးက လျှိုထားတယ် .. ဘာမှလည်း ပြန်ပြောဘူးရယ် .. 🙄 အကျိုးသင့်၊ အကြောင်းသင့်တော့ နည်းနည်းပါးပါး ပြန်ပြောသင့်တာပေါ့လို့ .. သများက ကလိရတာ ဝါသနာပါမှန်း သိရဲ့သားနဲ့ .. သဂျီး လူချိုး .. သွား .. ရေလည်း ချိုးဘူး ….. 😀 ဒါကြောင့် အခု အကုန်လုံးသိအောင် ပေါ်တင် မေးလိုက်တယ်ဂျာ .. ဘာဖစ်လဲ …. 😀 အခုလို မေးတာတောင် သဂျီး မသိချင်ယောင် ဆောင်နေလို့တော့ ………….. 😀     Post : […]


nagar layMarch 5, 20121min09
နာသုံးနာ နှင့် စာသင်နေကြသော ကျောင်းသားများ                                                                                                                                                                          ကိုယ်တို့များ ငယ်တုန်းက ကျောင်းသွားရမှာ၊ စာသင်ရမှာဖြင့် ကြောက်လိုက်တာ။ မနက်ခင်း ထမင်းကြမ်းခဲ ဝါးပြီးတာနဲ့ ကျောင်းမသွားချင်လို့ အမေရိုက်တာ ခံနေရမြဲ။ “နင်ကြီးလာရင် အလုပ်လုပ်စားမှာလား၊ တောင်းစားမှာလား၊ အေး အလုပ်လုပ်စား မယ်ဆိုရင် စာတက်မှရမယ်” ဆိုပြီး ကျောင်းကိုလိုက်ပို့ ပါလေရော။ အဲ့တုန်းက ဆရာမတွေများ နွေးထွေးလိုက်တာ။ စာမသင်ချင်တဲ့ ကလေးကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့။ သူတို့ကို ငွေကြေးတစ်စုံတစ်ရာ ပေးမိလိုက်ရင် စိတ်တိုရတာနဲ့ ၊ စေတနာ စော်ကားတာလားဆိုပြီး  ဆဲလွှတ်ရတာနဲ့ဗျာ။ တပည့်တွေပေါ်မှာ စေတနာထားတာလည်း လွန်ပါရောလား။ သူတို့မှာ ဝါသနာအရသာ  လုပ်နေရတာ ၊ တောကျောင်းဆိုတော့ ပိုက်ဆံလည်း ဘာမှမရ။ သူတို့ရဲ့ ဘဝတွေကို […]


ဒီနေ့အဖို့ ကျနော်တို့ ရွာမှာ အသုံးတွင်ကျယ်တဲ့ စကားလေးတွေ အကြောင်းကို ပြောချင်ပါတယ်။ စကားက နှစ်မျိုးရှိတယ်ဗျ။ တစ်မျိုးက လူတိုင်း နားလည်တဲ့ စကားမျိုး။ တစ်မျိုးက လူငယ်တွေပဲ နားလည်တဲ့ စကားမျိုး။ အဲ … ပထမ အမျိုးအစားက မခက်ပေမယ့် လူငယ်တွေပဲ နားလည်တဲ့ စကားကတော့ နည်းနည်းလေးတော့ ရှုပ်တယ်။ ရှုပ်မှ လူကြီးတွေ မသိမှာကိုးဗျ … နော့ ။ ရွာမှာ လူအများစု သုံးနေတဲ့ စကားလုံး အချို့ကတော့ … ကိုယ့်မျက်စိထဲ သိပ်ပြီး ဘဝင်မကျတဲ့ လူတစ်ယောက်ကို ပြောတဲ့အခါ … “ဒီကောင်က အယိုင် ပါကွာ” လို့ သုံးပါတယ်။ အယိုင် … အယိုင်ကြီး ပါကွာလို့ ပြောကြတယ်ဗျ။ […]


KyaemonFebruary 23, 201216min04
  စာရေးသူတဦး ပြောတာ က “အဲဒီအထဲမှာ တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမော္ဘဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ …တရုတ်ကို အဓိကကုန်သွယ်ဖက်တခု အဖြစ်သာ ဆက်ဆံနေတဲ့ …. ကျန်တိုင်းပြည်များရဲ့  ဖွံ့ဖြိုးတိုးတက်မှုများကို ယှဉ်ကြည့်တဲ့အခါ တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ …”     မှန်မမှန် ကိုဝီးကီး အဘိဓာန် နဲ့ စီအိုင်အေ မှတ်တမ်း စာအုပ်တွေ ကိုလိုက်ကြည့်ရအောင်၊   နှစ်နေရာစလုံး က   ယိုးဒယား နိုင်ငံ […]


manawphyulayFebruary 23, 20121min02
နော်ဝေနိုင်ငံမှ အေအုိုင်တီ (Asian Institute of Technology Thailand, AIT) မပာာတန်းအတွက် တစ်နှစ်ကိုု မြန်မာကျောင်းသား ၄ဝ ယောက်နှုန်းနှင့် ၃ နှစ်စာ ပညာသင်ဆုုပေးမယ့်အကြောင်း ကြေညာလုိုက်ပါတယ်။ အေအိုင်တီ တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ နာမည်ရှိပြီးသား သုတေသန တက္ကသိုလ်အဖြစ် ထင်ရှားပါတယ်။ အေအုိုင်တီ ကျောင်းဝင်ခွင့် စံနှုန်းစံထားများဖြင့် ကိုက်ညီသော မြန်မာနုိုင်ငံသားတုိုင်း နော်ဝေ AIT စကော်လားရှစ် လျှောက်ထားနုိုင်ပြီး ၂၀၁၂ ဩဂုုတ်လ စာသင်နှစ်ကနေ စတင်မှာ ဖြစ်ပါတယ်။ ဒီပညာရေးထောက်ပံ့ဆုများတွင် မဟာဘွဲ့သင်တန်း ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုုတေသနစရိတ်၊ နေထိုုင်စားသောက်စရိတ်၊ လိုအပ်သော အကြိုဝင်ခွင့် ကုန်ကျစရိတ် (၄ပတ်တာ ကာလကို မြန်မာပြည်တွင်)၊ လိုအပ်သောအကြိုဝင်ခွင့် ကုန်ကျစရိတ် (AIT ကျောင်း တွင် […]


koyin sithuFebruary 22, 20121min011
ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။ ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ […]


အောင်မြင်တဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ဖို ့ငယ်စဉ်ကျောင်းသားဘဝထဲကလုံ ့လစိုက်ကြိုးစားရမှာ ပါ။ပထမ အရေးကြီးဆုံးကတော့အတန်းစဉ် နားလည်တတ်ကျွမ်းစွာ စာမေးပွဲအောင်ရမှာပေါ့။ပေါ့ပေါ့နေပြီး စာမေးပွဲတပွဲထိုးအောင်ရင်လည်းဘဝမှာအရေးပါအရာရောက်တဲ့လူငယ်တွေဖြစ်နိုင်မယ်မထင်ပါ။ ကျောင်းသားဘဝမှာ.ပုံမှန်အချိန် စာဖတ်ခြင်း(Regularity)၊ကျက်မှတ်ခြင်းကိုထပ်ခါထပ်ခါလုပ်မယ် (Repetition)၊စာများကိုပြန်လည်စစ်ဆေး၊ဆန်းစစ်မယ်(Recall)ဆိုတဲ့ 3R ကိုလက်တွေ ့လုပ်ဆောင် ရင် စာမေးပွဲဆိုတာ ဘဝမှာဆူးညှောင့်ခလုတ်သေးသေးလေးပါ။ ခေတ်တွေဘယ်လို ပြောင်းပြောင်း၊ဒီမိုကရေစီခေတ်၊အစိုးရသစ်နဲ ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မပြောင်းလဲနိုင်သေးတာတွေအများကြီးထဲက တစ်ခုကမကြာမီလာတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ပါ။တခြားမြို ့တွေ၊ရွာတွေက ကျောင်းတွေတော့ ထဲထဲဝင်မသိပေမယ့် ကိုယ်သိထားတဲ့ စိတ်ပျက်မိတာလေး တော့ရင်ဖွင့်ပြောပြချင်မိတယ်။ လာမည့် မတ်လ(၁၂)ရက်နေ ့မှာ စတင်ဖြေကြားတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဒီနှစ်လဲ စာခိုးပွဲကြီး ရယ်လို ့ထပ်ခေါ်ရအုံးမယ်ထင်တယ်ဗျာ။စစ်သမျှစာမေးပွဲတိုင်း နှစ်စဉ်လိုလို ခိုးကူးနေကြတဲ့ ကျောင်းသားတွေ၊ခိုးကူးနေတဲ့ကျောင်းသားတွေကို အားပေးနေတဲ့ မိဘနဲ ့ကျောင်းကဆရာ၊ဆရာမတွေ နှစ်စဉ် စိတ်ပျက်ပျက်နဲ ့တွေ ့လာရတာ နာကျဉ်းလာပီဗျာ။ အဲဒီထဲမှာအဆိုးဆုံးအနေနဲ ့က စာဖြေခန်းတွေကိုအပိုင်ဝယ်သလို ဝယ်လို […]